Subscribe to our RSS Feed
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
ဦးနိုး၏ တဘောင်နိမိတ်
*    သာသနာတစ်ဝက်ခရီးမှာဖြင့်၊
    ကနက်ထီးတွေနဲ့ ဂျက်စီးမဲ့အရှိန်အဟုန်၊
    ယုံချင်ယုံ မယုံရင်နေရန်သာပ၊
    ပြေ(ပြည်)မြန်မာ သာယာအေး ထင်ထင်မြင်သေး
*    အတိတ်ကယ်ဆောင် နိမိတ်ရောင်လှုပ်ရှား၊
    တံတားတွေ အတွင်ဆောက်ပါလို့၊
    ဘုရားတွေ ရွှေရင်မောက်ရင်ဖြင့်၊
*    မယ်ထွေးက ပြည်တော်ပြန်၊
    နန်းလုဖို့ကြံ၊
    ကြံသာကြံ မဟန်တဲ့ သူ့ဇာတ်ကြောင်း၊
    ဘ၀ပြောင်းသူ သူ့ချစ်သွေး ဘယ်သူလဲမေး။
*    သူ့ချစ်သွေးနဲ့ အနေကျယ်၊
    သန္ဓေတည်ကာ သားတွေပေါက်ခဲ့၊
    အောက်ကလိအာ အာကလိအောက်၊
    မိနောက်မကျ ဖနောက်မမီ၊
    မပီတပွန် တွန်တကျယ်ကျယ်၊
    ကြက်ကျီးငယ်ထွေး၊
    ဘယ်ပြေ(ပြည်)ကိုထောက် ဘယ်ပြေ(ပြည်)နှောင့်လိမ့်၊
    ထိတ်ကြောက်ဖွယ် ထိုးထိုးဘေး မှန်းဆကြိုတွေး။
*    မယ်ထွေးက ပြည်တော်ပြန်၊
    စည်ဆော်ဖန် နန်းတင်ကြဖို့၊
    ထမ်းစင်မ ဝေလေလေ၊
    အပေအတေ ကြံဆတွေး လုပ်နေကြသေး။
*    ဒီလူ့မယားနဲ့ ဒီသားတွေအမေ၊
    တို့တိုင်းပြည် တို့လူမျိုးကို၊
    အရိုးခံအမှန်စစ်နဲ့၊
    နှစ်နှစ်ကာကာ ချစ်လိမ့်လေ မေးလိုက်ချင်သေး။
*    ခေါင်းဆောင်တွေ အဘိုးရွယ်ဖြစ်ပေမဲ့၊
    မျိုးနွယ်ချစ်မာန် နုပျိုလျှက်ရယ်နှင့်၊
    ရင့်ကျက်တဲ့ တွေးမြင်တွေ ဝေေ၀စည်လို့၊
    ရွှေပြည်ကို ဝေစည်ရေး ကြိုးပမ်းနေသေး။
*    ဒေါင်းတွေက တွင်တွင်အော်၊
    အော်ချင်တိုင်း အော်၊
    ခွင့်မလျော် မသင့်တော် သူပေမို့၊
    မျှော်သူတွေ ရင်မအေး လာနိုင်ဖို့ဝေး။
*    နေမင်းနဲ့ လမင်းရောင်ဖြာ၊
    တို့မြန်မာ ရောင်ဝါလင်းချေပေါ့၊
    မင်းခြင်္သေ့ တန်းခိုးကြွပြီမို့၊
    တိုးလို့ကွယ်ပြည်အရေး သာလှချည်သေး။
*    ဂူပုန်းတဲ့ ခင်ကြီးပျော်ရယ်၊
    သမီးတော် အမိုက်မဲကိုလ၊
    ရိုက်ဆဲကာ အဆူသွင်းပါလို့၊
    ဂူတွင်းမှာ အပြီးတိုင်မနှေး ပိတ်လိုက်တော့လေး။  
(ဦးနိုး)
 https://www.facebook.com/MyanmarExpress
ဦးဝင်းတင်အတွက် ဆုတောင်းကဗျာ
ဟံသာဝတီ ဦးဝင်းတင်
သတင်းစာဆရာ ဦးဝင်းတင်
သံမဏီ ဦးဝင်းတင်
ကွန်မြူနစ် ဦးဝင်းတင်
NLD ရဲ့  ပဲ့ကိုင်ရှင်၊ လက်ဦးအရှင်သခင် ။
အစိုးရကို အပြာရောင်ထောင်ဝတ်စုံ ၀တ်ဆင်ပြီး
အသံတိတ်တော်လှန်နေတဲ့သူ ။
အစိုးရက ဘာလုပ်လုပ် အကောင်းမမြင်တဲ့သူ ။
အရာရာကို အဆိုးမြင်အကြည့်နဲ့ ဝေဖန်တတ်သူ ။
သမ္မတကြီးကိုလည်း မထောက်ခံတဲ့သူ ။
ငြိမ်းချမ်းရေးကိုလည်း ဝေဖန်တဲ့သူ ။
ပြည်ခိုင်ဖြိုးပါတီကို အပြတ်အသတ်အနိုင်ယူချင်တဲ့သူ ။
တပ်မတော်ကို ဘင်္ဂလားပင်လယ်အော်ထဲ ပစ်ချချင်တဲ့သူ ။
သေမင်းကိုအံတုချင်တဲ့သူ
သေခြင်းတရာကို ထည့်မတွက်ချင်တဲ့သူ
နှလုံးသားဒဏ်ရာ ဒဏ်ချက်တွေနဲ့ လောကကို
မကျေနပ်တဲ့သူ ။
အတ္တ၊ မာန၊ ဒိဋ္ဌိအစွဲကြီးတဲ့သူ ။
အခုတော့လည်း
အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားနဲ့
သစ္စာတရားရဲ့ တစ်ဖက်မှာ
သံသရာခရီးထွက်သွားရှာပြီ ။
ချီးမြှောက်တဲ့သူတွေကလည်း ချီးမြှောက်ကြရဲ့
ရှုတ်ချတဲ့သူတွေလည်း ရှုတ်ချကြရဲ့
ဝမ်းနည်းတဲ့သူတွေကလည်း ၀မ်းနည်းကြရဲ့
ဝမ်းသာတဲ့သူတွေကလည်း ၀မ်းသာကြရဲ့
မမေ့နိုင်တဲ့သူတွေကလည်း မမေ့ကြသလို
မေ့ချင်တဲ့သူတွေကလည်း ကြာရင်မေ့သွားကြမှာပါ ။
သူ့အတွက်ကတော့
သူပြုခဲ့သမျှ သူ့အကြောင်းနဲ့သူ
ဘ၀သစ်တစ်ခုမှာ ရှိနေရောက်နေမှာပါ ။
သူ့နောက်ဆုံးမှာခဲ့သလို
NLD နဲ့အတူရှိနေမှာလား၊
ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်နေနိုင်မှာလား
မပြီးသေးတဲ့အရှုပ်တွေကို ဆက်လုပ်နေဦးမှာလား
တဏှာလက်သမားဘဲ သိမှာပါ ။
ဒါမှမဟုတ် သူပြောခဲ့သလို
ဒါလားဟဲ့ လူ့ငရဲကထွက်ပြီး
လောကငရဲကို ရောက်နေမှာလား။
ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့
ဆုတောင်းပေးလိုက်ချင်တာကတော့
ကောင်းမွန်ရာ ဘ၀မှာ
သစ္စာတရား သိတဲ့သူ
အမုန်းမပွားတဲ့သူ
အပြုံးများနဲ့လူ ဖြစ်ပါစေ။
"လက်ဖြောက်တောင် မတွတ်ချင်တော့ပါဘူး အမေ"
"လက်ဖြောက် တောင် မတွတ်ချင်တော့ပါဘူး အမေ"
အမေ...ခံစားချက်တွေ မသိမ်းနိုင်လို့
သားတစ်ယောက် ဖွင့်အန်ပါရစေ အမေ။
၈၈၈၈ နဲ့အတူ စင်ပေါ်ရောက်ခဲ့တဲ့အမေ
စင်ပေါ်က အမေပြောတဲ့ ဒီမိုကရေစီ
သားတို့ သိပ်သဘောကျလို့
တဖြောင်းဖြောင်းမည်တဲ့ လက်ခုပ်သံ
အာကသထိ ရောက်ခဲ့တယ်အမေ။
၁၉၉၀ ရွေးကောက်ပွဲကြီး
အမေ့ပါတီ အနိုင်ရလို့
ဒေါင်းအလံ ခေါင်းမှာ ပတ်
လမ်းပေါ်မှာ သားတို့ ကခဲ့ကြတယ်အမေ။
ဒါပေမဲ့ အမေဦးဆောင်တဲ့ ပါတီ
အာဏာရှင်အောက် ငါးပါးမှောက်ခဲ့ရတော့
သားတို့ရဲ့ မျှော်လင့်ချက်
တစစီကြေပျက်ခဲ့ရတယ်အမေ။
ပတ္တမြားမှန်ရင် နွံမနစ်ဘူးတဲ့
အမေတစ်ယောက် ဒီမိုကရေစီအတွက်ပြန်ရောက်လာတော့
အရင်လိုပဲ အပြုံးမပျက် နှုတ်ခွန်းဆက်သံတွေနဲ့
သားတို့ ကြိုဆိုခဲ့တယ်အမေ။
ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့
အမေ့အပြုံးနဲ့ စကားကြားတော့
ဒါမှ ငါတို့အမေကွလို့
ပြုံးတပျော်ပျော်နဲ့ ကုန်းအော်ခဲ့တယ်အမေ။
လွှတ်တော်တက်တဲ့ အမေဟန်ပန် ခန့်ညားလွန်းလို့
ဓာတ်ပုံတွေရိုက် မှန်ဘောင်သွင်း
အိမ်ဦးခန်းမှာ ချိတ်ဆွဲ
နေ့စဉ် ဦးချမိခဲ့တယ်အမေ။
သမ္မတကြီးဖြစ်ချင်တဲ့ အမေ့ဆန္ဒ
အဟုတ်တကယ် ဖြစ်ပါစေလို့
သားတို့ တစ်သိုက် ကြိတ်ဆုတောင်းခဲ့တာလည်း
မနည်းမနောပါအမေ။
NLD က ကုလားပါတီတဲ့
ဟုတ်ပါ့ဟုတ်ပါ့မလား
ငါ့လာမပြောနဲ့လို့
ဇွတ်အတင်း ငြင်းခဲ့ဖူးပါတယ် အမေ။
NLD ကလူတွေ ဘုန်းကြီးတွေကို
စော်ကားတယ်တဲ့။
မဟုတ်တာမပြောနဲ့
လုပ်ကြံဇာတ်တွေ ရိုးနေပြီလို့
နားနှစ်ဖက်ပိတ် ခေါင်းခါခဲ့တယ်အမေ။
NLD မှာ ဗကပတွေ ပါနေတယ်တဲ့
ဒါ ဒီမိုကရေပါတီကွ
ကွန်မြူနစ်ကို လက်ခံမှာမဟုတ်ဘူးလို့
အမောစတမ်း စကားတရစပ်နဲ့
ပြန်ပြောပစ်ခဲ့တယ်အမေ။
ဒါပေမဲ့ အမေရယ်
ကြားရတဲ့ စကား
ဖတ်ရတဲ့ သတင်း
မြင်ရတဲ့ မြင်ကွင်း
အတင်းဖြစ်ပါစေလို့ ဆုတောင်းလည်း
မပြည့်ခဲ့ရပါလား အမေ။
ပင်နီဝတ်တဲ့ ကုလား
ဒေါင်းအလံကိုင်ထားလို့
ဆန္ဒပြတိုင်းတွေ့နေရတယ်။
သူသာ အတော်ဆုံးပါဆိုတဲ့
အသားမဲမဲနဲ့ ရှေ့နေကြီး
အမေပြောလို့
အရေးပါတဲ့နေရာ သူရထားမှန်း
သိလိုက်ရတယ်။
လူနည်းစုကို အနိုင်မကျင့်နဲ့တဲ့
အမေကာကွယ်ခဲ့တဲ့ ဘင်္ဂလီ
နားပါလို့ ကြားလိုက်ရတယ်။
အမျိုးကောင်းသမီး ကာကွယ်ပေးတဲ့
ဆရာတော်တင်တဲ့ မျိုးစောင့်ဥပဒေ
ပစ်ပစ်ခါခါ အပြောခံရတယ်။
နိုင်ငံအရေး လှုပ်ရှားခဲ့တဲ့
ရွှေဝါရောင်တုန်းက ဘုန်းဘုန်း
NLD တွေ ဂုဏ်ယူ မဆုံးဖြစ်ခဲ့ကြတယ်။
အမျိုးသားရေးကာကွယ်တဲ့ ဘုန်းဘုန်းအလှည့်
လုပ်ချင် လူထွက် ကဲ့ရဲ့ပုတ်ခတ်လို့
သာသနာကိုလည်း စော်ကားကြတယ်။
၂၀၁၅ ရွေးကောက်ပွဲ မရောက်သေးပေမဲ့
NLD ကို ခြေကုပ်ယူလို့
ဗကပ တွေ နေရာရဖို့ ကြံစည်ကြတယ်။
အမေ
ဒါတွေကို မဟုတ်ပါဘူးလို့
သားတို့ ငြင်းချင်ပါတယ်အမေ။
ဒါပေမဲ့ ပုပ်ရင်ပေါ် ဟုတ်ရင် ကျော်တဲ့
ဒါတွေဟာ အမှန်ပါလားလို့ သိလိုက်ရတဲ့အချိန်
အမေခေါင်းဆောင်တဲ့ ပါတီ
အလဲလဲအကွဲကွဲ ဖြစ်နေပြီအမေ။
ကုလားကတစ်မျိုး၊ ဗကပ ကတဖုံ
သာသနာကို စော်ကားသူက တကြော်ကြော်နဲ့
သူတို့ နှုတ်ထွက်စကား
ဒီမိုကရေစီပါတဲ့။
သားမယုံတော့ဘူးအမေ
နိုင်ငံခြားသား ခင်ပွန်းလုပ်
လူဖြူ ၂ ယောက်မွေးခဲ့တဲ့အမေ
သားတို့ ခွင့်လွှတ်နိုင်ခဲ့ပါတယ်။
ဒီမိုကရေစီ ဒီမိုကရေစီနဲ့
ဘာသာလည်းပျောက် လူလည်းကွယ်မဲ့
အမေ့အောက်က သားသမီးတွေ လုပ်ရပ်
သားတို့ ခွင့်မလွှတ်ပါရစေနဲ့ အမေ။
သမိုင်းကြောင်းကောင်းခဲ့တဲ့ ယဉ်ကျေးမှု
ဘာသာ သာသနာ ၊လူမျိုးနဲ့ တိုင်းပြည်မှာ
မုတ်ဆိတ်တွေ ရှည်လျား
ခေါင်းမြီးခြုံ ကိုယ်ဖုံးထားတဲ့
ဆာရီ တကားကား သားတို့ မမြင်ချင်ဘူးအမေ။
လူ့အခွင့်အရေးကို လေးစားပါတယ်
လူ့အခွင့်အရေးအောက် ငါးပါးမှောက်အောင်လုပ်မဲ့
လူတွေကိုတော့ အားမပေးပါရစေနဲ့ အမေ။
အမေ့ကို ချစ်ခဲ့တယ်
NLD ကိုယုံကြည်ခဲ့တဲ့
ဒေါင်းအလံကို ခြုံခဲ့တယ်။
ဒါပေမဲ့ ခုတော့
ယုံကြည်ချက်တွေကို ကုလားနှောင့်ယှက်
ဘာသာဖျက်မဲ့ အမိုက်ကောင်တွေကြောင့်
အမေ့အပါးက ထွက်ခွာခွင့်ပြုပါတော့ အမေ။
၈ လေးလုံးတုန်းက
စကြာဝဠာထက် မိုးလုံးဟိန်းခဲ့တဲ့ လက်ခုပ်သံ
အမေ့ အတွက် တသောသောညံခဲ့ပေမဲ့
ခုချိန်မှာတော့ သားတို့ တစ်သိုက်
လက်ဖြောက်တောင် မတွတ်တော့လို့
နှုတ်ဆက်လိုက်ပါတယ် အမေရယ်။
အမေတစ်ယောက် လမ်းမှန်ရောက်လို့
အရောင်ညစ်နေတဲ့ NLD
သန့်စင်အောင် လျှော်နိုင်တဲ့ တစ်နေ့
အမြန်ရောက် ပါစေလို့ ဆုတောင်းခဲ့ပါတယ် အမေ။
တစ်ချိန်က သား
မိုးမြင့်
ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ကဗျာ
From : အမိမြေ
ဖေဖော်ဝါရီ ၁၃ မှာ၊ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး၊ ရှေ့နေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ပွား၊ မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်၊ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်ဒို့ဖခင်
ကောင်းစေချင်တဲ့မှာစကား သမီးကိုမပြောသွား
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်၊ ပြည်ချစ်ဒို့ခေါင်းဆောင်
အင်္ဂလိပ် နယ်ချဲ့တွေကို တွန်းလှန်သွား ငါတို့မမေ့အား
ဗိုလ်ချုပ်မွေးနေ့ (ကဗျာ)
From : .... www.MyanmarExpress.net
ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စု သား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား ။ ။
မြန်မာပြည်မှ မြန်မာလူမျိုး
From : ..*နေမခ
" မြန်မာပြည်မှ မြန်မာလူမျိုး "
သစ်ပင်ပန်းမန်
တောပြုန်းပြန်တော့
ကျေးငှက်တိရိစ္တာန်
မျိုးတုန်းရာ၏........
ဇရပ်ကျောင်းအို
ဘုရားပြိုတော့
လူမျိုးဘာသာ
ပျောက်တတ်ရာ၏......
မြန်မာပြည်နေ
မြန်မာ့ရေသောက်
မြန်မာလူမျိုး
ငါတို့ဖြစ်တည်
သည်နိုင်ငံမှာ
ငါတို့ဘာသာ
သာသနာကို
ထိမ်းသိမ်းစောင့်ရှောက်ကြပါစ.......
ငါတို့မိဘ
မဖြစ်ခင်က
ကလေးအရွယ်
ဘိုးဘွားမိဘ
ထိန်းကျောင်းပြု၇င်း
ကြီးပြင်းလာသော်
လူလားမြောက်ချိန်
သူတို့ခမျှ
အိုမင်းမစွမ်း
ခန္ဒာနွမ်းလို့
ခရီးပန်းချိန်
ငါတို့တဖန်
စောင်.ရှောက်ခဲ့ရင်
ဘိုးဘွားရိပ်သာ
ပေါ်ထွန်းနိုင်ပါစ.........
ငါတို့မွေးဖွား
သည်နိုင်ငံမှာ
ဘုရားရယ်အို
ကျောင်းကန်ပြိုရင်
ပြုပြင်ထိမ်းသိမ်းကြပါမှ
လိုအပ်ချက်ကို ဖြည့်ဆည်း
အားနည်းသူကိုကူညီ
ပရဟိတစိတ်ဓါတ်
အပြည့်ထားနိုင်မှ
ငါတို့သည်
မြန်မာပြည်မှ
မြန်မာလူမျိုး ဖြစ်အံ့.................။
**********************************
.. www.MyanmarExpress.net
အမေ့ခံ
ပိတ်ဆို့ မှု တွေဖွင့်လိုက်တော့
တစ်ချို့ တစ်ချို့ တွေ England မှာ
အိမ်တွေဝယ် ကြတယ်တဲ့ ~~~
သူတို့ တွေမှာရော နေစရာ အိမ်
သေသေချာချာ ရှိပါရဲ့ လား ?
နာမည်ခံ လူယုံ တွေနာမည်နဲ့
တစ်ချို့ တစ်ချို့ တွေ ဆွစ်ဇာလန်မှာ
ဘဏ်ငွေတွေအပ်သတဲ့~~~
သူတို့ ကတော့ ပင်စင်လေး
ရဖို့ မိုးရေထဲမှာ ....
တစ်ချို့ တစ်ချို့ တွေရဲ့ သားသမီး
တွေ ... နိုင်ငံတကာမှာပဲ
ကျောင်းထားသတဲ့ .... သူတို့
သားသမီးတွေရော ပညာရေးနပ်
မှန်ရဲ့ လား ?
တစ်ချို့ တစ်ချို့ တွေ ကုမ္ပဏီကြီး
တွေထောင် ဆယ်သက်စာချမ်း
သာပေမယ့် ....
အဆင်မပြေလွန်းလို့ စာအုပ်ရောင်း
တဲ့ သူတို့ကိုတော့လူတွေက
အော်ထုတ်သတဲ့ ....
မျိုးဆက်သစ် နောက်ပေါက်တွေ
က သူတို့ ကြောင့် အရှက်ရလို့တဲ့
အသက် သွေးချွေး တိုင်းပြည်
အတွက်စတေး ပေးဆပ်ခဲ့တယ်
သတ်ရဲခဲ့တယ် သေရဲခဲ့တယ်။
ဘယ်သူတွေနဲ့ တိုက်ခဲ့သလဲ ...
ဘယ်လောက်တောင်သေခဲ့သလဲ
တစ်ချို့ တစ်ချို့ တွေက သတင်းစာ
မှာ သိက္ခာမဲ့စွာ နာရေးတစ်ခု ကို
ဝမ်းနည်းကြောင်း ကြော်ငြာ
ထည့်တော့သူတို့တွေ
ဘယ်လောက်များ ယူကြုံးမရ
ဝမ်းနည်းလေမလဲ ....
သူတို့ နောင်ရေးအတွက် လုပ်ငန်း
ကြီးတစ်ခုတည်ထောင်
တောင်တွေ မြစ်တွေ ရောင်းမှ
သူတို့ အတွက် ချိုင်းထောက်တစ်
လက် ရသတဲ့ ......
တန်ဖိုးကြီး Golf set တွေ နဲ့
တစ်ချို့ တစ်ချို့ တွေ အပန်းဖြေ ..
သူတို့က jungle hat လေးကို
ဆောင်းထား နေပူထဲမှာ လမ်းသွား
ရတုန်း .....
တစ်ချို့ တစ်ချို့ တွေပေါ့ ဗျာ ~~~
ပြီးတော့ သူတို့ သူတို့ တွေပေါ့ဗျာ
~~~
ဘယ်သူတွေက လူဖြစ်ရှုံးနေသလဲ
ဘယ်သူတွေကိုပဲ မုန်းသင့်သလဲ !
.
. www.MyanmarExpress.net
ဒို့မေမေ (remix)
From : .မောင်ရစ်
တို့မေမေ
========
ကုလား ထိလျှင် ချက်ချင်းပင်
အသက်ဝင်လာပေ တို့မေမေ...
ကုလားအခေါ် တို့များပေါ်
ဝေဖန်တတ်ပေ တို့မေမေ...
ကုလားအခွင့်အရေး ဝင်တိုက်ပေး
လေးစားလောက်ပေ တို့မေမေ...
ငယ်စဉ်ကာလ ရူးနှမ်းစ
ကုလားနဲ့ ထသလေ တို့မေမေ...
ကုလားနဲ့ရော ပျက်စီးသော
မွတ်ဒေါင်းပိုင်ပေ တို့မေမေ...
ပါတီဝင်များ လွန်လေးစား
ခွေးစကားပြောနေ တို့မေမေ...
ပြည်သူ့သဘော မစောကြော
မောကြောတွေ့နေ တို့မေမေ...
နှစ်ထောင့် ဆယ့်ငါး အတွေးများ
ဝေးဝေးမှာနေ တို့မေမေ...
ပါတီပျက်သုန်း လူကျဆုံး
လောင်းကြေးထပ်မလေ တို့မေမေ...
ကုလားကိစ္စ အဝဝ
လွှတ်ချနိုင်စေ တို့မေမေ...
ကုလားနဲ့တွဲ ခွပ်ဒေါင်းလည်း
ရပ်တည်မှန်ပါစေ တို့မေမေ...
ပြည်သူ့အသည်း ချည်နှောင်တွဲ
(ပြန်ပြီးတော့လေ) ယူတတ်ပါစေ တို့မေမေ
သို့ပါမှပဲ မျိုးရိုးလည်း
မြတ်ဂုဏ်ရှိစေ တို့မေမေ...
မောင်ရစ်ရေးသည်။ 
. www.MyanmarExpress.net
သူရဲကောင်းသို့ ပေးစာ
From : ..ဥက္ကာကိုကို
ရခိုင်သားရေ......
ခင်မြင့်မောင်ရေ......
ခုချိန်ထိ ခင်မောင်မြင့်နဲ့ ခင်မြင့်မောင် သိပ်မကွဲကြပေမယ့်
မင်းကို
လူအားလုံးက တခြားသူတွေနဲ့မတူ ကွဲကွဲပြားပြား သိခဲ့ကြပါတယ်။
မင်းဟာ
7Day ဂျာနယ်ကပေးတဲ့ သူရဲကောင်းဆုကိုရခဲ့တယ်
မင်းဟာ နိုင်ငံတော်ကပေးတဲ့ ဘာဆုကိုမှမရဖူးဘူး
ဒါပေမယ့် မင်းတန်ပါတယ်
မင်းဟာ
ပြည်သူတွေကပေးတဲ့ လူမှုဝန်ထမ်းကောင်းဆုကို
ပြိုင်ဖက်မရှိရထားခဲ့ပြီပဲလေ။
စစ်တွေမြို့၊ အောင်တိုင်ကျေးရွာမှာမွေးဖွားသူ
စိတ်ပညာဘွဲ့ရထားသူ
စကားနည်းလွန်းသူ
လောဘမကြီးသူ
အလုပ်ကြိုးစားသူ
ရိုးသားဖော်ရွေသူ
ဝါသနာပါလို့ ယာဉ်ထိန်းရဲလုပ်ခဲ့သူ
ဒုတပ်ကြပ်အဆင့်သာရှိခဲ့သူ
ခုတော့..........
မင်းဟာ နိုင်ငံကျော်ခဲ့ပါပြီ။
မင်း နာမည်ကျော်နေတာကို မင်းသိရဲ့လား ခင်မြင့်မောင်
မင်းဟာ တို့ရဲ့ စံပြပုဂ္ဂိုလ်ကွယ့်
မင်းဟာ ၀န်ထမ်းတွေရဲ့ နမူနာကွယ့်
မင်းဟာ နောင်လာနောက်သားတွေအတွက် အထိမ်းအမှတ်ရုပ်တုလေးတစ်ခုပ
မင်းအပြုံးဟာ ချိုမြိန်စွာပေါ့....။
နေတွေအရမ်းပူနေတယ် ခင်မြင့်မောင်
မိုးတွေ သိပ်သည်းနေတယ် ခင်မြင့်မောင်
ဆောင်းတွင်းဟာ အနွေးထည်မလုံလောက်ဘူးခင်မြင့်မောင်
မင်းချစ်တဲ့ လမ်းဆုံလေးဟာ မင်းကို အေးမြ နွေးထွေး လုံခြုံစေမှာပါ
ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထိပ်ကို မင်းချစ်သလို
ကားမောင်းသူတိုင်းကလည်း မင်းကိုချစ်ကြတာပဲလေ
မင်း အသားအရည်တွေ သိပ်နက်လာပြီခင်မြင့်မောင်။
မင်းကိုပေးတဲ့ ငွေစကြေးစတွေဟာ မေတ္တာ
မင်းကိုကမ်းတဲ့ ရေဘူး အချိုရည်ဘူးတွေဟာ မေတ္တာ
မင်းကို ကြည့်တဲ့မျက်ဝန်းများစွာဟာ မေတ္တာ
မေတ္တာဟာ မင်းအပြုံးအောက်မှာ နွဲ့လျမွှေးပျလို့...........။
ကားသမားတွေက ခေါ်ကြတယ် ခင်မြင့်မောင်
မင်းကိုလေ....
အသားမည်းလို့... ကုလားလေး...တဲ့
အမြဲပြုံးနေလို့.... ဖိုးပြုံးချို...တဲ့
ငါခေါ်မယ်ကွာ.... မင်းစိတ်မဆိုးနဲ့
မင်းဟာ ငါတို့ရဲ့ မော်တော်ပီကယ်
မင်းဟာ ငါတို့ရဲ့ ... ကုလားလေးဖိုးပြုံးချိုပါပဲကွာ။
“ကားကြပ်နေတယ်ဆိုရင် ရှင်းလင်းပေးဖို့က ကျွန်တော့်တာဝန်ပါ၊
ကားတွေကို ပရမ်းပတာ မမောင်း စေချင်ဘူး၊ ယာဉ်တိုက်မှုဖြစ်ရင်
နှစ်ဦးနှစ်ဖက်နစ်နာဆုံးရှုံးမှုဖြစ်မှာ မလိုလားပါဘူး” တဲ့လား...
မင်းရဲ့စေတနာ
မင်းရဲ့ သဘောထား..
ဂုဏ်ယူဝင့်ကြွားပါတယ်ရဲဘော်
မနက် ခြောက်နာရီကနေ ည ၇ နာရီအထိ
လမ်းဆုံမှာ မင်းရှိတယ်...
ဘယ်အချိန်ကြည့်ကြည့်
လမ်းဆုံမှာ မင်းရှိတယ်
မင်း သိပ်ပင်ပန်းမှာပဲ ရဲဘော်ရေ
ဒါပေမယ့် မင်းပြောခဲ့တယ်လေ
“မပင်ပန်းပါဘူး။ အခုလိုမတ်တပ်ရပ်နေရတာကို
ဝါသနာပါတယ်” လို့။
ကျေးဇူးတင်ပါတယ် ရဲဘော်ရေ....
တကယ် ကျေးဇူးတင်ပါတယ် ခင်မြင့်မောင်ရေ...
တို့အားလုံး ကျေးဇူးတင်လျှက်ပါ ရခိုင်သားလေးရေ.....
အမြစ်စွဲနေတဲ့ အကျင့်စရိုက်တွေထဲက ခွဲထွက်
ထုံးစံဆိုတဲ့ မလိုအပ်မှုတွေက သွေဖည်
ရေသာမခို အချောင်မစား.. မေတ္တာသာစားသုံးတဲ့
မင်းဟာ
ကမ္ဘာတည်သရွှေ့ စံပြုထိုက်သူအဖြစ်နဲ့
နယ်ပယ်တစ်ခုခုအပေါ် လွှမ်းမိုးနေဦးမှာ...
ပြည်သူတွေအပေါ် ရိုက်ခတ်နေဦးမှာ.....
ဒီနိုင်ငံကြီးကို သတိတွေပေးနေလိမ့်ဦးမှာ....
ကျန်းမာပါစေ... ချမ်းသာပါစေ....
နိုင်ငံတာဝန်များကိုလည်း ကျေပွန်ပါစေ... ခင်မြင့်မောင်ရေ။ ။
မင်းရဲ့ နယ်သား....
(18.5.2013)
 .. www.MyanmarExpress.net
သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ
From : သက်တန့်ချို
သူက သာမန်ရိုးရိုးကြီးပဲ
သူက သာမန်ဦးလေးကြီးပဲ
သူက သာမန်နဲ့မတူတဲ့ စိတ်ထားတော့ရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်လို့
စနစ်ကောင်းတွေကို စတင်ခဲ့
မြေစမ်းခရမ်းပျိုးကာလပါ
အနည်းဆုံးတော့ တိုင်းပြည်ကိုစေတနာရှိတာ
သူ့မျက်လုံးတွေမှာပေါ်တယ်
သူ့အပြုံးတွေမှာပေါ်တယ်
သူ့လုပ်ရပ်တွေမှာပေါ်တယ်
သူ့မှာ အခက်အခဲတွေရှိတယ်
သူ့မှာအားနည်းချက်တွေရှိတယ်
သူက အသက်ကြီးနေပြီ
သူက ပါးရေနားရေတွန့်နေပြီ
သူ့မှာ မသန်စွမ်းတဲ့နှလုံးသားကို
ဘက်ထရီအကူအညီနဲ့ခုန်စေလို့
သူ့စိတ်ဖိစီးမှုကိုဘယ်သူကမျာ
စာနာနားလည်ပေးမလဲ
သူက လူလိမ်လို့အပြောခံရတယ်
သူက ရွှေပန်းနဲ့အကြိုခံရတယ်
သူက မျက်ရည်အကြိမ်ကြိမ်ကျတယ်
သူ့မိသားစုမှာ သူက ဖခင်ကောင်း
သူ့တိုင်းပြည်မှာ သူက ခေါင်းဆောင်ကောင်း
စနစ်ဟောင်းကို သူရဲဝံ့စွာတော်လှန်တယ်
သူက သာမန်လူသားတစ်ယောက်ပဲ
သူ့မှာ အစွမ်းထက်တန်ခိုးတွေမရှိဘူး
စေလိုရာစေ ဖြစ်စေရာဖြစ်
စနစ်ကို ချက်ချင်း ပြောင်းဖို့မလွယ်ဘူး
အရာရာကို အသိနဲ့သတိကို စုံတွဲလို့
ဒီမိုကရေစီကိုသူဖော်ဆောင်နေတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ဒေါ်စုရှိတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ကိုမင်းကိုနိုင်ရှိတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ပြည်သူတွေရှိတယ်
သူ့မှာ မြန်မာပြည်ကိုချစ်စိတ်ရှိတယ
သူ့ရင်ခုန်သံဟာ တိုင်းပြည်အတွက် သွေးတစ်စက်
အဖက်ဖက်ကနေ သူကြည့်ရှာတယ်
မောနေပါပြီ
သူသွားနေတဲ့ခရီးတိုင်းမှာ တိုင်းပြည်အတွက်
မျက်နှာလည်းငုံ့ခဲ့ရ မျက်ရည်လည်းကျခဲ့ရ
ကလင်တန်ကို ရိုသေခဲ့ရ
အိုဘားမားကိုရိုသေခဲ့ရ
ယင်လတ်ကိုရိုသေခဲ့ရ
ဘယ်သူကများ ဒီအဖိုးအခကိုသိနိုင်မလဲ
သူ . . မောနေပါပြီ
အနာဂါတ်က မှောင်ပြပြ
တတ်စွမ်းသမျှ အလင်းပေးချင်တဲ့သူ
သူ့ပုံစံက လှောင်စရာကောင်းနေလို့လား
သူ့ မျက်ဝန်းတွေက မသမာမှုတွေလုပ်နေလို့လား
သူ့အပြုံးတွေက အရေခြုံတွေမို့လို့လား
သူ့မှာ သူမတတ်နိုင်တဲ့ တွန်းအားတချို့
သူ့မှာ သူကယ်ဆယ်နေရတဲ့ ဒုက္ခတချို့
သူ့မှာ သူ ထမ်းတင်နေရတဲ့ အနာဂါတ်တချို့
နံနက်ခင်းတိုင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့လို
ပျော်ရွှင်စွာ နေနိုင်ကြရဲ့လား
သူ . . လင်းစေချင်တယ်
အမှောင်တွေကို . . . ဖယ်ခွာချလို့
တိုင်းပြည်အတွက်ချစ်စိတ်
သူ့ နေ့ရက်တိုင်းအတွက် ထိပ်မှာ ရှိတယ်
သူ့လက်တစ်စုံဟာ တိုင်းပြည်အတွက်
သူ့ ခြေထောက်တစ်စုံဟာ တိုင်းပြည်အတွက်
အဖက်ဖက်ကနေ လေးစား
အကြွေးများနဲ့တိုင်းပြည်ကိုကယ်တင်
မြန်မာပြည်ရဲ့ အရှင်ပါ
သူဘယ်လောက်ထိ ဆက်လုပ်ခွင့်ရမလဲ
တစ်နှစ်. . .နှစ်နှစ်. . .သုံးနှစ် . . .
ဇရာက လုပ်နိုင်ခွင့်ကိုတားဆီးတယ်
ဖိအားက လုပ်ပိုင်ခွင့်ကို နှောင့်နှေးစေတယ်
ဘယ်တော့မှ စိတ်မပျက်ဘူး
ဘယ်တော့မှ လက်မှိုင်မချဘူး
သူချစ်တဲ့ပြည်အတွက်
စနစ်ဟောင်းကို ဦးဆောင်တော်လှန်နေတဲ့သူ ။
  www.MyanmarExpress.net
သွေးချင်းဆက်မှာခဲ့ပါရစေ ညီမငယ်
From :  Ven Sukhind Riya
ကျပ်ငွေတစ်ရွက်ရဲ့အောက်
ဦးခေါင်းငုံ့လျှောက်ခဲ့တဲ့သူ
သီလတွေ မဖြူစင်တော့ဘူးညီမငယ်။
ကျပ်ငွေတစ်ရွက်ရဲ့အောက်
မျက်စိမှိတ်လျှောက်ခဲ့တဲ့သူ
ဇာတိသွေး မဖြူစင်တော့ဘူးညီမငယ်။
ကျပ်ငွေတစ်ရွက်ရဲ့အောက်
စိတ်လိုတိုင်းရောက်ချင်တဲ့သူ
ဝံသာနုစိတ်ဓာတ်တွေမေ့ဖျောက်
အမျိုးဂုဏ်ဖောက်လို့ ..........
အပါယ်လည်းမကြောက်တော့ဘူးညီမငယ်။
ကျပ်ငွေကိုချစ်
ပြည်ထောင်စုကြီးနစ်လိမ့်မထင်
ငွေမြင်လျှင် ငမ်းငမ်းတက်
အချစ်ကို ငွေနဲ့ပဲနှုတ်ခွန်းဆက်ခဲ့
ဂုဏ်တွေ သိပ်တက်သတဲ့လားညီမငယ်။
ငွေမရှိ အချစ်ကုန်
ငရဲဘုံရောက်ချင်ရောက်
မင်း ဒီပြည်ဝမ်းကိုဖောက်
နင်းလျှောက်မလား ညီမငယ်။
စဉ်းစားပါ ညီမငယ်
စစ်မြေပြင်ရောက်
စစ်သားတွေ ငါးရာလောက်ထက်
မင်းတစ်ယောက် အရေးကြီး
အချစ်ကို ငွေအရင်းအနှီးနဲ့
တည်ဆောက်ပြီး ပြည်ဖျက်
ဘိုးဘွားဂုဏ် မင့်လက်ထက်မှ
အဆက်မဖြတ်ပါလေနဲ့နော်။
ငွေ ဟာအရာကျယ်ပေမယ့်
ဒို့ရေမြေခင်တွယ် စိတ်
မြင့်မြတ်တဲ့ဘာသာတံဆိပ်ကို
ငွေဆိပ်တက်အချစ်တစ်ခုနဲ့ ထပ်တူရောင်း
ငွေဝယ်ကျွန်ခေါင်းပေါင်းလှလှလေးဝတ်
စောင့်လေမျိုးနွယ်အရေခွံတွေ ချွတ်မချပါနဲ့
ဒို့အမျိုးတွေ အတွက်မို့
သွေးချင်းဆက်မှာခဲ့ပါရစေ ညီမငယ်။
 www.MyanmarExpress.net
ရခိုင်လူမျိုးဆိုတာ သွေးချင်းနှောတဲ့မောင်နှမအရင်းပါ
From :  ပုဂံပြည်မှသူရဲကောင်း
ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ငိုသံတောင်ပါတယ်မှတ်..
အဖြစ်ပျက်က ဆိုးလွန်းလို့
ငါ့ရင်တွေဆို့ အောင် ခံစားရတယ်.....။
ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ဝေးကွာနေရပေမယ့်
အတွေးကမ္ဘာမှာ မောင်နှမ ညီကို
သီတာထွေးလို အဖြစ်ဆိုးက
ငါ့ခေါင်းကို မိုးကြိုးပစ်သလိုခံစားရတယ်..။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကိုယ်ချင်းစာ သနားစိတ်နဲ့
နှလုံးသွေးက ပြောတဲ့ စကား
ငါကိုယ်တိုင်ပြန်ကြားရဲ့
နင်တို့တွေရဲ့ ဒုက္ခ ငါလည်း ထပ်တူခံစားရတယ်...။
ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာဆိုတာရှိနေသ၍
မေ့မထားဘူးဆိုတာမှတ်ထား
အသွေးအသားထဲက သံယောဇဉ်
မြင်ချင်စမ်းပါဘိ
ငါခုထိခံစားဆဲ
ရခိုင်လည်း ဗမာ ..ဗမာလည်းရခိုင်မို့
ငါ့သွေးထိ ငါမခံနိုင်..
လက်သဲဆိတ်တော့ လက်ထိပ်နာသလိုခံစားရတယ်...။
ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ....
နေသာသလို မနေချင်ပါဘူး
မြင်နေတာတွေက တို့သွေးမို့
တို့အရေးလို့ အခိုင်မာဆို
နင်တို့ စိတ်မာလို့ မငိုကြလည်း
ငါ့နှသားထဲမှာတော့ မျက်ရည်စက်လက်
ငါ့အသက်တစ်မျှ ခံစားရတယ်...။
ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာတည်သရွေ့ ရခိုင်တည်
မြန်မာပြည်ထဲက မောင်နှမအရင်း
မြန်မာပြည်ထဲက ညီကိုအရင်း
သွေးချင်း မရောပေမယ့်
သွေးနှောတဲ့ နှမ ညီနောင်
္ဒဓားသွားထက်က ပျားရည်စက်တောင်
ခေါင်းမရှောင် အတူလျှက်မယ် လို့ငါခံစားရတယ်...။ ။
Myanmar Express 
သမ္မတလုပ်ချင်တဲ့ ဒေါ်စုကြည်ခံယူတတ်မယ်ဆိုမြန်မာဆိုတာဘယ်တော့မှ......မပြောလေနဲ့
From :  ကိုလင်း
 ညီမလေးရေ 
ကိုယ်ဘာသာကိုကိုယ်မစောင့်ရှောက် 
ဘယ်သူကစောင့်ရှောက်လိမ့်မလည်း
 ကိုယ့်လူမျိုးကိုယ်မကာကွယ် 
ဘယ်သူကကာကွယ်လိမ့်မလည်း ညီမလေးရေ 
လူမျိုးကမတူဘာသာကခြား 
ဘာသာခြားကိုဆရာခေါ် 
လူမျိုးမတူလင်တော်
 ဘာကိုကွယ်စိတ်ကူး 
ဘယ်လိုမျိုးမင်းတွေး 
မင်းအတွေးမင်းမှန်တယ်လို့မင်းထင် 
မင်းထင်ရာမင်းလုပ် လူမျိုးကိုမှအားမနာ
 ဘာသာကိုစော်ကား ကိုယ်နိုင်ငံကိုမစောင့်ရှောက် 
 ကိုယ်လူမျိုးကိုယ်မချစ် ကိုယ်ဘာသာမခင်တွယ် 
 မင်းလိုလူမျိုး မြေမျိုလို့လူမျိုးမပျောက် 
မင်းလိုလူမျိုးလုပ်မှ တို့လူမျိုးပျောက်မှာကို 
ရင်လေးမိတယ်ညီမရယ် 
တဒင်္ဂသာယာမှူကြောင့် 
လူမျိုးရဲ့ဂုဏ်ကိုမငဲ့ကွက် 
ဘာသာရဲ့ဂုဏ်မစောင့်ရှောက် 
မင်းသွေးမှာစီးဆင်းနေတာ
 မြန်မာ့သွေးဆိုတာ 
မင်းမမေ့လေနဲ့
 နောင်တဆိုတာ
 နောင်မှတလိုရတယ်တဲ့ 
မင်းလိုလူမျိုးမပါဘူး 
ဘာသာကိုစော်ကား 
လူမျိုးမစောင့်ရှောက်တဲ့မင်း 
ကိုယ်ဖြစ်လို့ကိုယ်ခံ 
ကိုယ်တရားကိုယ်စီရင် 
မင်းသေတွင်းမင်းတူးတဲ့မင်း 
 ငါတို့လူမျိုး ငါတို့ဘာသာမှာ
 မင်းလိုလူမျိုးမရှိဘူး
 မြန်မာဆိုတာဘယ့်တော့မှ..
မပြောလေနဲ့ 
 တို့သွေးကမြန်မာ့သွေး
 တို့ဖတ်နေတာမြန်မာစာ 
တို့စားနေတာမြန်မာ့အစားအစာ....
Myanmar Express
လူပျက် ဇာဂနာ အတွက် အညာတရကဗျာဆရာ တစ်ယောက်မှ ဂုဏ်ပြုကဗျာ
From : မိုးဆက်
.....လူပျက်တစ်ယောက်ရဲ့ နောက်ဆုံးခရီး....
လူရွှင်တော်ပါဘဲ လူပျက်လို့ မသုံးနှုံးတော့ပါဘူး ဒါ ပေမဲ့.................... ခင်ဗျား ရပ်တည်ချက်တွေေ-ာက်တလွဲဖြစ်တဲ့ အခါ.. ခင်ဗျားဟာ လူပျက်တစ်ယောက် ဖြစ်သွားပြီ.... ခင်ဗျားရောက်နေတဲ့ အနောက်ဘက်ရိုးမတောင်တန်းဆီက ငါတို့ သွေးချင်း ရခိုင်တိုင်းရင်းသားတွေရဲ့ ........... ငိုသံတွေကို ခင်ဗျား ဘာလို့ လျစ်လျူ ရှု ခဲ့သလဲ... ငါတို့တိုင်းရင်းသားတွေရဲ့ သွေး..အရှက်နဲ့သမိုင်းတွေ မြေခနေတဲ့အချိန်မှာ... ခင်ဗျားကရန်သူကို မိတ်ဆွေရင်းချာလို...ဘာလို့ဆက်ဆံခဲ့သလဲ.. ရခိုင်တိုင်းရင်းသားတို့ ရဲ့ မျက်ရည်တွေ....ဆုံးရှုံးမှုတွေ.. ငိုကြွေးသံတွေရဲ့ အလယ်မှာ...ခင်ဗျားရဲ့ အသက်ရှုသံတွေက... လိပ်ပြာသန့်ရဲ့ လား...ရာဇ၀င်ရိုင်းလိုက်တာ ဂတုံးရာ.. ရိုဟင်ဂျာကို ဆန့်ကျင်တယ်ဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေမှာ... ငါတို့လို အညတရတွေနဲ့ အတူ မြန်မာဆိုတဲ့ စိတ်ကို အရင်းခံလို့.. အမျိုးသားရေးစိတ် အပြည့်နဲ့ ပါဝင်ခဲ့ကြသူတွေကို.. ခင်ဗျားက ပါးစပ်နဲ့ ပါးရိုက်ခဲ့တယ်နော်.. ပက်စက်လိုက်တာ ဂတုံး ရာ... တစ်ချိန်က ခင်ဗျားရဲ့ ပရိတ်သတ်တစ်ယောက် အနေနဲ့ မေးခွန်းနဲနဲ လောက်မေးချင်ပါတယ်... ကျေးဇူးပြုပြီး ဖြေပေးပါ လူပျက်ကြီး ကိုဇာဂနာခင်ဗျား... ဘာလို့ ရိုဟင်ဂျာတွေ ဘက်က ပါနေရတာလဲ... ဘာလို့ ရခိုင်တွေကို အမြင်မကြည်လင်တာလဲ... ခင်ဗျားကို ဘယ်ဘာသာကို သက်ဝင်ယုံကြည်ခဲ့ပါသလဲ... အခုလို ပြုမူပြောဆိုမှုတွေအတွက် ဒေါ်လာဘယ်လောက်ရပါသလဲ.. ပြည်ပရောက်မင်းမိသားစု တွေ အတွက်ဘာများ အကျိုးရှိပါသလဲ.. မြန်မာပြည်သားတစ်ယောက် ဖြစ်တဲ့ခင်ဗျား အတွက်..ထပ်ပြောရရင်... အမှန်တရားကို မြတ်နိုးပါတယ်ဆိုတဲ့ ခင်ဗျားအတွက်.. ဘယ်လိုမျိုး အကျိုး ရှိခဲ့သလဲ.. ကျုပ်တို့ သိချင်ပါတယ်... လူတိုင်းမှာအတိတ်ကိုယ်စီ ရှိကြတယ် ...ဂတုံး အတိတ်တွေက သမိုင်းတစ်ခုရဲ့ အုတ်မြစ်တစ်ခုဘဲ.. ခင်ဗျား...အခုတော့... သမိုင်းရဲ့ တရားခံဖြစ် ဖို့နီးစပ်နေပြီ.. ခင်ဗျား...အခုတော့... သူရဲကောင်းယောင်ဆောင်ထားတဲ့ ခပ်ကြောင်ကြောင်ခပ်ညံ့ညံ့ အာပလာတစ်ယောက် ဖြစ်ဖို့ ပိုနီးစပ်နေပြီ.. နောက်ဆုံးတစ်ခုကတော့ နှုတ်ကြောင့်သေသွားတဲ့ လူပျက်တစ်ယောက်ရဲ့ နောက်ဆုံးခရီးမှာ သရဏဂုံဘဲတင်မှာလား... အမိန့်တော်ဘဲခံယူမှာလားဆိုတာတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းနေပါပြီ.. 
 Myanmar Express 
မြန်မာတွေနေတဲ့ မြန်မာပြည်
From : အရှင်အာဒိစ္စ
သစ်ပင်ကမ္ဘာ၊ရုက္ခရွာဝယ်၊ရသာချိုမြ၊သီးကင်းလှသည့်၊
ဗန္ဒရသရက်၊ပင်ပျိုထက်ဝယ်၊တွယ်ဖက်တက်လျှောက်၊နွယ်ယှက်ပေါက်သည့်၊
ဂွေးတောက်ကပ်ပါး၊ပူးဝင်ပွား၍၊တူးခါးဖန်သက်၊ရသာပျက်ကာ၊
မျိုးဆက်သိမ်ဖျင်း၊မျိုးပျက်ခြင်းကို၊ထင်လင်းရှုမြင်၊ပမာတင်၍
ဆင်ခြင်သုံးသပ်ကြည့်ပါလေ။
လူတို့ကမ္ဘာ၊သတ္တရွာ၌၊နေရာပိုင်းခြား၊စည်းရိုးတာ၍၊မြေသားပထ၀ီ၊
တိုင်းဌာနီဟု၊တည်ရာပိုင်နက်၊နယ်မြေထက်ဝယ်၊ဆက်ဆံချုပ်ခြာ
အုပ်စိုးလာလျှက်၊ရှည်ကြာမှီတင်း၊နေထိုင်ရင်းမှ၊ဆင်းသက်ပေါက်ပွား၊
နိုင်ငံသားတို့၊မြေးသားစဉ်ဆက်၊ပေါင်းနွယ်ဖက်၍၊မျိုးဆက်ဆစ်ခု၊
ဝံသာနုကို၊ပြုစုတည်တံ့၊သွေးသန့်သန့်ဖြင့်၊ခန်းငြားထည်ဝါခဲ့ကြသည်။
သို့သော် ခန်းငြား၊စည်းဝိုင်းတားလျှက်၊နေငြားသော်လည်း၊လူ့ရွာထဲဝယ်၊
စည်းကွဲချိုးဖောက်၊တိုးဝင်နှောက်ပြီး၊ဂွေးတောက်ပင်နှယ်၊ကပ်ပါးနွယ်၍၊
နယ်ကျော်ကြိုးရှုပ်၊အမျိုးဖြုတ်မည့်၊သွေးစုပ်ရန်ဆွယ်၊အသွယ်သွယ်ကို၊
တွယ်ကပ်မှီခွဲ၊ရှိစမြဲတည်း။
ဇွဲလုံးလပွား၊သတိထား၍၊တရားသစ္စာ၊ဖြောင့်မှန်စွာဖြင့်၊
တာဝန်သယ်ပိုး၊စောင့်ကြပ်မိုးလော့။
မျိုးနွယ်ညံ့ဖျင်း၊သီးငုံကင်းကာ၊လူခြင်းမျိုးဖုံး၊မျိုးမတုံးရေး၊
နှလုံးမြဲမြံ၊သန်ဒိဋ္ဌာန်ဖြင့်၊အားမာန်ဝင့်ကာ၊ကြူးရင့်ပါအံ့။
ကမ္ဘာအရှည်၊မြန်မာတည်၍၊တည်သည့်တို့မြေ၊မြန်မာနေမည်၊
မိုးမြေသိမ့်သိမ့် တုန်စေသတည်း။
Myanmar Express
ဦးသိန်းစိန်သစ်ခွ ကဗျာ (Dendrobium Thein Sein)
From : http://republicoftheunionofmyanmar.blogspot.com/
as I suspected,
it's overwhelmingly olive-green,
the color of the Burmese tatmadaw
i might be prejudiced to think that way.
after all, aren't all orchid stems and leaves green?
then again
what do those twisted
petals have to say?
what do other orchids have to say?
no doubt
this honors the ungainly bald general
but insults the whole of
flowerkind.
you don't deserve it.
i grieve for you
dendrobium thein sein.
*
This poem was written by Ko Ko Thett with some input from Kyi May Kaung.
Myanmar Express
သမီးဖြစ်တဲ့ဒေါ်စုကြည်က ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားလို့လူမှန်နေရာမှန်မှာထားပုံ
From : မင်းသန့်
မြတ်နိုးလို့ တဲ့  အမှတ်တရသိမ်းထားဖြစ်တယ်
ဧည့် ခန်းမှာတော့  မဟုတ်ဘူး
ဈေးရောင်း ပွဲတော်မှာ............
ချစ်လွန်းလို့ တဲ့  သွားလေရာခေါ်သွားကြတယ်
သာယာတဲ့ နေရာတော့ မဟုတ်ဘူး.....
စည်းရုံးရေးတိုင်းမှာ..........
လေးစားလို့ တဲ့  အမြဲတမ်း တယုတယထားတယ်
ရုံးခန်းမှာတော့ မဟုတ်ဘူး
ကားစတေကာမှာ.............
သတိရလို့ တဲ့  စီတန်းပြီးလမ်းလျှောက်ချင်ကြတယ်
မမေ့ နိုင်လို့ တော့ မဟုတ်ဘူး
အာဇာနည်နေ့ မှာ.............
တန်ဖိုးရှိလို့ တဲ့  ဗိုလ်ချူပ်အဆိုအမိန့် တွေ ခဏခဏပြောတယ်
အာဇာနည်နေ မှာတော့ မဟုတ်ဘူး
နိုင်ငံရေး စကားဝိုင်းတွေတိုင်းမှာ.........
နှမျောလို့ တဲ့  စကားစပ်မိတိုင်း ဗိုလ်ချူပ်အကြောင်းခဏခဏပြောတယ်
မျိုးဆက်ပြက်သွားလို့ တော့ မဟုတ်ဘူး
ဇူလှိုင်(၁၉) ရက်ကျရောက်တဲ့ နေ့ တိုင်းမှာ.............
တန်ဖိုးရှိတဲ့ သူရဲ့ ပုံရိပ်
တန်ဖိုးရှိတဲ့ သူရဲ့ စကားလုံး
တန်ဖိုးရှိတဲ့ သူရဲ့  အဆိုအမိန့် 
တန်ဖိုးရှိတဲ့ သူရဲ့ ဘ၀သမိုင်းအကြောင်း
နေရာအထားအသိုမှန်စွာ ချစ်တက်၊မြတ်နိုးတက်၊တန်ဖိုးထားတက်ကြပါစေ...........
Myanmar Express
မြန်မာပြည်သူ/သားတွေ အားလုံးချစ်တဲ့သမ္မတကြီး ဦးသိန်းစိန်ဆိုတာ သူပေါ့
From : မင်းသန့်
သူ ပေါ့..............။
ဒုတိယ ဘုရားသခင်လည်းမဟုတ်ပါဘူး.။
သူပေါ့............။
သူများတွေလို ထောက်ခံမူ့  အများကြီးလည်းမရပါဘူး။
သူပေါ့.............။
နိုင်ငံတကာမှာလည်း နာမည်မကြီးပါဘူး..။
သူပေါ့...........။
ဆုတွေအများကြီးလည်းမရဖူးပါဘူး..။
သူပေါ့..........။
အဖေအဖေလို့ လည်း မခေါ်ခံရပါဘူး..။
သူပေါ့............။
နှလုံးခုန်စက်ထည့်ထားတာတောင် မနားမနေအလုပ်လုပ်နေသူပေါ့.။
သူပေါ့........။
သတ်မှတ်ထားတဲ့ လစာသိန်း(၅၀)ကို မယူပဲ အရင်လက်ဟောင်းလစာလေးကိုသာ စားသုံးနေသူပေါ့..။
သူပေါ့.........။
ရိုးရိုးနဲ့  နေထိုင်တက်သူ ဧရာဝတီတိုင်းသား တစ်ဦးပေါ့.။
သူပေါ့.....။
သူကြောင့်နဲ့ တော့  အွန်လိုင်းမှာ ဘယ်တော့ မှ ရန်မဖြစ်အောင်ပြောဆိုနေထိုင်သူတစ်ဦးပေါ့။
သူပေါ့.........။
စကားနည်းနည်းပြောပြီး အလုပ်များများလုပ်သူတစ်ဦးပေါ့...။
သူပေါ့........။
သံသယမျက်လုံးပေါင်းများစွာထဲက အပြုံးမပျက်ပဲ ကိုယ်အလုပ်ကိုယ်လုပ်နေသူတစ်ဦးပေါ့။
သူပေါ့.....။
ဘယ်သူချစ်ချစ် မချစ်ချစ် သမ္မတကြီးကို ကျွန်တော်/မ တို့အားလုံးချစ်တယ်။
Myanmar Express
ဒေါ်အောင်ဆန်းစုကြည်ကို ယဉ်တန်းဖြင့် ဂုဏ်ပြု ကြိုဆို
ဆူးလေမှာလည်း ရန်ကုန်က
မြန်မာမွတ်ဆလင်ပါ ဆိုသူတွေလည်း ဆန္ဒပြ
မော်လ၀ီဆိုသူကြီးတွေကိုနှစ်သိမ့်
ပြဇတ်ကနေကြတဲ့အလား တညီတညွတ်
ပြည်ထောင်စုမြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ
သားချင်းတွေမီးလောင်တိုက်သွင်းခံရ
ဓါးနဲ့ခုတ်ခံရ ဒုတ်နဲ့ရိုက်ခံရတဲ့
ပြည်ထောင်စုသားရခိုင်တွေဘက်ကြတော့
လှည့်တောင် အကြည့်မတဲ့သူ
နောက်ဆုံ.........
ရခိုင်ပြည်နယ်ကို ဘင်္ဂါလီရိုဟင်ဂျာမူဆလင်
ကုလာဒိန်ပြည်နယ်ဖြစ်အောင်ပြုလုပ်နေတဲ့
အဖွဲ့တွေ ပလဲနံသင့် ပျော်ပါခဲ့သူ....
နောက်ထပ် ပြည်ထောင်စုမြန်မာနိုင်ငံသား တိုင်းရင်းသာ
တွေကို သွေးစည်းညီညွတ်မှုကို ပြိုးကွဲအောင် ပြောဆိုခဲ့သူ
မြန်မာနိုင်ငံနဲ့ ဗမာနိုင်ငံဆိုတာတောင်မသိလောက်အောင်
မိုက်မဲတဲ့သူ
ရခိုင်ပြည်နယ်မှာတောင် ငြိမ်းချမ်းရေးရအောင် မလုပ်ပေးနိုင်ပဲ
ငြိမ်းချမ်းရေးနိုဘယ်ဆုဆိုတာကို ရရှိခဲ့ ကုလာဖြူမယာ ဟာချီမာဒေါ်စုကို
မြန်မာနိုင်ငံသားမျိုးချစ်လူငယ်များမှ ကြိုဆိုဂုဏ်ပြုလိုက်သည်.....
Myanmar Express
ရင်နာတယ် အမေ၊ မြန်မြန်သေပါတော့...
တောင်ကုတ်မှာ မွတ်ဆလင်ဆယ်ယောက်
ကျနော်တို့ လူမျိုးတွေထဲက စိတ်ဆတ်သူတွေသတ်မိတော့
အမေပြောတဲ့စကားကို ကြားယောင်ပြီး သိပ်ရှက်မိတယ် အမေ
အားကြီးသူဆိုတာ အားငယ်သူကို
စာနာသနားရတယ် ဆိုလား ဘာဆိုလား အမေ
ဟုတ်ပ ဟုတ်ပ . . . ကျနော် အကိုတွေ
မလိမ်မာ တခါမိုက် ရာဇ၀င်တောင်တွင်လိုက်သေးတယ် အမေ . . .
ဆူးလေမှာလည်း ရန်ကုန်က
မြန်မာမွတ်ဆလင်ပါ ဆိုသူတွေလည်း ဆန္ဒပြ
အမေက လည်း မော်လ၀ီဆိုသူကြီးတွေကိုနှစ်သိမ့်
ပြဇတ်ကနေကြတဲ့အလား တညီတညွတ်
ကျနော်ဆို ပြည်ထောင်စုသားရခိုင်လူမျိုးဆိုတဲ့
ဂုဏ်တောင်ရှိလားမရှိလား မသိတော့
ကျနော်တို့ဟာ အဘိုးဗိုလ်ချုပ်ကိုယုံလို့
ပြည်ထောင်စုအလံအောက်ကို ခိုခဲ့ကြတာပါ အမေ
ကျနော်တို့ထက် သူတို့က ပိုအရေးကြီးနေသလား ???
အခု မောင်တောမြို့မှာ ကျနော်တို့ သားချင်းတွေ
မီးလောင်တိုက်သွင်းခံရ ဓါးနဲ့ခုတ်ခံရ ဒုတ်နဲ့ရိုက်ခံရ
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဒေသမှာ
ဒီလိုလုပ်ခံရတာအမေ . . . ပြောပါဦးလေ
အားကြီးသူတွေ . . . အားနွဲ့သူတွေ . . .
အခုတော့နားလည်းသွားပြီအမေ
မော်လ၀ီတွေကို နှစ်သိမ့်ခဲ့သမျှ
ပြည်ထောင်စုသားရခိုင်တွေဘက်ကြတော့
လှည့်တောင် အကြည့်မခံရတဲ့ဘဝ
နာတယ် အမေ နာတယ်
ဟောဒီ ရင်ဘတ်က တဆစ်ဆစ်နာတယ် . . .
မြန်မြန်သာ သေလိုက်ပါတော့....
Myanmar Express