သတင်းစာများက သမိုင်းအမှန်တွေကိုသာ ဖော်ပြနေတယ်လို့ Eleven Media မှ CEO ဆိုသူ ဒေါက်တာ သန်းထွဋ်အောင် က Eleven Media ရဲ့ facebook စာမျက်နှာမှာ ဝန်ခံလိုက်ပါတယ်။ ၁၉၈၈ တိုင်းပြည် မငြိမ်မသက်ဖြစ်နေစဉ်တွေနဲ့ စစ်တပ်က အုပ်ချုပ်နေစဉ်ကာလတွေမှာတောင် သတင်းစာက အမှန်တွေကို သာ ဖော်ပြနေကြောင်းကို ၎င်းရဲ့ ကိုယ်တွေ့ဖြစ်ကြောင်းရေးသားထားပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် လာရောက်ချိန်တုန်းကတော့ သတင်းစာတွေက အကျယ်တဝင့်ရေးသားခြင်းမရှိဘူးလို့ Eleven က စွတ်စွဲပြီး အပြစ်တင်ခဲ့ပြန်ပါတယ်။ ရေသန့်ဗူးထဲမှာ စွယ်တော်ပုံပေါ်တဲ့ တစ်နိုင်ငံလုံး အုံးအုံးကြွပ်ကြွပ်ဖြစ်နေတဲ့ သတင်းကိုတော့ Eleven က အကျယ်တဝင့် မဖော်ပြပြန်ပါဘူး။
သတင်းဂျာနယ် လောကကို မနေ့တနေ့မှ ရောက်လာတဲ့ eleven ဟာ အတွေ့အကြုံရှိပြီးသား သက်တမ်းရင့် ဂျာနယ်တွေကိုလည်း ဝေဖန်ပုတ်ခက် ရေးသားနေတာတွေ ရှိခဲ့ပြီး အခြားသတင်းဌာနတွေနဲ့လည်း တည့်ဘူးလို့ သတင်းအသိုင်းအဝိုင်းက သိရပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသား သင့်မြတ်ရေးကို အစိုးရရော အတိုက်အခံရောက ဦးစားပေး ဆောင်ရွက်နေချိန်မှာ သတင်းသမားတွေက ပိုပြီးစည်းလုံးသင့်ကြောင်း၊ Eleven က စီးပွားရေး အလွန်သောင်းကျန်းကြောင်းကို မီဒီယာ သမားတစ်ဦးက အခုလို ပြောပြပါတယ်
"မီဒီယာ သမားအချင်းချင်း နားလည်မှုရှိ၊ ညီညွတ်မှု ရှိဖို့က အရေးကြီးတယ်ဗျ... အခုဖြစ်နေတာက ဂျာနယ် မဂ္ဂဇင်းပေါင်း ၂၀၀ လောက်မှာ Eleven က သူတစ်ခုပဲ မီဒီယာ၊ သူပဲ သတင်း... အဲလိုဖြစ်နေတယ်... မီဒီယာ လောကတစ်ခုလုံးကို စိုးမိုးချင်နေတာ... အောက်ခြေက တက်လာတာဆိုတော့ ပိုက်ဆံအရမ်းမက်တယ်... စီးပွားရေး တအားသောင်းကျန်းတယ်... နာမည်လိုချင်စိတ်တွေ တအားများနေတယ်..." လို့ ဆိုပါတယ်။
ဒါ့အပြင် Eleven အနေနဲ့ သတင်းတစ်ခုကို လူတွေဖတ်ချင်စိတ်ပေါက်သွားအောင် (ပေါက်သွားအောင်) အရည်ချင်းရှိရှိ ခေါင်းစဉ်ပေးနိုင်စွမ်း၊ အရည်ချငှ်းရိရှိ ရေးနိုင်စွမ်း မရှိတာကြောင့် လူဗြိန်းနည်းတွေ သုံးကာ အစိုးရနဲ့ အစိုးရအဖွဲ့အစည်းကို ပုတ်ခက်တဲ့ ခေါင်းစဉ်နဲ့ စာသားတွေ သုံးနေကြောင်း ကို အခုလို ဆက်ပြောပါတယ်
"ဂျာနယ်ထုတ်တဲ့လူတိုင်းကတော့ ကိုယ့်ဂျာနယ်ကို ရောင်းရချင်တာပါပဲ.... ဒါပေမယ့် အဲ့လို လူဗြိန်းနည်းတွေတော့ မသုံးစေချင်ဘူးပေါ့.. 7Day တို့ ဆိုရင် ဂုဏ်သိက္ခာနဲ့ ရပ်တည်နေတယ်... နာမည်လည်းရှိတယ်... ပေါက်တယ်ပေါ့... Eleven လို တခြားဂျာနယ်လည်း မပုတ်ခက်ဘူး.. အစိုးရကိုလည်း မပုတ်ခက်ဘူး... Eleven အနေနဲ့ 7Day ကို အတုယူပြီး အဆင့်တန်းရှိအောင် ကြိုးစားသင့်တယ်လို့ထင်တယ်...." လို့ ဆက်ပြောပါတယ်။
အင်တာနက်ပေါ်က Eleven စာမျက်နှာပေါ်မှာလဲ Admin တွေက account အများကြီး လုပ်ထားပြီး ကိုယ့်ဘာကို ပိုစ့်တင်၊ ကိုယ့်ဘာကို ထောက်ခံနေကြတယ်လို့လည်း သတင်းတွေ ထွက်နေတာရှိပါတယ်။ တစ်ခါတုန်းကလည်း ဦးဝင်ချိုတို့ အဖွဲ့ကို ဝေဖန်လို့ အင်တာနက်ပေါ်မှာ မကျေနပ်သူတွေ များလာပြီး website ကို တိုက်ခိုက်ခံရတာတွေလည်း ရှိခဲ့ပါတယ်။
Eleven Media ရဲ့ မူလအရှင်သခင်ဟာ ဗိုလ်မှူး ကြီးတင်လှ ဖြစ်ပြီး လက်ရှိ CEO မှာ ဒေါက်တာသန်းထွဋ်အောင် ဖြစ်ပါတယ်။ အယ်ဒီတာချုပ်ဆိုသူမှာ ဝေဖြိုး ဖြစ်ပြီ စင်္ကာပူက ကိုယ်စားလှယ်ကတော့ Aung Sat Po, blk 134 bedok north street 2 Singapore, NA 460134 ဖြစ်ပါတယ်။

Myanmar Express
6 comments:
သြော်.. သတင်းစာတွေခမျာလည်း လိုရင်လိုသလို အမွှမ်းတင်ခံရလိုက်၊ မလိုရင်မလိုသလို ချောင်ထိုး အပုပ်ချ ခံရလိုက်နဲ့။ တရားကျမိပါ၏။ တတ်လည်းတတ်နိုင်ကြပါပေ့ကွယ်တို့.... :D
Hello Myanmar Express, I may agree on this article
သတင်းလိုလို ဘာလိုလိုနဲ့ ပြည်သူနဲ့အစိုးရကြားကို ရန်တိုက်ပေးနေတာ အလဲဗင်းဂျာနယ်ပါ
အက်ဒမင်တွေကိုတစ်ခုပြောချင်တယ်.. ခင်ဗျားတို့ သတင်း(ရန်တိုက်ပေးနေသော) တွေတင်နေတဲ့ social network ဆိုတာ virtual world တစ်ခုပါ.. အဲဒီ အတုအယောင်လောကမှာ ရလာတဲ့ လက်ခုပ်သံဆိုတာလဲ အတုအယောင်တစ်ခုဖြစ်တယ်ဆိုတာ မမေ့နဲ့ .. ရဖို့လဲ တစ်အားလွယ်တယ်ဆိုတာ မမေ့နဲ့.. မီးစင်လေးကြည့်ပြီး ကဖို့ပဲလိုအပ်တယ်.. သွန်းနေစိုးရေးတဲ့ ဖော်လံဖား ဆိုတာ ခင်ဗျားတို့မှ အစစ်.. ဒီနေရာကနေ သတိပေးလိုက်ပါတယ်
အမေ့ထမီစ ခေါင်းမှာပတ်မယ့် အယ်ဒီတာချုပ် ဝေဖြိုး၊ စီအီးအို သန်းထွဋ်အောင် နှင့် ဂျိုကြွလာသော အလဲဗင်းမီဒီယာ ဂရု မှသိစေရန်!!
http://doctorsatephwar.blogspot.com/2011/09/eleven-media.html
ပြောစရာကျန်သေးလို့ .. သူတို့ ဆိုဒ်မှာ အစိုးရနဲ့ ပြည်သူကိုရန်တိုက်ပေးတဲ့ပို့စ်လေး တင်လိုက်၊ အောက်က ကွန်မန့် တွေမှာ အစိုးရပုတ်ခတ်ပြောတဲ့ ကွန်မန့်တွေဆို ကြည့်ကောင်း၂ နဲ့ လွတ်ကြည့်တာ.. အပြုသဘော ဝေဖန်ဆွေးနွေးလာလို့ အပေါင်းအနုတ်တွေပေးရင် သူတို့က သိပ်သဘောကျတာ.. ဒီထက်ပိုပြီး သူတို့ ဂျာနယ်ကို နဲနဲ ရေးမိလိုက်တာနဲ့ အကောင့်ကို တန်းပြီးဘလော့တော့တာပါပဲ.. မယုံမရှိနဲ့ ကိုယ့်လူတို့ .. ထူးမခြားနား ဧရာဝတီ ဘီဘီစီ တို့လိုပါပဲ.. တစ်ခုသာတာက အလဲဗင်းက ဒဲ့မဖိုက်ဘူး. ဆိတ်ဂွေးစိလို ဟိုဘက် ကပ်သလို ဒီဘက်ကပ်သလိုလေးနဲ့ ရန်ကို အကြီးအကျယ်တိုက်ပေးနေတဲ့ ၀ဘ်ဆိုဒ် တစ်ခုဖြစ်ကြောင်းပါဗျာ
eleven midea ရဲ့  အယ် ဒီ တာ အ ဖွံဲံ့  ဟာ ceo ရဲ့  နယ် လေး တွေ ဆို တာ ရော သိ ကြ ရဲ့  လား
What type off CEO. Fuck type off CEO. All rubbish group.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်