Subscribe to our RSS Feed

ငလျင်ဒဏ်ကြာင့် ပျက်စီးခဲ့သည့် မန်းစွယ်တော်ဘုရားစိန်ဖူးတော် အသစ်ပြန်လည် ပြုပြင်မည်

From :popular

နိုဝင်ဘာ ၁၁နေ့ရက်နေ့တွင် လှုပ်ခက်ခဲ့သောငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော စွယ်တော်ဘုရားစိန်ဖူး တော်အား ဒီဇင်ဘာလအတွင်း အသစ်ပြန်လည် ပြုလုပ်တပ်ဆင

်သွားမည်ဖြစ်ကြောင်း မန်းတိုင်းသာသနာရေး ၀န်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဘုရားစိန်ဖူးတော်ကို အရင်ပုံစံနဲ့ ပုံစံတူ ပြန်လည်ပြုလုပ်သွားမှာပါ။ ဒီဇင် ဘာလအတွင်းလုပ်ဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းထားပါတယ်။ ရတနာပစ္စည်းတွေကလည်း အားလုံးနီးပါးပြန်တွေ့ ပါတယ်။ အနည်းအကျင်းလောက်ပါပဲ။ ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်သွားမှာပါ ဟု ၀န်ကြီးက ပြောသည်။
နိုဝင်ဘာ ၁၁နေ့မနက်တွင်အင်းအား ၆.၈ရစ်ချတာစကေးရှိ ငလျင်လှုပ်ခက်ခဲမှုကြောင့် မန်းလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ စွယ်တော်ဘုရား စိန်ဖူးတော် ပြိုကျပျက်စီးခဲ့သည်။ အဆိုပါပျက်စီးမှု ကြောင့် ရှာဖွေမှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပထမအကြိမ်ရှာဖွေမှုတွင် စိန်ကြီး ၁ပွင့်၊ ပတ္တမြားသုံးပွင့်၊ နီလာ ၄ပွင့်၊ မြ ၄ပွင့်၊ ဥသ(သကြီး)ဖာ ၄ပွင့်၊ ဂေါ်ပိတ် ၃ပွင့်၊ ပုလဲ ၃ပွင့်၊ သန္တာ(ယူဆ) ၃ပွင့်၊ အခြားစိန်သေးများ ၉၄ပွင့် ပြန်လည်တွေ့ရှိသည်။ ဒုတိယအကြိမ်ရှာဖွေမှုတွင် စိန်ပွင့်သေး ၄ပွင့်၊ နီလာ ၁ပွင့်၊ ငါးပွင့်ဆိုင်ပန်းပွင့်ပုံစံအနီ ရောင်ကျောက် ၁ပွင့်၊ မီးခိုးရောင်ကျောက် ၁ပွင့်၊ ရွှေစအသေး ၁ခု၊ အဖြူရောင်ကျောက် ၁ပွင့်၊ အကြည်ရောင် ကျောက် ၁ပွင့် ၊ သလင်းကျောက်အပိုင်းစအကြီး ၁ခု၊ အသေး ၄ခု၊ အမျိုးအမည်မသိကျောက်အဖြူရောင် အလတ်စားအရွယ် ၃ပွင့်၊ အသေး ၁ပွင့်၊ သံဖြင့်ပြုလုပ်ထားသော ထိပ်နှစ်ဘက်တွင် ကွင်းသွားပါသည့် သံထည် ပစ္စည်းတို့ကို ပြန်လည်တွေ့ရှိခဲ့သည်။ ပြန်လည်တွေ့ရှိသည့် ပစ္စည်းများကို အလှူခံဌာနရှိ မီးခံသေတ္တာထဲတွင် သိမ်းဆည်းထားကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရှာဖွေမှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အားလုံးနီးပါးပြန်တွေ့ပါတယ်။ စိန်ဖူးတော်က ရတနာမျိုးစုံပါဝင်တာ ကြောင့် ကျတဲ့အခါမှာ လွင့်စင်ပျောက်ဆုံးမှုအနည်းငယ်တော့ရှိပါတယ်။ ရှာဖွေတဲ့အခါမှာလည်း ဂေါပကအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့အတူ ယန္တယားတပ်က ရဲဘော်တွေ၊ လံခြုံရေးတာဝန်ခံအရာခံဗိုလ်၊ ရဲတပ်ဖွဲ့တို့နဲ့ပေါင်းပြီး သက်ဆိုင်ရာ သြ၀ါဒစရိယဆရာတော်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စခန်းမှူး၊ ခရိုင်သာသနာရေးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ့ရဲ့ရှေ့မှာ သေချာစစ်ဆေးပြီးမှ ရှာဖွေစေပါတယ်။ စိန်ဖူးတော်ပြန်တင်ဖို့အတွက် ငြမ်းဆင် ဖို့လည်း ညှိနှိုင်းစည်းဝေးမှုတွေလုပ်နေပါတယ် လို့ အဆိုပါ တာဝန်ရှိသူက ပြောသည်။
စိန်ဖူးတော်ကို ရွှေ၊ ရတနာပစ္စည်းမျိုးစုံနှင့် ပြုလုပ်ထားပြီး မူလစိန်ဖူးတော်အလေးချိန်မှာ ရွှေ ၁၄၆.၉၈ကျပ်သား၊ ကျောက် မျက်ရတနာမျိုးစုံမှာ ၁၃.၇၉ကျပ်သားရှိကြောင်းသိရသည်။
  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်