Subscribe to our RSS Feed

ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အပါအဝင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီး ဥပဒေလေးခုကို ပြဋ္ဌာန်းခဲ့

From :ခေတ်လူငယ်

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်ကျင်းပခဲ့သော ပထမအကြိမ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးများ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြီးဆုံးခဲ့ပါသည်။ အဆိုပါ ရက်များအတွင်း ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများကို ကိုးရက်တာ ပြုလုပ်ခဲ့ပြီး ယင်းကာလအတွင်း လွှတ်တော်က အတည်ပြုပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ဥပဒေလေးခု ရှိကြောင်း သိရသည်။ ယင်းဥပဒေများမှာ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ၊ မြေသိမ်း (သတ္တုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ၊ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည်ပေးပို့ထားသော ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း၊ ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းတို့နှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းများကို သမ္မတလက်မှတ် ရေးထိုး ထုတ်ပြန်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က ပေးပို့ထားပြီး ဖြစ်ကြောင်းလည်း သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်