Subscribe to our RSS Feed

“ဒီဇင်ဘာ ၁၄ မတိုင်မီ မှတ်ပုံမတင်သည့် မြန်မာလုပ်သားများ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားရေး ၀န်ကြီှးဌာနက ဆုံးဖြတ်”

From : popular

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ ဒီဇင်ဘာ ၁၄ ရက်နေ့ မတိုင်မီ နိုင်ငံသား စိစစ်ရေး ရုံးများ၌ မှတ်ပုံတင်ခြ

င်းမပြုပါက နေရင်းတိုင်းပြည်သို့ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမားရေး ၀န်ကြီှးဌာနက ဆုံးဖြတ် အတည်ပြုခဲ့သည်။

ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ခြင်းမပြုရသေးသည့် မြန်မာလုပ်သား တစ်သန်းခန့် ရှိနေရာ မြန်မာအလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး မှတ်ပုံတင်ရန် နောက်ဆုံးရက်အား နောက်ထပ်ခြောက်လ သက်တမ်း တိုးပေးရန် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူ များက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၂၆ ရက်နေ့ က ဆွေးနွေးခဲ့ကြသော်လည်း ထိုင်းအလုပ်သမားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး Prawit Khiangpol ကမူ နိုင်ငံခြားအလုပ်သမားများ မှတ်ပုံတင်ခြင်းသည် အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် ဆောင် ရွက်ခြင်းဖြစ်သောကြောင့် ထပ်မံသက်တမ်းတိုးပေးရန် မဖြစ်နိုင်ဟု ဆိုသည်။

နိုင်ငံခြား အလုပ်သမားများ မှတ်ပုံတင်ခြင်းသည် ယမန်နှစ်က သက်တမ်း ကုန်ဆုံးခဲ့သော်လည်း ပထမအကြိမ်တွင် ဇွန်လ ၁၄ ရက်သို့ လည်းကောင်း၊ ဒုတိယအကြိမ်တွင် ယခုဒီဇင်ဘာလ ၁၄ ရက်သို့ လည်းကောင်း နှစ်ကြိမ် တိုင်တိုင် သက်တမ်းတိုးပေးခဲ့ပြီး ဖြစ်သည်။

ထိုင်းနိုင်ငံတွင် တစ်နေ့အနည်းဆုံးလုပ်ခ ဘတ် ၃၀၀ အား မှတ်ပုံ တင်ထားသည့် နိုင်ငံခြားအလုပ်သမားများ ခံစားခွင့်ရမည်ဟု ထိုင်းအလုပ်သမား ဒုတိယ၀န်ကြီး Anusorn Kraiwatnussorn ကဆိုသည်။ အဆိုပါ အနိမ့်ဆုံးလုပ်ခ ဥပဒေသည် တစ်နိုင်ငံလုံး အသက်ဝင်သည်ဟု ထိုင်းအလုပ်သမား ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 Myanmar Express 

1 comments:

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်