Subscribe to our RSS Feed

တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့

ဒီတစ်ခါအိပ်ရာက မထနိုင်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဘယ်လောက်ထိ ကြာသွားလဲဆိုရင် နံပါးနှစ်ဖက်မှာ ဘိုလို bedsore လို့ခေါ်တဲ့ အိပ်ရာပွန်းနာတွေ ရလာတဲ့အထိပါပဲ။ သုံးလလုံးလုံး နေ့ရောညပါ အိပ်ရာထဲမှာပဲနေပြီး ညာဖက်နံတောင်းနဲ့ စောင်းအိပ်လိုက်၊ ဘယ်ဖက်နံတောင်းနဲ့စောင်းအိပ်လိုက်နဲ့သာ နေရတာကိုး။


စိတ်ပူရှာကြ

ရေးနေကျဂျာနယ်တွေအတွက် စာမရေးနိုင်တော့ နယ်ပေါင်းစုံကစာ ဖတ်ပရိတ်တွေ ဖုန်းဆက်ကြ၊ စာရေးကြနဲ့ စိတ်ပူရှာကြတယ်။ ရန်ကုန်နဲ့ နီးတဲ့ဒေသက စာဖတ်သူများကတော့ လူကိုယ်တိုင်ရောက်လာပြီး စုံစမ်းမေးမြန်းကြတယ်။ နဂိုက ဧည့်မပြတ်ရတာ ထက်တောင်ပိုပြီး အရောက်အလာများတယ်။ နေမကောင်းဘူးကြားတော့ စာပေသမား သတင်းသမားတွေကလည်း စိတ်ပူပြီး တစ်ယောက်ပြီး တစ်ယောက်ရောက်ရောက်လာ ကြတယ်။ တချို့များဆို ၀ီရိယကောင်းလွန်းလို့ နေမကောင်းတဲ့ကြားက ပြုံးတောင်ပြုံးမိသေးတယ်။ စာရေးနိုင်ပြီလားဆိုတာ သိချင်လို့လာတာပါဆိုပြီး အိပ်ရာထဲလှဲနေတဲ့သူကို ထောင့်မျိုးစုံကလှည့်ပြီး ဓာတ်ပုံရိုက်သူကရိုက်၊ ဗီဒီယိုရိုက်သူကရိုက်နဲ့ လုပ်ကြတော့ သတင်းသမားချင်း မဟုတ်လား။ သူတို့လာတဲ့ ရည်ရွယ်ချက်ကို မသိဘဲဘယ်နေပါ့မလဲ။


မဂိုးသေးပါဘူး

လူငယ်လေးတွေမို့ ဘာမှမပြောဘဲ ပြုံးရုံသာပြုံးနေလိုက်ပေမယ့် စိတ်ထဲကတော့ ''မဂိုးသေးပါဘူးကွယ်၊ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပြီး ကျောင်းသားလူငယ်တွေ၊ ဆရာတော်သံဃာတော်တွေ၊ တပ်မတော်သားတွေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေအားလုံး လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို မမြင်ရမချင်း အကြာကြီးကို နေသွားဦးမှာပါ''လို့ ပြောနေမိတယ်။ အနိစ္စမသိ၊ တရားမရှိလို့ ပြောတာမဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်ကြီးမှာမွေးပြီး နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်း စစ်ကြီးနဲ့ တစ်ပါတီ တစ်ဖွဲ့တစ်စည်း အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၅၀ နီးပါး နေထိုင်ခဲ့ရသူတစ်ဦးအနေနဲ့ ဒါလောက်ကလေး လိုလားတောင့်တတာဟာ မလွန်လောက်ဘူးထင်လို့ပါ။


ဒါကြောင့်

''စစ်ဆိုရင်မုန်းလွန်းလို့ ရေတောင် စစ်မသောက်ချင်ဘူး'' လို့ ရှေးလူကြီးတွေ ပြောကြသလိုတောင် တစ်ခါတစ်ခါ ပြောချင်မိတယ်။ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ကြီးအတွင်းမှာ တပ်ထဲဝင်သွားတဲ့ ဦးလေးသားချင်းစစ်ဗိုလ်တွေ တိုက်ပွဲမှာကျဆုံးသွားတာရှိသလို၊ ရဲဘော်ဖြူတွေထဲ ကွန်မြူနစ်တွေထဲ ရောက်သွားပြီး ကျဆုံးသွားတဲ့ ဆွေမျိုးတွေလည်း ရှိခဲ့တယ်။ ကိုယ်ကြီးလာတော့လည်း ဒီအတိုင်းပဲ။ သူငယ်ချင်း စစ်ဗိုလ်တချို့ ကျဆုံးသွားကြသလို တောထဲတောင်ထဲရောက်သွားပြီး တိုက်ပွဲမှာ ကျသွားတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ချစ်တာ၊ ဒီမိုကရေစီကို လိုချင်တာ။



အဆုံးအဖြတ်ပြုနိုင်လောက်တဲ့သတင်း

ဇူလိုင်ကုန်ခါနီးတော့ ဧည့်သည် အ၀င်အထွက် ပိုများလာတယ်။ နည်းနည်း သက်သာသလိုမြင်ရရင် စကားပြောလာကြတယ်။ ရူးပတ်မားဒေါ့ရဲ့ မီဒီယာအင်ပါယာကြီး ကိစ္စအပေါ် ထင်မြင်ချက် မေးချင်လာကြတယ် ''ဇူလိုင်နောက်ဆုံးပတ်ရောက်တော့ မားဒေါ့ကိစ္စတုန်းက အလိုက်သိစွာနဲ့ ဘာမှမမေးဘဲ နှုတ်ဆိတ်နေခဲ့ကြတဲ့ မိတ်ဆွေတချို့တောင် မမေးဘဲမနေနိုင်ကြတော့ဘဲ ''ထင်မြင်ချက်လေး ပေးပါဦး''လို့ ပြောလာကြတယ်။ မားဒေါ့ကိစ္စလိုမဟုတ်ဘဲ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်တော့ အရေးကြီးဆုံး ထိပ်တန်းသတင်းကြီး မဟုတ်လား။ တိုင်းပြည်ရဲ့ ကံကြမ္မာကို အကောင်းအဆိုး အဆုံးအဖြတ်ပြုနိုင်လောက်တဲ့အထိ အရေးပါတဲ့ သတင်းကြီးပဲလေ။ အစိုးရသစ်ရဲ့ ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြတဲ့ သတင်းပေကိုး။

ကောင်းတာတွေ့ရင် ကောင်းတယ်လို့ ရေးသလို၊
မကောင်းတာတွေ့ရင်လည်း မကောင်းဘူးလို့ ရေးရတယ်။ အစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာဟာ ကောင်းတဲ့ကိစ္စဖြစ်တယ်။ မင်္ဂလာသတင်းဖြစ်တယ် . . .


သို့လော၊ သို့လော

သူတို့အရေးတကြီးနဲ့ အလေးထားကြတာ မလွန်ပါဘူး။ ကိုယ်တိုင်လည်း အိပ်ရာက မထနိုင်ပေမယ့် သတင်းမှန်သမျှကိုတော့ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရပါတယ်။ အစိုးရသစ်က ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမည်တပ်ပြီး သတိပေးချက်ထုတ်ပြန်လိုက်တော့ လူတိုင်းရဲ့စိတ်ထဲမှာ သို့လောသို့လော တွေးနေကြခိုက်မှာ မထင်မှတ်ဘဲ အစိုးရသစ်ရဲ့ ၀န်ကြီးဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ဦးတည်း တွေ့ဆုံမယ်လို့ ကြေညာလိုက်တာကိုး။ ဒီတော့ ဘယ်လိုဖြစ်လာနိုင်သလဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် အလားအလာကောင်းများ ဖြစ်နိုင်သလား။ စာ နဲ့ သတိပေးချက်ကို ပိုပြီးခိုင်မာစေဖို့ လူကိုယ်တိုင်တွေ့ဆုံ သတိပေးတာလား။ ဒီလိုအခြေအနေမှာ ဒီမိုကရေစီအင်အားစုများအနေနဲ့ ဘာတွေလုပ်ဆောင်သင့်ကြသလဲ စတဲ့စတဲ့ လဲပေါင်းများစွာ၊ လားပေါင်းများစွာကို မေးခွန်းထုတ်နေကြတယ်။


ထင်မြင်ချက်မျိုးစုံ

''ထင်မြင်ချက်ပေးပါဦး'' ဆိုလာ သူတွေကို ထင်မြင်ချက်မပေးမီ အရင်ဆုံးအနေနဲ့ လာသမျှဧည့်သည်မျိုးစုံနဲ့ မီဒီယာသမားကြီးငယ်မျိုးစုံတို့ရဲ့ ပြောသံဆိုသံတွေနဲ့ ထင်မြင်ယူဆချက်တွေ၊ ဆန္ဒစွဲမှန်းဆမှု (wishful speculation) တွေကို စုစည်းကြည့်လိုက်တယ်။ ဒီလိုတွေ့ရတယ်။

(၁) ဘန်ကီမွန်းလို ဒါဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကောင်းမွန်တဲ့ လမ်းစဖြစ်တယ်ဆိုတဲ့ အကောင်းမြင်ရှုထောင့်က ကြည့်တဲ့သူများ။
(၂) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြောသလို၊ မှန်ကန်ကောင်းမွန်တဲ့လမ်းကြောင်း ဖြစ်တယ်။ ဒါပေမဲ့ ဒါလောက်နဲ့ မလုံလောက်သေးဘူး။ လက်တွေ့ အလုပ်နဲ့ သက်သေပြဖို့လိုတယ်ဆိုတဲ့ 'ထောက်ကွက်' လုပ်သူများ။
(၃) အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ပရက်ရှာ(ဖိအား) ပေးနေတာတွေ လျော့ကျသွားစေဖို့နဲ့ အာဆီယံမှာ ဥက္ကဋ္ဌနေရာရယူဖို့အတွက် လှည့်ကွက်သက်သက်မို့ 'အရာကြီးနဲ့ဘာဘူကြီး'လို ထူးမခြားနားပါပဲလို့ ဆိုသူများ။
(၄)တွေ့ဆုံကြတဲ့ ဘက်နှစ်ဖက်မှာ ကိုယ်စီကိုယ်စီ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေရှိနေ၊ တစ်ဖက်နဲ့တစ်ဖက် ကျောခိုင်းနေတာထက်တော့ မျက်နှာချင်းဆိုင် တွေ့ဆုံတာက ပိုကောင်းတယ်။ ဒါကြောင့် ထောက်ခံသင့်တယ်။ တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲဖြစ်အောင် အားလုံးဝိုင်းပြီး တွန်းအားပေးရမယ်လို့ ဆိုတဲ့သူများ။



အကျိုးတော်ဆောင်လုပ်ဖို့

အဓိကအနေနဲ့တော့ အဲဒီလေးမျိုးလေးစား တွေ့ရတယ်။ ဒီကြားထဲမှာ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက် နှစ်ဖက်စလုံးနဲ့ ထိတွေ့မှု အများဆုံးရရှိနေတဲ့ မီဒီယာကြီးတွေက 'အကျိုးတော်ဆောင်' ၀င်လုပ်ပေးရင် မကောင်းဘူးလားလို့ ပြောလာသူ နှစ်ဦးသုံးဦးလည်း ရှိသေးတယ်။ သူတို့ကတော့ လူနည်းစုလေးမို့ အထက်မှာ ပြောခဲ့တဲ့လေးမျိုးလေးစားထဲ ထည့်မတွက်ဘဲ ချန်လှပ်ထားခဲ့တာပါ။ မီဒီယာကြီးတွေလို့ပြောတော့ ကိုယ်နဲ့လည်း ဆက်စပ်နေတာကြောင့် ဖြေတဲ့အခါမှာတော့ ထည့်သွင်းဖြေကြား သွားပါမယ်။


ကြိုတင်ပြောပါရစေ


ထင်မြင်ချက်ပေးဖို့ ပြောသူများထဲမှာ နိုင်ငံရေးသမားတွေပါသလို၊ မီဒီယာသမားတွေလည်း ပါပါတယ်။ နိုင်ငံရေးသမား မီဒီယာသမားမဟုတ်တဲ့ ရိုးရိုးလူငယ်တွေလည်း တော်တော်များများ ပါကြတယ်။ ကိုယ်တိုင်က နိုင်ငံရေးပါတီတစ်ခုခုမှာ ပါဝင်ပတ် သက်နေသူမဟုတ်ဘဲ သတင်းမီဒီယာသမား သက်သက်သာဖြစ်တာကြောင့် နိုင်ငံရေးသမားလို 'ခွဲခြမ်းစိပ်ဖြာ' (analyse) စဉ်းစားတာမျိုး မလုပ်နိုင်ပါဘူး။ သတင်းသမားတစ်ယောက်ရဲ့ သုံးသပ်ဝေဖန်ချက် ရေးသလိုမျိုးသာ ဖြေတတ်တယ်။ ဒါကြာင့် နိုင်ငံရေး သုံးသပ်ဝေဖန်ချက် စစ်တမ်းတစ်ခုလို မကြည့်ဘဲ၊ ပုံနှိပ်ဖော်ပြဖို့ သတင်းစာ၊ ဂျာနယ်ထဲမှာရေးတဲ့ သတင်းသုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်အဖြစ်နဲ့သာ ရှုမြင်ပါလို့ ကြိုတင်ပြောထားပါရစေ။


မင်္ဂလာသတင်း

သတင်းသမားဆိုတာ သတင်းဖြစ်လာရင် ဖြစ်လာတဲ့အတိုင်း အပိုအလိုမရှိ အမှန်အတိုင်း အရှိအတိုင်း ရေးရတယ်။ သုံးသပ်ဝေဖန်ရာမှာလည်း ကောင်းတာတွေ့ရင် ကောင်းတယ်လို့ ရေးသလို၊ မကောင်းတာ တွေ့ရင်လည်း မကောင်းဘူးလို့ ရေးရတယ်။ အစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ မင်္ဂလာသတင်းဖြစ်တယ်။ ဒီလိုတွေ့ဆုံမှုမျိုး ထပ်ခါထပ်ခါပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ရမယ်။ ဒီတွေ့ဆုံမှုမတိုင်မီက အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အဖွဲ့ဝင်တွေ ချီတက်အလေးပြုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူချင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့ကြတယ်လို့ သိရတယ်။ သားအမိနှစ်ယောက်ရဲ့ ပုဂံဘုရားဖူးခရီးစဉ်မှာလည်း တာဝန်ရှိသူချင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့ကြတယ်လို့ သိရတယ်။


တွေ့ဆုံခြင်းရလဒ်

အာဇာနည်နေ့ကိစ္စရော၊ ပုဂံဘုရားဖူးကိစ္စပါ မြန်မာနိုင်ငံသားတွေ သာမက ကမ္ဘာတစ်ခုလုံးကပါ ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ကြပေမယ့် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စမျိုး တစ်ခုမှ ဖြစ်ပေါ်မလာခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့တယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းမှုကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်။ ပြည်သူပြည်သားအားလုံး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရတယ်။ ကမ္ဘာမှာအစိုးရသစ်ရဲ့ ဂုဏ်သိက္ခာလည်း တက်သွားစေတယ်။ အစိုးရသစ်ဟာ လုံခြုံရေးရှုထောင့်တစ်ခုတည်းကသာ ကြည့်ပြီး လုံခြုံရေးအတွက် စစ်တပ်တွေ ရဲတပ်တွေ အများအပြားချထားခြင်းမပြုဘဲ နိုင်ငံရေးရှုထောင့်ကပါ ရှုမြင်သုံးသပ်ပြီး ပါးပါးနပ်နပ်ဆောင်ရွက်ခဲ့တာကြောင့် ဒီလိုရလဒ်မျိုး ရရှိခဲ့တာဖြစ်တယ်။


အာမခံချက်ပေး


ဒီမိုကရေစီနိုင်ငံတိုင်းမှာ တိုင်းသူပြည်သားအားလုံးအတွက် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စည်းရုံးလှုပ်ရှားခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်၊ ဆန္ဒပြ စာတမ်းလှည့်လည်ခွင့်တို့ကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးသားပြီး အာမခံချက်ပေးထားကြတယ်။ မြန်မာနိုင်ငံက လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာလည်း ပြဋ္ဌာန်းပေးထားတယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာ မထူးဆန်းပါဘူး။ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ တောင်ကိုရီးယားလမ်းမတွေပေါ်မှာ လူ လေးငါးဆယ်လောက်ကနေ လေးငါးရာနဲ့ လေးငါးထောင်ထိဆိုင်းဘုတ်လေးတွေကိုင်ပြီး စီတန်းလမ်းလျောက်နေကြတာတွေ ရုပ်မြင်သံကြားမှာ နေ့တိုင်းတွေ့နေကြရတာပါ။ ဆန္ဒပြသူ ကပြ၊ လမ်းသွားလမ်းလာတွေက သွားမြဲလာမြဲ၊ ရုံးသူရုံးသားတွေက ရုံးတက်မြဲပါပဲ။ ဆန္ဒပြသူတွေကလည်း သူတို့ပြစရာရှိတာပြ၊ တောင်းဆိုချက်ပေးစရာရှိတာတွေပေးပြီး အေးအေးဆေးဆေးပြန်သွားကြတာ ပါပဲ။


ပြောမယုံကြုံဖူးမှသိ

လုံခြုံရေးရှုထောင့်တစ်ခုတည်းက မကြည့်ဘဲ နိုင်ငံရေးရှုထောင့်ကပါ ရှုမြင်သုံးသပ်လို့ ရလဒ်ကောင်းရခဲ့တဲ့ 'ဖြစ်ရပ်ဆန်း' တစ်ခု အာဇာနည်နေ့က ကြားသိခဲ့ရတယ်။ မြောက်ဒဂုံက လူပေါင်း နှစ်ဆယ်အစိတ်လောက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ချီတက်အလေးပြုမှာကို သွားရောက်ပူးပေါင်းဖို့အတွက် စီတန်းထွက်ခွာလာကြတယ်။

အဲဒီမှာ ''မပြောမယုံကြုံဖူးမှသိ'' လို့ ပြောရမယ့်ဖြစ်ရပ်ကို တွေ့ရတယ်။ စီတန်းချီတက်လာသူတွေကို လုံခြုံရေးတာဝန်ရှိသူတွေက ရင်ဆိုင်တွေ့ဆုံမေးမြန်းပြီးတော့ သူတို့သွားလိုရာအရောက် ကားတွေပေါ်တင်ပြီး လိုက်ပို့လိုက်သတဲ့။ ကဲအဲဒါထက် ဆန်းတဲ့သတင်းရှိသေးရဲလား။ ဒီလုံခြုံရေးအဖွဲ့ဝင်များရဲ့ လုပ်နည်းလုပ်ဟန်ကို မချီးကျူးဘဲ မနေနိုင်ဘူး။ နမူနာကောင်းလေး ဖြစ်ပါစေလို့ အောက်မေ့လိုက်ရတယ်။


ဗျူဟာတွေလိုတယ်

်သတင်းသမားတစ်ယောက် အနေနဲ့မြင်တာကို မြင်တဲ့အတိုင်းပြောတာဖြစ်တယ်။ မမြင်ရတဲ့ကိစ္စ မဖြစ်သေးတဲ့ကိစ္စကို ပြောလို့မရပါဘူး။ အစိုးရက ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မသိပါဘူး။ သိအောင်လုပ်တဲ့ကိစ္စက နိုင်ငံရေးပါတီတွေရဲ့ အလုပ်ပါ။ သတင်းသမား အလုပ်မဟုတ်ဘူး။ နိုင်ငံရေးပါတီတွေဆိုတာက မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ ချမှတ်လုပ်ဆောင်ရတာဖြစ်တော့ တစ်ဖက်သားရဲ့ရည်ရွယ်ချက်နဲ့ တစ်ဖက်သားရဲ့အခံစိတ်ဓာတ်ကို အသေးစိတ် လေ့လာတွက်ချက်ပြီး မှန်းဆရတယ်။ အဲဒီလို မှန်းဆရာမှာ မှန်ကန်ဖို့ သိပ်အရေးကြီးတယ်။ 'ဆန္ဒစွဲမှန်းဆချက်' (wishful speculation) မဖြစ်ဖို့လိုတယ်။ မြန်မာပြည်နိုင်ငံရေး အသိုင်းအ၀ိုင်းထဲက ပုဂ္ဂိုလ်အများစု မှားလေ့ရှိတဲ့ အမှားမျိုးထပ် မမှားစေဖို့ သတိထားသင့်တယ်။ အမေရိကန်နဲ့အီးယူက ဖိအားပေးလို့ အာဆီယံက 'ပရက်ရှာ' ပေးလို့ အစိုးရက လိုက်လျောလာတာဆိုတဲ့ အမြင်ဟာ အင်မတန်မှားယွင်းတဲ့ အမြင်ဖြစ်တယ်။ နှစ်ပေါင်းငါးဆယ်နီးပါး လက်တွေ့မြင်တွေ့ခဲ့ရတဲ့ အချက်ကတော့ မြန်မာအစိုးရဟာ ဘယ်သူ့ဖိအားကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ အချက် ဖြစ်တယ်။ သမ္မတဘီလ်ကလင်တန်ရဲ့ ဖိအားကိုတောင် အရေးမလုပ်ခဲ့တဲ့ အစိုးရဟာ သူ့မိန်းမ ဟီလာရီလို နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းလောက်ကို ဂရုစိုက်နားထောင်မှာတောင် မဟုတ်ပါဘူး။

အပ်နဲ့ ထွင်းလို့မရ

အရေးကြီးတာက ကိုယ့်အားကိုယ်ကိုးဖို့ပဲဖြစ်တယ်။ ကိုယ့်မှာ ခံ့ညားရိုသေလောက်တဲ့ အင်အားရှိမှ အများက လေးစားမှာဖြစ်တယ်။ သတင်းသမားတစ်ယောက်ရဲ့ မျက်စိထဲမှာ လောလောဆယ်မြင်နေရတဲ့ အဖြစ်အပျက်တွေ သတင်းတွေက ကြာရှည်လစ်လျူရှုထားရင် 'အပ်နဲ့ထွင်း' ရုံနဲ့ မရတဲ့အခြေအနေအထိ ရောက်လာနိုင်ပါတယ်။ တိုင်းရင်းသားဒေသအားလုံးလိုလိုမှာ စစ်ပွဲတွေ အရှိန်ပြင်းပြင်းနဲ့ဖြစ်လာနေတာတွေဟာ အင်မတန်အန္တရာယ်ကြီးလှတယ်လို့ သဘောရတယ်။ စိတ်မချမ်းသာစရာဖြစ်တယ်။ တပ်မတော်သား ကျဆုံးလည်း မြန်မာပဲ။ ကေအိုင်အေကကျလည်း မြန်မာပဲ။ ဒီကေဘီအေနဲ့ ကေအင်န်ယူကသေလည်း မြန်မာပဲ။ ရှမ်းဘက်ကကျလည်း မြန်မာနိုင်ငံသားပဲ။ ကိုယ့်အချင်းချင်း တိုက်နေသတ်နေရတာ ဘာကောင်းလို့လဲ။

မျက်နှာမလှတဲ့ကိစ္စ

ခုချိန်မှာ မြန်မာတစ်မျိုးသားလုံးအတွက် အရေးကြီးဆုံးက သေနတ်သံတွေရပ်စဲပြီး အသေအပျောက် သတင်းတွေ မကြားရတော့ဖို့  ဖြစ်တယ်။ ဒီကိစ္စကို အားလုံးဝိုင်းဝန်းကြိုးစားကြစေချင်တယ်။ နောက်အရေးကြီးတာတစ်ခုကတော့ အစိုးရအတွက်လည်း နိုင်ငံတကာမှာ မျက်နှာမလှဖြစ်နေရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ အပါအ၀င် လူပေါင်းနှစ်ထောင်နီးပါး ကိစ္စဖြစ်တယ်။ ဒီလို ထိန်းသိမ်းထားမှုတွေဟာ အစိုးရအတွက် မျက်နှာမလှဖြစ်ရုံသာမက တိုင်းပြည်အတွက်လည်း စွမ်းအားတွေ အဟောသိကံဖြစ်ရာရောက်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်ကြီး ကယ်တင်ရေးကိစ္စ၊ လယ်သမားတွေ အကြောင်းအမျိုးမျိုးကြောင့် လယ်မလုပ်နိုင်ကြတော့ဘဲ မြို့တက်ပြီး ရွှေ့ပြောင်းလုပ်သားဖြစ်ကုန်တဲ့ ကိစ္စ၊ မြန်မာအမျိုးသမီးတွေ အိမ်နီးချင်းနိုင်ငံတွေဘက် ရောင်းစားခံနေရတဲ့ကိစ္စ၊ ချမ်းသာသူတစ်စုက ပိုပိုချမ်းသာနေပြီး ဆင်းရဲသူတွေက ပိုပိုပြီး ဆင်းရဲလာနေတဲ့ကိစ္စ၊ စတဲ့စတဲ့ ကိစ္စတွေက မနည်းလှဘူး။

ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာကနေ ဆွေးနွေးတဲ့အဆင့်ကို ရောက်ရင်တောင် ဖြေရှင်းရမယ့် ပြဿနာတွေ တောင်လိုပုံနေတယ်လို့ ဆိုချင်တယ်။ အဲဒါကြောင့် တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲဖြစ်လာအောင် အားလုံးဝိုင်းဝန်း ကြိုးစားကြဖို့ မြန်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ကြဖို့ နှိုးဆော်လိုက်ပါတယ်။

ဆက်ရေးပါဦးမယ်
လူထုစိန်ဝင်း

ပြည်ပမှာ ဒီမိုကရေစီရနေတဲ့ တို့ ရွှေမြန်မာတွေ (၃)

imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.comimagebam.com imagebam.com imagebam.comimagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com

Source : http://drchatgyi.blogspot.com/2011/07/blog-post_10.html

ခွဲထွက်နေထိုင်ရေးသာ၊ ပကတိအရှိတရား


အမှန်ကို အမှန်အတိုင်းမြင်ပြီးပြောရဲတာ သတ္တိရှိတဲ့လူပဲ။ လူမိုက်မဖြစ်နိုင်ဘူး။

အိမ်ထောင်တခုမှာပဲဖြစ်ဖြစ် ယောက်ျားလုပ်သူက domestic violence
(အိမ်တွင်းလူပါးဝမှု) သိပ်များလာရင်တော့ ဘယ်မိသားစုဝင်မှ
အတူနေချင်မှာမဟုတ်တော့ဘူး။ ရှင်းရှင်းလေးမြင်အောင်ပြောတာ။ ဆက်အတူနေလို့လဲ
စိတ်ချမ်းသာမှုရမှာမဟုတ်ဘူး။ အလားအလာမကောင်းတဲ့အပြင် တိုးတက်မှုဆုတ်ယုတ်မှာပဲ။
လူဆိုတာ အသိဥာဏ်ရှိတယ်။ ဒါဟာခိုင်းတာလုပ်၊ ပြောတာနားထောင်ဖို့မဟုတ်ဘူး။
ဆင်ခြင်ဖို့သာဖြစ်တယ်။ အများစုဖြစ်နေတဲ့ မဟာဗမာတွေရဲ့ စည်းရုံးရေး အတူနေရေးကို
အော်ပြပြီး၊ လူပါးဝမှုတွေကို အမြဲဆက်ခံနေဖို့ မဟုတ်ဘူး။ တိုင်းရင်းသားတွေဟာ
သမိုင်းအစဥ့်အလာနဲ့ နေလာခဲ့တာ။ သူတို့နိုင်ငံ၊ ကိုယ်ပိုင် စာပေ
ယဉ်ကျေးမှုနဲ့နေလာတဲ့ လူမျိုးတွေ။ ဒီတိုင်းရင်းသားပြည်နယ်တွေထဲမှာ
ရှိတဲ့လူမျိုးစုတွေကိစ္စကို ဗမာတွေ ဘာမှပူနေစရာမလိုဘူး။ သူတို့အရေးကိစ္စကို
သူတို့နဲ့သာဆိုင်တယ်။ ဟို ရှေးခေတ်အဆက်ဆက်မှာလည်း ဒီလိုပဲနေလာခဲ့တာပါပဲ။ အဓိကက
နိုင်ငံတရပ် ထူတောင်နိုင်တဲ့အခြေအနေ လက္ခဏာ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့
တိုင်ရင်းသားနယ်မြေတွေဟာ ဗမာတွေ လူပါးဝ ကလိန်ကျနေမှုတွေကို ဆက်မခံဖို့ပဲ။
လောကပါလတရားကို လူတိုင်းတောင့်တတယ်။ ကိုယ့် အိမ်တွင်းရေးကို တခြားအိမ်တအိမ်က
လာပြီး လူးပါးဝ လွှမ်းမိုးတာ ဘယ်လူမှမလိုချင်တာ အရှိတရားပဲ။ ဗမာအိမ်က
လာပြီးလူပါးဝနေတာကို မောင်းချကြဖို့ မဖြစ်မနေလိုအပ်နေပြီ။ ဒါဟာ ဗမာကို
မုန်းတာမဟုတ်ဘူး။ သိပ်သနားစရာ ချစ်မြတ်နိုးစရာကောင်းတဲ့ ဗမာတွေ သိပ်များပါတယ်။
ဒါပေမဲ့ လူပါးဝလွမ်းနေတာက ဗမာတွေဖြစ်နေလို့ပါပဲ။

အာဏာရှင်စနစ်ဆိုးကို လက်ရှိလူတိုင်းခံစားနေရတာကို လက်ခံတယ်။ ဒီစနစ်ဆိုးကို
အသက်သွင်းပေးတာ ဘယ်သူလဲ။ ကိုလိုနီစနစ်ဆိုးအောက်ကို ရောက်ရတာကော
ဘယ်သူတွေကြောင့်လဲ။ လွတ်လပ်ရေးရပြီး စစ်အာဏာရှင်စနစ်အောက် ရောက်သွားရတာ
ဘယ်သူတွေကြောင့်လဲ။ ဦးနေ၀င်းအာဏာမသိမ်းခင် ကာကွယ်လို့ရတဲ့ အချိန်ရှိတာပဲ။
ဦးနုနဲ့ ဗမာခေါင်းဆောင်တွေ ဘာရိုးသားတာရှိခဲ့လို့လဲ။
တိုင်းရင်းသားတွေ သူ့နယ်မြေ လွတ်လပ်ရေးရဖို့တော်လှန်နေတာ နှစ်ပေါင်း ၂
ရာကျော်နေပြီ။ တနေ့ကမှ မဟုတ်ဘူး။ လွတ်လပ်ရေးရတော့လည်း လွတ်လပ်ရေးနဲ့အတူ
ပြည်တွင်းစစ်ဖြစ်ရတာ ဘာကြောင့်လဲ ဘယ်လူတွေရဲ့ မရိုးသားမှုတွေကြောင့်လဲ။ အဖြေတွေက
ရှင်းနေပြီးသားပဲ။

ပကတိအမှန်တရားကို ရိုးရိုးဖြောင့်ဖြောင့်ပြောဖို့
လိုတယ်။ အာဏာရှင်စနစ်ကြောင့် လက်ရှိ ဗမာအပါအ၀င် လူတိုင်းခံစားနေရတာက
ခလေးတောင်နားလည်တယ်။ သွေးချောင်းက စီးလာတာကြာပီ ခုမှမဟုတ်ဘူး။
ဘ၀တွေပျက်တာလည်းရေတွက်လို့ပင်မရတော့ဘူးပဲ။ ကိုယ့်အိမ်ကိုယ်ခြံဘောင်ခတ်ပြီးနေရင်
ရေရှည်မှာ ငြိမ်းအေးမှု တိုးတက်မှု စိတ်ချမ်းသာမှုရမှာ သေချာတယ်။ ဗမာနဲ့
တအိုးတည်းစားနေလို့ မ၀ရေစာပဲစားနေရတာ ၀မ်းမ၀ ခါးမလှတာကြာနေပြီပဲ။ ရှိတာလေးတောင်
၈ ပုံ ပုံပြီး ဗမာက ၇-ပုံလူပါးဝထားတာပဲ။ ဗမာတွေဟာ လူပါးဆက်ဝနေရတော့ ဗမာတွေဖက်က
ဆက်ပြီးအတူနေချင်တာဟာ ဆက်လူပါးဝချင်လို့ပါပဲ။ လူတိုင်းနားလည်အောင်
ရိုးရိုးရှင်းရှင်းပြောတာပါပဲ။

လက်ရှိအနေအထားတွေထက်ပဲ ဆိုးအုံ့မှာရှိသေးလား။ ခုလည်းရစရာမရှိအောင်
ဒုက္ခရောက်နေကြတာပဲ။ အတူမနေပဲ ခွဲနေရင် လူမျိုးစုတွေအတွက်လည်း
တိုးတက်သာယာမှုဖြစ်ထွန်းလာနိုင်သလို ဗမာတွေအတွက်လည်းတိုးတက်သာယာလာမှာပဲ။
ဘာဖြစ်လို့ဆိုရင် ပြည်တွင်းစစ်တို့ တိုင်းရင်းသား ပြသနာတို့ မရှိတော့ဘူး
မလို့ပဲ။

ဒီမိုကရေစီရလို့ အတူနေတယ်ဆိုပါစို့ ဗမာအတိုက်အခံခေါင်းဆောင်ဆိုသူတွေကိုကော
ဘယ်လောက်ယုံကြည်ရလို့လဲ။ သူတို့တွေရဲ့ လုပ်ရပ်တွေ လုပ်နေတာတွေက သက်သေပဲ။
လွတ်လပ်ရေးရပြီးတော့လည်း ပါလီမန်ဒီမိုကရေစီဆိုပြီး ရှိခဲ့တာပဲ။ ဘယ်လူတွေက
မရိုးသားခဲ့လို့ ခုလိုကြမာဆိုးကို ပြည်သူတွေ ခံစားနေရတာလဲ။ ကောင်းခဲ့တဲ့
ခေါတ်ကလည်း ဘယ်သူတွေက မရိုးသားခဲ့လို့ ပျက်စီးသွားရတာလဲ။ ရှင်းနေတာပဲ။ ပကတိ
အနေအထားသာ အရှိတရားပဲ။ ဆက်နေနေရင် လူမျိုးစုအရေး ပြည်တွင်စစ်ပြသနာနဲ့
တိုးတက်သင့်သလောက်မတိုးတက်ပဲ ဘယ်တော့မှ နာလန်ထူနိုင်တော့မှာ မဟုတ်ဘူး။

တကယ် လေးစားလောက်တဲ့ ဗမာခေါင်းဆောင်ဆိုလို့ ဗိုလ်ချုပ်အောင်းဆန်းတယောက်ပဲ
ရှိတာ။ ခု ဒေါ်စုကတော့ ပြည်သူတွေရဲ့ ယုံကြည်မှုရနေပါရဲ့။ ဒါပေမဲ့ သတိနဲ့
စောင့်ကြည့်နေရတာဆိုတော့ အကြွင်းမဲ့ဆိုတာ မဖြစ်နိုင်ဘူး။ ဗိုလ်ချုပ်သင်္ခန်းစာကို
မြင်ဖို့ပြောတာ။ ဒီတော့ ကိုယ့်ကြံမာအတွက်ကိုယ်သာ ဖန်တီးရမှာပါပဲ။ ဒါကြောင့်
ကိုယ့်အနာကတ်ကို ဗမာတွေလက်ကို ပုံအပ်နေစရာမလိုတော့ဘူး။ လူမျိုးစုပြည်နယ်တွေဟာ
ခွဲထွက်နေထိုင်ရေးအတွက် ကြိုးပမ်းဖို့ လိုအပ်တာ ပကတိအမှန်တရားပါပဲ။

ကျေးဇူးတင်လျှက်

လင်းမြတ်သော်တာ



အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့ အရေးကြီးပါတယ်

ကိုလင်းမြတ်သော်တာရေ.............

စာနည်းနည်းပြန်ရေးမယ်ဗျာ....
ပထမဆုံးအနေနဲ့ပြောချင်တာကတော့ ကျနော်သာ
တိုင်းရင်းသားလူမျိုးတယောက်ဖြစ်နေတယ်ဆိုရင်
ကိုလင်းမြတ်သော်တာလို စိတ်ထားမိမှာပါပဲ။

ဒုတိယအနေနဲ့ ပြောချင်တာက ကျနော်တို့ဟာ ဘယ်စကားကို ဘယ်အချိန် ဘယ်နေရာမှာ
ပြောသင့်တယ်ဆိုတာပါပဲ။
" ကာလံ၊ ဒေသံ၊ အက္ခံ၊ ဒဏံ" ဆိုတဲ့ ကာလ၊ ဒေသ၊ ပရောဂကို လိုက်ပြီး
သင့်တင့်လျောက်ပတ်တဲ့စကား ပြောရမယ်လို့
မြတ်စွာဘုရားက ဟောကြားခဲ့ဖူးပါတယ်။ ဆိုတော့....... လက်ရှိမြန်မာပြည်ဟာ
(တိုင်းရင်းသားအစုအဝေး အားလုံးပါသော မြန်မာပြည်ကို ဆိုလိုပါသည်)
ကိုလင်းမြတ်သော်တာဆိုခဲ့တဲ့အတိုင်း မဟာဗမာဝါဒကို လက်ကိုင်ထားတဲ့
အာဏာရှင်အစိုးရအုပ်စိုးနေတဲ့အချိန်ပဲ ဆိုကြပါစို့။
လက်ရှိအစိုးရဟာ အတိုက်အခံ ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသားတွေအကုန်လုံးကို
ကျောသားရင်သား မခွဲခြားဘဲ နှိပ်ကွပ်နေတယ်ဆိုတာလည်း (အာဏာရှင်စနစ်ကြောင့် လက်ရှိ
ဗမာအပါအ၀င် လူတိုင်းခံစားနေရတာက ခလေးတောင်နားလည်တယ်။) ဆိုတဲ့
ကိုလင်းမြတ်သော်တာရဲ့စာအရ သိရပါတယ်။ ဒီလို အချိန်ကာလမှာ ကျနော်တို့
ကိုလင်းမြတ်သော်တာတို့ ပထဆုံးလုပ်သင့်တာ ဘာလဲ။ လက်ရှိအစိုးရ မရှိတော့တဲ့
အချိန်မှသာ ကျနော်တို့ ခင်ဗျားတို့ ရင်ထဲမှာရှိတာတွေကို ဒုတိယအဆင့်အနေနဲ့
ဆက်ပြီး အကောင်အထည် ဖော်နိုင်မှာပါ။ ပထမဆုံးလုပ်ရမယ့်အလုပ်က
လက်ရှိအစိုးရပြုတ်ကျဖို့ရေးဆိုက ခလေးတောင် နားလည်မှာပါ။

လက်ရှိအစိုးရ ပြုတ်ကျဖို့ကို ခွဲထွက်နေထိုင်ရေးသာ ပကတိအ၇ှိတရားဆိုတဲ့
ကိုလင်းမြတ်သော်တာရဲ့ မူနဲ့ ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားဖို့ပါ။
ရခိုင်တမျိုးချင်း၊ မွန်တမျိုးချင်း၊ ဗမာတမျိုးချင်း၊ ကရင်တမျိုးချင်းက
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တွန်းလှန်ဖို့အတွက် လူမျိုးတမျိုးချင်းစီမှာ
အင်အားအပြည့်အ၀ ရှိနေကြပြီလား။ အမှန်ကိုပြောဖို့ထက် အရှိကိုအရှိအတိုင်း
လက်ခံနိုင်ဖို့ ပိုပြီး အရေးကြီးပါတယ်။ စစ်ကျွန်အဖြစ်ကတောင်
လွတ်အောင်မလုပ်နိုင်ကြသေးဘဲ ခွဲထွက်နေထိုင်ရေးဆိုတာကို အကောင်အထည်ဖော်လို့
ရနိုင်ပါ့မလားဆိုတာ ကိုလင်းမြတ်သော်တာ စဉ်းစားစေချင်ပါတယ်။

ခွဲထွက်နေထိုင်ရေးဆိုတာ လက်ရှိမဟာဗမာဝါဒကို လက်ကိုင်ထားနေတဲ့ စစ်အာဏာရှင်တွေရဲ့
အဓိက သွေးခွဲရေး မဟာဗျူဟာတခုဆိုတာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော
ဦးနှောက်ပါသော လူတိုင်း ကလေးတိုင်းကအစ နားလည်နိုင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို
တော်လှန်နေကြတဲ့ မြန်မာပြည်တွင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ
စည်းလုံးညီညွတ်ဖို့ လိုအပ်နေတဲ့ အရေြး်ကီးနေတဲ့ ခုလိုအချိန်မှာ
ကိုလင်းမြတ်သော်တာရဲ့ ခွဲထွက်နေထိုင်ရေးမူဟာ စစ်အာဏာရှင်စနစ်ကို
သက်ဇိုးရှည်စေဖို့အတွက် ရေလောင်းပေါင်းသင်ပေးသလို ဖြစ်နေပြီး
ကိုလင်းမြတ်သော်တာဟာလည်း စစ်အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့
ရခိုင်လူမျိုးသူလျှိုလား၊ ရခိုင်လူမျိုးတွေအတွက်
စစ်မှန်သောတကယ့်ရခိုင်တယောက်လားဆိုတာ ဒွိဟပွားစရာ ဖြစ်နေပါတယ်ဆိုတာ
စဉ်းစားစေ့ချင်ပါတယ်။

တတိယအနေနဲ့ပြောချင်တာကတော့ ကိုလင်းမြတ်သော်တာတို့ ကိုင်မိကိုင်ရာကိုင်ထားတဲ့
ရာဇ၀င်ကိစ္စပါပဲ။ ရခိုင်တိုင်းဟာ ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့ နေခဲ့ကြတယ်ဆိုတာ
ရှေးပဝေသဏီ ရာဇ၀င်တွေအရ မှန်ပါတယ်။ အဲဒီရာဇ၀င်တွေထဲမှာပဲ ကျနော်တို့
ကြည့်ရအောင်။ လက်တဆုပ်စာ တိုင်းငယ်ပြည်ငယ်တခုဖြစ်တဲ့ ရခိုင်တိုင်းဟာ
ဟိုအင်အားကြီးနိုင်ငံက ကျွန်ပြုလိုက်၊ ဒီအင်အားကြီးနိုင်ငံက ကျွန်ပြုလိုက်နဲ့
ငါ့တိုင်းငါ့ပြည်ရယ်လို့ ဘယ်လောက်ကြာကြာ အေးအေးချမ်းချမ်းနေနိုင်ခဲ့ကြပါသလဲ။
စကောထဲဇီးဖြူသီးလှိမ့်သလို ဟိုအနားသပ်နားကပ်လိုက်၊ ဒီအနားသပ်နားကပ်လိုက်နဲ့
နီးရာဓားကြောက်နေခဲ့ရတဲ့ အချိန်တွေနဲ့ ရာဇ၀င်ပဲရှိခဲ့ပါတယ်။ အဲလို
နီးရာဓားကြောက်ရတဲ့အဖြစ်က ဘယ်အချိန်ကနေစပြီး ငြိမ်သက်ခဲ့ပါသလဲ။
ရာဇ၀င်နဲ့ချီပြီး ကိုလင်းမြတ်သော်တာ စဉ်းစားဖို့ပါ။

စတုတ္ထအနေနဲ့ပြောချင်တာကတော့ ပြည်ပကရခိုင်လူမျိုးတင်မက တိုင်းရင်းသားအားလုံးနဲ့
ပတ်သတ်ပါတယ်။ ကျနော်ကမလေးရှားမှာဆိုတော့ ဒိပြင်နိုင်ငံတွေကိုတော့
ထည့်မပြောလိုဘူး။ ကျနော်မြင်နေရတဲ့ မလေးရှားက တိုင်းရင်းသားလူမျိုးအများစုဟာ
ငါ့ထီး၊ ငါ့နန်း၊ ငါ့ကြငှန်းနဲ့ ရာဇ၀င်ထဲက ငါတိုရဲ့တိုင်းပြည်၊ ဆိုတာ
မေ့နေကြတယ်ထင်ရဲ့။ ငါတို့ရဲ့ရခိုင်တိုင်း၊ ငါတို့ရဲ့မွန်တိုင်း၊
ငါတို့ရဲ့ကရင်တိုင်းဆိုတာတွေအတွက် အုပ်ချုပ်သူ၊ အုပ်ချုပ်ခံဗမာအားလုံးကို
အာဃာတတွေနဲ့ အငြိုးအတေးတွေပွားပြီး ရန်တစောင်စောင်ပဲ ဖြစ်နေကြတယ်။ ငါတို့ရဲ့
အဲဒီတိုင်းပြည်နဲ့၊ ငါတို့ရဲ့လူမျိုးတွေ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့၊
ကိုယ့်မင်းကိုယ့်ချင်းနဲ့နေနိုင်ဖို့အတွက် စစ်အာဏာရှင်လက်အောက်က
လွတ်အောင်လုပ်ရဆိုပြီး တစုံတခုမျှ လုပ်ကြပါသလား။ တရံတဆစ်မျှ တွေးတောမိကြပါသလား။
ဒုက္ခသည်ဆိုတဲ့ဂုဏ်ကို ဂုဏ်ယူဝမ်းမြောက်စွာခံယူပြီး တတိယနိုင်ငံထွက်ဖို့အရေး
အားသွန်ခွန်စိုက် လုံးပမ်းနေကြတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးတွေနဲ့
ကိုလင်းမြတ်သော်တာရဲ့ ခွဲထွက်ရေးမူနဲ့ဆိုရင် ကိုလင်းမြတ်သော်တာ
စိတ်ကူးယဉ်ထားတဲ့ ရခိုင်တိုင်းဟာ ကမ္ဘာ့မြေပုံပေါ်မှာ အစအနတောင်ရှာရမှာ
မဟုတ်ပါဘူးဆိုတာ စဉ်းစားဖို့ပါ။

ကျနော်နောက်ဆုံးအကြံပေးချင်တာကတော့ ကိုလင်းမြတ်သော်တာတို့ရဲ့
လူမျိုးခေါင်းဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

(သြော်......... စာနည်းနည်းကျန်ခဲ့လို့။ ကိုလင်းမြတ်သော်တာတို့ ပြောပြောနေတဲ့
မဟာဗမာဆိုပြီး ၀ါဒဖြန့်ထားတဲ့ ဗမာဘာသာနဲ့ထုတ်ဝေတဲ့ စာအုပ်များတွေ့မိရင်
တဆိတ်လောက် ပြောပြပေးကြပါ။ ကျနော်အနေနဲ့ ဗဟုသုတနည်းလို့ လေ့လာချင်လို့ပါ။)

လေးစားစွာဖြင့်.......... မောင်ပါလ



မိတ်ဆွေ ခင်ဗျား.. ပထမအနေနဲ့ပြောချင်တာက ကျနော် ဘယ်လူမျိုးကိုမှ
ကိုယ်စားပြုပြောနေတာမဟုတ်ဘူး။ ကျနော်ပြောဆို တင်ပြတာတွေဟာ မိမိဟာ
မိမိကိုယ်စားပြုတယ်။ ကျနော်မြန်မာနိုင်ငံသားတယောက်အနေနဲ့ ပကတိ မြန်မာပြည်ရဲ့
အခြေအနေကို လက်လှမ်းမှီတာ ထင်မြင်ယူဆတာကို တင်ပြပြောဆိုတာဖြစ်တယ်။
ကျနော်ရဲ့ကိုယ်ပိုင် လွတ်လပ်တဲ့အမြင်ပဲ။ ကျနော်ဟာ ဟစ်တလာနာဇီ
ရှပ်ညိုတပ်ဖွဲ့ဝင်တယောက်လို လူတယောက်မဟုတ်သောကြောင့် ကျနော့်ရဲ့
လွတ်လပ်တဲ့အမြင်ကိုဖေါ်ပြဖို့ ၀န်မလေးဘူး။ ဒီတော့ ကျနော့်စာအပေါ်မှာ ကျနော့်ကိုပဲ
တိုက်ရိုက်ပြန်ပါ။
ရခိုင်ရယ်၊ ရှမ်းရယ်၊ မွန်ရယ်၊ ကရင်ရယ်လို့ တမျိုးတည်းကပဲ
ခွဲထွက်ချင်ကြတာမဟုတ်ပါဘူး မိတ်ဆွေ။ တိုင်းရင်းသားအားလုံးက
ကိုယ်ပိုင်လွတ်မြောက်ဖို့တိုက်ပွဲဝင်နေတာ မနေ့တနေ့ကမှမဟုတ်ဘူး။ နှစ်ပေါင်း
၂-ရာကျော်နေပြီ။ လုံး-ပဲချနေကြတာပဲ။ ကျနော့်စာကိုပဲပြန်ဖတ်လိုက်ပါ မိတ်ဆွေ။
တခေါက်နဲ့ မရရင် အခေါက်ခေါက်ပေါ့ဗျာ။ ကြိမ်ဖန်များလာတော့ ကျနော်ဘာဆိုလိုတာ
နားလည်ကောင်းပါရဲ့။ လုံးချဖို့မကြိုးစားချင်ပါနဲ့။ ကျနော်နားလည်တာတော့
ကျနော့်စာအပေါ်မှာ ခင်ဗျားတုန့်ပြန်တာဟာ အဟပ်အစပ်မတည့်ဘူးဖြစ်နေတယ်။
စကားရည်လုပြောနေသလိုဖြစ်နေသလားလို့။ အရှိကိုအရှိအတိုင်းလက်ခံတာတော့ ဟုတ်ပါပြီ။
သမိုင်းရဲ့ အမှန်တရားကိုတော့လည်း ဖျောက်ဖျက်လို့မရကောင်းပါဘူး။
ခေါတ်သမိုင်းသင်္ခန်းစာတွေကိုပဲ ရိုးရိုးဖြောင့်ဖြောင့်ထပ်မံလေ့လာရင်
မဟာဗမာဆိုတာ ကျုပ်တို့တကယ်ပါလားဆိုတာ အဆွေ နားလည်လာကောင်းပါရဲ့။


ကိုလင်းမြတ်သော်တာရေ...........

အရင်ဆုံးထပ်ပြောချင်တာကတော့ ကိုလင်းမြတ်သော်တာကို ရခိုင်လူမျိုးပါလို့
ပြောထားတာကလွဲပြီး ကျန်တဲ့ကျနော့်စာ အကုန်လုံးဟာ မြန်မာပြည်ထဲမှာ အတူတကွ
နေထိုင်နေကြတဲ့ တိုင်းရင်းသားအားလုံးထဲမှ အာဏာခွဲဝေကန့်သတ်ကာ
တန်းတူလက်တွဲနေထိုင်ရေးမူ (Federal) မဟုတ်တဲ့ ခွဲထွက်နေထိုင်ရေးမူကို လိုလားသော
တိုင်းရင်းသားများကို ဆိုလိုပါတယ်။

ကိုလင်းမြတ်သော်တာ အကြံပေးသလိုပဲ စာကို ကျနော်သေချာပြန်ဖတ်ပါတယ်။
ဘယ်လောက်ပဲဖတ်ဖတ် စာတပုဒ်လုံးကနေပြီး နောက်ဆုံးရလာတဲ့အဖြေက
ခေါင်းဆောင်တချို့ရဲ့ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးအဖြစ် ဗမာအပါအ၀င်
တိုင်းရင်းသားအားလုံး နယ်ချဲ့ကျွန်ဖြစ်၊ စစ်ကျွန်ဖြစ်နေကြရပြီး
ခုချိန်ထိရုန်းမထွက်နိုင်ကြသေးတဲ့အတွက် အားမလိုအားမရဖြစ်တာနဲ့
လူမျိုးချစ်တဲ့စိတ်နဲ့ပေါင်းပြီး ခွဲထွက်နေထိုင်ရင်
ဒိထက်ပိုပြီးကောင်းနိုင်တယ်လို့ ယူဆထားကြောင်း အပြုသဘောနဲ့ဖတ်ရင်း သိရပါတယ်။

ဒိထက်ပိုပြီး မှန်မှန်ကန်ကန် ပြောရရင်တော့ ခေါတ်သမိုင်းသင်္ခန်းစာတွေကိုပဲ
ရိုးရိုးဖြောင့်ဖြောင့်ထပ်မံလေ့လာရင် မဟာဗမာဆိုတာ ကျုပ်တို့တကယ်ပါလားဆိုတာ အဆွေ
နားလည်လာကောင်းပါရဲ့။ ဆိုတဲ့စာမျိုးတွေလည်း တော်တော်များများပါပါတယ်။ အေးဗျာ...
ကျနော်လည်း ကိုလင်းမြတ်သော်တာပြောတဲ့ မဟာဗမာဆိုတာကြီးကို စိတ်ထဲထည့်ရင်း
အလုပ်ထဲမှာ ပန်းကန်တွေဆေးပစ်လိုက်တာ အချိန်တော်တော်စောပြီး
အလုပ်တွေပြီးသွားတယ်။ သူဌေးကတောင် ချီးကျူးနေသေးဗျာ။ ကိုလင်းမြတ်သော်တာပြောတဲ့
မဟာဗမာတွေလည်း နယ်ချဲ့ကျွန်၊ စစ်ကျွန်ဖြစ်ရုံမက တိုင်းတပါးမှာတောင်လာပြီး
ကျွန်ခံနေရတာ လက်ရှိ၊ ပကတိအရှိတရားပါ။ ကိုလင်းမြတ်သော်တာရော
ဘယ်နိုင်ငံမှာလဲခင်ဗျ။

ထားပါ။ ပေါ့ပေါ့ပါးပါးလေးဆွေးနွေးရအောင် ရီစရာပြောတာပါ။
ကျနော့်ရဲ့တုန့်ပြန်စာဟာ အစပ်အဟပ်မတည့်ပါဘူး ဆိုတာလေး
နည်းနည်းပြန်ဆွေးနွေးကြည့်မယ်။ ကိုလင်းမြတ်သော်တာရဲ့ အမြင်က ဗမာတွေအသုံးမကျလို့
ငါတို့တွေပါ ရောယောင်ပြီးကျွန်ဖြစ်နေတယ်ဆိုတာရယ်၊ ဗမာတွေက
မဟာဗမာဝါဒလက်ကိုင်ထားပြီး ကျန်တဲ့သူတွေကို နှိမ်ချဆက်ဆံတယ်ဆိုတာရယ်။
အဲဒီအမြင်နှစ်ခုကြောင့် ခွဲထွက်နေထိုင်ရေးသာ ပကတိအမှန်တရား လို့ဆိုတယ်။
ကိုလင်းမြတ်သော်တာရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့အမြင်နဲ့ မျိုးချစ်စိတ်ကို
ကျနော်နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း
ကိုယ့်လူမျိုးကိုထိရင် ဆတ်ဆတ်ထိမခံအောင် နာတတ်လို့ပါပဲ။ အဲဒီနာတတ်တဲ့
ကျနော်ရဲ့မျိုးချစ်စိတ်က ဗမာဗမာချင်း၊ ရခိုင်ရခိုင်ချင်း၊ ရခိုင်နဲ့ဗမာ၊
ဗမာနဲ့ရခိုင်၊ ရခိုင်နဲ့မွန် စသဖြင့်ရန်ဖြစ်ကြရင် ပက်ပက်စက်စက် ရှုံချတတ်တယ်။
မလေး၊ တရုတ်၊ အိန္ဒိယနဲ့ ရိုက်ကြပြီဟေ့ဆိုရင် ရှေ့ဆုံးကပါတတ်တယ်။
ကျနော့်ရဲ့မျိုးချစ်စိတ်က အဲလိုပါ။

စာလည်းရှည်နေပါပြီ။ ကိုလင်းမြတ်သော်တာရဲ့ လွတ်လပ်တဲ့အမြင်ဟာ မျိုးချစ်စိတ်အရ
မှန်ကန်ပေမယ့် ပြောဖို့အချိန်မဟုတ်သေးဘူးလို့ ကျနော်ရေးထားပါတယ်။
ငါ့လူမျိုးငါချစ်တယ်ဆိုပြီး တော်လှန်ရေးကာလမှာ စိတ်ဝမ်းကွဲစေမယ့်အရေးအသားတွေကို
မရှောင်နိုင်ရင် ကိုယ့်လူမျိုးကို ချစ်ရာမရောက်နိုင်ဘူး။ အာဏာရှင်ကာလကိုသာ
ဆွဲဆန့်ပေးသလိုဖြစ်နေမယ်ဆိုတာ ရေးထားပါတယ်။* တော်လှန်ရေးကာလမှာ
စိတ်ဝမ်းကွဲနေလို့ မဖြစ်ဘူး။*

နောက်တခု ခွဲထွက်နေနိုင်ဖို့အတွက် အာဏာရှင်ကို အရင်တိုက်ရမယ်။
အာဏာရှင်ကိုစုစုစည်းစည်းနဲ့ အရင်မတိုက်ထုတ်ဘဲ ခွဲထွက်ဖို့ကို အရင်ပြောတယ်ဆိုရင်
တိုင်း၇င်းသားတမျိုးချင်းစီမှာ လက်ရှိအစိုးရကိုတိုက်ဖို့
အင်အားအလုံအလောက်ရှိပြီလားဆိုတာ စဉ်းစားဖို့ ရေးထားပါတယ်။

နောက်တခု ကိုလင်းမြတ်သော်တာရဲ့ လွပ်လပ်တဲ့အမြင်ဟာ ပဒေသရာဇ်ကို
ပြန်သွားချင်နေတဲ့အမြင်ဖြစ်နေတယ်။ ပဒေသရာဇ်ခေတ်မှာ ကြီးနိုင်ငယ်ညှင်းဝါဒနဲ့
အင်းအားကြီးသူချင်းစစ်ဖြစ်ကြ၊ အင်အားငယ်နိုင်ငံတွေကို ကျွန်ပြုကြဆိုတာ
သမိုင်းတွေထဲမှာဖတ်ရပါတယ်။ သမိုင်းဖတ်စာတွေထဲက နိုင်လိုမင်းထက်ပြုမှုတွေကို
သင်ခန်းစာယူပြီး လက်ရှိကာလမှာ အဲလိုစစ်ပွဲတွေ မရှိဖို့အတွက်
ဘယ်လိုစုစည်းနေထိုင်ကြမယ်ဆိုတာ ဆင်ခြင်နိုင်ဖို့ရေးထားပါတယ်။

နောက်တခုက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ။ ပါးစပ်ကသာ ငါလူမျိုးကိုချစ်တယ်။
ငါ့လူမျိုးတွေအတွက် တွင်တွင်အော်နေပေမယ့် လက်တွေ့မှာ
တကိုယ်ရေကောင်းစားဖို့အတွက်ပဲ လုပ်နေကြတယ်။ စာတွေထဲမှာသာ ငါ့တိုင်းငါ့ပြည်လို့
အော်နေကြပေမယ့် လက်တွေ့မှာ တိုင်းမဲ့ပြည်မဲ့ ဒုက္ခသည်ဘ၀ကို ၀မ်းမြောက်စွာ
ခံယူကြရင်း တကိုယ်ရေကောင်းစားဖို့ ငါ့တိုင်းငါ့ပြည်နဲ့ဝေးရာကို ထွက်သွားကြရင်း
စုပ်စမြှုပ်စပျောက်ကုန်ကြတယ်။ ဒီလိုစိတ်ဓာတ်မျိုးတွေနဲ့ ခွဲထွက်နေထိုင်ပြီး
ဘယ်လိုတိုင်းပြည်မှ ထူထောင်လို့မရဘူးဆိုတာ ချင့်ချိန်နိုင်ဖို့ ရေးထားပါတယ်။

နောက်ဆုံးက လူမျိုးခေါင်းဆောင်တွေနဲ့တိုင်ပင်ဆွေးနွေးပါလို့ ရေးထားတယ်။
တိုင်းရင်းသားခေါင်းဆောင်အားလုံးမှာလည်း ကိုလင်းမြတ်သော်တာထက် မလျော့တဲ့
လူမျိုးချစ်စိတ်များ ရှိကြမှာပါ။ ဒါပေမယ့် ကိုလင်းမြတ်သော်တာရဲ့
လွတ်လပ်တဲ့အမြင် ခွဲထွက်နေထိုင်ရေးမူကို ဘာကြောင့် မကျင့်သုံးကြတာလည်းဆိုတာ
ကိုလင်းမြတ်သော်တာ ပြန်မေးကြည့်ဖို့ ရေးထားတာပါ။

ကျနော့်ရဲ့ ပထမစာဟာ ကိုလင်းမြတ်သော်တာရဲ့ လွပ်လပ်တဲ့အမြင်ကို
ပြန်ဆွေးနွေးထားခြင်းသာဖြစ်ပါတယ်။ သွေဖည်သွားခြင်းမရှိဘူးလို့ ယုံကြည်ပါတယ်။
အစပ်အဟပ်မတည့်တာ ထပ်တွေ့ခဲ့မယ်ဆိုရင်လည်း ပြန်ပြီးဆွေးနွေးပေးပါ.။

လေးစားစွာဖြင့်............
မောင်ပါလ


ကဲဗျာ.. ဗိုလ်ချုပ်ပြောသလိုပဲ.. တိုင်းရင်းသားတွေမခွဲထွက်ချင်အောင်
လုပ်ပေးရမှာက ခင်ဗျားတို့လူများစုဖြစ်တဲ့ဗမာတွေမှာ အဓိကတာဝန်ရှိတယ်။
ခင်ဗျားတို့ဗမာတွေ တာဝန်ကိုမကျေခဲ့ကြလို့ မရိုးသားခဲ့ကြလို့ ခုလို
ပြည်တွင်းစစ်တို့၊ တိုင်းရင်းသားပြသနာတို့ရှင်းမရတာဖြစ်တယ်။
ဒါကိုထပ်ငြင်းနေရင်လည်း ကျုပ်မပြောတော့ဘူး။ ခုလို စိတ်မျိုးခင်ဗျားတို့မှာ
ရှိနေသရွေ့ နောင်လည်း ဒီအတိုင်းပဲထပ်ဖြစ်နေမှာပါပဲ။ တိုင်းရင်းသားတွေ
ခွဲထွက်မှာဆိုတာနဲ့သေအောင်တော့ကြောက်တယ်။ လုပ်ရပ်တွေက ရက်စက်လွမ်းတာ
ခင်ဗျားတို့ပဲ။ ခင်ဗျားတို့ကိုယ်တိုင် အာဏာရှိနေရင်လည်း
တိုင်းရင်းသားလူနည်းစုအပေါ်မှာ ဒီလိုပဲပြုမှုမှာပါပဲ။ ဒါကြောင့် ကျုပ်အနေနဲ့
အခြေအနေမှန်ကို ထောက်ပြနေတာဖြစ်တယ်။ ရေရှည်အမြစ်တွယ်တဲ့ ပြသနာက ဘာလဲဆိုတာကိုပဲ
မြင်အောင်ကြည့်ပါ။

တိုင်းရင်းသား ၉၉.၉ ရာခိုင်နုန်းလောက်သောလူတွေဟာ ခင်ဗျားတို့နဲ့မနေချင်တာ
ကျုပ်ယုံတယ်။ ဒါဟာအမှန်တရားပါပဲ။ အိပ်ချင်ယောင်ဆောင်နေတဲ့လူ နိုးရခက်ဆိုတာ
ဒါပါပဲလား။ ရောထွေးပြီး ဟိုပြော ဒီပြော ပြောနေမဲ့အစား၊ ခင်ဗျားတို့ရဲ့
အတွင်းစိတ်ဓာတ်တွေကို အရင်ပြောင်းလိုက်ပါ။ လူဆိုတာ တပါးလူကို ဟန်ပြ
ဟန်ဆောင်လို့ရပေမဲ့၊ ကိုယ့်အတွင်းစိတ်ကိုတော့ သိကြတာချဉ်းပါပဲ။ (Federal)
ကိုလက်မခံတာကော ဘယ်သူလဲ။ ဗမာတွေပဲ။ ဗမာတွေကပဲ Federal ကို ခွဲထွက်ရေးလို့
အဓိပ္ပါယ်ဖွင့်တာပဲလေ။ ခွဲထွက်ရေးကို ထပ်ပြီး ပေါ်တင်ပြောလာကြမှ Federal ဆိုပြီး
အော်လာပြန်တယ်။ ဒါရိုးသားတာလား။

နောက်တခုက တိုင်းပြည်ထဲမှာ အစစအရာရာ ချွတ်ခြုံကျနေတော့ ဒုက္ခရောက်နေကြတာ
လူတိုင်းပဲ။ လွတ်လပ်ရာသို့ ဦးတည်ကြတာလူ့သဘာဝ။ တနိုင်ငံလုံး
ဒုက္ခ္ခသည်တွေချဉ်းပါပဲ။ ဒါတွေလျှောက်ပြောနေမည့်အစား၊ အဓိက ကျုပ်ပြောချင်တာက
ခင်ဗျားတို့သဘောထားမှန်ပြီး လူနည်းစုတိုင်းရင်းသားတွေအပေါ်မှ စာနာစိတ်နဲ့
ရိုးသားကြရင် တိုင်းရင်းသားတွေကလည်း နေချင်ကြပါလိမ့်မယ်။ ပြီးတော့
ကိုယ့်ကိုယ်ကို ရိုးဖြောင့်အောင်ကြိုးစားပါ၊ အတွင်းစိတ်ကို
နားလည်အောင်အရင်လုပ်ပါ။ အမောင် တောင်၊ မြောက်မသိပဲ သူများယောင်တိုင်းလိုက်
မယောင်ပါနဲ့။

အဲလောက်လည်း ခွဲထွက်မှာမကြောက်ကြပါနဲ့။ နောက်ဆုံးအနေနဲ့ တခုမေးချင်တာက..
တိုင်းရင်းသားတွေခွဲထွက်တော့လည်း ခင်ဗျားတို့ဗမာတွေ ဘာဖြစ်သွားမှာမလို့
အဲလောက်တောင် ကြောက်နေရတာလဲ။ အဲလောက်တောင် ဘာဖြစ်နေရတာလည်း ကျုပ်နားလည်တာ
ဒီမှာပြောနေရင်လည်း သိပ်ရှည်နေမယ်။ တချို့ကိစ္စတွေကလည်း ဒီမှာထပ်မပြောနေတော့တာ
ကျုပ်အရင်စာတွေထဲမှာ ပါပြီးသားမလို့ပါပဲ။ ကျုပ်မှာလည်း သိပ်အချိန်မရလို့။
ဒီကိစ္စကို ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။

အားလုံးကို လေးစားလျှက်,,,,,,,,,,,,. လင်းမြတ်သော်တာ


အင်း............

ရင်လေးတယ်...........။
ဒိလောက် အသိခေါက်ခက်အ၀င်နက်လှမယ်လို့ မထင်မိတာ။
ဝိုင်းဆွေးနွေးတာ ကျေးဇူးပါဗျာ။

လေးစားစွာဖြင့်...........
မောင်ပါလ

Hello!
Dear friends,
I am really sorry for this impolite mail. I can know who and what kind of
guy you are by reading merely this mail.
You should not be that much rude as a human being. A real educated personnel
and those who loves peace and stability will never say this kind of words.
Do you know gen Aung San wanted you to be a useful person for state
building. I believe you envy and love Gen Aung San. So long as there are
types of people like you in our country, never hope to become a legitimate
nation among international families and will never develop. I hope you guy
will understand one day.
Best Wishes for a peaceful Myanmar

banner trillirein


လင်းမြတ်သော်တာဆိုတဲ့သူ
××××××××××××××××××
လက်ရှိအစိုးရကိုမကြေနပ်ရင်အစိုးရကိုပဲတဲ့တဲ့ရေးပါ..။
အစိုးရမှာလူမျိုးပေါင်းစုံပါဝင်ဖွဲ့ထားတာ..
ဗမာလူမျိုးတစ်စုတည်းမဟုတ်မှန်းသိသိချည်းပဲ..။
မင်းရေးနေတာက ဗမာဗမာ ဆိုတာထပ်နေတာပဲ။
ဒါဟာလူမျိုးရေး ပြဿနာဖြစ်အောင် ခွဲခြားရေးနေမှန်း
အသိသာကြီးပါ..ကနေ့အစိုးရလက်အောက်မှာ ဗမာလူမျိုး
တွေဆိုပြီး ပါစားပေးတာမင်းတွေ့ဘူးသလား..
ယနေ့ထောင်ထဲမှာထည့်ထားတာ.ကျောင်းသားတွေ
ရဟန်းတွေ.နိုင်ငံရေးနဲ့ပတ်သက်ပြီးဖမ်းထားတာ..
ဗမာတွေဆိုပြီး လွှတ်ပေးသလား....။အစိုးရက အစိုးရပဲ
လူမျိုးရေးကလူမျိုးရေးပဲ..
ဗမာ လက်နက်ကိုင်တော်လှန်ရေးသမား ( အစိုးရအခေါ် ဗမာသောင်းကျန်းသု)
မရှိဘူး..။ ဗမာတွေဗမာတွေဆိုပြီးဘယ်လူမျိုးရေးကိုမှဗမာတွေသွေးမခွဲခဲ့ဘူး..
ကိုယ့်တိုင်းပြည် ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုးတွေကို
နယ်ချဲု့တွေ၊တိုင်းတစ်ပါးသား
တွေစော်ကားလာရင် ငုံမခံခဲ့ဘူး၊အရေးကြီးရင်တိုင်းရင်းသားတွေနဲ့သွေးစည်းခဲ့တာ.
ဗမာတွေပဲ..ဗမာတွေကအစိုးရမဟုတ်ဘူး..။အုပ်ချုပ်ခံလူတန်းစားတွေချင်းအတူတူ
သွေးခွဲရေးနေတာက ဘာကိုရည်ရွယ်တာလဲ..၊သွေးတော့မခွဲနဲ့ကိုယ့်လူ.....
သွေးခွဲစာတွေရေးနေတာက ဘယ်နိုင်ငံရဲ့သူလျှိုလုပ်ပေးနေလို့လဲ...ဆက်ပြီးသွေးခွဲ
နေမယ်ဆိုရင်
တစ်ခြားနိုင်ငံတစ်ခုရဲ့သစ္စာခံသူလျှိုပဲဖြစ်မယ်..၊မြန်မာနိုင်ငံအစိုးရကို
မကျေနပ်ရင် အစိုးရပြန်ကြားရေးတွေရှိတယ်..အွန်လိုင်းပေါ်မှာလဲရှိနေကြတယ်။
သူတို့သိအောင်ရေးပါ..၊မင်းနဲ့အစိုးရနဲ့ရှင်း.......လူမျိုးရေးသွေးခွဲမရေးနဲ့.­.၊......။


netsatyaung sayataw


ငါတွေ့ဖူးတဲ့လူသားတွေထဲမှာ ဗမာလောက်ယုတ်မှာ ကောက်ကျစ်တဲ့ လူမျိုး မတွေ့
ဘူးသေးဘူး
လူမျိုးရေး တိုက်ခိုက်တယ်လို့ ဆိုချင်ဆို အမှန်အတိုင်းပြောတာ
ဗမာသာ မယုတ်မှာဘူးဆိုရင် တခြားလူမျိုးတွေရဲ့ နယ်မြေတွေကို
ကျုးကျော်သိမ်းပိုက်ထားစရာမရှိဘူး
အခု ဗမာကို မုန်းတီးရေး မလုပ်ပါနဲ့ဆိုတဲ့သူတွေက တပ်မတော်သား သို့  ရာထူးရာကန်
အမြင့်နေရာမှာ ယူထားကြည့် ဒီလိုပဲလာမှာပဲ
ဗမာစကားအတိုင်း ဒီပုပ်ထဲက ဒီပဲ ပဲ
ဗမာဟာ ကောက်ကျစ်ယုတ်မာတဲ့ အထဲမှာ တော်ပါတယ်
ညံ့တာက လူသားချင်း စာနာစိတ်မရှိဘူး
ဒီလောက ကြီးမှာ တွေးကြည့်လိုက်ရင် အမေရိကန်တွေရဲ့ ဥပဒေဟာ တော်တော်လေးကို
အားကျဂုဏ်ယူဖို့ ကောင်းပါတယ်
ဥပဒေစိုးမိုးတယ် တယောက်အပေါ်တယောက် အလွန်အကျန် လုပ်လို့ မရဘူး အစိုးရ
ဘက်တော်သားတွေလည်း ပြည်သူလူထုကို ဆေးဆိုပိုင်ခွင့်တောင်မရှိဘူး
ဗမာအုပ်စိုးနေတဲ့ ဗမာပြည်ခေါ် မြန်မာပြည်မှာ ဥပဒေမရှိ ပါးစပ်က ထွက်တာ ဥပဒေ
လူတယောက်ကို အလကားနေ ပစ်သတ်တာလည်း တရားဝင်တယ်
နေရာတိုင်းမှာ လယ်မြေသိမ်း အနိုင်ကျင့် ဗိုလ်ကျ မဒိန်းကျင့်
အဲလို ဖြစ်နေတာ အစိုးရထဲမှာ လူမျိုးပေါင်းစုံ ပါနေတယ်လို့ ပြောအုံမလို့လား
ထားပါတော့ အဲလို့ လူမျိုးပေါင်းစုံပါနေတယ် ဗမာတမျိုးတည်း မဟုတ်ဘူးလို့ ပြောရင်
ဗမာပြည်ကို ဗမာပဲအုပ်ချုပ်ပါလား ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးကြရင် ဗမာ မကောင်းရင်
ဗမာပဲပေါ့ ကရင် မကောင်းရင် ကရင်ပဲပေါ့
သမိုင်း အစဉ်အလာကို ကြည့်လိုက်ပါလား ဘယ်တုန်းက ဗမာပြည်မှာ အုပ်ချုပ်သူ
လူတန်းစားဟာ ဗမာမဟုတ်ရင် ဘာလူမျိုးလည်းလို့ 
မြန်မာ နိုင်ငံ လွတ်လပ်ရေး ရတာ ဗမာတမျိုးတည်း တိုက်လို့ ရတယ်လို့ ပြောအုံမလို
့လား
ယုတ်မာ ကောက်ကျစ်တဲ့ သူတွေကြောင်း ဗမာတမျိုးသားလုံး အစော်ကားခံရတာ မဆန်း ပါဘူး
မင်းတို့  အဲလို အစော်ကား မခံချင်ရင် မင်းတို့ ဘိုးတော် ဗမာတွေကို
သူများနယ်မြေတွေကို မတော်မတရားသိမ်းပိုက် ထားရတာလည်းလို့ မေးကြည့်လိုက်
မင်းတို့ လည်း ဒီအတိုင်းပါပဲ စာရေးတာ ညောင်းလာပြီ
မင်းတို သာအုပ်ချုပ်နေရင် ပိုတောင်ဆိုးအုံမယ်
ဗမာစကားဆယ်ခွန်းမှာ ကိုးခွန်းကို မယုံနဲ့ ကျန်တဲ့စကားတခွန်းကိုစဉ်းစား
ဗပါရင် ဗူးပင်ကိုလည်းခုတ်


win win

Dear All,


Current situation of Myanmar/Burma, Who are superior in Army and Government?
Almost Generals more than 99% are Bamars.
Almost Departmental heads, Deputy ministers, Ministers, Vice Presidents,
Presidents are Bamars.
Almost Kachin(Christian), Karen(Christian), Chin (Christian) Captain cannot
promote to Major in Army?


Some Bamars please the current situation, not all.


Who can deny this?


Bamars are more prosperous than before 1962.


At the time of British rule, There were more prosperous who are hardworking,
educated, not like after 1962.
As an example, Bogyoke Aung San is a product of Rangoon University.


Think for All.
All are the same.

Htet Aung


ဒီနေရာမှာ ငါပြောချင်တာကတော့ ဘယ်သူ့ဘက်မှမလိုက်ဘူး
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဗမာမဟုတ်တဲ့ လူမျိုးတွေကို ကုန်စင်အောင်သတ်
ဟိုင်တလာ က ဂျုးလူမျိုးတွေကို သတ်သလိုပေါ့
မဟုတ်ရင်တော့ ပြည်တွင်းစစ်ဟာ နောက်နှစ်ပေါင်း တစ်ရာလည်း ရှိနေမှာပဲ
ပြည်တွင်းစစ်ရှိနေရင် ဗမာရော တခြားလူမျိုးတွေရော ထ္မင်းငတ်ဟင်းငတ်ဖြစ်ကြပြီး
ဒုက္ခတွေကို ကြုံတွေ့နေရမှာပဲ
ဗုဒ္ဓ ဆိုတဲ့ နိုင်ငံမှာ ဗုဒ္ဓရဲ့ သားတော်တွေကိုတောင် အစိုးရက သတ်နေတာဟာ
တခြားလူမျိုးတွေကို ဘယ်တော့မှ ခွဲထွက်ခွင့်မပေးဘူးဆိုတာ လုံးဝ သိသာတယ်
ဒေါ်စုနံ အတူ တောင်းနေကြတဲ့ ဒီမိုကရေစီဆိုတာလည်း လုံးဝဥသုံ လုံးဝလုံးဝပဲ
မရစေရဘူး
တကယ်လို့ ဗမာအစိုးရက တိုင်းရင်းသားတွေကို ခွဲထွက်ခွင့် သို့ မဟုတ် တန်းတူ
အခွင့် အရေး မပေးရင်တော့ တိုင်းပြည်အတွင်း ပြည်တွင်းစစ်ကလည်း ဘယ်တော့မှ
မငြိမ်းဘူး တတိယ ကမ္ဘာစစ် ပြီးရင်တော့ မပြောလိုဘူး
simple views တင်ပြတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဆိုတာက နယ်စပ်က
ကိုယ့်နယ်မြေမှာ
ဘိန်းနဲ.စီးပွားရှာ မှောင်ခိုလုပ် ကုန်သည်တွေဆီက ဂိတ်ကြေးကောက် နဲ.
စီးပွားဖြောင့်ပါသေးတယ်လေ.
တိုင်းရင်းသားတွေက တခါတလေပဲ ဂိတ်ကျေးကောက်တာ ဗမာစစ်တပ်ကဆိုရင် တရားဝင်
ဂိတ်ထိုင်ပြီး ကောက်တာကျတော့ ဘယ်လိုပြောမှာလည်း
ပြည်သူလူထု လယ်မြေတွေကို သိမ်းပြီး ငွေမပေးတာကြတော့ရော 1993 က ငါတို့
ဘိုးဘွားပိုင်လယ် ဧက 40 လောက်ကို သိမ်းသွားတာ တပြားမှ လျှော်ကျေးမပေးဘူး
အဲဒါတွေကျတော့ရော
တိုင်းပြည်ချမ်းသာရဲ့သားနဲ့ ဆင်းရဲခေါင်းပါးနေတာ တိုင်းရင်းသားတွေကို
အပြစ်ပြောအုံမလို့လား
ကိုယ်လူမျိုးကို ကိုယ်အုပ်ချုပ်ခွင့်ပေးလိုက်ရင် ဗမာပြည်ဟာ အေးချမ်းသာယာပြီး
ဗမာဆိုတာ ဗမာကွာ ဆိုပြီး ကမ္ဘာ့အလယ်မှာ လက်မထောင်နိုင်လောက်ပြီ
အခုတော့ ဗမာဟာ တကမ္ဘာလုံးက အံဖတ်ဖြစ်နေပြီဆိုတာလည်း ထည့်စဉ်းစားကြပါအုံ
မအားလို့ ဒီလောက်ပဲ


ငြိမ်း ချမ်း



မှန်ပါတယ် စိတ်ဓါတ်နိမ့်ကျနေသူတွေက ဒီလိုလူမျိုးတင်မကပါဘူး.. ကျမ
ပြောပြီးခဲ့ထဲက အတိုင်း လူစားမျိုးတွေလဲ ပါပါတယ်.. အမှန်တရားကို
ဝေဖန်ထောက်ပြတာဟာ ကောင်းပါတယ် ကြိုလဲကြိုဆိုပါတယ်... ဒါပေမယ့် ကိုယ်တယောက်တည်း
မှန်တာမျိုးကိုတော့ လက်မခံပါ... ဗမာကို ချစ်ချစ် မချစ်ချစ် ကျမ ဂရုမစိုက်ပါ..
အဲ့လိုသာ ဂရုစိုက်နေရရင်လဲ ကမ္ဘာပေါ်မှာ နေစရာနေရာတောင် ရှိမှာ မဟုတ်ပါဘူး...
ကျမပြောကြည့်မယ်နော်... တိုင်းရင်းသားတွေထဲကကော ဗမာတွေအပေါ် လူပါးဝတာ
မရှိဘူးလား... တိုင်းရင်းသားတွေထဲမှာ အရင်က စစ်အစိုးရနဲ.ပေါင်းပြီး ကြီးပွား
ဂုတ်သွေးစုပ်နေသူတွေ မရှိဘူးလား...တိုင်းရင်းသား သမတ မရှိခဲ့ဖူးဘူးလား...
stereotyping မလုပ်ချင်ပါနဲ... ကျမ ရေးထားပြီးတဲ့စာကို ပြန်ဖတ် ..မြန်မာစာတော့
ကောင်းကောင်းဖတ်တတ်လိမ့်မယ်လို. မျှော်လင့်ပါတယ်... အစိုးရကို မကျေနပ်တိုင်း
မပြောရဲတိုင်း ကြောက်တိုင်း မဆိုင်တဲ့ ကိစ္စတွေ လာလာ
အသံကောင်းဟစ်မနေကြပါနဲ...ကျမ နားကြားပြင်းကပ်လို.ပါ...မကျေနပ်ရင် အစိုးရကို
ကြိုက်တာပြော ကြိုက်တာလုပ် ..အေး ဒါပေမယ့် ပြည်သူတရပ်လုံးကို ထိခိုက်နစ်နာစေရင်
တိုင်းပြည်သွေးကွဲစေရင်တော့ အဲ့လူဟာ ရန်သူပါပဲ..

ကျေးဇူးတင်ပါတယ်..

simple views


http://groups.google.com/group/myanmar-daily-info-n-general-knowledge/browse_thread/thread/851202fae5ff8912/046f68f68b7f9eb5



Myanmar Express

ဒီလူတွေ၊ ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်ရဲ့လား?? ဒီလူတွေ ဒီစိတ်ဓာတ်တွေနဲ့ ကမ္ဘာကို ဘယ်လိုရင်ဘောင်တန်းမလဲ

အိုမန်အသင်းနှင့် ပွဲစဉ်တွင် ပထမပိုင်း ပြီးခါနီး၌ ကွင်းအတွင်းသို့ ထီး၊ ဖိနပ်၊ ခဲ၊ ရေသန့်ဗူး၊ ရေထုပ်၊ ထမင်းထုပ်၊ ကွမ်းတံတွေးဗူး၊ ကွမ်းတံတွေးထုပ် စသဖြင့် အရာဝတ္ထု မြောက်မြားစွာဖြင့် ပစ်ပေါက်မှုများ ဖြစ်ပေါ်ခဲ့ကာ ပွဲထိန်းနိုင်ခြင်း မရှိဘဲ ပွဲရပ်နားခဲ့ရ ပြီးနောက် ဖီဖာ၏ စည်းမျဉ်းစည်းကမ်း များအရ အရေးယူ ခံရဖွယ် ရှိနေကြောင်း သိရသည်။


ဗိုလ်ချုပ်ပြောသည့် ဘောလုံးမနိုင်ရင် လူချမယ် ဆိုတဲ့ ဒီမိုကရေစီ မြန်မာပရိတ်သက်


အိုမန်အသင်းက ၂ဂိုးပြတ် အနိုင်ရခဲ့ချိန်တွင် ကွင်းအတွင်း လေးဘက်လေးတန် ပြည့်ကျပ်စွာ ရောက်ရှိနေကြသည့် ၄သောင်းကျော် ၅သောင်းခန့် ပမာဏရှိ ပရိသတ်များထဲမှ ဆိုးသွမ်း ပရိသတ် အချို့က ကွင်းအတွင်းသို့ အရာဝတ္ထု မြောက်မြားစွာဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်က အခြေအနေအား ထိန်းသိမ်းနိုင်ရန် ခေတ္တရပ်နားခဲ့ရပြီး ၁၀မိနစ်ခန့် အကြာတွင် ပွဲအား ပြန်လည် စတင်စေခဲ့သည်။ သို့သော် ပွဲပြန်လည် စတင်ချိန်တွင် အိုမန် အသင်း ဂိုးသမားနှင့် အရှေ့တန်း ဘက်မှ စည်းကြပ်ဒိုင် တို့အား ခဲများဖြင့် ပစ်ပေါက် ခဲ့ကြပြန်ရာ ပွဲအား တစ်ဖန် ရပ်နားခဲ့ရပြန်သည်။ ထို့နောက်တွင် ပွဲအား ပြန်လည် စတင်နိုင်ရန် အတွက် ပရိသတ်အား ထိန်းသိမ်းနိုင်ရန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ကွင်း လေးဘက်လေးတန် လိုက်လံ တောင်းပန်ခဲ့သည်။ တပြိုင်တည်းတွင် ပရိသတ်များ ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်နေမည် ဆိုပါက ပွဲရပ်နားခံရဖွယ် ရှိကြောင်း တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် ဆက်တိုက် သတိပေး မေတ္တာရပ်ခံ ခဲ့ကြသည်။ သို့သော် ကွင်း လေးဘက်လေးတန် ပရိသတ်များအား လိုက်လံ တောင်းပန် မေတ္တာရပ်ခံသည့် ဦးဇော်ဇော်နှင့် အဖွဲ့အား အရာဝတ္ထုများဖြင့် ပစ်ပေါက်သူ အချို့ ရှိခဲ့ပြန်သည်။

ခေါင်းတွင် ဒဏ်ရာ ရရှိသွားခဲ့သည့် အိုမန်အသင်း နည်းပြအဖွဲ့ဝင် တစ်ဦး


ထိုအချိန်တွင် အိုမန်အသင်း အရန်ခုံတန်း ရှိရာသို့ မာကျောသည့် အရာဝတ္ထု တစ်ခုဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကာ အိုမန်အသင်း နည်းပြအဖွဲ့ဝင် တစ်ဦး ဦးခေါင်း နောက်စေ့တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အရန် ကစားသမားများနှင့် နည်းပြတစ်ဖွဲ့လုံး ကွင်းလယ်သို့ ၀င်ရောက် နေခဲ့ရသည်။ တစ်ချိန်တည်းတွင် ပွဲအား ဆက်လက် ကစားခွင့် ရရန်အတွက် တာဝန်ရှိသူများ အားလုံးက ကြိုးပမ်းခဲ့ကြ သော်လည်း ပရိသတ်၏ အနေအထားမှ ထိန်းနိုင်ဖွယ် မရှိ ဖြစ်နေခဲ့ရာ ကစားသမား များနှင့် နည်းပြများအား ကွင်းအပြင်သို့ ထွက်ခွာ စေခဲ့သည်။

ကွင်း လေးဘက်လေးတန် လိုက်လံ မေတ္တာရပ်ခံ တောင်းပန်ခဲ့ကြသည့် ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ


ထို့နောက်တွင် ပွဲစဉ်အား လာရောက် ကြီးကြပ်သူနှင့် ဒိုင်လူကြီးများ၊ နှစ်ဘက်အသင်း တာဝန်ရှိသူများ၊ လုံခြုံရေး တာဝန်ရှိသူများနှင့် ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်ခဲ့ကြသည်။ ပွဲအား ဆက်လက် ကစားဖွယ် မရှိတော့သည့် အနေအထားတွင် ပရိသတ် တစ်ဝက်ကျော်ခန့် ကွင်းအပြင်သို့ ထွက်ခွာခဲ့ကြ သော်လည်း ပရိသတ် အတော်များများ ကွင်းအတွင်းတွင် ဆက်လက် ရှိနေခဲ့ကြရာ ရပ်နားထားချိန် တစ်နာရီမှ နှစ်နာရီ နီးပါးအထိ ရှိခဲ့၍ နောက်ဆုံး၌ မတတ်သာ၍ ပွဲစဉ်အား ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

ယခုပွဲစဉ်တွင် သုဝဏ္ဏကွင်း အတွင်း ဆိုးသွမ်း ပရိသတ်များကြောင့် ပျက်ဆီးမှု အချို့လည်း ရှိခဲ့ပြီး ယခုဖြစ်ရပ်အတွက် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင် သည်ဟုလည်း တာဝန်ရှိသူများ အဆိုအရ သိရှိရသည်။ ပြိုင်ပွဲ ပြီးဆုံး၍ ပရိသတ်များ တဖြေးဖြေး ထွက်ခွာ စေခဲ့ပြီး ည ၇နာရီခန့် အချိန်တွင်မှ အိုမန်အသင်း၊ ဒိုင်လူကြီးများ၊ မြန်မာဘောလုံး အသင်းတို့အား လုံခြုံရေး အထူးကျပ်မတ်ကာ သက်ဆိုင်ရာ ဟိုတယ်များ ဆီသို့ ပြန်လည် ထွက်ခွာစေခဲ့ရသည်။

တာဝန် ရှိသူများက အကြိမ်ကြိမ် မေတ္တာရပ်ခံ တောင်းပန်ခဲ့ကြ သည့်တိုင် ဆိုးသွမ်း ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထု မြောက်မြားစွာဖြင့် မရပ်မနား ပစ်ပေါက်ခဲ့ရာ ထီးအလက်ပေါင်း ၂၀ကျော်၊ ဖိနပ်ပေါင်း များစွာ၊ ခဲများနှင့် ကွန်ပါဆူး ကဲ့သို့ အရာများပင် ပါဝင်ခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ယခုပွဲစဉ်အား လာရောက် ကြီးကြပ်သူနှင့် ဒိုင်လူကြီးများက ပွဲအား ရပ်နားရန် လိုလားခဲ့ကြ သော်လည်း တာဝန် ရှိသူများက အကြိမ်ကြိမ် တောင်းပန်ကာ ဖျက်သိမ်းရသည့် အနေအထားသို့ မရောက်ရှိရေး ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဆိုးသွမ်း ပရိသတ်များ သောင်းကြန်းမှုမှာ ရပ်တန့်သွားခြင်း မရှိခဲ့ရာ ညနေ ၆နာရီခန့်တွင် ပွဲအား ရပ်နားလိုက်ရပြီ ဖြစ်ကြောင်း၊ နောက်ထပ် ပွဲစဉ်များ ထပ်မံ ကစားရရန်ပင် မသေချာ တော့ကြောင်း ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မိုက်ခရိုဖုန်းဖြင့် အသိပေး ကြေညာသွားခဲ့သည်။ ထို့အတူ အပြစ်တင်မည် ဆိုပါကလည်း ၎င်းကိုသာ အပြစ်တင်ကြ ပါတော့ဟုလည်း ထည့်သွင်း ပြောကြား သွားခဲ့သည်။

ဒီလူတွေ ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်ရဲ့လား?? ဒီလူတွေ ဒီစိတ်ဓာတ်တွေနဲ့ ကမ္ဘာကို ဘယ်လိုရင်ဘောင်တန်းမလဲ


ယခု ဖြစ်ရပ်နှင့် ပတ်သက်၍ မည်ကဲ့သို့ အရေးယူခံရမည် ဆိုသည်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပွဲအစီရင်ခံ စာပေါ် မူတည်လျှက် ရှိနေသည်။ ထိုဖြစ်ရပ်ကြောင့် မြန်မာ ဘောလုံးအသင်းများ အနေဖြင့် နောက်နောင်တွင် အိမ်ကွင်း ပွဲစဉ်များ လက်ခံ ကျင်းပခွင့် ဆုံးရှုံး ရနိုင်ဖွယ် ရှိပြီး ဘောလုံး အဖွဲ့ချုပ်က ကြိုးပမ်းလျှက် ရှိသည့် AFC Cup ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ကိုလည်း သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သိရသည်။ အာရှ ဘောလုံး အဖွဲ့ချုပ် AFC သည် မြန်မာ ကလပ်များအား AFC Cup ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ပြုရန် ၉၀% သေချာလျှက် ရှိနေပြီး သြဂုတ်လဆန်းပိုင်းတွင် မြန်မာ နေရှင်နယ်လိဂ် ကလပ်များ၏ အိမ်ကွင်းများအား လာရောက် စစ်ဆေးရန် စီစဉ်ထားပြီး ဖြစ်သည်။

"မြန်မာကွ၊ မြန်မာလို့ အော်ပြီးတော့ ကျောက်ခဲတို့၊ ကွန်ကရစ်ခဲတို့နဲ့ပစ်နေကြတာ၊ ထီးလည်းပါတယ်၊ အရက်ပုလင်းခွံ၊ ရေသန့်ဘူး၊ ကွန်ပါချွန်၊ ဖိနပ်တွေနဲ့ ပစ်နေတာ၊ လက်ရှိကွင်းက ပြင်နေတာဆိုတော့ အဲဒီက ကွန်ကရစ်ခဲတွေနဲ့ ထုနေကြတာ" ဟု အဆိုပါပွဲစဉ်သို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က တယ်လီဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့သည်။

ပွဲချိန်ပထမပိုင်းတွင် မြန်မာအသင်းဘက်သို့ ပင်နယ်တီပြစ်ဒဏ်ဘော ပေးလိုက်ရချိန် နောက်ပိုင်းတွင် ပရိသတ်မှာ ပိုမိုကြမ်းတမ်းစွာ ဆူပူညံပေါက်ကွဲ လာခဲ့ပြီး ယင်းသို့ ကွင်းအတွင်းသို့ ရရာပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ရာ အိုမန်ဘောလုံးအသင်း၏ နည်းပြဖြစ်သူမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒိုင်လူကြီးနှင့် နှစ်ဘက်အသင်း အားကစားသမားများအပါအဝင် လူနှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၄င်းက ဆက်လက်သတင်းပေးပို့သည်။

"ရေသန့်ဘူးနဲ့ ပစ်ပေါက်ရုံလောက်ဆိုရင်တော့ ပွဲပြန်စလို့ ရနိုင်ပေမဲ့ ဒိုင်လူကြီးတွေ၊ နည်းပြတွေကိုပါ ထိခိုက်လာတာကြောင့် ပွဲပြန်စဖို့အတွက် ခက်ခဲနေပါတယ်" ဟု ဦးဇော်ဇော်က ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ပြောကြားသည်။

နောက်ဆုံးရရှိသော သတင်းများအရ ပရိသတ်အချို့မှာ ကွင်းအတွင်းမှ ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း ပွဲပြန်စရန်အတွက်မူ အခက်အခဲများ ရှိနေသေးကြောင်း သိရှိရသည်။



လူများမျာစုပြီးရင် ထင်ရာမြင်ရာအော်၊ စည်းမရှိကမ်းမရှိ အုတ်အော်သောင်းကျန်းလုပ်တတ်သည့် ကမ္ဘာ့အလည် အရှက်ရဖွယ် အဆင့်တန်းမရှိ မြန်မာလူမျိုးပရိတ်သက်များကို တောင်းပန်နေသည့် မြန်မာဘော်လုံးအဖွဲ့ချုပ်ဥက္ကဌ


အောင်အုံးမယ့် အရေးတော်ပုံ

အနှစ် ၂၀ ကျော် အော်လာတာ ဘာလို့ခုထိ မအောင်မြင်ရတာလဲ ဆိုတာကတော့.. အော်နေရင်းအိပ်ပျော်သွားလို့ပါ... ခုလည်း နောင်လာနောက်သားတွေ ဆက်ပြီး အော်လိုက် အိပ်လိုက် လုပ်နေကြတုန်းပါပဲ....

ဂေါက်တစ်ယောက် (အဲ.. မှားလို့..) နောက်တစ်ယောက်

ထူးထူးဟန် ပြောတဲ့ အော်ဇီမှာ ၉ ယောက်ရှိပါတယ် ဆိုတဲ့ လူများထဲမှ တစ်ယောက်ကတော့ စောမူစာ Moon Hsar ဖြစ်ပါတယ်။ သူက သြစတျေးလျနိုငံ ဘစ်စဘိန်မှာနေတယ်။ ထူးထူးဟန်နဲ့ တစ်မြို့ တည်းပါ။ သူက က၇င်။ အသက် ၄၄။ ခလေး ငါးယောက်အဖေ။ သူလည်း အစုလိုက်အပြူံလိုက်သတ်တယ်လို့  နိုင်ငံတကာ မီဒီယာမှာပြောလိုက်ပါပြီ။ စစ်ထောက်လှမ်းေ၇းတစ်ယောက်အဖြစ်နဲ့  ကေအန်ယူမှာ လျှို့ ထောက်လှမ်းခဲ့ပါတယ်တဲ့။ နောက်ထပ် သြစီမှာ ၇ှိတဲ့ ထောက်လှမ်းေ၇းဟောင်းတွေ သူတို့ လို့  စွန့် ဖို့ ၇ှိတယ်တဲ့။

သြစတြေးလျ ကရင်အမျိုးသားအဖွဲ့ကတော့ သြစတြေးလျ နိုင်ငံသား ကိုမူးဆာ (Moon Hsar) ဆိုသူ ကရင် ဒုက္ခသည်တဦးက တိုင်းရင်းသား ၅၀ လောက်ကို အမိန့်ပေး သတ်ဖြတ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုချက်နဲ့ ပတ်သက်လို့ မဖြစ်နိုင်ကြောင်း ၂၅ ရက်နေ့က ပြောဆိုပါတယ်။

မြန်မာ့တပ်မတော် ထောက်လှမ်းရေး တအားဖြစ်ချင်နေသော မူးဆာ တစ်ယောက်
(ဆရာထူးရဲ့တပည့် ဆရာမူး)

သူတောင်းစား ခွက်ပျောက် ဖြစ်တော့မယ် KNU

ထိုင်း မြန်မာနယ်စပ်က ဒုက0x081ခသည်စခန်းတွေ၊ မဲဆောက်မှာ လာခိုအောင်းနေတဲ့ မြန်မာနိုင်ငံမှာ ဗုံးဖေါက်ခွဲခဲ့တဲ့ တရားခံတွေနဲ့၊ မဲဆောက်မှာ နေထိုင်တဲ့ ကေအင်ယူ ခေါင်းဆောင်တွေကို ဖယ်ရှားရေး ဆောင်ရွက်သွားမယ်လို့ တာခ်ခရိုင်အုပ်ချုပ်ရေးမှူးက ဒီနေ့ မဲဆောက်မှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

မြန်မာအစိုးရက၊ဒုက္ခသည်စခန်းတွေကို လူမျိုးစုလက်နက်ကိုင်တွေရဲ့ခိုနားရာစခန်းလို့မြင်ပြီး ဖယ်ရှားပေးဖို့ ထိုင်းအစိုးရကို ပြောခဲ့သလို ၊ မဲဆောက်မှာနေထိုင်တဲ့၊ ကေအင်ယူလူကြီးတွေရဲ့နာမည်နဲ့အိမ်လိပ်စာတွေကို မြန်မာဖက်ကပေးပြီး ဖယ်ရှားပေးဖို့တောင်းဆိုလာတဲ့အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေးပိုကောင်းအောင်နဲ့ မြန်မာဖက်ကပိတ်ထားတဲ့၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ပေးနိုင်ရေးအတွက် ဒီလို ဖယ်ရှားဖို့ ဆောင်ရွက်တာလို့ ပြောပါတယ်။


မူဒါတွေလည်း နူနာစွဲပါပြီ


မြန်မာဖက်က ဒီလိုတောင်းဆိုမှုတွေကို အရင်ထိုင်းအစိုးရအဆက်ဆက်မှာလည်း တောင်းဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့ အဲဒီတုံးကအနောက်နိုင်ငံတွေက၊ ထိုင်းနယ်စပ်ကဒုက္ခသည်စခန်းတွေနဲ့ မြန်မာအတိုက်အခံတွေ အပေါ်ထားတဲ့မူဝါဒတွေကြောင့်၊ ထိုင်းအစိုးရအဆက်အဆက်က အနောက်နိုင်ငံတွေကို မလွန်ဆန်နိုင်တဲ့အတွက် ပြတ်ပြတ်သားသားကိုင်တွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။

အခုတကြိမ် မြန်မာဖက်ကတောင်းဆိုတဲ့အချိန်မှာတော့၊ အနောက်နိုင်ငံတွေကလည်း၊ ဒုက0x081ခသည်စခန်းတွေနဲ့မြန်မာအတိုက်အခံတွေအပေါ် အထောက်အပံ့တွေ လျော့လာတာနဲ့ ၊ ထိုင်း နိုင်ငံမှာ၊စီးပွားရေးအကြပ်အတည်းပေါ် အခြေခံပြီးဖြစ်တဲ့၊ ရာဇ၀တ်မှု၊ လူမှုရေးပြသနာစတာတွေပိုဖြစ်လာနေတဲ့ အချိန်ဖြစ်နေပါတယ်။

ဒါကြောင့်၊ထိုင်းအာဏာပိုင်တွေဟာ ၊ြ မန်မာအစိုးရနဲ့ပိုမိုရင်းနှီးမှုရအောင်၊ မြန်မာအစိုးရတောင်းဆိုတာတွေကို ဆောင်ရွက်ပေးသွားနိုင်တယ်လို့ နယ်စပ်က၊ အကဲခတ်တွေကပြောပါတယ်။

အလံထဲမှာတော့ နေဝင်သွားပြီ

KNU ခေါင်းဆောင် အများအပြား မဲဆောက်မြို့နှင့် အနီးရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည်ဟု သတင်းရထားကြောင်း၊ ထိုဒေသသို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟူသော ဗုံးခွဲအကြမ်းဖက်သူများကိုလည်း ဖမ်းဆီးပေးစေလိုကြောင်း မြန်မာအစိုးရက တောင်းဆိုနေသည်ဟု ဆိုသည်။

“မြန်မာ အစိုးရက ထိုင်းအစိုးရကို ဒီကိစ္စတွေ အားလုံး ဖြေရှင်းသွားအောင် ဆောင်ရွက်စေချင်တယ်၊ မဲဆောက် - မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား ပိတ်လိုက်တာလည်း ဒီကိစ္စနဲ့ ပတ်သက်နေတယ်” ဟု စမတ် လွိုင်ဖာ့က ပြောသည်။


BBC, VOA, DVB, RFA တို့အော်နေတဲ့ ကလေး စစ်သားတွေ
KNU မှာ ပေါလွန်းလို့


ကလေးအခွင့်အရေးတောင်းဆိုသူတွေ၊ ကလေးစစ်သားအရေး လှုပ်ရှားသူတွေ ကျော် ကျော်သွားတဲ့ ဓာတ်ပုံ


KNU မှ ကလေးငယ်များကို စစ်စခန်းဆောက်လုပ် ရန် အားဓမ စေခိုင်းစဉ်

ယခင်နှစ်ကလည်း မဲဆောက်မြို့ရှိ KNU ခေါင်းဆောင်တို့ နေထိုင်သည့်ဟု ယူဆရသော နေအိမ်တချို့ကို ထိုင်းအာဏာပိုင်တို့က ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး KNU စစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာပြည်ရှိ KNU ထိန်းချုပ်နယ်မြေတွင်သာ အခြေချရန် ဖိအားပေးခဲ့သည်။

နောက်ဆုံး အားကိုးစရာမရှိရင်တော့ ဖေဖေကြီးတို့ဆီ ပြေးရမှာပဲ


ကရင်ပြည်သူတွေကို ချစ်လို့ ဖရိုမန်းရှာသမီးက ယူကေမှာ စောစောစီးစီး ခိုလုံထား






Myanmar Express

မြန်မာအတိုက်အခံများထဲတွင် စိတ်ဖောက်ပြန်သူများစွာ ရှိနေကြောင်း ထူးထူးဟန်မှ သက်သေပြ




ဒီနေ့မြန်မာအတိုက်အခံတွေနဲ့ အဖွဲ့အစည်းတွေ အားလုံးက နေ့စဉ်နှင့်အမျှ ဆိုးသတင်းတွေကို BBC, VOA, DVB, RFA တို့က နားထောင်လိုက် ဧရာဝတီ၊ မဇ္ဈိမ နဲ့ တခြား အလကားရတိုင်း စွတ်ရေးနေကြတဲ့ ဘလော့ပေါင်းများစွာက ဖတ်လိုက်နဲ့ တစ်ရက်ပြီး တစ်ရက် အကုသိုလ်တွေများကာ စိတ်တွေ ကျဆင်းလျှက် ရှိနေပါတယ်။ အကြောင်းအရာ တစ်ခုခုဆိုရင် ဘယ်လို ဆန့်ကျင်ရမလဲ ဆိုတဲ့ ကန်လန့်အတွေးမျိုးတွေကိုပဲ တွေးနေတတ်ပါတော့တယ်။ ကိုယ့်ဖက်ကနိုင်ဖို့ဆိုရင် မဟုတ်တာတွေရော ဟုတ်တာတွေရော ကယောင်ကတမ်းနဲ့ သိမ်းကျုံးပြောနေတဲ့ အတိုက်အခံတွေလည်း ဒုနဲ့ဒေးပါပဲ။ သေချာတာကတော့ အဲဒီ ဒီမိုကရေစီ ဘက်တော်သား ဆိုသူတွေအားလုံးရဲ့ စိတ်တွေက ပုံမှန်မဟုတ်တော့ပါဘူး

ရွေးကောက်ပွဲကလည်းပြီး၊ ပြန်လုပ်လို့ကလည်းမရ၊ အခြေခံဥပဒေကလည်း အတည်ဖြစ်နေ၊ ပါတီပေါင်းကလည်း များတဲ့အပင်၊ အားကိုးနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထင်သလောက် ဖြစ်မလာတော့ သတင်းဌာနတွေလည်း သတင်းပျက်လို့ ဒီဗွီဘီ တို့ကလည်း ဟာသ ဇတ်လမ်းတွေရိုက်လို့ရိုက်၊ ဧရာဝတီဘလော့ကလည်း ပေါတောတော ဟာသတွေပဲ တင်လို့တင် ဖြစ်နေကြရပါတယ်။

သတင်းပြတ်လပ်နေသူတွေနဲ့ သူရေဲကောင်းအလိုရှိနေတဲ့ အတိုက်အခံလောကထဲက လူဗြိန်းတွေအပေါ်မှာ ကတုံးပေါ်ထိပ်ကွက် သွားနိုင်သူကတော့ ထူးထူးဟန် ဆိုတဲ့ ယနေ့မြန်မာသတင်းလောကမှာ ထင်ပေါ်ကျော်ကြားပြီး အားလုံးက သူရဲကောင်းကြီးအဖြစ် အထင်ကြီးလေးစားခြင်း ခံနေရသူဖြစ်ပါတယ်။

နာမည်က ထူးထူးဟန်ဆိုတဲ့အတိုင်း အင်မတန်ထူးခြားသူ တစ်ယောက်ဖြစ်ပါတယ်။ ထူးတာများလို့ပဲ ရူးသွားတာလည်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ အရူးက တမူးသာ သွားတာကို အားလုံးအငိုက်မိ ခံလိုက်ရပါတယ်။

ထူးထူးဟန် (ယခင် နိုင်ငံရေး အကျဉ်းသား ယခု ဒုက္ခသည်၊ အော်ဇီ) ။ ။ "ကျွန်တော် လူသတ်သမားပါ" ဆန္ဒပြသူ ၂၄ ဦးထက်မနည်း ကိုယ်တိုင် ပစ်သတ်ခဲ့ပြီး ၁ဝဝ ကျော် သတ်ဖို့ အမိန့်ပေးခဲ့တယ်။

( ကျောင်းဆင်းစ စစ်ဗိုလ်က အဲ့လောက်တောင် လုပ်ပိုင်ခွင့်တွေ ရှိခဲ့တာလား။ ဗိုလ်ထူးထူးဟန်တောင် ဒီလောက် သတ်လာရင်၊ ဗိုလ်မှူး အောင်လင်းထဋ်ဆိုရင်တော့ အနည်းဆုံး ၁၀၀ ကျော် သတ်ခဲ့မှာပဲ။ ICC ကို အတူသွားဖို့သာ ပြင်ပေတော့ )

"တနေ့ကို ၄ နာရီလောက်ပဲ အိပ်ရတယ်၊ ၃ နာရီလောက်ပဲ အိပ်ရတယ်။ ဦးနှောက် မှန်မှန်ကန်ကန်နဲ့ ဆုံးဖြတ်ချက် မရဘူး။ အဲဒီအချိန်မှာ အရမ်းရှုတ်ထွေးနေတဲ့ အချိန်။ ကျောင်းသားသမဂ္ဂမှာလည်း ကျနော်က အထွေထွေ အတွင်းရေးမှူး’’

(ဂေါက်ရတဲ့အကြောင်းထဲမှာ အဲ့ဒါလည်း ပါမယ်)

"ကျနော် အသက် ၂၂ နှစ်မှာ ၉ တန်းကျော်ငးသားအနေနဲ့ ကျောင်းသားထုထဲဝင်လာတာပေါ့ ’’

( ၂၂ နှစ်နဲ့ ၉ တန်း လို့ လိမ်ဝင်ခဲ့တာတဲ့၊ နိုင်ငံရေးလုပ်တဲ့ကျောင်းသားတွေ အခုမှ အ တာမှတ်နေတာ အဲဒီတုန်းကကတည်းက သူများအညာခံနေရတာကိုး)

"DSA ၂ နှစ်တက်ခဲ့တယ်၊ ရွှေဓား လည်း ရခဲ့တယ် ’’

( ထူးထူးဟန် ၁၈ နှစ် တုန်းက ၁၉၈၅ ခုနှစ်ပါ။ အဲဒီတုန်းက DSA က သက်တမ်း ၄ နှစ် တောင်တက်ရတယ်။ DSA ကို ၂ နှစ် တက်ပြီး အရာရှိဖြစ်တာ မြန်မာ့သမိုင်းမှာ ထူးထူးဟန် တစ်ယောက်ပဲ ရှိတယ်။ ဒီထက်ဆိုးတာက ရွှေဓား ရခဲ့တယ်တဲ့။ သူ့ဘကြီးက ပန်းတိမ်ဆရာမို့နေမှာ။ DSA မှာ အမှတ်စဉ် ၁ ကတည်းက ငွေဓားပဲ ပေးလာတာ သူ့ကျမှ ရွှေဓားတဲ့။ တွေ့ရင် ခဏလောက် ငှားကြည့်ချင်တယ်ဗျာ၊ အဆိုးဆုံးကတော့ ကျောင်းဆင်းတာနဲ့ ထောက်လှမ်းရေးသင်တန်းတောင် မတက်ရပဲ ထောက်လှမ်းရေးရာက်တယ်တဲ့။ ယုံလိုက်ကြအုံးပေါ့ လူဗြိန်းများ)

"DSA မှာ ဘယ်ကျောင်းတက်ခဲ့ရလဲဆိုတာ ပြောလို့မဖြစ်ဘူးနော်၊ ဘာကြောင့်လဲဆိုတော့ ကျနော့်မှာ ဒီမှာ ရဲဘော်တွေ တချို့မိဘတွေက ဗမာပြည်မှာ ရှိနေတယ်။ သင်တန်းက နံပတ်စဉ်တွေ ပြောချလိုက်ရင် အကုန်လုံး ရှုပ်ကုန်မှာစိုးလို့ ’’

( DSA က ဘယ်ကျောင်းတက်ရလဲ ပြောလို့မဖြစ်ဘူးဆိုတော့၊ ကျနော့်နာမည် ထူးထူးဟန် ပြောလို့မဖြစ်ဘူး လို့ဖြစ်နေတယ်။ DSA တက်တုန်းက ငွေဓါး (အဲလေ) ရွှေဓားတောင် ရထားပြီး ၂ နှစ်နဲ့ ထောက်လှမ်းရေး ပို့ခံရအောင် ထူးချွန်နေတာပဲ အဲဒီတုန်းက ဘာမှမဟုတ်တာမှ မလုပ်ခဲ့တာ အမှတ်စဉ်တော့ ပြောနိုင်သင့်တာပေါ့၊ အောင်လင်းထွဋ်တောင် ပြောနိုင်သေးတာပဲ၊ မဟုတ်မှလွဲရော အမှတ်စဉ်ကို ကြိုတွက်မထားဘူးထင်တယ်။ )

"ကျနော့်ကို ဒေါ်လာ ၂၀၀၀၀ ထည့်ပေးတယ်။ ကျနော်က အဲဒီ ၂၀၀၀၀ စလုံးကို တပတ်အတွင်းမှာ သုံးပစ်လိုက်တယ်။ ကျနော့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ်ချနိုင်တယ်” အဲလိုမျိုး ခြိမ်းခြောက်လာတယ်’’

(ဒေါ်လာ ၂၀၀၀၀ တစ်ပတ်အတွင်း သုံးတာနဲ့ ထောက်လှမ်းရေးက နိုင်ငံတော်ပုန်ကန်မှုနဲ့သေဒဏ်ချမယ်တဲ့။ မဟုတ်မှလွဲရော အဲဒီခေတ်ကတည်းက ဒေါ်လာ ၂ သောင်းကို တစ်ပတ်နဲ့ သုံးခဲ့တယ် ကွ လို့များ လူသိစေချင်တာလား။ )


"ကျနော်က ထောင်ထဲမှာ အရိုက်ခံရတာကိုး။ ကျနော် MI 6 မှာ လုပ်နေတာကို ထောင်က အရာရှိတွေကို ပေးမသိဘူး။ ပေးမသိတော့ ကျနော့်ကို ကျောင်းသားပဲ ထင်တာပေါ့။ ’’

(စုံထောက်က ဘယ်သူမှမသိအောင် သူလျှိုလုပ်ပြီး ထောင်ကျ အရိုက်ခံရတယ် ဆိုတာ ဇတ်ကားထဲမှာပဲ ရှိတယ်။ အော်ဇီရောက်မှ စုံထောက်ကားတွေ ကြည့်ပြီး စိတ်ကူးယဉ် ဇတ်လမ်းဆင်နေတယ်ထင်တယ်)

"ကျနော်အပါအဝင် ၉ ယောက်ပေါ့နော်။ တခြားသူတွေ့က စီးပွားရေးအရ အရမ်းအောင်မြင်နေကြပြီ၊ အိမ်တွေ၊ ကားတွေနဲ့။ ’’

(အော်... တိုင်းပြည်အတွက် အလုပ်လုပ်ချင်တဲ့ နိုင်ငံရေးသူရဲကောင်းကြီးတွေက သူများနိုင်ငံမှာ ကောင်းစားနေကြတာပါလား)

"တယောက်ကတော့ မူးယစ်ဆေးဝါး စွဲနေပြီး၊ စိတ်ဓာတ်ကျတယ်ပေါ့။ သူလည်း လုပ်ခဲ့တာတွေ၊ ဒီမတရား လုပ်ခဲ့တဲ့ဟာတွေ၊ ကျနော့်လိုပေါ့။ စိတ်ကျရောဂါ ဖြစ်တယ်ပေါ့ ’’

(မူးယစ်ဆေးတောင် စွဲနေလိုက်သေး။ ကိုယ်တိုင်ကလည်း စိတ်ကျရောဂါသည်၊ အပေါင်းအသင်းတွေကလည်း စိတ်ကျသူတွေနဲ့ မူးရစ်ဆေးစွဲသူတွေ။ ဒီလူတွေနဲ့မှ ဒို့နိုင်ငံ ဒီမိုကရေစီမရရင် နောင် ဘယ်လွယ်လိမ့်)

" အိုးဝေအောင်တို့၊ ရဲတေဇတို့ဘာတို့ အခုအမေရိကမှာ ရှိပါတယ် ဒီကောင်တွေ။ ကျနော်နဲ့ အတူလုပ်ခဲ့တဲ့ ကောင်တွေ’’

(အိုးဝေအောင်က ထူးထူးဟန်ကို မသိဘူးတဲ့)


"ကျနော့်ရည်ရွယ်ချက်က ICC ကို ရောက်ချင်တယ် ’’

( ICC တော့ မမြင်ဘူး၊ အရူးထောင်နဲ့တော့ နိးနေပြီ)


"ကျနော်က ပန်းချီဆရာအလုပ်လုပ်ပါတယ်၊ ဆုတွေရတယ်။ မနှစ်က တသောင်းဆု ရတယ်လေ။ ကျနော့်ပန်းချီကားတွေက ဈေးအရမ်းကြီးတယ်။ တော်ရုံတန်ရုံလူ မဝယ်နိုင်ဘူး။ ကျနော့်ဟာ ကျနော် ဆွဲတယ်။ စိတ်ပြေလက်ပျောက် လုပ်တယ်။ ’’

(စိတ်ပြေလက်ပျောက်နဲ့ တော်ရုံလူမဝယ်နိုင်တဲ့ ဆုရပန်းချီကားတွေ ဆွဲနိုင်တဲ့ လူပါလား၊ တစ်ပတ်အတွင်း ဒေါ်လာ ၂ သောင်းသုံးခဲ့တယ် ပြောတုန်းက ကြွားလှပြီထင်နေတာ။ ခုမှ ပိုဆိုးနေ)

" ခုထက်ထိပေါ့ ဆက်လက် ဆေးကုသမှု ခံယူနေဆဲပဲ ’’

(ဒီပုံစံနဲ့ဆိုရင် တစ်သက်လုံးကုရလိမ့်မယ်)






ဘုန်းကျော် (ယခု ဒုက္ခသည် အော်ဇီ) ။ ။"ကိုထူးထူးဟန်ကို သံသယနဲ့ ရေးလာပြောတာကိုကြည့်ပြီး တခါတလေ အဲဒိလိုသံသယမျက်လုံးနဲ့ကြည့်တဲ့လူတွေဟာ ခေါင်းမရှိသလိုပဲ။ ဒီကိစ္စက အမှုသေးသေးလေးမဟုတ်ဘူး။ အနည်းဆုံးထောင်ကျနိုင်တယ်။ ဂေါက်ပြီးပြောရင်တောင် စစ်လားဆေးလားမြန်းလားနဲ့ ဘယ်လောက်အလုပ်ရှုပ်တယ်မှတ်လဲ။ ကျနော်သာဆိုရင် ဘာဘီကျူနဲ့ဘီယာပဲ ဇိမ်ခံပြီးသောက်တော့မယ်။ ဒီလိုပေါက်ကရကို ဘယ်တော့မှမပြောပါ။’’

"ဒီလောက် အန္တရာယ်များတဲ့ ၀န်ခံချက်ကို ကျနော်သာဆိုရင် ဘယ်တော့မှမပြောပါ။ အနည်းဆုံး အလုပ်ရှုပ်တယ်။ ရဲတို့ တရားရုံးတို့နဲ့ စကားပြောရတာ အရမ်းအလုပ်ရှုပ်တယ်။ Centerlink ပိုက်ဆံစားပြီး သြစီဝိုင်တစ်ခွက်နဲ့ ဘာဘီကျူစားပြီး ဇိမ်ပဲခံမယ်။ ဒီလိုမျိုး ပေါက်တကရတော့မပြော။’’

"နာမည်ကြီးချင်ရင် တခြားနည်းလမ်းရှိပါတယ်။ နောက်ပြီး ကိုထူးထူးဟန် ဂေါက်တာဆိုရင်တော့ မတက်နိုင်။’’

သြစီမှာ တချို့ သော ၈၈-ကလူတွေ မုန့် ရှုလိုက်၊ ဂလုလိုက်နဲ့ ကျွန်းကြောင်တာဖြစ်ကုန်တယ်။ ဒါပေမဲ့ ကိုထူးထူးဟန်ကတော့ ဖြစ်ပုံမပေါ်ပါဘူး။ သြစတျေးလျမှာ မြန်မာထောက်လှမ်းရေးတွေ တစ်ပုံကြီးရှိတယ်လို့ ကိုထူးထူးဟန်ပြောပါတယ်။

"သူပြောသလို ထောက်လှမ်းရေးဟောင်းအရှိတွေရဲ့ သားတွေသမီးတွေလည်း ပြောတာကို တွေ့ဘူးပါတယ်။ မယုံမရှိနဲ့။ အိမ်ရှေ့ ကိုလာပြီး သေနတ်နဲ့ တေ့ ပစ်သွားနိုင်တယ်။ ကျနော် စစ်ထောက်လှမ်းရေးတစ်ဦးနဲ့ တစ်ရုံးတည်းနေဘူးပါတယ်။ မဲ့ဆောက်က ရုံးမှာပါ။ သူစစ်ထောက်လှမ်းရေးဆိုတာ မသိခဲ့ပါ။ ဒီလိုလူမျိုးတွေအများကြီး။ ဘာဘဲဖြစ်ဖြစ် ကိုထူးထူးဟန်ရဲ့ သတ္တိကို ချီးကျူးပါ။’’


စိုးမြင့်အောင် soemyintaung08@gmail.com (ယခင်နိုင်ငံရေးအကျဉ်းသား ယခု ဒုက္ခသည်၊ အော်ဇီ) ။ ။ "ထူးထူးဟန်နဲ့ပတ်သက်လို့ ကျနော်သိသမျှလေးပြောပြချင်ပါတယ်။ ၁၉၈၇မှာကျနော်တို့ တရပ်ကွက်ထဲ အတူနေခဲ့ရပါတယ်။ အဲဒီ့အချိန်က ထူးထူးဟန်ညီနဲ့ကျနော်နဲ့က ကျောင်းနေဘက် သူငယ်ချင်းပါ။ကျနော်က ၈တန်းကျောင်းသားပါ။ထူးထူးဟန်တို့အိမ်က ကျနော့်အတွက် စားအိမ်သောက်အိမ်ပါ။’’

"ထူးထူးဟန်အဖေက ကားပွဲစားလုပ်ပါတယ်။ထူးထူးဟန်ကလည်း သူ့အဖေနဲ့အတူ ကားပွဲစား လုပ်ပါတယ်။
’’

"၈လေးလုံး အရေးတော်ပုံကြီးမှာ တောင်ဥက္ကလာမြို့နယ် လူငယ် တွေအဖြစ် ...ထူးထူးဟန်ရော...ကျနော်ပါ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ထူးထူးဟန်က သုံးရောင်ခြယ်အဖွဲ့မှာ ပါဝင်လှုပ်ရှားကြောင်း ကျနော်သိရပါတယ်။
’’

"ကျနော်က တောင်ဥက္ကလာမြို့နယ် သပိတ်တပ်ပေါင်းစုမှာ သတင်းနဲ့ပြန်ကြားရေး လုပ် ကိုင်ခဲ့ပါတယ်။ ၈၈၈၈ပြီးနောက်ပိုင်း ... စက်တင်ဘာ ၁၈ ရက် -န၀တက စစ်အာဏာသိမ်းတော့ ထူးထူးဟန် တောခိုသွားပါတယ်။

၈၈နိုဝင်ဘာလမှာ န၀တက ထိုင်းနယ်စပ်မှာ ကြိုဆိုရေးစခန်း ဖွင့်တော့ ထူးထူးဟန် ပြန်လာပါတယ်။ ထိုင်းနိုင်ငံ၊တပ်ခ်ခရိုင်လေဆိပ်ကနေ-ရန်ကုန်၊မင်္ဂလာဒုံလေဆိပ်အထိ၊ န၀တက လေယာဉ်နဲ့ပို့ဆောင်ပေးတဲ့အခါ-ထူးထူးဟန် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

၁၉၈၉ ခုနှစ် ၈လပိုင်း ရှစ်လေးလုံး၁နှစ်ပြည့်နှစ်ပတ်လည်အကြိုအတွက် ...စာဝေခြင်း၊ပြောက်ကျားဆန္ဒပြခြင်းများကို တောင်ဥက္ကလာမြို့နယ်မှာ ကျနော်တို့ လုပ်ခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းကြောင့် ထူးထူးဟန်ရော...ကျနော်ရော...စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနေရာမှာ ထူးထူးဟန် ရပ်တည်ချက်ကို ကျနော်ပြောချင်ပါတယ်။ ထူးထူးဟန်ကို အိမ်မှာ လာဖမ်းဆီးချိန်မှာ ထူးထူးဟန် အဖမ်းမခံရပါဘူး။ သူ့အဖေကို စစ်ထောက်လှမ်းရေးက ဖမ်းလိုက်ပါတယ်။ သားဖြစ်သူ ထူးထူးဟန်ကို မိမှပြန်လွှတ်ပေးမယ်...ဆိုလို့ ထူးထူးဟန် အဖမ်းခံခဲ့ပါတယ်။တောင်ဥက္ကလာမြို့နယ် အားကစားကွင်း(စစ်ကြောရေးစခန်း)မှာ ထူးထူးဟန်ကို စစ်ကြောရေး ၀င်ပါတယ်။စစ်ကြောရေးမှူးက မ.၀.တ ဗိုလ်မူးမောင်စိန်ပါ။”ဘယ်သူတွေ ပါသေးလဲ...”လို့ ရိုက်နှက်မေးမြန်းခြင်းကို ထူးထူးဟန်၂ရက်ကြာ တောင့်ခံခဲ့ပါတယ်။

ကျနော့်ကို လဘက်ရည်ဆိုင်မှာ စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီး အားကစားကွင်းဆီခေါ်သွားပါတယ်။ဗိုလ်မှူးမောင်စိန်က ”ထူးထူးဟန်ကို ထုတ်ခဲ့”လို့ အမိန့်ပေးချိန်မှာ ထူးထူးဟန်ကို ဆွဲခေါ်လာကြပါတယ်။မတ်တပ်တောင် မရပ်နိုင် တော့ပါဘူး။သွေးတွေမြင်မကောင်းအောင် ပေကျံနေပြီး တကိုယ်လုံး ဖူးယောင်နေပါတယ်။

”မင်းပြောတဲ့ ကုလားလေးလား”လို့ ဗိုလ်မှုးမောင်စိန်မေးတဲ့အချိန်မှာ ထူးထူးဟန်က ကျနော့်ကိုမော့ကြည့်ပြီးဖြေးညှင်းစွာခေါင်းခါပြပါတယ်။ သူ့မျက်လုံးကို ကျနော်သဘောပေါက်တယ်။ ကျနော့်ကိုပြန်လွှတ်ပေးလိုက်ပါတယ်။နေ့လည်ဘက်မှာပါ။

ည၁၁နာရီမှာ ကျနော့်ကို စစ်ထောက်လှမ်းရေးက လာဖမ်းပါတယ်။ထူးထူးဟန်နဲ့ကျနော်... ရုံးချိန်းအချုပ်ခန်းတွေမှာ..စစ်ခုံရုံးမှာ... ၊ထောင်ထဲမှာပါ အတူနေခဲ့ရပါတယ်။ ။ထောင်တွင်းတိုက်ပွဲတွေဖြတ်သန်းစဉ်မှာလည်း ကျနော်တို့နဲ့အတူပါတယ်။သွေးထွက်၊ချေးထွက်အောင် အရိုက်ခံရတော့လည်း ထူးထူးဟန်ပါ အရိုက်ခံရတယ်။

အဲဒီ့နောက် လွတ်ရက်စေ့လို့ပြန်လွတ်တော့..၁၉၉၂မှာ လွတ်တယ်။ ထူးထူးဟန်ထောင်က လွတ်လာတဲ့အချိန်မှာ ချောင်းဆိုးရင်သွေးတောင်ပါတယ်။

ထောင်တွင်းမှာ ရခဲ့တဲ့ဒဏ်ရာတွေပါ။ လွတ်မြောက်ပြီး မကြာခင်မှာပြည်ပကို ထူးထူးဟန် ထွက်သွားပါတယ်။ ကျနော်နဲ့အဆက်အသွယ်ပြတ်သွားတာ ယနေ့အချိန်ထိပါ။

တကယ်တမ်းပြောရရင် လက်ရှိဖြစ်ပျက်နေတဲ့ ထူးထူးဟန်ပြောစကားတွေက (မီဒီယာများတွင် သူသည်စစ်ထောက်လှမ်းရေးဘ၀က လူများသတ်ခဲ့သည်ဟု ထုတ်ပြောသော စကားတွေက) ကျနော်နဲ့ထိစပ်ခဲ့သမျှတွေနဲ့ လုံးဝ ကွာခြားနေပါတယ်။ သူပြောနေတာတွေက ဖြစ်နိုင်ချေနည်းပါးတယ်လို့ ကျနော်ထင်ပါတယ်။
’’


အိုးဝေအောင် oway88@gmail.com (ယခင်နိုင်ငံရေးသမား ယခုဒုက္ခသည်၊ အမေရိက) ။ ။ "ထူးထူးဟန် ပြောတဲ့ တခြားအကြောင်းအရာတွေထဲမှာ မှန်တာ မှားတာတွေ ဘာမှ မပြောချင်ပေမယ့် ..www.mizzima.comမှာ http://www.mizzimaburmese.com/interview /7992-2011-07-21-10-23-13.html ထူးထူးဟန် အင်တာဗျူးထဲမှာပါလာတဲ့ ”အကသ ”ကိစ္စတွေ ပြောရင်တော့ ...သူ မဟုတ်တာ မမှန်တာ ပြောနေတယ်ဆိုတာ ဖြေရှင်းရပါလိမ့်မယ်။

အင်တာဗျူးဖော်ပြပေးတဲ့ မဇ္ဈိမသတင်းဌာနကိုလည်း အဖြစ်မှန် ပြောပြချင်ပါတယ်။ထူးထူးဟန်နဲ့လည်း တိုက်ရိုက်ဆက်သွယ်ပေးပြီး ဖုန်းလိုင်း ၃ခုချိတ်ကာ အဖြစ်မှန်များကို ဆက် မေးမြန်းစေချင်ပါတယ်။

အကသ=အခြေခံပညာကျောင်းသားသမဂ္ဂ မှာ ကိုမိုးသီးဇွန်(ဗကသ)ပါတယ် ဆိုကတည်းက မှန်မမှန် စဉ်းစားကြည့်ပေါ့ဗျာ။

နောက် တခု -သူပြောခဲ့တဲ့အထဲက ”အိုးဝေအောင်တို့ ရဲတေဇတို့နဲ့ အတူလုပ်ခဲ့တယ်”လို့ သူက ဆိုရအောင် ..သူနဲ့ကျနော်တို့နဲ့က ၁၉၈၉ခု သြ၈ုတ်လကုန်ပိုင်းမှာမှ တောင်ဥက္ကလာ ရဲစခန်းအချုပ်+မြို့နယ်တရားရုံးအချုပ်တွေထဲရောက်မှ စတွေ့ဖူးတာဗျာ။၈၈နှစ်ကုန်ပိုင်းနဲ့၈၉နှစ်ဆန်းပိုင်း မြို့နယ် အကသ လှုပ်ရှားမှုတွေမှာလည်း တခါမှ မတွေ့ဖူးခဲ့ဘူး။ ရန်ကုန်တိုင်း အကသ အစည်းအဝေးတွေမှာလည်း တခါမှ မတွေ့ဖူးခဲ့ဖူးဘူး။ဒါ့ကြောင့် သူနဲ့အလုပ်အတူလုပ်ခဲ့တယ်ဆိုတာ လုံးဝမဟုတ်သော စကားလို့ ပြန်ဖြေရှင်းချင်တယ်။

အခု သူ့ကိုယ်သူ စစ်ထောက်လှမ်းရေးဟောင်းလို့ ပြောလိုက်တဲ့သတင်းကို အာဇာနည်နေ့မတိုင်ခင် သတင်းမီဒီယာတွေကတဆင့် စသိခဲ့ရတယ်။

သိပ် အံ့အားသင့်ခဲ့သလို သိပ် စိတ်ဝင်စားခဲ့တယ်။ကျနော်တို့နဲ့ အချုပ်ထဲ+ထောင်တွေထဲမှာ ၃နှစ်ကျော်နေခဲ့ရသူတဦးဟာ ထောက်လှမ်းရေးဖြစ်တယ်လို့ ထုတ်ဖော်လိုက်လို့ ထူးထူးဟန်နဲ့ပတ်သက်တဲ့သတင်းမှန်သမျှ လိုက်လံစုဆောင်း စနည်းနာနေတယ်။သူနဲ့ပတ်သက်ခဲ့သူတွေ အထူးသဖြင့်=သူနဲ့အမှုတွဲခဲ့တဲ့ သန့်ဇင်လင်း(အော်စီ)+စိုးမြင့်အောင် (ထိုင်း) တို့ရဲ့သဘောထားတွေလည်း သိချင်တယ်။

နောက်ဆုံး သူ့မိသားစုဝင်တွေထဲက သူ့ဘ၀ဖြစ်ရပ်မှန်ကို ပြောလာမယ့်သူတွေရဲ့ အသံကို ကြားချင်နေတယ်။

ခေါင်းခဏခဏ အရိုက်ခံရတဲ့ ထူးထူးဟန်တယောက် စိတ်အရူးဖောက်တုန်း ပြောနေတာလား -။

သူ့ကိုယ်သူ စိတ်ရောဂါရှိသူလို့  ပြောနေလေတော့ -မြန်မာ့နိုင်ငံရေး ဇာတ်ခုံရဲ့ကန့်လန့်ကာနောက်ကွယ်ရောက် နအဖသန်းရွှေတို့ကို လောလောဆယ် အပြစ်ဖို့ပြီး- မိမိသာ မီဒီယာမှာ နာမည်ကြီးရင် ပြီးရော ဘ၀င်ရူးအထာမို့ ( အော်စီအစိုးရက မဖမ်းမှန်းသိလို့ ) ဇာတ်လမ်းဆင်ပြီး စိတ်ကူးယဉ် နေတာလား..။

သတင်းများအရ ထောက်လှမ်းရေးအရာရှိဟောင်း ထူးထူးဟန်သည် ၁၉၈၇ တွင် ဒီအက်အေ ကျောင်းဆင်းကာရွှေဒါးဆုရထားသူဟုဆိုသည်၊ (၁၉၈၇ ကျောင်းဆင်းသည် အပတ်စဉ် ၂၉ ခန့်ဖြစ်မည်၊) ကျောင်းဆင်းဆင်းချင်း ဒုဗိုလ် ဘ၀ဖြင့် ထောက်လှမ်းရေး(၆)တွင်တာဝန်ထမ်းဆောင်ကာ ကျောင်းသားအဖွဲ့တွင် ရွှေထီးဆိုသောနာမည်ဖြင့် လှုပ်ရှားခဲ့သည်ဟုဆိုပါသည်၊ ပြီးနောက်ဆန္ဒပြသူများအား နောက်စိကို သေနတ်ဖြင့်ပြစ်သတ်ကာ မီးရှို့ပြီး သာကေတတံတားဟောင်းမှ ငမိုးရိပ်ချောင်းထဲသို့စွန့်ပြစ်ခဲ့သည်ဟုဆိုသည်၊ ပြီးနောက် ၁၉၈၉ ခုနှစ်တွင်စာရွက်စာတမ်းဖြန့်ဝေ မှု့ဖြင့် ထောင်သုံးနှစ်ကျကာ ၁၉၉၂ ခုနှစ်တွင်ထောင်မှလွတ်သည်ဟုဆိုသည်။

ထိုသတင်းအားသုံးသပ်ကြည့်ရလျှင် ဒီလောက်ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သောထောက်လှမ်းရေးအရာရှိ တယောက်က ၈၉ခုနှစ်မှာစာရွက်စာတမ်းဖြန့်ဝေမှု့ဖြင့် ထောင်၃နှစ် ဘာလို့ကျရတာလဲ၊ (တချို့သတင်းလိုချင်လို့ထောင်ကျခံပြီးဝင်တဲ့သူလဲရှိပါတယ်၊) ဒါပေမယ့်သူက တကယ်ထောင်ကျလို့သာ အခု သြစတြေးလျမှာနိုင်ငံရေးခိုလှုံခွင့်နဲ့နေ နေတာပါ၊ တကယ့်ထောက်လှမ်းရေးတွေ ၈၈တုန်းကထဲထဲဝင်ဝင် လုပ်တဲ့သူတွေ န.၀.တ၊ န.အ.ဖ လက်ထက်မှာကောင်းစားနေကြတာအားလုံးအသိပဲ၊( ဥပမာ.ဖိုးကံကောင်း၊ ဗိုလ်ကြီးစည်သူ၊ အရေးအခင်းမှာပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်မ၂၂ တပ်မမှူး ဗခတင်လှတို့) သူ့ကျမှဘာလို့ထောင်ကျရတာလဲ၊ နောက်ပြီး ဘီဘီစီက အမေးမှာ ဘာလို့ဒီအချိန် နှစ်၂၀ကြာမှဖော်ထုတ်ရလဲဆိုတော့ အီး၊ အဲ နဲ့ဖြစ်နေတယ်၊ နောက်သူ့အပြောအရ ကျောင်းသားခေါင်းဆောင် တယောက်၊ ဒီဘက်မှာ အော်ဖစ်ဆာကြီးတယောက်တဲ့၊ တျောင်းဆင်းကာစ တပွင့်နဲ့ဗိုလ်လေးတယောက်ကို ဒီလောက်ကြီးလေးတဲ့တာဝန်တွေပေးပါ့မလား၊ (ဗိုလ်မှူး အောင်လင်းထွဋ်အသိဆုံးဖြစ်မှာပါ၊ ဒီလူသည် D.S.A 29 မှာရွှေဒါးဆုရခဲ့ပြီး လှမ်း၆တွင် တာဝန်ထမ်း ဘူးသူဟုတ်မဟုတ် ကွန်ဖန်းလုပ်ကြည့်ပေးပါ၊) သူနဲ့ထောင်အတူကျဖူးသူရဲ့အပြောအရတော့ စိတ်ဖိစီးမှု့တွေများနေတယ်လို့ ယဉ်ယဉ်လေးပြောထားတယ်။
’’




အမည်မဖော်ဝံ့သူ ဒီမိုကရေစီ ဘက်တော်သား သူရဲကောင်းတစ်ဦး ။ ။ "ကျနော်က ထူးထူးဟန် (၀ါတီး) ဆိုတာကို သူမိသားစု တစ်စုလုံးပါ သိတဲ့သူပါ။ ထူးထူးဟန်ဆိုတာ ဘာထောက်လှမ်းရေးမှ မဟုတ်ဘူး။ ၁၉၆၇ ကလဲမွေးတာမဟုတ်ဘူး။ တောင်ဥက္ကလာပ ၁၀ ရပ်ကွက် ဇေယျလမ်းမှာနေတယ်။ စစ်တက္ကသိုလ် နာမည်ဆိုတာတော့ ကြားဖူးပါလိမ့်မယ် ရောက်ဖို. တက်ဖို.ဆိုတာကတော့ အိပ်မက်တောင်မက်ခဲ့ဖူးမှာ မဟုတ်ဘူး။ ပညာအရည်အချင်းက ၆ တန်းလား ၇ တန်းလား မသိဘူး ဒါထက်မမြင့်ဘူး။ ၁၉၈၈ မှာ အသက်က ၁၅ နှစ်လောက်ပဲရှိသေးတယ်။ ဟိုယောင်ယောင် ဒီယောင်ယေါင်လုပ်တာတော့ ၀ါသနာပါတယ်။ နာမည်ကြီးချင်တယ်။ သူမိသားစုအကြောင်း အကုန်သိတယ်။ သူ.အကိုက ဆန်နီဟန်(တီးတော့) မြန်မာပြည်မှာတုံးက RIT မှာ တက်ခဲ့တယ်။ ၈၈ တုန်းက တောခိုခဲ့တယ်။ ဘုရားသုံးဆူဖက်ကို ရောက်လာဖူးတယ် ကြားတယ်။ ဆန်နီဟန်ကို ကိုနေမျိုး (ABSDF) ရဲဘော်ဟောင်းကြီး သိပါတယ်၊ တလ ၂ လလောက်ပဲ ရှိမယ် သိပ်မကြာဘူး ပျောက်သွားတယ်။ မြန်မာပြည်ပြန်သွားပြီး နောက်တော့ ဘန်ကေါက်ပြန်တက်လာပြီး UNHCR ဒုက္ခသည်အနေနဲ. အမေရိကားကို ရောက်လာပြီး အခု Buffalo, New York ဖက်မှာ ရှိတယ်လို.တော့ ကြားမိတယ်။ သူ.ညီက ထက်ထက်ဟန်(ပဲပြုတ်) အခု Australia မှာပဲနေနေပါတယ်။ ထူးထူးဟန်က ၈၈ မှာတောခိုခဲ့သေးတယ် သေ့ဘောဘိုးစခန်းကို ရောက်တယ်။ ၂ ပတ်လောက်နေတော့ ငှက်ပျောအူ မစားနိုင်တော့ ပြန်လစ်သွားတယ်။

မြန်မာပြည်မှာ အကသ အဖွဲ.၀င်အနေနဲ. ဟိုစာဝေ ဒီစာဖြန်.လုပ်ပြီး ထောင်ကျခဲ့တယ်တော့ ကြားမိတယ်။ နောက်တော့ထွက်လာပြီး ဘန်ကေါက်မှာ ဒုက္ခသည်လျှောက်ပြီး သံရုံးနိုင်ငံရေး (သံရုံးရှေ.မှာ သွားအော်တာကို ပြောတာပါ) လုပ်တယ် ခေတ်ပြိုင်ဖေါက်သည်ကြီးပေါ့။ ထူးထူးဟန်ပုံက ၈၈ တုန်းက Time magazine မှာနဲ.တူတယ် လူအုပ်လိုက်ကြီးဆန္ဒပြနေတဲ့ ပုံကိုရိုက်ထားတာ သူ.မျက်နှာက ထင်ထင်ရှားရှားကြီး ပါသွားတယ်။ ဒါကြောင့်ပြောတာထင်တယ် သူ.ကိုသူပြောတာကိုး (ကျနော်က အရမ်းနာမည်ကြီးတယ်ဆိုတာ)။
ပြောချင်တာကတော့ ထူးထူးဟန်ဟာ ဘာထောက်လှမ်းရေးမှ မလုပ်ခဲ့ မဖြစ်ခဲ့ဘူး။ ဖြစ်ဖို.လဲ အရည်အချင်းမရှိခဲ့ပါဘူး။ ကိုယ်ကျိုးအတွက် သတင်းရောင်းစားတဲ့ သူတော့ ဖြစ်ကေါင်းဖြစ်ခဲ့မယ်။ အခုကိစ္စကလဲ သူကိုယ်သူနာမည်ကြီးအောင် လုပ်တာသက်သက်ပါ။ သူတို.ကို ဟိုငယ်ငယ်လေးထဲက မျက်စေ့ရှေ.အောက်မှာ ကြီးလာတာကို တွေ.လာခဲ့တာပါ။ စစ်တက္ကသိုလ်တက်ခဲ့တယ်တို. ဆိုတာ လုံးဝမဖြစ်ခဲ့ပါဘူး။ ရပ်ကွက်ထဲ ဟေးလားဝါးလားနဲ. မူးယစ်ဆေးဝါးလေးသုံး အုပ်စုဖွဲ.ပြီး ပြသနာရှာ ရန်ဖြစ်တာကိုတော့ တွေ.ခဲ့ပါတယ်။

ကိုအောင်ဇော်နဲ. အဖွဲ.သားများရောစာဖတ်သူတွေရော ကျုနော် comment ကိုဖတ်ပြီးရင် သူ.ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို သိပါလိမ့်မယ်။ ထူးထူးဟန်တကယ်လုပ်ခဲ့တာပဲ ဆိုပြီးယုံကြည်နေသူများလဲ အမှန်သိနိုင်အောင်ပါ။ အခုသူလုပ်တဲ့ အလိမ်အညာက ပေါ်သွားရင် အာဏာရှင်တွေ တကယ်လုပ်နေတာတွေက မှေးမှိန်သွားပြီး နိုင်ငံတကကာက မြန်မာ့ဒီမိုကရေစီ အတိုက်အခံတွေကို အထင်သေးအမြင်သေး ဖြစ်သွားဖို.က သေချာနေပါတယ်။ အဲဒီတော့ အမှန်တရားပေါ်အောင် သတင်းသမားတွေကိုရော စာဖတ်သူတွေကိုပါ ဘယ်သူက ဘာလဲဆိုတာ သေချာသိအောင်လို. ရေးလိုက်တာပါ။ ’’


ဦးတင်မောင်ထူး (CFB မှ အမှုဆောင်ဒါရိုက်တာ ) ။ ။ “မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တကယ်ရှိနေတာ။ အခုလိုမျိုး ဇာတ်လမ်းတွေ ထွင်ပြောလို့ ဒါတွေဟာ မဟုတ်ခဲ့ဘူးလို့ တနေ့ သိတဲ့အချိန်မှာ တကယ်ဖြစ်ရပ်တွေအပေါ် ဖုံးကွယ်သွားပြီး စစ်အစိုးရကို အထောက်အကူ သွားဖြစ်နိုင်တယ်”။

“အများကြီး ထိခိုက်မှုရှိနိုင်တာပေါ့။ ကျနော်တို့ပြောခဲ့တဲ့ ဟာတွေက ဘာမှ လိမ်ညာပြောဆိုခဲ့တာ မဟုတ်ဘူး။ သူ ထ,လုပ်လိုက်တော့မှ ကျနော်တို့ပြောတဲ့ အရာတွေက မှန်ပေမယ့် အမှားတွေ ဖြစ်သွားနိုင်တဲ့ အချက်ပေါ့။ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တယ်။ လှုပ်ရှားမှုကို အများကြီး ထိခိုက်နိုင်တယ်”

ကိုဇေယျာဦး။ ။“ကျနော် အကဲခတ်မိသလောက်ကတော့ သူ့စကားက အမျိုးမျိုးပြောနေတော့ မယုံရဘူး။ နိုင်ငံရေးမှာလည်း ဟီးရိုးဖြစ်ချင်တာတွေ အများကြီးပဲ။ ဟုတ်တာရော၊ မဟုတ်တာရော ပါးစပ်က ပြောနေတာ။ သူနာမည်ကြီးရင် ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် လုပ်မှာပါပဲ”

အမည်မဖော်ဝံ့သူ ဒီမိုကရေစီ ဘက်တော်သား သူရဲကောင်းတစ်ဦး ။ ။ "ထူးထူးဟန် ၂၀၀၃ ခုမှာ ခြေခြင်းခတ်ပြီး လက်မှတ်ကောက် ကမ်ပိန်း လုပ်ချိန်မှာ ဒီမို အရေးနှင့် သြ စီမြန် မာအဖွဲ့ တွေက အဲဒီကောင်ကို အားမပေးနဲ့  ဒီကောင်က ထောက်လှမ်းရေး၊ ဘန်ေ ကာက်မှာ ခြေချင်း လိမ်ပြီး အတိုက်ခံ အဖွဲ့ တွေကို ဒုက္ခပေးတဲ့လူ။ ဒီလူက ခုမှ နိုင်ငံရေး ကန်ပိန်း ဆိုပြီး လျောက် လုပ်နေတာ။ တချို့ ဆရာကြီးများက သူ့ ရဲ့ ကန်ပိန်းကို စတိန့် မန့်တွေပါ ထုတ်ပြီး လုံးဝ မထောက်ခံကြောင်း ထူး ထူးဟန်သည် မြန်မာ ထောက်လှ မ်းဖြစ်ကြောင်း စစ်အစိုးရ ဖက်လြူ ဖစ်ကြောင်း ဆိုပြီး စာတွေ ဘာတွေ ထုတ်ပြီး သူ့ ရဲ့ နိုင်ငံရေး လုပ်ရပ်များကို သြစတေး လျမြန်မာ အဖွဲ့ များ လုံးဝ မထောက်ခံရန် ဆိုပြီး လုပ်လိုက်ြ ကတာ။ ခုသူက သူ့ ကိုယ်သူ ထောက်လှန်းေ ရးဟောင်းပါလို့ လဲ ၀န်ခံရော ခင်ဗျားတို့ သြစီမြ န်မာအဖွဲ့ တွေ ကမ ဟုတ်ပါဖူး မယုံပါဖူး ငြင်းပြန်ရော ဘာတွေ လဲဗျ။ အရင်က သူ့ ကိုထောက်လှန်းေ ရးလို့ စွပ်စွဲပြီး ခုသူ ကဟုတ်ပါတယ် ပြောတော့ခင် ဗျားတို့ က မယုံကြ ပန်ဖူး။’’




ကိုတင်ကို ။ ။ “ကျနော်ထင်တယ်။ နောက်ပိုင်း ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။ နောက်ပိုင်းလာတဲ့ လူတွေကို စိစစ်မှုတွေ ပိုလုပ်လာမယ်။ အရေအတွက် လျှော့ချတာတွေ ဖြစ်လာနိုင်တယ်။ သူ လီဆယ်ပြီး ပြောတယ်ဆိုရင်လည်း သြစတြေးလျအစိုးရက ဥပဒေအရ အရေးယူပါလိမ့်မယ်”


ဒေါက်တာမြင့်ချို (ယခင်ခု ဒုက္ခသည်၊ အော်ဇီ) ။ ။ "ပွင့်ပွင့်လင်းလင်း ပြောရရင် ထူးထူးဟန်ဟာ စစ်ရာဇဝတ်ကောင် တယောက် ဖြစ်နိုင်ချေ မရှိပါဘူး" “သူ လူ ၁၀၀ လောက် ဗမာပြည်မှာ သတ်ခဲ့တယ် ဆိုတဲ့ကိစ္စက ယုံဖို့ အရမ်းခက်တယ်”


ထိုင်းမြန်မာနယ်စပ်မှ အတိုက်အခံတဦး ။ ။ "အခု CoI လုပ်နေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာ ကျနော်တို့အတွက် မကောင်းတဲ့အချက်ဖြစ်ပါတယ်။ သတင်းအမှားတွေ ပေးတယ်လို့ နိုင်ငံတကာက ထင်သွားမှာ စိုးရိမ်ရပါတယ်"

ကိုတိတ်နိုင် ။ ။ “အခုလို သူပြောတဲ့ အချက်တွေက မဖြစ်နိုင်ပါဘူး၊ ထောင်ထဲမှာ ကျနော်နဲ့ တွေ့တုန်းက သူ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတယ်”





အမည်မဖော်ဝံ့သူ ဒီမိုကရေစီ ဘက်တော်သား သူရဲကောင်းတစ်ဦး (ယခု ဒုက္ခသည်၊ အော်ဇီ)။ ။ "ထူးထူးဟန်ရေ မင်းချိန်းကြိုးကြီးနဲ့ သြဇီတပတ် ပတ်တုန်းကလည်း ငါတို့မှာ ဘာမသိ ညာမသိနဲ့ မင်းနောက်လောက်ပြီး အားပေးခဲ့ရတယ်။ ခုလုပ်ပြန်ုပြီ။ ဒီမိုကရေစီအရေးကိုတော့ ထိခိုက်အောင်မလုပ်ပါနဲ့ကွာ။ မင်းနဲ့မည်ငါတို့ အားလုံးသိပြီးသားပါပဲ။ တိုက်စရာနောက်တနည်း ထပ်စဉ်းစား သူငယ်ချင်း။ ’’

ကြာကူလီစိုင်းသိန်းဝင်း။ ။ "စစ်တက္ကသို လ်တွေက ပေးတဲ့ အကောင်းဆုံး ဗိုလ်လောင်းဆုက ငွေဒါးပါ။ ရွှေဒါး မဟုတ်ပါဘူး။ ၈၇ မှာေ ကျာင်းဆင်းရင် စတသ အပတ်စဉ်-၂၈ ပေါ့။ ခုဆို အနည်းဆုံး အသက် ၄၇ နှစ်တန်းေ တွဖြစ်နေပြီ။ နောက် တစ်ချက်က ထောက်လှ မ်းရေးကို ဒုဗိုလ်အဆင့်နဲ့ ရောက်တယ် ဆိုတာလည်း တမျိုးပဲ။ ကျောင်းဆင်း ဆင်းချင်း ထောက်လှမ်းရေး တပ်ကို ဘယ်သူမှ မရောက်ပါဘူး။ ဗထူးမှာ combat သင်တန်း အရင် တက်ရတယ်။ အဲဒီက ထူးခွှန်မှ ရေကြည်အိုင်မှာ counter သင်တန်း တက်ခွင့် ရပြီး ထောက်လှမ်းေ ရးရောက်ပါတယ်။ ဒုဗိုလ်ကနေ ဗိုလ်ဖြစ်ဖို့ တစ်နှစ်သာ ကြာတဲ့အတွက် အဲဒီ တိုက်ခိုက်ေ ရးသင်တန်း၊ တန်ပြန်ေ ထာက်လှမ်းရေးသ င်တန်းနှ စ်ခုလုံး တက်ပြီးချိန်မှာ ဗိုလ်အဆ င့်ဖြစ်နေပါပြီ။ ဆိုတော့.. ထောက်လှမ်းရေးမှာ ဒုဗိုလ်အဆင့်နဲ့ တာဝန်ထမ်းေ ဆာင်ဖို့ မဖြစ်နိုင်ပါ။ နောက်ပြီး ဖမ်းဆီးရမိတဲ့ ရန် သူတွေကို အရာရှိတွေ ကိုယ်တိုင် သတ်စရာ မလိုပါဘူး။ အခြားအ ဆင့်ရဲဘော်ေ တွရှိပါတယ်။ အဲဒီ အခြားအ ဆင့်ရဲဘော်တွေ ထွက်ြေ ပးလို့ ပြန်ဖမ်း မိတဲ့ အခါမျိုးသာ အရာရှိက ပစ်သ တ်ပါတယ်’’


အတိုက်အခံအချင်းချင်း ဟားတိုက် လှောင်ပြောင်ကြ

ကိုဗျူးဗျူးလန်က ဦးရုက္ခစိုးပြောသည်ကို ဂရုမစိုက်ဘဲ “ကျနော်က စစ်တက္ကသိုလ်တက်တုန်းက ရွှေဓားဆု ရခဲ့တဲ့သူဗျ။ ကျနော့်ကိုယ် ကျနော်မို့ ပြောတာ မဟုတ်ဘူး၊ ကျနော် တော်တော် တော်ခဲ့တဲ့သူပါ” ဟု ပြောလိုက်သည်။

ကြွက်စုတ်။ ။ အဲဒီ ရွှေဓားကြီးကော … ဘယ်မှာလဲ။

ဗျူးလန်။ ။ သူငယ်ချင်းတယောက် တောင်ပြုံးပွဲမှာ နတ်ကရင် သုံးချင်တယ်ဆိုလို့ လက်ဆောင်ပေးခဲ့တယ်။

ဖိုးရှုပ်။ ။ မှားပါတယ်။ အေးလေ … ထားပါတော့ … လူ ၁၀၀ လောက်တောင် သတ်ခဲ့တာဆိုတော့ တော်တော် စွန့်စားရမှာပဲနော်။

ဗျူးလန်။ ။ စွန့်စားရတာတော့ ပြောမနေနဲ့ … ။ ကျနော်ကလည်း အဲဒီလို စွန့်စားရတာ အရမ်းဝါသနာ ပါတာလေ။ ကျနော် ငယ်ငယ်ကဆို စုံထောက်စာအုပ်တွေပဲ ဖတ်တာဗျ။ ဦးစံရှားနဲ့ ဦးဒိန်းဒေါင်ဆို ကျနော့် အသည်းစွဲပဲ။ နည်းနည်း ကြီးလာတော့ ဆားပုလင်းနှင်းမောင်တွေ အတွဲလိုက် ဖတ်တယ်။ အဲဒီလိုလူက စစ်ထောက်လှမ်းရေးမှာ ဝင်လုပ်ပြီး ချိုကုပ်ဖင်တွန့်ရဲ့ လက်ရုံး တဆူ ဖြစ်လာတာတော့ မဆန်းဘူးပေါ့ဗျာ ဟဲဟဲ။

ကြွက်စုတ်။ ။ အသတ်အပုတ်နဲ့ … ကိုယ်ခံပညာလည်း တော်တော် ကောင်းမယ့်ပုံပဲ။

ဗျူးလန်။ ။ ကောင်းတာပေါ့ဗျာ … ။ ကောင်းဆို ကျနော်က သိုင်းဝတ္ထုတွေဆို တအုပ်မှ အလွတ်ပေးတာ မဟုတ်ဘူးလေ။

ရုက္ခစိုး။ ။ အင်း … ကြွက်စုတ်ရေ … မင်းမေးခွန်းက မှားနေတာ။ ငါမေးပြမယ်။ ကိုဗျူးဗျူးလန်က လူတွေကို သေနတ်နဲ့ ပစ်သတ်တာဆိုတော့ ဘာ သေနတ်သုံးလဲ။

ဗျူးလန်။ ။ သနပ်ကတော့ အစုံပါပဲ။ အမေကလည်း သနပ်စုံလုပ်တယ်လေ။ သံပုရာသီး သနပ်ကတော့ ဒန်ပေါက်နဲ့ အလိုက်ဆုံးပဲဗျို့။

“သူ့အင်တာဗျူးကလည်း ... ဗိုက်တောင် ဆာလာပြီ” ဟု ဖိုးရှုပ်က စိတ်ထဲမှ ပြောလိုက်သည်။ ကြွက်စုတ်က ဖိုးရှုပ်အနားသို့ ကပ်၍ “ကြည့်လဲ လုပ်ဦးနော် ဖိုးရှုပ် … သူ့ကြည့်ရတာ နည်းနည်း ရွေ့နေလား မသိဘူး”

ဗျူးလန်။ ။ ဟိုလူ … ကျနော့်ကို ရွေ့နေတယ်လို့ ပြောတာလား။ ခင်ဗျားပြောတာ မှန်တယ်ဗျ။ ကျနော်က ရပ်နေရတာ မကြိုက်ဘူးလေ … ရွေ့နေရတာကို သဘောကျတယ်။ အရွေ့ရှိမှ အလုပ်သဘောဆောင်တယ်လေ။ လူတွေက ကျနော့်ကို မေ့နေကြတာဆိုတော့ ...။

ကြွက်စုတ်။ ။ မေ့တာမဟုတ်ဘူး … သိကိုမသိတာ။

ဗျူးလန်။ ။ အင်းလေ အတူတူပါပဲ။ အဲဒီလို မသိတာဆိုတော့ သိသွားအောင် ရွေ့ပြလိုက်ရတာပေါ့။

ဦးရုက္ခစိုးက “မှားပါတယ်” ဟု စိတ်ထဲက ရေရွတ်ရင်း “ကျနော်မေးတာက ပစ်တဲ့သေနတ်လေ” ဟု အမှတ်မရှိ ထပ်မေးပြန်သည်။

ဗျူးလန်။ ။ သြော် အဲဒါလား။ မသိဘူးလေ … ကျနော်က သြဇီမှာ အနေကြာလာတော့ မြန်မာပြည်က ကြက်လျှာစွန်း ဒန်ပေါက်ကို လွမ်းနေတာနဲ့ ရောသွားတာ။

ကြွက်စုတ်။ ။ ထားပါတော့ဗျာ … ဒီလောက် လူသတ်မှု ကျူးလွန်ခဲ့တဲ့သူက ကိုယ့်ကိုယ်ကိုယ် ကျူးလွန်ကြောင်း ထုတ်ပြောတာ တော်တော် ဆန်းတာပဲ။ တခြားကမ္ဘာကျော် လူသတ်သမားကြီးတွေတောင် ဘယ်သူမှ ဒီလိုမျိုး ဝန်ခံတာ မကြားဖူးဘူး။

ဗျူးလန်။ ။ အဲဒီ မေးခွန်းကို ကျနော်စောင့်နေတာပဲ။ ဒီလိုဗျ … ကျနော်က ချိုကုပ်ဒူးကြီးနဲ့ အဖွဲ့ကို နိုင်ငံတကာ စစ်ခုံရုံး အမြန်ဆုံးတင်ချင်တာလေ။ သူတို့ဘာတွေလုပ်ခဲ့တယ် ဆိုတာကို ဖြောင့်ချက်ပေးဖို့အတွက် ကျနော်အရင် အစစ်ခံဖို့ လိုတယ် မဟုတ်လား။ ကျနော့်ကိုယ်ကျနော် အရင်ဆုံး စစ်ခုံရုံးအတင်ခံမယ်။ ပြီးရင် အားလုံး ဖွင့်ပြောလိုက်မယ်။ ဒါဆို ပွဲပြီးပြီ။

ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးနဲ့ အဖွဲ့တော့ စစ်ခုံရုံး ရောက်မရောက် မသိဘူး ...၊ လောလောဆယ်တော့ ခင်ဗျား နာမည် တော်တော်ကြီးနေပြီ။

ဗျူးလန်။ ။ အဲဒါကြောင့် ခင်ဗျား ဂုဏ်ယူလိုက်စမ်းပါ။ ဒီလို နာမည်ကြီးတဲ့လူတယောက်နဲ့ အင်တာဗျူးရဖို့ လွယ်တယ် ထင်လား။

ကြွက်စုတ်။ ။ ခင်ဗျားက တကယ်ပဲ ၁၀၀ လောက်ကို သတ်ခဲ့တာလားဗျာ။

ဗျူးလန်။ ။ တကယ်တော့ ကျနော်သတ်ခဲ့တာ ၁၀၀ တောင်မကဘူးဗျ။ ပြောရင် ကြွားရာကျမှာစိုးလို့။

ကြွက်စုတ်။ ။ AAPP က ပြောတော့ ခင်ဗျားက နိုင်ငံရေးအကျဉ်းသားလည်း ဖြစ်ခဲ့ဖူးသေးတာဆို … ဘယ်အချိန်က စစ်ထောက်လှမ်းရေး ဖြစ်သွားတာလဲ။

ဗျူးလန်။ ။ အဲဒီအချိန်ကတည်းက ထောင်ထဲမှာ ထောက်လှမ်းရေး လုပ်နေပြီဗျ။ ဘယ်သူမှတောင် မရိပ်မိလိုက်ဘူး။

ဖိုးရှုပ်။ ။ ဘယ်လို … ဘယ်လို … ထောင်ထဲမှာ ကတည်းက ထောက်လှမ်းရေး လုပ်နေပြီ ဟုတ်လား။

ဗျူးလန်။ ။ ဟုတ်တယ်လေ … အဲဒီတုန်းက ဝဲယားလို့ ကုတ်တာကို ထောင်မှူးကို အဝှာပြပါတယ်ဆိုပြီး ကျနော့်ကို ရိုက်တာနဲ့ ကျနော့် ခြေထောက်တဘက် နာသွားတယ်။ အဲဒီကနေ ထောက်ထောက်ပြီး လှမ်းရတော့တာပဲ။

ကြွက်စုတ်။ ။ ရှုပ်ကုန်ပြီ ဖိုးရှုပ်ရေ … ငါတော့ ရူးချင်လာပြီ။

ဗျူးလန်။ ။ မရှုပ်ပါနဲ့ဗျ … ကျနော်သေချာ ရှင်းပြမှာပေါ့။

ရုက္ခစိုး။ ။ အဲဒါဆို ရှင်းကွာ … ၁၀၀ ကျော်သတ်ခဲ့တယ်ဆိုတာ ဘယ်တုန်းက ဘယ်လို သတ်ခဲ့တာလဲ။

ဗျူးလန်။ ။ ထောင်ထဲမှာတင် သတ်တာလေ။

ကိုဗျူးဗျူးလန် စကားကြောင့် အားလုံး အံ့သြသွားကြသည်။

ဗျူးလန်။ ။ အံ့သြသွားသလား … မအံ့သြပါနဲ့ဗျာ … ကျနော် တကယ်ကို သတ်ခဲ့တာပါ။ အကောင် ၁၀၀ ကျော်တယ်။ အားလုံးကို နံရံမှာကပ်ပြီး အသေသတ်ခဲ့တာ။ သွေးတွေ … သွေးတွေဆိုတာ မြင်မကောင်းဘူး။

ကြွက်စုတ်။ ။ အကောင် ၁၀၀ ကျော် ဟုတ်လား။

ဗျူးလန်။ ။ ဟုတ်တယ်လေ …။ ကြမ်းပိုးအကောင် ၁၀၀ ကျော်ကို နံရံမှာကပ်ပြီး အသေဖိသတ်ခဲ့တာ … ဘာရမလဲ။ ကျနော့်သွေးကို စုတ်တဲ့ကောင်တွေပေါ့။

ရုက္ခစိုး။ ။ မှားပြန်ပြီ … တခါ။

ထိုစဉ် ချင်းမိုင် စိတ်ရောဂါကု ဆေးရုံအတွင်းမှ ဆရာဝန်တဦးနှင့် သူနာပြု ၃ ဦး အပြေးထွက်လာကြသည်။

ဗျူးလန်။ ။ ဟာ … သတင်းထောက်တွေ လာကြပြန်ပြီ။ သူတို့မသိအောင် တိတ်တိတ်လေး ထွက်လာခါမှဗျာ။ အဲဒါပဲ ကျနော် နာမည် ဘယ်လောက် ကြီးနေလဲဆိုတာသာ ကြည့်တော့ ...။

ဖိုးရှုပ်။ ။ သတင်းထောက်တွေ မဟုတ်ပါဘူး … ဆရာဝန်နဲ့ သူနာပြုတွေပါ။

ဆရာဝန်နှင့် သူနာပြုများ သူတို့အနားသို့ရောက်လာပြီး ထိုင်းဘာသာစကားနှင့် ပြောသည်ကို တိုက်ရိုက် ပြန်ဆိုပြပါမည်။

ဆရာဝန်။ ။ ဖမ်းထားပါ … ဖမ်းထားပါ။ သူ့ကို ဆေးရုံတင်ထားတာ … ဘယ်အချိန်က လွတ်သွားလဲ မသိလိုက်ဘူး။

သူနာပြု ၂ ဦးက သူ့အနားသို့ကပ်၍ လက်ကို ဖမ်းချုပ်လိုက်သည်။

ဗျူးလန်။ ။ ရပါတယ်ဗျာ … ကျနော့်လက်ကို ဆွဲမထားလည်း ဖြေမှာပါ။ ကျနော့်ကို တွေ့ချင်တဲ့သူတွေက အရမ်းများနေလို့ အချိန် ခွဲပေးနေရလို့ပါ။ ညနေကျရင်လည်း အိုဘားမားနဲ့ စကားပြောဖို့ ချိန်းထားသေးတယ်။ ဘန်ကီမွန်းကလည်း တွေ့ချင် တယ်တဲ့ … ။ အင်း … နာမည်ကြီးရတဲ့ ဒုက္ခ … နာမည်ကြီးရတဲ့ ဒုက္ခ။

ဆရာဝန်။ ။ မြန်မြန်လိုက်ခဲ့ပါ … ခင်ဗျား မိန်းမ စိတ်ပူနေပြီ။

ဗျူးလန်။ ။ မိန်းမက အရေးမကြီးပါဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်နေတဲ့အချိန်မှာ ဒါတွေ လာမပြောနဲ့။ ချိုကုပ်ဒူးကြီးကို စစ်ခုံရုံးတင်ပြီးရင် ကျနော် ကမ္ဘာကျော်ပြီ …။ အဲဒီအချိန်ကျမှ အင်တာဗျူးလိုချင်တယ် ဆိုရင် ခင်ဗျားတို့ တန်းစီရမှာနော်။ ဆောရီးဗျာ … ကျနော် လူတိုင်းနဲ့ စကားမပြောနိုင်တာ မာနကြီးတယ်လို့ မထင်ပါနဲ့ ...။ ကျနော့်ကို လူတိုင်းက သိပေမယ့် ကျနော်ကတော့ လူတိုင်းကို ဘယ်သိနိုင်ပါ့မလဲ ...။

ဆရာဝန်နှင့် သူနာပြုများက ကိုဗျူးဗျူးလန်ကို ဆွဲခေါ်သွားကြသည်။ ပါးစပ်မှ ဆီမန်းမန်းသကဲ့သို့ တတွတ်တွတ်ရွတ်ရင်း လိုက်ပါသွားသည်ကို ကြည့်ရင်း ကျန်ခဲ့သူ သုံးဦးမှာ နဖူးကို လက်နှင့်ရိုက်၍ “မှားပြန်ပြီ” ဟု ပြိုင်တူ ရေရွတ်မိလိုက်ကြ လေတော့သတည်း။ ။




ဒီမိုကရေစီ ဘက်တော်သား ဆိုသူများက သူများနောက်လိုက်ပြီး ဟေးလားဝါးလားပဲ လုပ်ဖို့စိတ်ကူးနေကြတာပါ။ အစိုးရဆန့်ကျင်တဲ့ ဘယ်သူဘာလုပ်လုပ် လက်ခုပ်တဖြောင်းဖြောင်းတီးပြီး ထောက်ခံနေကြပါတယ်။ အကျိုးအကြောင်းခြင့်ချိန်နိုင်စွမ်းမရှိကြတော့ပါဘူး။ ဦးနောက်တွေကလည်း မသုံးတာကြတော့ မှိုတွေ တပ်နေကြပါပြီ။ အခြေအနေကို ခြုံငုံသုံးသပ်ရရင်တော့ အတိုက်အခံ ဒီမိုကရေစီဘက်တော်သားများထဲတွင် စိတ်မမှန်သူများစွာရှိနေတာ အသေအချာပါပဲ..။ ဒါ့အပြင် အချင်းချင်း တိုင်ပင်မှု၊ စည်းလုံးမှု၊ ညှိနှိုင်းမှုမရှိကြပါဘူး။ ကိုယ်ထင်ရာကိုယ်လုပ်နေကြသူများဖြစ်ကြပါတယ်။ အဖွဲ့ငယ်ပေါင်းများစွာကွဲနေပြီး သူတလူငါတမင်းနဲ့ အစိုးရမကောင်းကြောင်းပြောချိန်တစ်ခုပဲ တက်ညီလက်ညီ ဝိုင်းအော်ကြပြီး ကျန်တဲ့အချိန်တွေမှာတော့ ခွေးတွေလို စောင်နေကြပါတယ်။



ပြီးခဲ့တဲ့လကလည်း အံ့ဘုန်းမြတ် နဲ့ အောင်မျိုးမင်း၊ ဇာနည်မောင်တို့က အခြောက်ကြီးတွေ ဖြစ်နေကြောင်း နီးစပ်သူများက ဆိုကြပြန်ပါတယ်။ တစ်ခါတုန်းကလည်း ဝေနှင်းပွင့်သုန်က မပြောမဆိုနဲ့ ကရိန်းပေါ်ကနေ ကြိုးနဲ့ခုန်ချပြလိုက်ပါသေးတယ်။ ဇိုရဖမ်းနဲ့ ဝေနှင်းပွင့်သုန် တို့ကလည်း တစ်လင်နှမယား လုပ်နေကြတယ်လို့ ဗြိန်တိန်ရောက် မြန်မာအသိုင်းအဝိုင်းက ဆိုပါတယ်။ RFA က မင်ကြင်းနိုင်တစ်ယောက်လည်း VOA က သားညွန့်ဦးနဲ့ ကလေး တစ်ယောက်ရှိနေတာကို စိုင်းသိန်းဝင်းနဲ့ ပြီးခဲ့တဲ့ လပိုင်းအတါင်းမှာပဲ နောက်မီးလင်းခဲ့ပြန်ပါတယ်။ နောက်ထပ် RFA က မစုမွန် ကလည်း ဂျေဂျူဝိုင် ဆိုတဲ့ ဘုန်းကြီးနဲ့ ကြိုက်ခဲ့လို့ ပြဿနာ အကြီးကြီးတက်ခဲ့ဖူးပါသေးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကပဲ နော်ဝေရောက် ဒုက္ခသည်မလေး မေကိုလတ် က ရုရှားက စစ်ဗိုလ်လေးတွေဆီမှာ အတူသွားပြီး အိပ်ခဲ့ပါသေးတယ်။ မေးကိုလတ်အမေ မဗေဒါ (ခေါ်) မအေးအေးခိုင်ကလည်း ယောကျာ်ားနှစ်ယောက် ယူထားပါတယ်။ နောက်ထပ် မငယ်နိုင် ရဲ့ နောက်မီးလင်း သတင်းနဲ့ မိုးသွေးငယ်ရဲ့ ကြာကူလီသတင်းတွေကလည်း ပြန့်နေပါသေးတယ်။ မြန်မာအတိုက်အခံလောကအကြောင်းပြောရရင်တော့ စိတ်ပျက်စရာတွေက တပုံကြီးပါပဲ။ ခြုံငုံသုံးသပ်ရရင်တော့ ဒီမိုကရေစီဘက်တော်သား ယောက်ျားအများစုက စိတ်ဖောက်ပြန်သူများ၊ ကြာကူလီရိုက်သူများ၊ အခြောက်များ၊ မိန်းမဆန်ဆန် အတင်းတုတ်သူများ ဖြစ်ကြပြီး အမျိုးသမီးအများစုမှာ ယောက်ျားတစ်ယောက်နဲ့ မတင်းတိမ်နိုင်သူများ၊ နောက်မီးလင်းသူများ၊ ဘုန်းကြီးတောင်မရှောင် ကြိုက်သူများ၊ မနေနိုင်မထိုင်နိုင် ယောက်ျားလေးတွေ ရှိတဲ့ တိုင်ပြည်ထိ သွားရောက် အတူအိပ်သူများ ဖြစ်ကြပါကြောင်း ခြုံငုံသုံးသပ်လိုက်ရပါတယ်ခင်ဗျား....။