Subscribe to our RSS Feed

ပေးစာ (၇၂)

ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့ရောက်စဉ်က ဒေသခံအဖွားအိုတစ်ဦးကို ကန်တော့ခိုင်းစဉ်


အခုတလောမြန်မာပြည်ရဲ့အပြောင်းအလဲတွေကိုတော်တော်များများမြင်တွေ့နေကြရမှာပါ။ ကျွန်တော်တို့ မြန်မာပြည်သူ အများစုကတော့ ပြောင်းလဲလာတာတွေကို အသိအမှတ်ပြုကြိုဆိုနေကြပါတယ်။ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို ဥပမာပြောရရင် စာနယ်ဇင်းလွတ်လပ်ခွင့်တွေ အရင်ကထက်ပိုမိုရရှိလာတာနဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်း တို့ပဲဖြစ်ပါတယ်။ အစိုးရသစ်ရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူအများစုကထောက်ခံနေကြပေမဲ့ မထောက်ခံနိုင်တဲ့ ပြည်ပရောက်အတိုက်အခံအချို့နဲ့ ပြည်တွင်းကအတိုက်အခံအချို့ကို တွေ့နေရပါသေးတယ်။ သူတို့တွေဟာ သနား ဖို့လည်းကောင်းသလို သူတို့ရဲ့ဖျက်လိုဖျက်ဆီး ဘေးထိုင်ဘုပြောစိတ်ဓာတ်တွေကတော့ ရွံရှာဖွယ်ရာကောင်းပါတယ်။

ဒေါ်စုရွေးကောက်ပွဲဝင်တာနဲ့ပတ်သက်ပီး အတိုက်အခံအချင်းချင်း သဘောထားကွဲလွဲနေတာ ကိုတွေ့နေ၇ပါတယ်။ သူတို့ဟာသူတို့ရဲ့အနာဂါတ်ကို ကြိုပီးမတွေးမိကြသူတွေပါ။ ပြည်ပရောက်အတိုက်အခံတွေဟာ သူများပေးစာ ကမ်းစာကိုစားပီး ကိုယ်ရဲ့မိခင်နိုင်ငံကို သစ္စာဖောက်နေသူတွေပဲဖြစ်ပါတယ်။ သူတို့မစဉ်းစားမိသေးတဲ့ အချက် တစ်ချက်ကတော့ ဒေါ်စုကအခုအသက်၆၇နှစ်၇ှိနေပါပီ နောက်ထပ်ဘယ်လောက်များ လောကကြီးမှာဆက်ပီး ရှိနေ နိုင်မှာလဲ။ အလွန်ဆုံးနောက်ထပ်အနှစ်၂၀ပေါ့။ ဒေါ်စုမရှိတော့ရင် သူတို့ဘယ်လိုများစခန်းသွားကြမလဲ။ အနောက်နိုင်ငံတွေကအားပေးနေတာဒေါ်စုကိုပါ။ သူတို့ကိုမဟုတ်ပါဘူး။ အဲဒိအချိန်ကြရင် သူတိုတွေဟာ လက်ရှိနေနေတဲ့နိုင်ငံကလည်းလက်မခံ ကိုယ်နိုင်ငံကိုလည်းပြန်လာဖို့ကလည်းမဖြစ်နိုင်။ ရင်လေးဖို့ကောင်းပါတယ်။ သူတို့ဘ၀တွေကို။

ဒေါ်စုကိုကျန်းမာရေးကောင်းဖို့ ပြည်ပရောက်အတိုက်အခံတွေ ဆုတောင်းနေဖို့ ကောင်းပါတယ်။ မြန်မာပြည်က အဒဖမှာလည်း ဒေါ်စုလောက်အနောက်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့သူမရှိပါဘူး။ ဒေါ်စုလိုနိုဘယ်ဆုပေးဖို့ ကလည်း ပြည်တွင်းရောပြည်ပမှာပါရှိတဲ့ အတိုက်အခံတွေထဲမှာ အရည်အချင်းရှိတဲ့သူမရှိပါဘူး။ ဒေါ်စုတောင် နိုဘယ်ဆု ဘယ်လိုရတယ်ဆိုတာ သူကိုယ်တိုင်ပဲသိမှာပါ။ အရင်တုန်းကလည်း ဒေါ်စုကိုမီတဲ့သူ အတိုက်အခံ တွေထဲမှာမရှိသလို အခုလည်းမပေါ်သေးပါဘူး။ အဒဖပါတီထဲမှာပဲကြည့်ရင် ဥက္ကဌနဲ့ဒုဥက္ကဌတို့လည်း ဒေါ်စုကိုမလွန်ဆန်နိုင်ပါဘူး။ နောက်ပေါက်တွေဆိုပိုဆိုးပါတယ်။ ဒေါ်စုဘာလုပ်လုပ် ထောက်ခံဘယ်သွားသွားလိုက်နဲ့ တဖြည်းဖြည်း အုပ်ပျော်တွေပဲဖြစ်နေကြပါပီ။ အချင်းချင်းမြှောက်ပင့် ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက်နဲ့ပါပဲ။ တော်တဲ့တတ်တဲ့သူ ထွက်လာတာမတွေ့ရပါဘူး။

အရင်ကသူတို့ဝေဖန်ခဲ့တဲ့အစိုးရမှာက မျိုးဆက်သစ်တွေရှိပါတယ်။ ဦးသိန်းစိန်သေသွားလည်း သူနေရာကို ၀င်ယူနိုင်တဲ့သူ အဆင်သင့်ရှိမှာပါပဲ။ စနစ်တကျစီမံကိန်းနဲ့ သွားနေတာပါ။ အဒဖလို ဒေါ်စုတယောက်တည်းကိုပဲ မှီခိုနေရတာ မဟုတ်ပါဘူး။ စနစ်တကျမရှိပဲနဲ့တော့ နိုင်ငံတနိုင်ငံကို အုပ်ချုပ်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အကြံပေးချင်တာကတော့ အတိုက်အခံများအနေဖြင့် လူငယ်တွေကိုတော်အောင် သင်တန်းပို့ချရင်ပို့ချ။ အဲလိုမှမဟုတ်ရင်တော့ ဒေါ်စုကျန်းမာရေး ကောင်းအောင် နေ့တိုင်းသာ ဆုတောင်းနေကြပေါ့လို့သာပြောချင်ပါတယ်။

1 comments:

hi

Thank for your sharing the message.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်