Subscribe to our RSS Feed

လွှတ်တော် တတိယပုံမှန် အစည်းအဝေးများ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ တတိယပတ်အတွင်း ပြန်လည်စတင်မည်


ပထမအကြိမ် လွှတ်တော် တတိယပုံမှန် အစည်းအဝေးများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယပတ်အတွင်း ပြန်လည်စတင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ပထမအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ လည်းကောင်း၊ ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှ နိုဝင်ဘာလ၂၅ ရက်နေ့အထိ လည်းကောင်း ကျင်းပခဲ့ပြီး ရပ်နားထားခဲ့ရာ ယခုအခါ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယပတ်အတွင်း ပြန်လည် စတင်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့လွှတ်တော်မှ အကြီးတန်းအရာရှိတစ်ဦးက ''လာမယ့် လွှတ်တော် အစည်းအဝေးတွေကို ဇန်န၀ါရီလ တတိယပတ်အတွင်း ခေါ်ယူနိုင်ဖို့ စီစဉ်နေပါတယ်။၂၀၁၂ ခုနှစ်အတွင်းမှာ လွှတ်တော်နဲ့ ကော်မရှင် အဓိက ဆောင်ရွက်သွားမှာက စီးပွားရေး ပြုပြင်ပြောင်းလဲဖို့အတွက် အဓိကကျတဲ့ ဥပဒေတွေကို စိစစ် ပြင်ဆင် ပယ်ဖျက် အသစ် ပြဋ္ဌာန်းမှုတွေ ပြုလုပ်နိုင်ဖို့ဆိုတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ တစ်နှစ်လုံး ဦးစားပေးအနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် နိုင်ငံခြားငွေကြေး ကိုင်တွယ်မှုဥပဒေကို ပြင်ဆင်ပယ်ဖျက်နိုင်ဖို့ ဆောင်ရွက်နေတယ်။ ၁၉၄၇ ခုနှစ် သွင်းကုန်ထုတ်ကုန် ယာယီဥပဒေကို ဆန်းစစ်နေတယ်။ ၁၉၄၇ ခုနှစ် သွင်းကုန်ထုတ်ကုန် အထူးဥပဒေကို ဆန်းစစ်နေတယ်။ နောက်တစ်ခုက အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေကိုလည်း ဆန်းစစ်နေတယ်။ နိုင်ငံတကာ အနုညာတအငြင်းပွားမှုတွေကို ပြန်လည်ဆန်းစစ်နေတယ်။ လာမယ့် လွှတ်တော်မှာ အဆိုများ (သို့မဟုတ်) ဥပဒေကြမ်းများအဖြစ် တင်သွင်းနိုင်အောင် စီစဉ်နေပါတယ်'' ဟု ပြောကြားခဲ့ကြောင်း သိရပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်