Subscribe to our RSS Feed

ငလျင် ဒဏ်ကြောင့် ပျက်စီး ခဲ့သော စေတီ ပုထိုးများနှင့် သာသ နိက အဆောက် အအုံများ ဒေသ ခံ ပြည်သူများနှင့် တပ်မတော် သားများ ပူးပေါင်း၍ ပြန်လည် ပြုပြင်

From :မြဝတီ

အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလွင်နှင့် တာဝန် ရှိသူ တို့သည် နိုဝင်ဘ
ာ ၂၄ ရက် က ရွှေဘိုမြို့ မောဓော မြင်သာ မြို့ထောင့် စေတီ၌ စိန်ဖူးတော် အသစ်အား ဖူးမြော် ကြည်ညိုပြီး နယ်မြေခံ တပ် မတော် သားများမှ ဘုရားထီး တော်တင်ရန် ဝါးငြမ်း ဆင်ခြင်း၊ သစ်သား လှေကား တပ်ဆင်ခြင်း၊ ယာယီ စံကျောင်းတော် ဆောက်လုပ်ခြင်း၊ ပန်းရ ထား တပ်ဆင်ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက် နေမှုတို့အား ကြည့်ရှု အား ပေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူ တို့သည် ဧရာဝတီ မြစ်ကူး တံတား (ရတနာ သိင်္ဃ) တွင် စက်ယန္တ ရားများဖြင့် ပြန်လည် ဆယ်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှုအား ကြည့်ရှု၍ တံတား တည်ဆောက်ရေး စီမံကိန်း တာဝန်ခံများနှင့် လိုအပ် သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသည်။

၎င်းအပြင် ရွှေဘိုမြို့ ဒေသခံ ပြည်သူများနှင့် နယ်မြေခံ တပ်မတော် သားများ ပူးပေါင်း၍ ကျောက်မြောင်း မြို့နယ်ခွဲ ရွှေနှုန်းတိုး ဘုရားတွင် ဘုရား လေးဆူ၊ ကျောင်းဆောင် လေးခု ပျက်စီး မှုများနှင့် ဒဏ္ခိဏ ရာ မ ကျောင်းဆောင်သစ်၊ မာန်အောင်မြင် စေတီ ပျက်စီးမှု များအား ဆယ်တင် ရှင်းလင်းခြင်း၊ မခေါက် ကျေး ရွာ ရွှေတောင်ဦး စေတီ တောင်တက် လမ်းလမ်း အသစ် ဖောက်လုပ်ခြင်း၊ မလယ် ကျေးရွာ ကျေးရွာ စာသင်ဆောင် အုတ်နံရံများ ပြန်လည် ပြုပြင်ခြင်း များကို ဆောင်ရွက် ကြသည်။ ထို့အပြင် နယ်မြေခံ အထူး ဆေးကုသရေး အဖွဲ့ သည် ကျောက်မြောင်း မြို့နယ်ခွဲ မခေါက် ကျေးရွာရှိ ငလျင်ဒဏ် သင့်ရွာသူ၊ ရွာသား ၂၁ ဦးတို့ အား ဆေးဝါး ကုသ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

http://myawady.net.mm/post/2012-11-15-01-48-10/138-2012-07-29-03-08-43/6802-2012-11-26-07-14-01


  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်