Subscribe to our RSS Feed

Burma လို့ ဆက်ခေါ်မည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗုဒ္ဓကို မုတ္တ လို့ ပြောင်းခေါ်မည့်၈၈ ကျောင်းသားခေါင်းဆောင် တို့ သိစေရန်

From :Myatphone Linn


မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Myanmar အစား Burma ဟုသာ ဆက်လက် ခေါ်ဝေါ်သုံးစွဲသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်
ပြောဆိုလိုက်သည်။

တိုင်းတပါး အစိုးရများက မြန်မာနိုင်ငံအား Myanmar ဟု အင်္ဂလိပ်လို ခေါ်ဝေါ်နေကြသည်ကို စိတ်ပျက်မိကြောင်း လည်း နယူးဇီလန် ဝန်ကြီးချုပ်နှင့် ကြာသပတေးနေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။
dslsr“ကျမကတော့ နိုင်ငံအမည်ကို ပြည်သူတွေက ဘယ်လို သတ်မှတ်ခေါ်ဝေါ်ချင်တယ်ဆိုတာ မဆုံးဖြတ်မချင်း (အင်္ဂလိပ်လို) Burma လို့ပဲ အမြဲဆက်ခေါ်နေမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားအား ကိုးကား၍ ANI နှင့် နိုင်ငံခြား သတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Burma ဟု လွတ်လပ်ရေးခေတ် တလျှောက်လုံး သတ်မှတ် ခေါ်ဝေါ် လာခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သည့် နဝတ စစ်အစိုးရ လက်ထက်တွင် Myanmar ဟု ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ပြည်သူ့ လွှတ်တော်ဟူ၍ မရှိခဲ့ဘဲ အမည် အတော်များများကို စစ်အစိုးရ က ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့သို့ စစ်အစိုးရက ‘ဗမာ’ ‘မြန်မာ’ အပါအဝင် အမည် ပြောင်းလဲခေါ်မှုများ အား ထိုစဉ်က ကျောင်းသားခေါင်းဆောင် တဦးက “ဗုဒ္ဓကိုလည်း မုဒ္ဓလို့ ပြောင်းခေါ်ရမလိုပဲ” ဟု သရော်ဝေဖန်ခဲ့ဖူး သည်။

_______________________________________________________________________ငယ်ငယ်က သင်ကြားခဲ့ရတဲ့ စာများအရလည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်း
သားများ စုပေါင်းနေထိုင်တဲ့ နိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံလို့ သင်ယူခဲ့ရတဲ့အတွက် မြန်မာနိုင်ငံဆိုတဲ့ အသုံးအနှုံးဟာ ယခင်ကတည်းက ရှိပြီးသားဖြစ်ပါတယ်... အဲ့ဒိအတွက် ကျွန်တော်တို့ နိုင်ငံကို အင်္ဂလိပ်လို ခေါ်ဖို့မှာ Burma နဲ့ Myanmar နှစ်ခုကွဲနေတာမှာ ကျွန်တော်ကတော့ Myanmar ဆိုတာကို ပိုပီး သဘောကျပါတယ်...

ဝမ်းနည်းစရာ တစ်ခုကလည်း ဗမာနိုင်ငံအစား မြန်မာနိုင်ငံလို့ သုံးတဲ့အတွက် ဗုဒ္ဓကိုကော မုဒ္ဓ (မုတ္တ) လို့ သုံးရမလားဆိုပီး ပါတီတစ်ခုရဲ့ ပါတီဝင် တစ်ယောက်က စော်ကားခဲ့တာပါပဲ..... ဗမာနိုင်ငံလား မြန်မာနိုင်ငံလား ကိုယ်သုံးနေတဲ့ ပိုက်ဆံကိုကြည့်ပီးတောင် မခွဲခြားနိုင်ပဲ ထင်ရာစွတ်တင် ဘာသာရေးပါ စော်ကားခဲ့တဲ့ အဲ့ဒိပါတီဝင်လည်း ခုထိ ရှိသေးလား မရှိသေးလား မသိရပေမယ့် အတော်စိတ်ပျက်ခဲ့မိပါတယ်...

သမိုင်းကြောင်း ပြန်ကြည့်ရင် လူမျိုးစုတိုင်းမှာ ဘုရင်တွေရှိခဲ့ပြီး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သက်ဆိုင်ရာ ဘုရင့်အမှုတော်တွေကို တိုင်းရင်းသားတိုင်း ထမ်းခဲ့ကြရတာပါပဲ.... ဒိအတွက်လည်း ဘုရင်ကြောင့် ဖြစ်ရတဲ့ စစ်တွေမှာ လူမျိုးစုခြင်း သတ်ခဲ့ဖြတ်ခဲ့တာဟာ မြန်မာနိုင်ငံ တစ်ခုတည်းသာမက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ခဲ့ပါတယ်.... တရုတ်ပြည်မှာဆိုလည်း မင်းဆက် အဆက်ဆက် သတ်ခဲ့ ဖြတ်ခဲ့တာ မနည်းပါဘူး..... ဒါတွေကို အာဃာတ မထားပဲ တိုးတက်အောင် ကြိုးစားနေတဲ့ သူများနိုင်ငံတွေကို အားကျ အတုယူဖို့ အချင်းချင်း စိတ်ဝမ်းမကွဲဖို့ လိုပါတယ်.... အခုလက်ရှိ ဗမာ လူမျိုးဆိုသော်ငြား ဆင်းသက်လာတဲ့ အနွယ်တွေဟာ တိုင်းရင်းသားတွေကနေ အစပျိုးတယ်ဆိုရင်လည်း မမှားပါဘူး....

ဒိအတွက် ဗမာ လူမျိုးကြီးဝါဒ ဗမာလူမျိုးကြီး ၀ါဒနဲ့ ပြစ်တင်ပြောဆိုနေတာတွေ များနေချိန်မှာ တိုင်းရင်းသားအားလုံး သာတူညီမျှ ဖြစ်မယ့် Myanmar ဆိုတာကို ကျွန်တော် ပိုနှစ်သက်မိပါတယ်.... ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေထိုင်ကြရင်း တိုင်းရင်းသားတွေ သွေးနှောလို့ မြန်မာနိုင်ငံသားဆိုရင် ဒီတိုင်းရင်းသားတွေကိုပဲ မျက်လုံးထဲမှာ ပြေးမြင်မိမှာ ဖြစ်ပါတယ်....

တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထားရှိသော သဘောထားများ လို့ဖော်ပြထားတာမှာလည်း ၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှအလယ်ပိုင်းကုန်းမြေမှ ဆင်းသက်ပေါက်ဖွား လာကြသည့် တိုင်းရင်းလူမျိုး၊ မိသားစုဝင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းလူမျိုးများ၊ လူမျိုးစုများ၏ အမိမြေသည် မြန်မာနိုင်ငံသာလျှင် ဖြစ်ပေသည်။

ကျွန်တော်ကတော့ နဂိုကတည်းက ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုတဲ့ အသုံးအနှုန်းကို ပိုမြတ်နိုးပါတယ်.... Burma ဆိုတဲ့ ဗြိတိသျှခောတ်ကို ပြန်အမှတ်ရစေတဲ့ စကားအစား Myanmar ဆိုတဲ့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းနဲ့ ရှိတဲ့ စကားလုံးကို ပိုနှစ်သက်တယ်လို့ပဲ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဆိုပါရစေ....

 
 Myanmar Express 

23 comments:

ထားဝယ် ၈၈ တွေလည်း သတိထားပါ ထားဝယ် NLD မှာ နေရာ မရလို့  ၈၈ အခွင့်အရေးရလို့ ပါဝင်နေတာပါ အကြွေးထူ တဲ့အောင်သူ မိုမိုချစ် စောက်ရဇုပ်ဆိုး အမှုပွဲစား လုပ်နေပြီးအီးယောင်ဝါးလုပ်နေတာ ဗဟို ၈၈ အီးယောင်ဝါးများ ထားဝယ် ၈၈ ခွေးသူတောင်းစား

မစုက မြန်မာ ကို မြန်မာလို့ ပြောလို့ မရဘူးမြန်မိာု ဗမာလို့ ပြောရမှာလေ ဒါမှ ဂွေးစေ့ကင်ဆာနဲ့ သေသွားတဲ့ ကုလား လင်ကြီးကိုအမြဲသတိရနေမှာပါ မြန်မာ ကို မြန်မာလို့ ပြော ရင် ကုလားလင်ကြီးကိုမေ့သွားမှာပေါ့

The Socialist Republic Of The Union Of Burma.
ပြည်ထောင်စုဆိုရှယ်လစ်သမတမြန်မာနိုင်ငံတော်။
ဟု ဦးနေဝင်းလက်ထက်ကခေါ်ခဲ,ဘူးပါသည်

kalama , she also india 25%

ဒီနေရာမှာ တခုပြောချင်ပါတယ် တကယ်လို့များ ပြည်သူ့ဆန္ဒခံယူလိုက်လို့ ပြည်သူတွေက မြန်မာလို့ မဲပေးလိုက်ရင် ဒေါ်ဆုဘယ်လို တာဝန်ယူမလဲ အခုဟာက သူပြောသမျှဟုတ်တယ်လို့ ထင်နေရှာတယ် တကယ်တမ်း သူ့ပါတီထဲက လူတွေကို အရင်စစ်တမ်း ကောက်ကြည့်ပါအုံး

မပြောချင်တော့ပါဘူးဗျာကျွဲပါးစောင်းတီးဆိုသလိုဒီစောက်သံကပျောက်တော့မှာမဟုတ်ဘူးသေတဲ့အထိပါသွားတော့မှာပဲ။

I vote first.I like myanmar.pls vote for our country.thx

သမိုင်းကြောင်း ပြန်ကြည့်ရင် လူမျိုးစုတိုင်းမှာ ဘုရင်တွေရှိခဲ့ပြီး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သက်ဆိုင်ရာ ဘုရင့်အမှုတော်တွေကို တိုင်းရင်းသားတိုင်း ထမ်းခဲ့ကြရတာပါပဲ.... ဒိအတွက်လည်း ဘုရင်ကြောင့် ဖြစ်ရတဲ့ စစ်တွေမှာ လူမျိုးစုခြင်း သတ်ခဲ့ဖြတ်ခဲ့တာဟာ မြန်မာနိုင်ငံ တစ်ခုတည်းသာမက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ခဲ့ပါတယ်.... တရုတ်ပြည်မှာဆိုလည်း မင်းဆက် အဆက်ဆက် သတ်ခဲ့ ဖြတ်ခဲ့တာ မနည်းပါဘူး..... ဒါတွေကို အာဃာတ မထားပဲ တိုးတက်အောင် ကြိုးစားနေတဲ့ သူများနိုင်ငံတွေကို အားကျ အတုယူဖို့ အချင်းချင်း စိတ်ဝမ်းမကွဲဖို့ လိုပါတယ်.... အခုလက်ရှိ ဗမာ လူမျိုးဆိုသော်ငြား ဆင်းသက်လာတဲ့ အနွယ်တွေဟာ တိုင်းရင်းသားတွေကနေ အစပျိုးတယ်ဆိုရင်လည်း မမှားပါဘူး....
ဒါဆိုရင် ဘာလို့ ကွဲထွက်ရေး၊ ခွဲခွာရေးဖြစ်စေ မဲ့ ပို့စ်တွေတင်နေလဲ။

ဒီ လောက်တောင် ပြောမရ ဆိုမရ ဖြစ်နေတာ ရန်ကုန်မြို့က လမ်းတွေကို အရင် English အမည်တွေ ပြန်ခေါ်လိုက်တော့၊
ကျွန်းနံ့လေး ပြန်ရအောင်လို့

ဒီလောက်တောင် ကျွဲပါး စောင်းတီးဖြစ် နေတာ ရန်ကုန်မြို့က လမ်းနံမည်တွေ ကိုပါ အရင်တိုင် ခေါ်ံ ခိုင်းလိုက်တော့
ကျွန် နံ့ ပြန်ရအောင် လို့

စဉ်းစားလို့ကိုမရဘူး ဦးနှောက်ရောမှန်သေးရဲ့လား
ယဉ်ယဉ်လေးရူးနေတာဖြစ်မယ်
တာဝန်ရှိ့သူများ သူ့ကျန်မာရေးကို စစ်ဆေးကြပါ
အခြေအနေမကောင်းရင် ရွာသာကြီးကို ပို့ပေးကြပါ
အခြေအနေက ဒီ့ထက်ပိုဆိုးလာရင်မကောင်းဘူး

သုံးနေတဲ့ပိုက်ဆံက myanmar အရင်ကသုံးခဲ့ဘူးတဲ့ပိုက်ဆံမှာက central bank of burma လို့လဲသုံးခဲ့ဘူးတယ်ကွ ဒို့နိုင်ငံ လောက်ခဏခဏ ပြောင်းတာ ဒို့ နိုင်ငံပဲရှိတယ်

ဒီလိုစိတ် သဘောထားနဲ့ကတော့ NLD ကိုဦးမဆောင် သင့်တော့ဘူး..
တံတားလေးက အ၇ူးတွေကိုပဲ ဦးဆောင် သင့်တော့တယ်...

မင်းကလည်းကြည့်ပြောပါဦးကွာသူတောင်တံ
တားလေးကအရူးဆီကlectureသင်တာ၁၀ရက်လောက်ရှိတယ်မနည်းပညာယူထားရတာ။

ဘယ်မအေပေးက မုဒ္ဓလို့ပြောင်းခေါ်ချင်တာလဲ ပွင့်ပွင့်လင်းလင်းရေးပါ လွှတ်တော်ထဲက လူဖြစ်ပါစေ သေချာရင်ပါးတက်ရိုက်ပစ်မှာ ၈၈ ကကောင်တွေသတိထါး

ဒီ ခွေး မျိုး အောင် ဆန်း စု ကြည် အ ညာ သူ မ ဗ မာ မ နင့် အ မေ လင် တိုင်း ရင်း သား တွေ ကို တည့် မ စဉ်း စား တော့ ဘူး လား burmar burmar နဲ့

လာပြန်ပြီ နောက်တယောက် ကျွန်ဘဝ ကအကြောင်းတွေ
ပြန်ပြေားနေတယ်....

မြန်= အလွန်လျင်မြန် မာ= မာကျော လျင်မြန်မာကျောသူများဖြစ်၍ မြန်မာဟုခေါ်ကြောင်း ရှေးလူ ကြီးများကပြောသံကြားဘူးပါသည် ။ ဘွားတော်စုက ဘားမားဟုဆက်ခေါ်နေခြင်းမှာ အနမ်းပေးခဲ့ သော အိုဘားမားကို ဘဝတစ်သက်တာမမေ့နှိုင်သဖြင့် ဘားမားဟုခေါ်ခြင်းဖြစ်နိုင်ပါသည်။

Nothing to do all the fucker ham.....


.
..

အညာသူတွေရိုးပါတယ်ဗျာ

အင်း..ဒေါ်စု..ဒေါ်စု...တော်တော်လည်းရယ်စရာကောင်း
တယ် ဘာရာထူး ဘာလုပ်ပိုင်ခွင့် ဘာအာဏာမှလည်းမရှိ
ဘဲနဲ့သာမန်လွှတ်တော်အမတ်လေး(၁၀တန်းမအောင်ရင်
တောင်လူတကာဖြစ်ခွင့်ရှိ)အဆင့်လောက်ကိုဒီလောက်
မာန်တက်ပြီးရူးနေလိုက်တာ ဒေါ်စန္ဒာခင်လိုဒုဝန်ကြီးအ
ဆင့်လောက်သာရရင်အပျော်တွေလွန် ဘဝင်တွေလေ
ဟပ်ပြီးသေများသွားမလားမပြောတတ်ပါဘူး သနားစရာ
တော့အကောင်းသား ဒုက္ခ ဒုက္ခ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်