Subscribe to our RSS Feed

နိုင်ငံတော် သမ္မတဦးသိန်းစိန် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကို သွားရောက် ဖူးမြော်ကြည်ညို

From : သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ ၂၅

မန္တလေးမြို့တွင် ရောက်ရှိနေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းနှင့် ပြည်ထောင်စုဝန်ကြီး များလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် နံနက် (၇) နာရီတွင် မဟာမုနိရုပ်ရှင်တော် မြတ်ကို ရောက်ရှိကြပြီး ပန်း၊ ဆွမ်း၊ ရေချမ်း၊ ဆီမီးနှင့် နံ့သာတိုင်များကပ်လှူ၍ဖူးမြော် ကြည်ညိုသည်။

ထို့နောက် ရုပ်ရှင်တော်မြတ်ကို ရွှေသင်္ကန်းများ ကပ်လှူကြပြီး အလှူငွေများပေးအပ် လှူဒါန်းကြသည်။

ဆက်လက်၍ ဘုရားဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးကြပြီး ဘုရားပရိဝုဏ်အတွင်း လှည့်လည်ကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတသည် ဘုရားဖူးလာပြည်သူများနှင့် ဘုရားစောင်းတန်းတွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေကြနေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်