အိုမန်အသင်းက ၂ဂိုးပြတ် အနိုင်ရခဲ့ချိန်တွင် ကွင်းအတွင်း လေးဘက်လေးတန် ပြည့်ကျပ်စွာ ရောက်ရှိနေကြသည့် ၄သောင်းကျော် ၅သောင်းခန့် ပမာဏရှိ ပရိသတ်များထဲမှ ဆိုးသွမ်း ပရိသတ် အချို့က ကွင်းအတွင်းသို့ အရာဝတ္ထု မြောက်မြားစွာဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်က အခြေအနေအား ထိန်းသိမ်းနိုင်ရန် ခေတ္တရပ်နားခဲ့ရပြီး ၁၀မိနစ်ခန့် အကြာတွင် ပွဲအား ပြန်လည် စတင်စေခဲ့သည်။ သို့သော် ပွဲပြန်လည် စတင်ချိန်တွင် အိုမန် အသင်း ဂိုးသမားနှင့် အရှေ့တန်း ဘက်မှ စည်းကြပ်ဒိုင် တို့အား ခဲများဖြင့် ပစ်ပေါက် ခဲ့ကြပြန်ရာ ပွဲအား တစ်ဖန် ရပ်နားခဲ့ရပြန်သည်။ ထို့နောက်တွင် ပွဲအား ပြန်လည် စတင်နိုင်ရန် အတွက် ပရိသတ်အား ထိန်းသိမ်းနိုင်ရန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ကွင်း လေးဘက်လေးတန် လိုက်လံ တောင်းပန်ခဲ့သည်။ တပြိုင်တည်းတွင် ပရိသတ်များ ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်နေမည် ဆိုပါက ပွဲရပ်နားခံရဖွယ် ရှိကြောင်း တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် ဆက်တိုက် သတိပေး မေတ္တာရပ်ခံ ခဲ့ကြသည်။ သို့သော် ကွင်း လေးဘက်လေးတန် ပရိသတ်များအား လိုက်လံ တောင်းပန် မေတ္တာရပ်ခံသည့် ဦးဇော်ဇော်နှင့် အဖွဲ့အား အရာဝတ္ထုများဖြင့် ပစ်ပေါက်သူ အချို့ ရှိခဲ့ပြန်သည်။
တာဝန် ရှိသူများက အကြိမ်ကြိမ် မေတ္တာရပ်ခံ တောင်းပန်ခဲ့ကြ သည့်တိုင် ဆိုးသွမ်း ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထု မြောက်မြားစွာဖြင့် မရပ်မနား ပစ်ပေါက်ခဲ့ရာ ထီးအလက်ပေါင်း ၂၀ကျော်၊ ဖိနပ်ပေါင်း များစွာ၊ ခဲများနှင့် ကွန်ပါဆူး ကဲ့သို့ အရာများပင် ပါဝင်ခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ယခုပွဲစဉ်အား လာရောက် ကြီးကြပ်သူနှင့် ဒိုင်လူကြီးများက ပွဲအား ရပ်နားရန် လိုလားခဲ့ကြ သော်လည်း တာဝန် ရှိသူများက အကြိမ်ကြိမ် တောင်းပန်ကာ ဖျက်သိမ်းရသည့် အနေအထားသို့ မရောက်ရှိရေး ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဆိုးသွမ်း ပရိသတ်များ သောင်းကြန်းမှုမှာ ရပ်တန့်သွားခြင်း မရှိခဲ့ရာ ညနေ ၆နာရီခန့်တွင် ပွဲအား ရပ်နားလိုက်ရပြီ ဖြစ်ကြောင်း၊ နောက်ထပ် ပွဲစဉ်များ ထပ်မံ ကစားရရန်ပင် မသေချာ တော့ကြောင်း ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မိုက်ခရိုဖုန်းဖြင့် အသိပေး ကြေညာသွားခဲ့သည်။ ထို့အတူ အပြစ်တင်မည် ဆိုပါကလည်း ၎င်းကိုသာ အပြစ်တင်ကြ ပါတော့ဟုလည်း ထည့်သွင်း ပြောကြား သွားခဲ့သည်။
"မြန်မာကွ၊ မြန်မာလို့ အော်ပြီးတော့ ကျောက်ခဲတို့၊ ကွန်ကရစ်ခဲတို့နဲ့ပစ်နေကြတာ၊ ထီးလည်းပါတယ်၊ အရက်ပုလင်းခွံ၊ ရေသန့်ဘူး၊ ကွန်ပါချွန်၊ ဖိနပ်တွေနဲ့ ပစ်နေတာ၊ လက်ရှိကွင်းက ပြင်နေတာဆိုတော့ အဲဒီက ကွန်ကရစ်ခဲတွေနဲ့ ထုနေကြတာ" ဟု အဆိုပါပွဲစဉ်သို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က တယ်လီဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့သည်။
ပွဲချိန်ပထမပိုင်းတွင် မြန်မာအသင်းဘက်သို့ ပင်နယ်တီပြစ်ဒဏ်ဘော ပေးလိုက်ရချိန် နောက်ပိုင်းတွင် ပရိသတ်မှာ ပိုမိုကြမ်းတမ်းစွာ ဆူပူညံပေါက်ကွဲ လာခဲ့ပြီး ယင်းသို့ ကွင်းအတွင်းသို့ ရရာပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ရာ အိုမန်ဘောလုံးအသင်း၏ နည်းပြဖြစ်သူမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒိုင်လူကြီးနှင့် နှစ်ဘက်အသင်း အားကစားသမားများအပါအဝင် လူနှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၄င်းက ဆက်လက်သတင်းပေးပို့သည်။
"ရေသန့်ဘူးနဲ့ ပစ်ပေါက်ရုံလောက်ဆိုရင်တော့ ပွဲပြန်စလို့ ရနိုင်ပေမဲ့ ဒိုင်လူကြီးတွေ၊ နည်းပြတွေကိုပါ ထိခိုက်လာတာကြောင့် ပွဲပြန်စဖို့အတွက် ခက်ခဲနေပါတယ်" ဟု ဦးဇော်ဇော်က ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ပြောကြားသည်။
နောက်ဆုံးရရှိသော သတင်းများအရ ပရိသတ်အချို့မှာ ကွင်းအတွင်းမှ ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း ပွဲပြန်စရန်အတွက်မူ အခက်အခဲများ ရှိနေသေးကြောင်း သိရှိရသည်။
14 comments:
မြန်မာတွေ စောက်ဆင့်ကိုမရှိဘူး
တကယ်ရှက်ဖို့ကောင်းတယ်
မြန်မာတွေ ကမ္ဘာကိုရင်ဘောင်တန်းပီး ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး..စောက်ရှက်
ရအုံးမယ် ဒီမိုကရေစီ...စောက်အဆင့်အတန်းကိုမရှိဘူး.. အတိုက်အခံမီဒီယာ တွေကလည်း ဒီမိုကရေစီသာအော်နေတယ် အဆင့် အတန်းမရှိဘူး..ကွင်းထဲကို ရဲတွေဝင်လာလို့ ပစ်တာတဲ့ လုံခြုံရေးမရှိရင်လည်း မရှိလို့ ရှိတော့လည်းရှိလို့... အပစ် တင်စရာမရှိ ကြံဖန်တင်တယ်..မြန်မာနိုင်ငံ ဒီမို ကရေစီနဲ့ မတန်တော့ဘူး.. ဇော်ဇော် မဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည် ၀င်တောင်းပန်လည်း အဲဒီ အဆင့်မရှိတဲ့ကောင်တွေက ပစ်မှာပဲ..
အဆိုပါ မြန်မာအသင်းနဲ့ အိုမန်အသင်းဘောလုံးပွဲရပ်နားလိုက်ရသည့် အဓိကအကြောင်းရင်းကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများမှ စုံးစမ်းရေးကော်မရှင်ချက်ခြင်းဖွဲ့၍ ဖေါ်ထုတ်ရာ KIA သောင်းကျန်းသူများ၏ မြေအောက်အဖွဲ့အစည်းနဲ့ KNU DKBA SSA တို့ပူးပေါင်း၍ မသိနားမလည်ရိုးသားသော မြန်မာ့ဘောလုံးပရိတ်သတ်ကို သွေးထိုးလှုံဆော်ခြင်း၊ ဦးဆောင်၍ ရေသန့်ဗူးများ ခဲလုံးများဖြင့် စတင်ပစ်ပေါက်ခြင်းတို့ ကိုပြုလုပ်ခဲ့ကြောင်းသိရပါသည်၊ ထိုကြောင့် အထက်ကပါ UG များအား အပူတပြင်းလိုက်လံစုံစမ်းဖေါ်ထုတ်လျှက်ရှိရာ ပြည်သူများမှလဲ ပူးပေါင်းဆောင်ရွက်ကူညီပေးပါရန်ပန်ကြားအပ်ပါသည်။
(တိုင်းပြည်အုပ်ချုပ်တဲ့ သူတွေ ကိုယ်တိုင်ကအရှုံးကို မှလက်မခံနိုင်တာ။ ဒီနိုင်ငံ၊ဒီအစိုးရ၊ဒီလူတွေနဲ့ တော့ ဟုတ်နေပါပြီ။ အရှုံးကို လက်ခံနိုင်ရမယ်တယ်ဆိုတာ အစိုးရက စပြီး ပြသရမှာ။ အခုတော့ မဲလိမ်၊ မဲခိုး၊ မဲပုံး ခိုးသယ်ပြီး ကြိုတင်မဲနဲ့ ပက်ပက်စက်စက် အနိုင်ယူပြခဲ့တာဆိုတော့လည်း၊ ပြောရင်းနဲ့ ဒီဘူတာကို ဆိုက်ပြန်ပြီ။ ဘူတာကြီးဆိုတော့လည်း...)
ကြိုက်ပါတယ်ဗျာ...သာတဲ့လူနဲ့ပေါင်းစားတဲ့ ဇော်ဇော်လူထုကိုသူပြောတိုင်းရမယ်ထင်နေတာ ရီရတယ်.. ကိုယ့်လူရေကိုယ့်စကားကိုလူအများနားထောက်ပြီး နောက်ကနေအထောက်အပံ့ပေးဖို့ဆိုရင်ကိုယ်ကမှန်ဘို့လိုတယ်ဗျ ..လူထုကခံရလွန်းလို့ ပေါက်ကွဲခါနီးနေပြီ ...
ဟုတ်...ဟုတ်....
စုတ်ချာတဲ့ နည်းလမ်းတွေနဲ့
စုတ်ချာတဲ့ အုပ်ချုပ်မှုအောက်မှာ
စုတ်ချာတဲ့ အသင်းဖြစ်နေလို့
စုတ်ချာတဲ့ လူတချို့က
စုတ်ချာမိတဲ့ အပြုအမူအတွက်
စုတ်ချာတဲ့ စိတ်ဓာတ်နဲ့ တာဝန်မယူရဲပဲ..
လူတကာကို လက်ညှိုးထိုး စွပ်စွဲတာကတော့
တာဝန်ရှိသူတွေရဲ့.....
ပိုပြီး စုတ် ပြတ်သတ် လန်ပြန် ညစ်ပတ်နေတဲ့
စိတ်ဓာတ်ကို ဖော်ပြလိုက်တာပါပဲ....
ဘောလုံးပွဲပျက်ရတာလဲ အစိုးရနဲ့ စစ်တပ်ကြောင့်ပဲလို့ ပြောကြတာပါလား
မင်းတို့အမေလင် အစိုးရက ပြည်တွင်းမှာ ဘောပွဲတွေ ကျင်းပနိုင်အောင် အားကာ က စီမံနေတာဟ
နိုင်ငံခြားရောက်သွားကြတဲ့ ဒုက္ခသည်တွေနဲ့ ဒီလူတွေနှင့် အတူတူပဲ။
မတူတာ တစ်ုခပဲ ရှိတယ် နို်ငံခြားရောက်သွားရင်တော့ သနားအောင် မျက်နှာငယ်လေးနဲ့ အမျိုးမျိုးလျှောက်ပြောကြတယ်။ ပြည်တွင်းမှာတော့ သနားစရာတကွက်မှမရှိဘူး ရွံ့စရာတောင်ကောင်းတယ်။ စည်းမရှိကမ်းမရှိ
ဒါတွေအားလုံးကကျွန်တော်တို့မြန်မာတွေရဲ့အဆင့်အတန်း ကိုပြပါတယ်။ဘယ်ပွဲမဆိုဖျက်လိုဖျက်ဆီးလုပ်တဲ့အကျင့်တွေ ကတော်တော့်ကိုရိုင်းပါတယ်။လေးခွနဲ့ပစ်၊ဂျင်ကလိနဲ့ပစ်တဲ့ အဆင့်ကတော့တော်တော်လေးနိမ့်ကျပါတယ်။အောက်တန် ကျတယ်လို့ပြောရင်မမှားလောက်ပါဘူးနော်။ဘောလုံးဆိုတာ ကနိုင်ချင်နိုင်မယ်၊ရှုံးချင်ရှုံးမယ်လေ။ဒါအားကစားပါ။ဒီအတိုင်း သာဆက်သွားရင်တော့မြန်မာ့ဘောလုံးကတော့အပေါ်ဆုံးကို ဘယ်တော့မှမရောက်နိုင်ပါ။ဒီလိုကိစ္စမျိုးတွေကအောက်တန်းစား တွေလုပ်တဲ့လုပ်ရပ်ပါ။ဘောပွဲမှမဟုတ်ပါဘူး။ကျွန်တော်တိုစီစဉ် တဲ့ Live show ပွဲတွေဆိုရင်လည်းခုန်တွေကိုရိုက်ချိုး၊ရေသန့်
ဘူးတွေနဲ့ပေါက်နဲ့အဆင့်မရှိတဲ့အဖျက်သမားတွေသိပ်များပါ
တယ်။
Regard by: X
ရောက်လာပါတယ်.... ဒီပို.စ်ကိုတော့ ထောက်ခံပါ၏... မြန်မာတို. စိတ်ဓါတ်နှင့် အကျင့်စရိုက်များ ပြုပြင်ရန် အများကြီးလိုသေး၏ လူတဦးချင်း တယောက်ချင်း မိမိတို. ကိုယ်တိုင်သိမြင် ပြုပြင်ဖို.လို၏ ယခု အဖြစ်သည်ကား လူမျိုးကိုချစ်ခြင်း အားပေးခြင်းမဟုတ် ။ လူမျိုး ဂုဏ်သိက္ခာကျဆင်းစေခြင်း ၊ မိမိ ဒေါသကို ထွက်ပေါက်ပေးခြင်း သာဖြစ်၏
ကျေးဇူးတင်ပါသည်
SV
I like this
ဟုတ်...ဟုတ်....
စုတ်ချာတဲ့ နည်းလမ်းတွေနဲ့
စုတ်ချာတဲ့ အုပ်ချုပ်မှုအောက်မှာ
စုတ်ချာတဲ့ အသင်းဖြစ်နေလို့
စုတ်ချာတဲ့ လူတချို့က
စုတ်ချာမိတဲ့ အပြုအမူအတွက်
စုတ်ချာတဲ့ စိတ်ဓာတ်နဲ့ တာဝန်မယူရဲပဲ..
လူတကာကို လက်ညှိုးထိုး စွပ်စွဲတာကတော့
တာဝန်ရှိသူတွေရဲ့.....
ပိုပြီး စုတ် ပြတ်သတ် လန်ပြန် ညစ်ပတ်နေတဲ့
စိတ်ဓာတ်ကို ဖော်ပြလိုက်တာပါပဲ....
အရူးမ SV
အခြောက်တိုက်ထောက်ခံနေတယ်။
>>ဗိုလ်ချုပ်ပြောသည့် ဘောလုံးမနိုင်ရင် လူချမယ် ဆိုတဲ့ ဒီမိုကရေစီ မြန်မာပရိတ်သက်<< ဆိုတော့ အဲဒီပရိသတ်က အကုန် ဒီမိုကရေစီ ပရိတ်သတ်မှန်း ဘယ်လိုလုပ် သိလဲမသိဘူးနော်.. သူတို့ ပြောတော့ ပြည်သူအများစုက ကြံ့ဖွတ် အစုတ်ပလုတ်အဖွဲ့ ကြီးကို ထောက်ခံလို့  ကြံ့ဖွတ်အဖွဲ့ ကြီး ရွေးကောက်ပွဲမှာ နိုင်သွားတယ်ဆို။ ဘယ်လိုလုပ် အခုမှ အကုန်လုံးဒီမိုကရေစီ မြန်မာပရိတ်သက် ဖြစ်နေရတာလဲ။ ရှင်းပါဦး
... မြန်မာတို. စိတ်ဓါတ်နှင့် အကျင့်စရိုက်များ ပြုပြင်ရန် အတွက် တိုင်းပြည်အုပ်ချူပ်သူတွေက စ ပြင်ရမယ်ဆိုတာ မသိဘူးလား။ သူတို့ က ခိုးနေပြီး သူများကို မခိုးနဲ့ ပြောလို့ ရပါ့မလား
> နတ်ဆိုး <
နောက်ဆုံးတော့လဲဒီဘူတာပဲဆိုက်ကြပြန်တာပဲ..
ပြောရင် မကောင်းဖြစ်တော့မယ် အမိယုတ်တော့ နှုတ်ကြမ်း၏ အဖယုတ်တော့ ကိုယ်ကြမ်း၏တဲ့ ကဲ..အဆွေ သင် ဘယ်အတန်းစားထဲကဘာလိမ့်...
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်