မီးလောင်တယ်လို့ မီးသတ်က သတင်းရရချင်း သူ့ကိုအကြောင်းကြား ၊ သူကအိပ်ယာကချက်ချင်းထ ၊ မျက်နှာသစ် ယူနီဖေါင်းဝတ် ပြီးတာနဲ့ ကိုယ့်ကားကို ကိုယ်မောင်းသွားရင်တောင် ဒီလောက်အချိန်တိုလေးအတွင်းမှာ အခင်းဖြစ်တဲ့နေရာကို မရောက်နိုင်ပါဘူး ၊ ပြည်သူတွေ အိပ်နေချိန်မှာ မီးလောင်ရင် တော့ဒုက္ခပါဘဲ ငါစောင့်နေမယ် မအိပ်ဘူးဆိုတဲ့ စိတ်ထားမျိုးရှိတဲ့ တိုင်းဦးစီးမှူးကြီးပါဘဲ ၊ တိုင်းပြည်အတွက် အားထားရတဲ့ နိုင်ငံ့ဝန်ထမ်းကြီးပါဘဲ ၊ လူထုအပေါ်သိပ်ကိုတာဝန်ကျေတဲ့ ပြည်သူ့ သားကောင်းကြီးပါဘဲ ။ ဦးကြည်ဝင်းသာ ကျန်းမာရေးအရ တာဝန်ဆက်ပြီးထမ်းဆောင်နိုင်ဘို့ အခြေအနေပေးလို့ သူသာ ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူးကြီး ဆက်ဖြစ်နေဦးမယ်ဆိုရင် ရန်ကုန်တိုင်းက ပြည်သူတွေဟာ မီးလောင်ရင် တို့ဦးကြည်ဝင်းရှိတယ်ကွ ဆိုပြီး အားကိုးလောက်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါဘဲ ၊ မချီးကျူးပဲ နေကို မနေနိုင်ဘူးဗျာ ....။
မီးလောင်ပြီး ၂ရက်လောက်နေမှရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း သတင်းတွေမှာဝေေ၀ဆာဆာ ဖေါ်ပြကြတယ် ၊ ကောင်းပါတယ် ထင်ရှားတဲ့ခေါင်းဆောင်တစ်ယောက်ပေဘဲ ...ဖေါ်ပြရမှာပေါ့ ၊ အနုပညာရှင်တွေလာတဲ့သတင်းတွေကို အများအပြားဖေါ်ပြကြတယ် ၊ ကောင်းတာပါဘဲ ပြည်သူချစ်သော အနုပညာရှင်တွေကိုး....၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး ဦးကြည်ဝင်းအကြောင်းကိုတော့ ချန်မထားကောင်းဘူးထင်တယ်ဗျာ ၊ ကံသီလို့ အသက်ဘေးက လွတ်ခဲ့ပေမယ့် သူနားတွေ ကောင်းကောင်း မကြားရတော့ဘူး ၊ သူ့လက်တွေခြေထောက်တွေ မှာ ဒဏ်ရာတွေအပြည့်နဲ့ဖြစ်သွားပြီ စိတ်မကောင်းဘူးဗျာ...
ဘယ်သတင်းမီဒီယာမှမရေးတဲ့ ဦးကြည်ဝင်းအကြောင်းကို လူငယ်တစ်ဦးဖြစ်တဲ့ ချမ်းငြိမ်းဝင်းကတော့ ရေးတယ်ဗျာ .. သူ့ရေးသားချက်တွေမှာ ဦးကြည်ဝင်းရဲ့ ခေါင်းဆောင်မှုတွေ ၊စွန့်လွှတ်အနစ်နာခံမှုတွေ ပါနေပါတယ် ... ကိုချမ်းငြိမ်းဝင်းရဲ့ ဖေါ်ပြချက် အပြည့်အစုံကို ဖေါ်ပြလိုက်ပါတယ် .....။
ဒေါက်တာဆိတ်ဖွား
မီးငြီးမ်းသွားပြီလား မိုးလင်းသွားပြီလားတဲ့။ သူအဲဒီလိုအော်နေတဲ့အချိန်မှာ ကျွန်တော်သူ့ဘေးမှာ ရှိနေတယ်။ ကယောင်ကတမ်းအော်တာနဲ့မတူပဲ သူ့အသံဟာ စေတနာအပြည့်တာဝန်ယူမှု အပြည့်နဲ့လို့ခံစားရတယ်ဗျာ။ အရမ်းကိုထိခိုက်ကြေကွဲရပါတယ်။ ဒါဏ်ရာရတဲ့အထဲမှာ ရန်ကုန်မီးသတ် တိုင်းမှုးဉီးကြည်ဝင်းလည်းပါတယ်။ နားစည်တစ်ဖက်ပေါက်သွားတယ်။ လက်တွှေခြေထောက်တွေမှာလည်း ဒါဏ်ရာတွေအပြည့်။ သူ့ရဲ့ခေါင်းဆောင်စိတ်ဓာတ်ကအင်မတန်လေးစားဖို့ကောင်းပါတယ်။ဒါဏ်ရာရရချင်း သူ့တပည့်တွေကစိုးရိမ်ပြီး ဆေးရုံပို့ဖို့စီစဉ်ပေးခဲ့တယ်။ဒါပေမယ့်ကား မလောက်လို့ သူငြင်းခဲ့တယ်။ အဲဒီအချိန်မှာသူ့မိသားစုကသတင်းရလို့ဆေးရုံရောက်နှင့်နေပြီ။သူက သူ့တပည့်တွေ အကုန် ဉီးစားပေးပြီး ဆေးရုံရောက်အောင်စီစဉ်ပေးတယ်။ သူကျတော့နောက်ဆုံးကားနဲ့မှလိုက်ခဲ့တယ်။ ကားပေါ်တက်တဲ့အထိ ကျန်ခဲ့ တဲ့မီးသတ်တွေကို စနစ်တကျညွှန်ကြားပြီး မီးငြိမ်းသတ်နိုင်ဖို့ အားပေးစကားတွေပြောခဲ့တယ်။သူ့တပည့်တွေကသူ့ကိုကြည့်ပြီးမျက်ရည်တွေဝဲလို့။အဲဒီလိုအနစ်နာခံ တတ်တဲ့ခေါင်းဆောင်တွေ ကျွန်တော်တို့တိုင်းပြည်မှာရှိပါတယ်ဗျာ။ သူ့အကြောင်းကိုဘယ်သူမှ မရေးကြသေးလို့ အားလုံးသိအောင်ဝေမျှလိုက်ပါတယ်ခင်ဗျာ။
http://doctorsatephwar.blogspot.com/2011/12/blog-post_30.html မှ ကူးယူဖော်ပြပါကြောင်း
http://doctorsatephwar.blogspot.com/2011/12/blog-post_30.html မှ ကူးယူဖော်ပြပါကြောင်း
13 comments:
Public know all about this.
What is .......
လေးစားမိပါတယ်။ခေါင်းဆောင်စိတ်အပြည့်အ၀ရှိလို့တဲ့ခေါင်းဆောင်ပါဘဲ..။
good worker but he is doing his job perfactly
လေးစားပါတယ် ...ဦးလေးကြီးရာ
တစ်ကယ်လေးစားထိုက်သူတစ်ဦးပါ.....
တကယ်ကို လေးစားဖို့ကောင်းသလို ဒီpost လေးကို ဖတ်းနေရင်းနဲ့
ကို မျက်ရည်ဝဲမိတယ် .....
တစ်ကယ်လေးစားထိုက်သူတစ်ဦးပါ.....
ဟုတ်ပါတယ်...Media သမားတွေကသူတို.ရဲ.ဂျာနယ်တွေ
ရောင်းကောင်းဘို.ဘဲသိတဲ.အတ္တသမားတွေပါ...အင်မတန်
မှ.ကျက်သရေယုတ်တဲ.အောင်ဆန်းစုကြည်ဆိုတဲ.ကောင်မ
ကိုတော.ဂျာနယ်ရောင်းကောင်းဖို.အတွက်ရှေ.မှာနွားမ
တကောင်ကိုခိုင်းသလိုကြိမ်တို.ခိုင်းပြီးစီးဟွားရှာနေတဲ.
ဂျာနယ်တိုက်တွေ၊မီဒီယာတွေ..အဲ.ဒီလူယုတ်မာတွေ
ကြောင်းတိုင်းပြည်နာတယ်။
8th commenter is right. What?? aung san su kyi ?? we don't understand what?? she's doing?? all stupid thing. get out our country(myanmar)
အတုယူလေးစားဂုဏ်ယူထိုက်ပါတယ်
We Will Soldier ဇတ်ကားထဲက တပ်ရင်းမှူးကြီးနဲ့ တစ်ပုံစံတည်း ပဲနော်..... အရမ်းကိုလေးစားမိပါတယ်..... မြန်မာလူမျိုးဖြစ်လို့လဲ ဂုဏ်ယူမိပါတယ်.....
ခေါင်းဆောင်ကောင်းတို့မည်သည်စွန့်လွှတ်၊အနစ်နာခံခြင်းဖြင့်စံပြုရာ၏..
တဲ့။ကျောသားရင်သားမခွဲခြားအုပ်ချုပ်စီမံပြီးနာယကဂုဏ်မြောက်စွာကျင့်
သောခေါင်းဆောင်နောက်ဝယ်..တပည့်တပန်းဆိုတာအစဉ်မြဲရှိနေပါတယ်။
ခုလိုကြားသိရသောမီးသတ်ရဲဘော်ကြီးကို..လေးစား၊ဂုဏ်ပြုပါတယ်။ကျန်
ရှိနေသောမီးသတ်ရဲဘော်အပေါင်းတို့လည်း..ဦးကြည်ဝင်းလိုဂုဏ်ပြုခံ၊
ဂုဏ်ယူခံရလောက်တဲ့ပြည်သူချစ်သော..မီးသတ်ရဲဘော်၊ဖြစ်နိုင်ကြပါစေ။
မြန်မာပြည် မှ စိတ်ချမ်းမြေ့  ဖွယ်သတင်းများသာ ကြားရပါလို၏။ အရှင်ဘုရား...လို့ တင်ထားတာ သူငယ်ချင်းတွေ က
မင်းတို့ လဲ ဒါနဲ့ ပဲသေမှာတဲ့....ဘာလုပ်ပြရမလဲ..
..ဒါတွေတကယ်မဖြစ်စေချင်ပါဘူးဆိုတာ...
ယုံကြည်ဖို့ ...ရင်ခွဲပြရဦးမှာလား..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်