၁။ ကေစီ အန်တိုနီရဲ့ တရားခွင်

၂ဝဝ၈ ခု ဒီဇင်္ဘာလမှာ ၂ နှစ်သမီး ခေလီ အန်တိုနီရဲ့ အလောင်းကို အော်လန်ဒိုးမြို့ နေအိမ်က ၂ ဖာလုံလောက် ဝေးတဲ့နေရာမှာ ရှာတွေ့တယ်။ ကလေးပျောက်ဆုံးနေမှုကို အတူနေတဲ့ အဖွား အဘိုးနဲ့အမေဖြစ်သူ ကေစီ တို့က သတင်းတိုင်ကြား ထားခဲ့ပါတယ်။
၂။ ဂျပန် မြေငလျှင်နဲ့ ဆူနာမီ ပင်လယ်ရေ ငလျှင်

ဂျပန်ဟာ ငလျှင်တိုင်းပြည် ဖြစ်ပါတယ်။ မြေအောက်က ကမ္ဘာအက်ကွဲလွှာ ပြတ်ရွေ့လမ်းကြောင်း ၄ ခု (ပစိဖိတ်၊ ဖိလစ်ပိုင်၊ အရှေ့မြောက်အမေရိကတိုက် နဲ့ အာရှ ဥရောပ ကမ္ဘာအက်ကွဲလွှာ ပြတ်ရွေ့လမ်းကြောင်း) တွေရဲ့  ဆုံရာမှာ ဂျပန်နိုင်ငံ ရောက်နေတယ်။ ၁၉၂၃ ခုမှာဖြစ်ခဲ့တဲ့ “ကန်တို” မြေငလျှင်ကြီးဆိုရင် လူပေါင်း ၁၄၃,ဝဝဝ သေခဲ့ရတယ်။ ၁၉၉၅ ခုမှာဖြစ်ခဲ့တဲ့ “ဟန်ရှင်” မြေငလျှင်ကြီးဆိုရင် လူပေါင်း ၅,၂ဝဝ သေခဲ့ရတယ်။ ဒီတော့ နှလုံးတုန် ခြောက်ခြားစရာ သဘာဝ ဘေးဒဏ်တွေကို အကြိမ်များစွာ ခံရတဲ့နောက် ကြိုတင်ခန့်မှန်းသိပြီး ကာကွယ်နိုင်တဲ့ နည်းပညာရပ်တွေ ဂျပန်ကတွေ့ရှိ ဖော်ထုတ်လာနိုင်ခဲ့ပါတယ်။
၃။ တော်ဝင် လက်ထပ်ပွဲ
၂ဝ၁၁ ခု ဧပြီလ ၂၉ ရက်နေ့က အင်္ဂလန် အိမ်ရှေ့ မင်းသား ဝီလျှံဟာ ကက်သရင်း မစ်ဒယ်လ်တန် ကို လက်ထပ်လိုက်ပါတယ်။ ဘီလျံနဲ့ချီတဲ့ တကမ္ဘာလုံးက ဒီမင်္ဂလာ အခမ်းအနားကို စောင့်ကြည့်နေခဲ့ကြပါတယ်။
၎။ အိုဆမာ ဘင် လာဒင် သေခြင်း

မေလ ၁ ရက်နေ့ည ၁၁း၃၅ မှာ အကြမ်းဖက် ခေါင်းဆောင် အိုဆမာ ဘင်လာဒင် သေခြင်းသတင်းကို ကြေငြာပါတယ်။ အိုဆမာ ဘင်လာဒင်ဟာ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာနကို လေယဉ်နဲ့ ဝင်တိုက်ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုအပြီးမှာ ၂၀၀၁ ခုနှစ်ကတည်းက ပါကစ္စတန် နဲ့ အာဖဂန်နစ်စ္စတန် နယ်စပ်မှာ အချိန်အကြာကြီး ခိုအောင်းနေခဲ့တယ်လို့ ယုံကြည့်ခဲ့တဲ့ အကြမ်းဖက် ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
၅။ အလုပ်လက်မဲ့ ပြဿနာ

အလိုရှိသည်ဆိုတဲ့ ကြော်ငြာတွေကို စောင့်ပြီးအလုပ်ရှာ နေရသူတွေ တန်းစီနေကြရတဲ့ သတင်းဟာ ပျော်စရာမဟုတ်ပါဘူး။ အမေရိကန် ၄ သန်းကျော်ဟာ အလုပ်ရှာနေတာ တနှစ်မကတော့ပါဘူး။ အလုပ်လက်မဲ့ မြင့်မားမှုနှုန်းဟာ ပိုပြီးမြင့်လာပြီး သာမန်လို ပြန်ဖြစ်ဖို့ တော်တော်ကြာ လိမ့်မယ်လို့ခန့်မှန်းသူများက ပြောနေပါတယ်။
၆။ အရီဇိုနားပြည်နယ်က ပစ်ခတ်မှု

ဂျန်နဝါရီလ ၈ ရက်နေ့က၊ တပ်ကဆန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမတ် ဂဘ်ဘရယ်လ် ဂစ်ဖော့စ်ကို တွေ့ဘို့လာကြတဲ့ ပရိဿတ်ကို သေနတ်သမားတဦးက ပစ်ခတ်လို့ လူ ၆ ယောက်သေတယ်။ ၁၄ ယောက် ဒဏ်ရာရတယ်။ သေတဲ့အထဲမှာ ၉ နှစ်သမီးလေး ခရစ်တီနာ တေလာ ဂရင်းလည်းပါတယ်။ သေနတ်သမားဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ် ဂဘ်ဘရယ်လ် ဂစ်ဖော့စ်ကို အသေလုပ်ကြံဖို့ ခေါင်းကို ချိန်ပြီး ပစ်ခဲ့တာပါ။
၇။ အဆိုတော် အေမီ ဝိုင်းဟောက် ကွယ်လွန်ခြင်း

အေမီ ဝိုင်းဟောက်ရဲ့  သီချင်းအယ်လ်ဘမ် မထွက်တာ ငါးနှစ်ကြာပြီ။ ကွင်စီ ဂျုန်းရဲ့ အယ်လ်ဘမ်မှာ အေမီ ဝိုင်းဟောက်ရဲ့တပုဒ်တည်းသော သီချင်း ဘော့ဇာ နော့စထြာ ကလည်း စိတ်ပျက်စရာကြီးပါ။ အဲ့ဒါမတိုင်ခင်လေးတင် အေမီ ဝိုင်းဟောက်ရဲ့အဖေ (အငှားကားမောင်းနေတဲ့ ဂျဒ်စ်အဆိုတော်) မစ်ခ်ျ ဝိုင်းဟောက်ကလည်း အယ်လ်ဘမ်တခု ထုတ်ခဲ့ပါတယ်။
၈။ အာရပ် နွေဦးရာသီ လှုပ်ရှားမှု

ဘွဲ့ရပြီး အလုပ်မရှိလို့ အသီးအနှံလေးတွေကို လမ်းဘေးမှာ ရောင်းတော့ အာဏာပိုင်တွေက ပါမစ်ပိတ်တာကို ကန့်ကွက်ဆန္ဒပြတဲ့ အနေနဲ့၊ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့ လိုက်တဲ့ တူနီးရှားက လူငယ်ကလေးက စ,လိုက်တဲ့ အာရပ် တော်လှန်ရေးဟာ တဟုန်ထိုးပြန့်သွားပါတယ်။ ၂၃ နှစ်ကြာအုပ်ချုပ်နေတဲ့ တူနီးရှားသမ္မတ ဇိုင်း အယ် အဘီဒိုင်း ဘင် အာလီ ဟာ ဂျန်နဝါရီ ၁၄ ရက်နေ့မှာ ဆော်ဒီ အာရေဗီးယား ကို ထွက်ပြေးသွားရပါတယ်။
၉ ။ လစ်ဗျားက အာဏာရှင် မိုမား ဂဒါဖီ သေခြင်း

အပြင်ကလူတွေ အမြင်တော့ တော်လှန်ရေးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ကက်ဖဲလေးတွေ တခုပြီးတခု ဆက်ဆက်ပြီးလဲသလို ဖြစ်နေတယ်လို့မြင်ကြမယ်။ ဒါပေမယ့် တူနီးရှားနဲ့ အီဂျစ်မှာ ကာလ အတော်ကြာအောင် ရက်စက် ဖိနှိပ် ဖြိုခွဲနေတာကို၊ လစ်ဗျားက ပြည်သူတွေ အုံကြွရတာ တွေဟာ သွေးချောင်းစီး ပြည်တွင်းစစ် နီးနီးဖြစ်နေတာတွေကို တဆစ်ချိုးကွေ့ဖြစ်အောင် လုပ်ခဲ့ကြရတာပါ။
၁ဝ။ နံရံတံတိုင်း လမ်းကလေး Wall Street သိမ်းပိုက်မှု

အမေရိကန်နိုင်ငံမှာ အကျိုးအမြတ်နဲ့ အခွင်ု့အရေးကို ယုံကြည်မှုက ၁ ရာခိုင်နှုန်းပဲ ရှိတော့တာ အတော်ကြာပြီ။ ကမ္ဘာကြီးရဲ့ ချမ်းသာမှု ၄ဝ ရာခိုင်နှုန်းကို လူဦးရေရဲ့၁ ရာခိုင်နှုန်းက ပိုင်ဆိုင်နေတယ်။ နောက်တနည်းနဲ့ ပြောရရင် အဆင်းရဲဆုံးနိုင်ငံ ၄၈ နိုင်ငံရဲ့ ချမ်းသာမှု အစုစုကို ပေါင်းလိုက်ရင်တောင် ကမ္ဘာ့အချမ်းသာဆုံး ၃ ယောက်ပေါင်းထက် နည်းနေသေးတယ်။
ref: Myanmar Daily Mail
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်