Subscribe to our RSS Feed

လှည်းတန်းစင်တာ (ယခင်ဂိုးရှိုးတိုက်တန်း) ရှိ မူလအိမ်ပိုင်ရှင်များအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြန်လည်နေရာချထားပေးမည်ဟုဆို

From : Yangon Times


အေးရှားဝေါ(လ်)ကုမ္ပဏီမှတာဝန်ယူတည်ဆောက်လျှက် ရှိသည့် လှည်းတန်းလမ်းဆုံရှိ လှည်းတန်း စင်တာ (ယခင်ဂိုးရှိုး တိုက်တန်း)အား၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင်မူလ အိမ်ပိုင်ရှင်များ အားပြန် လည် နေရာချထားပေးသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီနှင့် အိုးအိမ်ဦးစီး ဌာနမှ တာဝန်ရှိသူ များက အသိပေး ပြောကြားလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ တွင် အဆိုပါကုမ္ပဏီမှ မူလေမြေ ပိုင်ရှင်များအား ပြန်လည်နေရာချ ထားရေးနှင့် ပတ်သက်ပြီး အိုးအိမ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် အထက်ပါအတိုင်းကတိပေးပြော ကြား လိုက်ခြင်း ဖြစ်ကြောင်း အိမ်ပိုင်ရှင်များထံမှသိရသည်။

''လုပ်ငန်းစ တာက တော့ ၂၀၀၃ ခုနှစ်ကပါ။အစတုန်း ကတော့ သုံးနှစ်စီမံကိန်းလို့ပြော ခဲ့တာပဲ။ဒါပေမဲ့ သူတို့ရှင်းပြတာက တော့ လုပ်ငန်းလုပ်ရတဲ့အခါမှာ အခက်အခဲတွေရှိနေတယ်။နေရာ ကလည်း ပိုင်ရိုက် တာတောင် ရေ ထွက်နေတော့ ခက်တယ်လို့ပြော တယ်။နောက်ပြီး ကုမ္ပဏီက ဒီပရောဂျက်ဟာ ကျပ် သိန်းပေါင်းသာင်း ချီရှုံးတယ်လို့ပြောတယ်''ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် စာအုပ်ဆိုင်ပိုင်ရှင် တစ်ဦး ကပြော သည်။

အဆိုပါအစည်းအဝေး ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး အိုးအိမ်ဦးစီးဌာနသို့ သတင်း ထောက်များမှ သတင်းရယူနိုင်ရန် သွားရောက်ခဲ့သော်လည်း အိုးအိမ်ဦးစီး ဌာနမှ သတင်းထောက်များအား ဖိတ်ကြား ထားခြင်းမရှိကြောင်း နှင့် အိမ်ပိုင်ရှင်များနှင့် သာသီးသန့်တွေ့ ဆိုခြင်းဖြစ်ကြောင်း အမည်မဖော် လိုသူ အိုးအိမ်ဦးစီး ဌာနမှ တာဝန် ရှိသူက သတင်းထောက်များသို့ ပြန်လည်ဖြေကြားခဲ့သည်။

''ဒီအစည်းအဝေးမှာ သတင်းသမားတွေ ဖိတ်မထားပါ ဘူး။အခုဟာက အိမ်ခန်းရှင်တွေ အတွက် ပြန်လည် နေရာချ ထားရေး ကော်မတီဖွဲ့ဖို့ခေါ်ထားတာပါ။အရင်ကော်မတီအဟောင်းမှာ အဖွဲ့ဝင်တွေ နှုတ်ထွက်သွားတာရှိ နေလို့ အသစ်ပြန်ဖွဲ့မှာပါ။အဲဒီ ကော်မတီဖွဲ့ပြီးရင် သတင်းတွေ ထုတ်ပြန်ပေး သွားပါ မယ်''ဟု ယင်း က ဆိုသည်။

အဆိုပါအစည်းအဝေးတွင် အိမ်ခန်းရှင်များနှင့်ကုမ္ပဏီ အကြား စကားအချေအတင်ပြော ဆိုရမှုများ ဖြစ်လာသည့် အတွက် အိုးအိမ်ဦးစီးဌာနမှ လိုအပ်ချက်များ အပေါ် စာရေးတင်ပြကြရန်နှင့် အဆိုပါ အကြံပြုစာများ ကို တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့တင်ပြ သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ အဆိုပါနေစင်တာနေရာရှိမူလအိမ် ပိုင်ရှင်တစ်ဦးက''ကုမ္ပဏီကရှုံးတယ် ဆိုတာ ချည်း ပဲပြောနေတယ်။အ ခန်းပိုင်ရှင်တွေမှာလည်း နှစ်တွေက ကြာလာတော့စိတ်ပျက်လာတယ်။ တစ်ချို့ဆို စောင့်နေရင်တဲ့ပဲသေကုန်ကြပြီ။ဖေဖော်ဝါရီမှာပေးမယ် ဆိုပေမယ့်လည်း ဘယ်အခန်းရ မယ်။ အကျယ်က ဘယ်လောက်ရှိ မယ်ဆိုတာတောင်မသိရသေးဘူး။ တချို့လည်းမြေပိုင်ရှင်တွေက အခန်း မလိုချင်ပဲ မူလမြေတန်ဘိုး နဲ့ယူချင်သူတွေရှိနေတယ်။အားလုံးကို ကိုယ့်ဖြစ်ချင်တဲ့ဆန္ဒစာရေး ပေးဖို့ အိုးအိမ် ကညှိတယ်''ဟု ဆို သာည်။

အဆိုပါစင်တာ နေရာရှိ မူလအိမ်ပိုင်ရှင်များအနေဖြင့် လတ်တလောဖွဲ့စည်းသည့်ပြန်လည်နေ ရာချထား ရေး ကော်မတီကိုလည်းစိတ်တိုင်းကျမှုမရှိကြောင်းနှင့် ကော်မတီတွင် အိမ်ခန်းပိုင်ရှင်များလည်း ပါဝင် သင့် ကြောင်း၊ တိုင်းဒေသဝန်ကြီးချုပ်ကိုလည်း ပါဝင်စေချင်ကြောင်း တင်ပြဆွေးနွေးခဲ့သည် ဟုလည်း ယင်းကပြော သည်။

''ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကိုတော့ကော်မတီမှာ နာယက ဖြစ်ဖြစ်ပါဝင်ပေးဖို့မေတ္တာရပ်ခံစာ တင်သွား မှာပါ''ဟု ယင်းက ဆို သည်။

အဆိုပါသတင်းများ နှင့်ပတ်သက်ပြီး တာဝန်ခံတည် ဆောက်လျှက်ရှိသည့် အေးရှား ဝေါ(လ်) ကုမ္ပဏီသို့ နိုဝင်ဘာ ၂၄ရက်တွင်ဆက်သွယ်မေးမြန်း ခဲ့သော်လည်းတာဝန်ခံဖြေကြား နိုင်သူနှင့် ဆက်သွယ်၍ မရခဲ့ပေ။
အဆိုပါစင်တာ နေရာ တွင် မူလအိမ်ပိုင်ရှင် ၄၉ ဦးပါဝင် ပြီး၊ လက်ရှိဆောက်လုပ်ဆဲအချိန် တွင် ပုဇွန်တောင်မြို့နယ် ရှိ ဗန္ဓုလတာဝါ၊ဆင်မလိုက်ရှိ ဟံသာရိပ်မွန် အိမ်ယာနှင့် တာမွေမေတ္တာညွန့် အိမ်ယာ များ တွင် ယာယီနေရာ ချထားပေးထားကြောင်းနှင့် အချို့ မှာလည်း မိမိအစီအစဉ်ဖြင့်နေထိုင် နိုင်ရေး အိမ်လခ ကို ကုမ္ပဏီမှ ညှိနှိုင်းထုတ်ပေး ခဲ့ကြောင်းသိရသည်။



Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်