- Zaw Moe Aung ကျွှန်တော် နည်းနည်းကြားဘူးပါတယ်....ကု
ိယ့်အချင်းချင်း စစ်အစိုးရ သူလျှိုပါဆို အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ သမိုင်းပေါ့....အဲဒါကို သေသေချာချာ ထုတ်ဖော်ပေးရင်ကောင်းမယ်ဗျ. ...အာဏာရှင်ကိုတော်လှန်ရင်း အာဏာရူးဖြစ်သွားသူတွေအကြောင်းတွေ သိချင်ပါတယ်။ ကျောင်းသား ၁၀၀ ကျော် ကို ခေါင်းဖြတ်သတ်ပစ်တယ်လို့ကြားဘူးပါတယ်။ - သူ ဇာ လွင် နိုင်ငံအတွက် စွန့်လွှတ်ရင်း အသက်ပေးခဲ့ရတဲ့ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ခေါင်းဆောင် ရဲဘော်ပေါင်း ၃၀ ကျော်ရဲ့ အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်လည်း သားကောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါလျက်နဲ့ နှောင်းလူတို့ သိဘို့ တစိုးတစိမှ မတို့ မထိခဲ့ပဲ၊ ရေငုံနေခဲ့တဲ့ မိမိကိုယ် မိမိကြည့်မိတဲ့ အခါ အပြစ်မကင်းသလို ခံစားရတဲ့ စိတ်က တရွရွ ကိုယ်ပေါ် ပြေးလွားနေတာမို့ တခါက တရွရွ ပြေးလွှားခဲ့ဘူးတဲ့ သန်းဂျီးမတွေ အကြောင်းကို ခုလို ချရေးမိတာ ဖြစ်ပါကြောင်း ၀န်ခံချက် ပေးပါတယ်။
- Chan Myae ဒီဆောင်းပါးကို ဖတ်မိတော့...... ခံစားမှုက နာကျင်ရတာရော ရယ်မောစရာတွေရော ရောပြီး ခံစားရပါတယ်........
အတိတ်မှာ မှားခဲ့သမျှ အခုလက်ရှိ မှား သင်ခန်းစာတွေပါပဲဗျာ
ဒီလို အမဲစက်ကြီးတွေ ကနေ လက်ရှိ အရှိတရားကို သတ္တိရှိရှိ ဖြတ်သန်း
နေတဲ့ ကျောင်းသားခေါင်းဆောင် တွေ တော်လှန်ရေးသမားတွေကို
ဦးညွှတ်ပါတယ်.....ဗျာ ကိုထိန်လင်း စာတွေများများရေးနိုင်ပါစေ - Moe Salခက်တာက ရန်သူအားရမှာစိုးလို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း
ဖြစ်မှာစိုးလို့ ကျောင်းသားတွေကြား ကွဲပြားကုန်မှာစိုးလို့ နဲ့ အခြားအကြောင်းကြောင်းတွေကြောင့် မဖြေရှင်းနိုင်တဲ့ သူတွေအများကြီးရှိနေသေးပါတယ် ကိုထိန်လင်းက အစပြောတာပါ ထောက်လှမ်းရေးပါလို့ ၀န်ခံခဲ့ပြီး ယခုတိုင်အသက်ရှင်နေတဲ့ သူတွေရှိပါတယ် အဲ့ဒီတုန်းက အာဏာလုတာကို အာဏာလုတယ်လို့ ၀န်မခံပဲ ရက်ရက်စက်စက် ညှင်းပမ်း သတ်ဖြတ်ခဲ့တာပါ။ လူမဆန်တဲ့ ညှင်းပမ်းမှုတွေ နအဖ စစ်အုပ်စုကတောင် မလုပ်ခဲ့တဲ့ ညှင်းပမ်းမှုတွေ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ နဲ့ ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြတာပါ။ - Hlaing Bwaကျောင်းသားဟား ကျောင်းထဲမှာ မြောင်းထဲမှာ ထောင်ထဲမှာ တောထဲမှာ ... စာရင်းမဲ့အင်းမဲ့ အသတ်ခံခဲ့ရတာပါ ... ခံစားခဲ့ရတာတွေကပြောလို့ မကုန်နိုင်ပါဘူး .... အခံစားရဆုံးကတော့ အာဏာရှင်ကိုတော်လှန်ပါတယ်ဆု
ိတဲ့ ကျောင်းသားအမည်ခံအချင်းချင်း ပက်ပက်စက်စက်လုပ်ရဲ့ခဲ့ကြတာပါပဲ .... သတ်ခဲ့တဲ့သူတွေ သတ်ဖို့ အမိန့် ပေးခဲ့တဲ့သူတွေ မျက်မြင်သက်သေတွေ ကနေ့ အချိန်အထိကမ္ဘာ အရပ်ရပ်မှာအသက်ရှိထင်ရှားရှိနေဆဲပါ - လှိုင်ဘွားကိုယ်တိုင် (၂) ကြိမ်ထက်မနည်း အသတ်ခံရဖို့ ဖြစ်ခဲ့ဖူးပါတယ် ... (သည်အထဲမှာ တော်လှန်ရေး သမားဆိုသူတွေ အင်မတန်အံ့သြလောက်စရာ ကောင်းလောက်တဲ့ ဖေါက်ပြန်စွပ်စွဲမူတွေရှိခဲ့ ပါ တယ် .... မြ၀တီရဲခေါင်လိုလူမျိုးတွေအ ထိ ကျောင်းသားတွေအပေါ်လူမျိုးစု က သတ်အောင်စွပ်စွဲတဲ့အထဲမှာ ပါဝင်ခဲ့ခြင်းပါ - သူအခုသြစတြေလျှမှာ အသက်ရှင် နေဆဲပါ .... ကျွန်တော့်ကို မြ၀တီရဲခေါင်စွဲချက်တင်ချိန်မှာ အခြားကျောင်းသားတွေ RIT 141 က ... ကိုရင်အေးလိုလူတွေရှေ့ မှာဖြစ်ခဲ့တာပါ ... ဒေါက်တာတူးဂျာတို့ ရှေမှာ သူတို့ သက်သေရှိခဲ့တာပေါ့ဗျာ ) ... အသက်နဲ့ ရင်းခဲ့တဲ့ဖြစ်ရပ်မျိုးမို့ ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး - တော်လှန်ပါတယ်ဆိုတဲ့လူချင်း ပြန်သတ်လို့ သေ ရတာ သိပ်ရင်နာဖို့ ကောင်းပါတယ်။ (ခင်ညွန့် ကထောက်လှမ်းရေးတွေလွှတ်ထားတ ယ်လို့  အပင်းထည့်တဲ့ စကားမျိုးတဘက်လှည့်နဲ့ သုံးချိန်မှာ ဦးနှောက်မရှိတဲ့ ခေါင်းဆောင်ဆိုတဲ့ အာဏာလုတတ်တဲ့သူတွေနဲ့  လူမျိုးစုတွေအတွင်း အသတ်ခံခဲ့ရတဲ့ကျောင်းသား ဟာ တိုက်ပွဲကျခဲ့တဲ့ ကျောင်းသားအရည်အတွက်ထက်ပိုများမယ်ထင်ပါတယ် ...) - Maung Maung Wannအဲဒီ့ဖြစ်ရပ်ထဲက တာဝန်အရှိဆုံးဖြစ်တဲ့ မျိုးဝင်းကတော့ တောထဲမှာသေပါပြီ၊ သံချောင်းက အခု သာယာဝတီထောင်မှာ သေဒဏ် ( ၅ ) ကြိမ်နဲ့ ပြစ်ဒဏ်ကျခံနေရပါတယ်...သူ့က
ို တောထဲကနေ အရှင်မိလာတာ....ကျောင်းသားရဲဘော်တွေကို နထင်တေ့ ၊ ပစ္စတိုနဲ့ပစ်သတ်ခဲ့သူပေါ့.. ...ကျောင်းသူ ခင်ချိုဦးကို သူ့ရှေ့မှာ မုဒိန်း ကျင့်ခိုင်းပြီး၊ ပြီးမှ သေနပ်နဲ့ ပစ်သတ်ခဲ့တယ်.....ဒီ ဖြစ်ရပ်မှန် မှတ်တမ်းတွေ ကမ္ဘာသိအောင် ဖော်ထုတ်ကြတော့မှာပါ......။ တချို့ကောင်တွေက မသိသလိုနဲ့ အခုထိ ခေါင်းဆောင်လိုလို ဘာလိုလို လူတွင်ကျယ်လုပ်တုန်း......လ က်တွေ့ပါဝင်ပါတ်သက်သူများ ထပ်မံ ဖော်ထုတ်သင့်ပါပြီ။ - UZa Wana ကျူးလွန်ခဲ့သူတွေရဲ့ လုပ်ရပ်ကို မနှစ်မြို့ရင် သူတို့ကိုတရာဥပဒေ ရှေ့ရောက်အောင် ဝိုင်ဝန်းပို့ဆောင်ရမယ် အပြစ်ကျူးလွန်ခဲ့တဲ့သူဟာသက်
ရှိထင်ရှားရှိနေသေးတယ် သူကို ယဉ်ကျေးတဲ့လူးသားတွေက ဥပဒေ နဲ့အညီ စီမံသင့်တယ် သိသူများကဆက်လက်ဖော်ထုတိကြ ပါ အရိုင်းအစိုင်းတွေလိုအချင်း ချင်းကျူးလွန်ခဲ့တဲ့ အပြစ်တွေကို မမေ့မပျောက်ရအောင် စာတွေရေးကြပါ - Lwin Aung Soeစိတ်မကောင်းရတာထက် ရင်နင့်ရတာက အများကြီးပိုပါတယ်။ (ခုအချိန်ထိ) ကွန်မန့်တွေ ဖတ်ပြီးသမျှမှာတော့ အမှန်တရားတချို့ ထပ်ထွက်လာတာတွေ သတိပြုမိပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး အောင်မြင်စေဖို့အတွက် ထုတ်မပြောဖြစ်အောင် ထိန်းချုပ် ကြိတ်မှိတ်မြိုသိပ်ထားရတဲ့ ခံစားမှုတွေ၊ ဖုံးဖိထားရတဲ့ အမှန်တရားတွေကို ထုတ်ပြောပေးသူတွေဘက်ကို ကျနော် အပြည့်အဝ ထောက်ခံပါတယ်။ ဒီအမဲစက်ကြီးကို ထိန်ချန်ပြီး ကျနော်တို့ ရှေ့ဆက်သွားရင် အန္တရာယ် အလွန်ကြီးလိမ့်မယ်လို့ ယူဆပါတယ်။
- Aung Moe WinYan Shinn Oo- ရော်နယ်အောင်နိုင် ဆိုတာ ကိုထွန်းအောင်ကျော်ကို သတ်ပြီးတဲ့နောက် မြောက်ပိုင်းမှာ ဥက္ကဋ္ဌ တက်ဖြစ်ခဲ့တဲ့ ဥက္ကဋ္ဌလေး ဆိုတဲ့သူ။ ဒေါက်တာနိုင်အောင်ဆိုတာ အောက်ပိုင်း အေဘီ ( ဗဟို) ကလူ။ မြောက်ပိုင်း ကျောင်းသားတပ်မတော်စခန်းအပါ
အဝင်၊ အောင်နိုင်လေး နဲ့ ဒေါက်တာ နိုင်အောင် ကချင်ပြည်နယ်ကို သွားတုံးကပုံတွေက အစ တင်ပေးလိုက်မယ် ဟုတ်လား။ တခုချင်းစောင့်ဖတ်ပါ။ အနှစ် (၂၀) လုံးလုံး သိမ်းထားတဲ့ အရာတွေကို တခါတည်းဖတ်လိုက်ရင် ပေါ့သွားမှာ စိုးလို့ပါ။ - Moe Sal သူတို့ကပဲ ဒီမိုကရေစီခေါင်းဆောင်ကြီးေ
တွလို လုပ်နေကြတဲ့ လူသတ်သမားတွေ ကို ဖေါ်ထုတ်ဖို့ အချိန်တန်ပါပြီ..စုစီးပြီး ဖေါ်ထုတ်ကြရင် နောက်တချိန်မှာ ဒီလို အဖြစ်မျိုးတွေက ရှောင်နိုင်မှာပါ ရာဇ၀တ်မှုတွေကို လက်လွတ်စပါယ် ကျူးလွန်ခွင့်ပေးထားလို့ ရာဇ၀တ်သားတွေ သူတော်ကောင်းယောင်ဆောင်နိုင်တာပါ..အေဘီ အင်အားနည်းလာစေတာ အဲ့ဒီအကြောင်းတွေ အများကြီးပါပါတယ်.. - Thar Sweဒီသတ်ဖြတ်မှုမှာ တာဝန်ရှိသူတွေက တလောက လက်နက်ချသွားတဲ့ သံချောင်း၊ သေသွားတဲ့ မျိုးဝင်းနဲ့ အရင်ဘီဘီစီ သတင်းထောက် လုပ်တဲ့ အောင်နိုင်တို့ပဲ။ သူနဲ့ အသတ်ခံရတဲ့ကိုထွန်းအောင်ကျေ
ာ်က မန္တလေးမှာအတူတူ လုပ်ခဲ့တာပဲ။ သံချောင်းတို့က မိုးညှင်းမိုးကောင်းအုပ်။ ကျန်ဒေသကလူတွေကို ဂိုဏ်းဂနနဲ့ချတာ။ အောင်နိုင်ကလည်တော့ သွားကပ်ထားလိုက်တယ်။ အဲဒီလိုသတ်နေတာတွေကို ကေအိုင်အေက တချက် မတားဘူး။ အောင်နိုင်ဆိုတာက Ronald Aung Naing အခု ချင်းမိုင်မှာ။ သံချောင်း က လွတ်ရက်မရှိ ... သာယာဝတီထောင်မှာ ရောက်နေပြီ။ လက်ယျာထွန်းတို့ ကိုသိန်းတို့ ကိုခင်လှိုင်တို့ နဲ့တူတူပဲ။ ပြောမယ်ဆိုရင် သံချောင်း တယောက် ကျနော့် အမှုတွဲတွေနဲ့ အတူတူ သာယာဝတီထောင်မှာ ရှိနေတယ်ပေါ့ဗျာ။ Ronald Aung Naing ကတော့ ကိုညိုအုန်းမြင့်တို့နဲ့ ပါတီပွဲတွေနွှဲနေတဲ့ ဓာတ်ပုံတွေ တွေ့နေရတာပဲ။ - Zaw Moe Aungကျောင်းသားများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ဘို့ ပါဝင်ပတ်သက်ခဲ့တဲ့အထဲက...ရေ
ာနယ်အောင်နိုင် ဆိုတဲ့ ကောင်က...အခု...internews ဆိုတဲ့ အမေရိကန်အခြေစိုက် သတင်းဌာနတခုမှာ လစာကောင်းကောင်းနဲ့ လုပ်နေတယ်လို့...အမေရိကားက အကိုတစ်ယောက်က လှမ်းပြောလာပါတယ်....ဘီဘီစီက ဒီလူသတ်မှု့ ကိစ္စကြောင့် အဖြုတ်ခံလိုက်ရပြီး...အခုသူ က ဒီသတင်းဌာနမှာ ပြောင်းလုပ်နေတယ်ကြားပါတယ်. ..လောလောဆယ်..ဒီလို သွေးစွန်းနေတဲ့ လူသတ်ကောင်ကို ဖြုတ်ပစ်ဘို့ ၀ိုင်းစာတင်ကြပါ.......၀ိုင်း လက်မှတ်ထိုး ဖြုတ်ချကြပါ....။ - Min Min Aung speechless with sad, sorrow, and tears after reading this article. How are we going to tell their moms??? တိုင်းရင်းသားအဖွဲ့တွေကို လက်ကုတ်ပြီးဖြောင်ခိုင်တာတေ
ွကိုတော့ ကြားခဲ့ဖူးတယ်...တချို့ သိတဲ့သူတွေပါသွားတာလဲ သိခဲ့ရဖူးတယ်... ကိုယ်ပါရောပါသွားမှာစိုးလို့ လဲ တိတ်တိတ်လေးကြေကွဲခဲ့ဖူးတယ် ... ရင်နဲ့မဆန့် မျှဝေခံစားမိပါတယ်... - Nge NaingABSDF ရဲ့ ဒုတိယအကြိမ် ညီလာခံနဲ့ တိယအကြိမ် ညီလာခံ စပ်ကူးမတ်ကူး ကာလမှာ ဖြစ်သွားတဲ့ မြောက်ပိုင်း လူသတ်မှုအကြောင်းကို ကြားဖူးခဲ့ပေမဲ့ အကျဉ်းချထားစဉ်မှာ အခုလို မယုံနိုင်လောက်အောင် လူသားမဆန်စွာ ညှင်းဆဲကြတယ် ဆိုတာကိုတော့ ကျွန်မ အခုမှပဲ သိရပါတယ်။ ဒီပို့စ်ကို ဖတ်ပြီး ကျွန်မ ဘယ်လို ပြောရမှန်းမသိ ပြောပြမတတ်အောင်ကိုကို ခံရသူတွေဘက်က ခံစားရတာ ကျွန်မရဲ့ မှန်သောစကားပါ။ ဒီနေရာမှာ ညှင်းဆဲခံရသူတွေဟာ အထင်မှားခံရတာ မဟုတ်ဘဲ တကယ်ကို ရန်သူက စေလွှတ်လိုက်တဲ့ ရန်သူလူတွေ ဖြစ်နေရင်တောင်မှ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ ABSDF လိုအဖွဲ့အစည်းတခုအနေနဲ့ ဒီလိုညှင်းဆဲတာကို လုံးဝဆန့်ကျင်ရမှာ ဖြစ်တယ်။ ရန်သူ အားပေးသလို ဖြစ်မှာ၊ ရန်သူအကြိုက် ဖြစ်မှာကို မလိုလားပေမဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်း တဦးအနေနဲ့ ဒီမြောက်ပိုင်း ကိစ္စနဲ့ပတ်သက်ပြီး အမှန်တရားကို သိချင်တာတော့ အမှန်ပဲ။
- Maung Maung Wannဒီကိစ္စမှာ ကျန်တာတွေ ခနထား သေချာတာတခုကတော့....လုံးဝကု
ိ အပြစ်မရှိတဲ့သူတွေ ဘ၀ပျက် လူစဉ်မမှီဖြစ်ခဲ့တယ်ဆိုတာတော့ အသေအချာပဲဗျ.....အဲဒီ သေဘေးက လွတ်လာပြီး မကြာခင်မှာပဲ...စစ်အစိုးရက အမှု့ဆင်ဖမ်းလို့ ထောင်နှစ်ရှည်လများ ကျသွားတာလည်း အသေချာပဲဗျ။ ဒီလူတွေရဲ့ဘ၀တွေးကြည့်ပါဗျာ...သူတို့လူသားတွေပါ။...ကျနော်ကတော့  သမိုင်းသိထားတဲ့သူတွေ တင်ပြတာကို လူထုသိအောင်လုပ်ပေးရမဲ့တာဝန်ရှိတယ်လို့ခံယူထားပါတယ်။ ရှင်းစရာရှိတာတွေဆိုတာကတော့ ကျနော် ကာယကံရှင်မဟုတ်လို့....စောင့်ကြည့်ယုံမှအပါး အခြားမရှိပါဘူး.....အချိန်ထ ပ်ယူရဦးမယ်ဆိုတာကတော့....ကာယကံရှင် ( ပန်းချီ ထိန်လင်း ) ကိုယ်တိုင်က ဇာတ်ကြောင်းကို နမိတ် ပျိုးထားလေတော့...ခရီးက ဆက်ကြရတော့မှာပေါ့ဗျာ...... .ပြည်တွင်းက လူတွေကလည်း သိချင်နေကြပါတယ်....ဒါ့ကြော င့်ပါ.........။ ပြည်တွင်းမှာလည်း ကာယကံရှင်တွေ သက်ရှိထင်ရှားရှိနေဆဲပါ။ ကျနော် ပထမအကြိမ်ထောင်ကလွတ်လာတော့. ...မြောက်ပိုင်းက လွတ်မြောက်လာသူ အများစုနဲ့ စမ်းချောင်းတိုက်ခန်းမှာ အတူနေခဲ့ဘူးလို့....သူတို့ ရင်တွင်း ခံစားချက် တွေကို ထပ်တူခံစားခဲ့ဘူးပါတယ်..... .အဲဒီကထဲက ထိန်လင်းနဲ့ ကျနော် အတူနေခဲ့တာပါ.....အာဏာရှင်ဆ န်တာ...အာဏာရူးသွပ်တာကိုတော့  ဘယ်လိုမှ လက်ခံမရလို့ပါ။ နိုင်ငံရေးအယူအဆအရ..ကိုယ်ကြိုက်တာကိုယ်ယုံကြည်နိုင်ပါတ ယ်....အပြစ်မမြင်ပါ.....အာဏာရူး..အာဏာရှင်ဆန်တာကိုတော့ ...ဘယ်သူကိုမှ လက်ခံပေးလို့မရလို့ပါ....အခုအဖြစ်အပျက်က အာဏာရူးတာတွင်မက..လူ့အသက်ပေါင်းများစွာကိုပါ ရက်စက်..လူပေါင်းများစွာ..ကို ရက်ရက်စက်စက် ဒုက္ခပေးခံရတဲ့ ကိစ္စကို နောက်မျိုးဆက်သစ်များ.....သ မိုင်း သင်ခန်းစာယူနိုင်ရန် အလို့ဌာ...အခု ချိန်မှာ သိသင့်နေပြီလို့ယူဆပါတယ်... အနှစ် ၂၀ လုံလောက်ပါပြီဗျာ။ - ကိုရွှေ အိုးဒီကိစ္စတွေ ပြန်ပေါ်လာတာ ဝမ်းသာတယ်၊ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ကိုယ်တိုင် အာဏာရှင်လို ရက်စက်ယုတ်မာကုန်တဲ့ လူတွေအကြောင်းကို ကျွန်တော်တို့ လူငယ်တွေ သေချာသိထားသင့်ပါတယ်။ ဒါမှ သင်ခန်းစာ ယူနိုင်မှာ။
အရင် ကျွန်တော်ကြားဖူးတာတွေက တစ်ဆင့်စကားဆိုတော့ ခိုင်လုံမှုရှိမရှိ အစ်ကိုတို့ ပြောတာနဲ့ပဲ တိုက်စစ်တော့မယ်။
အဲဒီတုန်းက ကိုချိုကြီးရဲ့ လက်ပြတ်ပြတ်ကို ကိုထွန်းအောင်ကျော်ကို ကိုက်ခိုင်းတယ်လို့လဲကြားဖူးပါတယ်။ စအိုထဲ ကျဉ်စက်အထည့်ရလို့ မသေခင် ပုတ်သွားတဲ့ ကျောင်းသား၊ ပြည့်တန်ဆာလောက်နီးနီး နာမည်အဖျက်ခံရပြီးပြီး အသတ်ခံရတဲ့ ကျောင်းသူ စသည်ဖြင့် လူမဆန်တဲ့ မိုက်ရိုင်းမှုတွေအကြောင်းလဲ ကြားဖူးပါတယ်။ အဲဒီတုန်းက လူသတ်မှုမှာ ပါခဲ့တဲ့ အားပေးအားမြှောက်ပြုခဲ့တဲ့ လူတစ်ချို့လဲ ဒီကနေ့မှာ ကောင်းစားနေတယ်လို့ သိရပါတယ်။ သမိုင်းမှန်တွေ အမြန်ဆုံးပေါ်ပါစေ။ ယုတ်မာခဲ့သူတွေ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပြန်ခံရပါစေ။
5 comments:
အဲသလို လူသတ်ကောင်တွေ မဒိမ်းကောင်တွေက တတိယနိုင်ငံတွေမှာ ပေါင်မုန့်နဲ့ချိစ်စား လူကြီးလူကောင်းအရောင်ဆောင်ပြီး ပါးစပ်ကဒီမိုကရေစီဆိုပြီး အော်နေသေးတယ်။ ရွံလိုက်တာ။
အသတ်ခံရတဲ့ကိုထွန်းအောင်ကျော်ဆိုတာ ABSDF ဥက္ကဌလား။
ပြည်ပရောက်အတိုက်အခံအဖွဲ့အစည်းထဲမှာ ကိုထွန်းအောင်ကျော် ၂ ယောက်ရှိမယ်ထင်တယ်။ အဲဒီလိုဖြစ်ခဲ့တယ်ဆိုတာတော့ ကြားဖူးပါတယ်။ ဒီအဖြစ်အပျက်တွေ ဘယ်နှစ်ခုနှစ်လာက်က ဖြစ်တာပါလဲ။
yes, we know about it since long time ago .Moe Thee Zun is a main actor for this events and he know very well about himself and his colleagues .
အတိုက်အခံ ဟု မသုံးပဲ ၊ ကလေကချေ တော်လှန်ရေးကောင် များ ဟုသုံးနှုံး သင့်ပါသည်။
ကမ္ဘာ သို့ အဖြစ်မှန် ဖေါ်ထုတ်ပြီး ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြင့် ခုံရုံးတင်စစ်ဆေးပါ။
ABSDF နှင့်ဗကပ...အပါအ၀င်လက်နက်ကိုင်အဖွဲ့ အချို့ ကို
ငြိမ်းချမ်းရေး ဆွေးနွေးရန် မလိုအပ် ၊ Talibanကဲ့သို့ ရှင်းပစ်သင့်သည်။
မတရားသင်းအက်ဥပဒေ မှာ ခေတ်နှင့်အညီ ဆက်လက်ထားရှိရန်သာ
ဖြစ်၏ ။
ဒီကလေကချေအတိုက်အခံ တော်လှန်ရေးကောင်တွေကို အကုန်ရှင်းမပစ်နဲ့ဦး ဦးရမ်ဘိုကြီးက ဒီအကြောင်းတွေကို ရုပ်ရှင်အရင်ရိုက်ပါရစေဦးလို့ မျက်ရည်တစမ်းစမ်းနဲ့ တောင်းပန်နေတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်