Subscribe to our RSS Feed

ရုရှားနိုင်ငံမှ Mercury City အဆောက်အအုံ ဥရောပတွင် အမြင့်ဆုံး မိုးမျှော် အဆောက်အအုံ ဖြစ်လာ

From : မြဝတီ



ဥရောပတွင် အမြင့်ဆုံး မိုးမျှော် အဆောက်အအုံ အဖြစ် သတ်မှတ်ခံ ခဲ့ရသည့် လန်ဒန်မြို့မှ အမြင့်ဆုံး အဆောက် အအုံ တစ်ခု ဖြစ်သော Shard Tower ထက် ပို၍ မြင့်မားသ
ည့် Mercury City အမည်ရှိ မိုးမျှော် အဆောက်အအုံ တစ်ခုကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ စီးပွားရေး အချက်အချာ ကျသော နေရာတွင် မာကျူရီ ကုမ္ပဏီက ဆောက်လုပ်လျက် ရှိသည်ဟု သိရသည်။

မော်စကို မြို့တွင် ဆောက်လုပ်လျက် ရှိသည့် အဆိုပါ အဆောက် အအုံမှာ အမြင့် ၃၃၉ မီတာ ၁၁၁၂ ပေရှိ မည် ဖြစ်ပြီး လန်ဒန်မြို့ရှိ Shard Tower ထက် ၂၉ မီတာ ပိုမြင့်မည် ဖြစ်ကြောင်း မာကျူရီ (Mercury) ဆောက်လုပ်ရေး ကုမ္ပဏီက ပြောကြား ခဲ့သည်။

ယင်း မိုးမျှော် အဆောက် အအုံသည် အထပ် ၇ဝ ပါရှိပြီး ၂ဝ၁ဝ ပြည့် နှစ်တွင် ကွယ်လွန် ခဲ့သည့် အမေရိကန် ဗိသုကာ ပညာရှင် ဖရန့်ခ် ဝီလီယံက ယင်း အဆောက် အအုံ ပုံစံကို ဒီဇိုင်း ရေးဆွဲ ပေးခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ ထိုအဆောက် အအုံကို ၂ဝ၁၃ ခုနှစ် မတ်လ အတွင်း ပြီးစီးအောင် ဆောက်လုပ် သွားမည်ဖြစ် သည်။

အဆိုပါ အဆောက် အအုံ တည်ဆောက်ရေး စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ >>


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်