Subscribe to our RSS Feed

အစ္စရေး ကာကွယ်ရေး ဝန်ကြီး နိုင်ငံရေး လောကမှ အနားယူ တော့မည်

From : မြဝတီ

အစ္စရေး ကာကွယ်ရေး ဝန်ကြီး အီဟွတ်ဘာရက်ခ်သည် နိုင်ငံရေး တာဝန်များကိုဆယ်စုနှစ် တစ်စုကြာ ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း တွင် နိုင်ငံရေး လောကမှ အနားယူ တော့မည်ဟု ကြေညာခဲ့ကြောင်း အင်တာနက်
သတင်းတစ်ရပ် အရ သိရသည်။

အသက် ၇ဝ အရွယ်ရှိ ဘာရက်ခ်သည် လာမည့် ဇန်နဝါရီလတွင် ကျင်းပ မည့် ရွေးကောက်ပွဲအပြီးအစိုးရအဖွဲ့သစ်ကိုဖွဲ့စည်းပြီး နောက်ပိုင်းတွင်
နိုင်ငံရေး လောကမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းသည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် လိမ့်မည် မဟုတ် ကြောင်း၊ ကာကွယ်ရေး ဝန်ကြီး တာဝန်မှ အနားယူပြီး နောက်ပိုင်းတွင် မိသားစုနှင့် အတူ အချိန်များကို ပျော်ရွှင်စွာ ကုန်ဆုံးစေ မည် ဖြစ်ကြောင်း တဲလ်အဗစ် မြို့တွင် ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထုတ်ဖော် ပြောကြား ခဲ့သည်။

လာမည့် ဇန်နဝါရီ ၂၂ ရက်၌ ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီတွင် ဘာရက်ခ်သည်အခြားသော နိုင်ငံရေးပါတီများနှင့်ပူးပေါင်းမည်ဟု ကြေညာချက်ထွက်ပေါ်လာမည်ဟု နိုင်ငံရေး လေ့လာ စောင့်ကြည့် သူများ၏ ထင်ကြေး ပေးချက်များ ထွက်ပေါ်ပြီးနောက်ဘာရက်ခ်က နိုင်ငံရေး လော ကမှ အနားယူ တော့မည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။


 Myanmar Express 

1 comments:

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်