Subscribe to our RSS Feed

ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထားဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်

From : ..7day


မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက်တစ်ရပ်အား ယနေ့ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြို့နယ် ၁၅ မြို့နယ်၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ်များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၈၆ ဦးရှိ၍ လူဦးရေ ၁၁,၃၇၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖမ်းဆီးရမိခဲ့သော ပြစ်မှုကျူးလွန်သူများ ပြုလုပ်ခဲ့သည့် ပြစ်မှုများမှာ လူသတ်မှု၊ လုယက်မှု၊ မီးဖြင့်အကျိုးဖျက်ဆီးမှု၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ဆန့်ကျင်သည့် ပြစ်မှုဖြစ်စေရန် လှုံ့ဆော်မှု၊ ကောလာဟလဖြန့်ချိမှုအစရှိသည့် အမှုများ အပါအ၀င် ပြစ်မှု ၁၇ မျိုးရှိသည်။

ထို့အပြင် တည်ဆဲဥပဒေများအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ငါးယောက်ထက်ပိုသော လူစုလူဝေးကို အင်အားသုံး၍ လူစုခွဲနိုင်ပြီး ထိုသို့အင်အားသုံးဖြေရှင်းရသည့် ကိစ္စမျိုးပေါ်ပေါက်ခဲ့ပါက ပြည်သူလူထုအနေဖြင့် ပါဝင်ကူညီဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းပန်ကြားပါကြောင်း ဖော်ပြပါရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ကြောင်း ပြစ်မှုထင်ရှားသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး အဆိုပါဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရန် ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။


 .. www.MyanmarExpress.net
 

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ နယူးဇီလန် နိုင်ငံမှ ပြန်လည် ရောက်ရှိ

From : ..မြဝတီ

ရန်ကုန်  မတ်  ၃ဝ
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်ဇနီး ဒေါ်ခင်လေးသက် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် နယူးဇီလန် နိုင်ငံ  အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. David Carter ၏ဖိတ်ကြား ချက်အရ နယူးဇီလန် နိုင်ငံသို့ သွားရောက် ခဲ့ပြီး လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ ပြည်သူ့လွှတ် တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် ဇနီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးတင်အောင်၊ ပြည်သူ့ လွှတ်တော် ကော်မတီနှင့် ကော်မရှင်များမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်ဇနီး ခေါင်းဆောင်သော မြန်မာကိုယ် စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါ သွားခဲ့ကြသည့် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင် နှင့် တာဝန် ရှိသူများလည်း ပြန်လည် လိုက်ပါ ခဲ့ကြကြောင်း သတင်း ရရှိသည်။

.. www.MyanmarExpress.net
 

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး သာစည်မြို့ နယ်မြေ အေးချမ်းရေး ဆောင်ရွက်မှုအား ကြည့်ရှု စစ်ဆေး

From : ..မြဝတီ

နေပြည်တော်   မတ်   ၃ဝ
မိတ္ထီလာမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် နယ်မြေခံ တပ်များမှ တပ်မတော် အရာရှိကြီးများ၊  တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၂၉ ရက် နံနက် ၁ဝ နာရီခွဲက  ပျော်ဘွယ်မြို့နယ် ယင်းတော်သို့ ရောက်ရှိပြီး  ယင်းတော်နယ်မြေ  တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး တပ်ဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို မှာကြား၍ တည်ငြိမ် အေးချမ်းမှု အခြေအနေများကို မော်တော်ယာဉ်ဖြင့်  လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် မွန်းလွဲ ၂ နာရီခွဲတွင် သာစည်မြို့ မြို့နယ် စည်ပင်သာယာရေး ရုံးခန်းမသို့ ရောက်ရှိရာ တာဝန်ရှိသူများက သာစည်မြို့ပေါ်ရှိ ရပ်ကွက်များ လုံခြုံရေး၊ နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကို မြေပုံကားချပ်ဖြင့်  ရှင်းလင်း တင်ပြရာ  ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယနေ့အချိန် အခါတွင် မိတ္ထီလာ၊ ပျော်ဘွယ်၊ သာစည်မြို့နယ်များ၏ အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိနေပြီး ဒေသခံပြည်သူများ အသွားအလာမပျက် ရောင်းဝယ် ဖောက်ကားလျက် ရှိကြောင်း၊ နေ့စဉ် လုပ်ငန်းခွင် မပျက် လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြကြောင်းနှင့် တည်ငြိမ် အေးချမ်းလျက် ရှိခြင်း အပေါ် မလိုလား အပ်သော ဆူပူ အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပေါ် စေရေးနှင့် တရားဥပဒေ စိုးမိုးရေး တို့အတွက် နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့ များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ နေ့ညမပျက် လုံခြုံရေးများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

.. www.MyanmarExpress.net
 

မိတ္ထီလာ မြို့နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများသို့ ငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်း

From : ..MWD

နေပြည်တော်   မတ်   ၃ဝ
ယမန်နေ့ နံနက် ၁ဝ နာရီက ဆက်သွယ်ရေး ရိပ်သာ ခန်းမတွင် ကျင်းပ သည့် မိတ္ထီလာမြို့၌ ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ယာယီ ခိုလှုံလျက် ရှိသော ဒုက္ခသည်များ အတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေနှင့် တာဝန် ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဗိုလ်ချုပ် ဇော်ဝင်းက အလှူရှင်များ ကိုယ်စား လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဆန်အိတ် ၁ဝဝဝ၊ မိတ္ထီလာ မြို့နယ် ကျောင်းသားဟောင်းများ အဖွဲ့က ဆန်အိတ် ၁ဝဝဝ၊ ယူနိုက်တက် အမရဘဏ်က ငွေကျပ် သိန်း ၁ဝဝ၊ Aromar ကုမ္ပဏီက ခေါက်ဆွဲခြောက် ၄၇ ဖာ၊ သီဟမင်းဆွေ ကုမ္ပဏီက  စားဆီ ပိဿာ ၃၆ဝ ၊ ကေအေ ကုမ္ပဏီက တစ်လီတာ ရေသန့် ဘူး ၃ဝဝဝ လုံး၊ Soe & Sons ကုမ္ပဏီက ခြုံစောင် ၁၁၇၂ ထည်၊ ကျားလုံချည် ၅ဝဝ ထည်၊ မလုံချည် ၄၅ဝ ထည်၊ စုစုပေါင်း ငွေကျပ် သိန်း ၅၅၉ ဒသမ ၈ဝ  တန်ဖိုးရှိ အလှူငွေနှင့် စားသောက်ကုန် အဝတ်အထည် ပစ္စည်းများအား ပေးအပ် လှူဒါန်းရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဦးရဲမြင့် နှင့် ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေတို့က လက်ခံ ရယူပြီး   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ နယ်စပ်ရေးရာ ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးနှင့် အဖွဲ့သည် အ.ထ.က(၁)နှင့် မကျီးကုန်း ကျောင်းတိုက်တို့၌ ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ယာယီ ခိုလှုံလျက် ရှိသော ဒုက္ခသည် များအား တွေ့ဆုံ ၍ ကျန်းမာ သန့်ရှင်းရေး၊ နေထိုင် စား သောက်ရေး အခြေအနေ များအား ကြည့်ရှု အားပေးကာ အ.ထ.က(၁)တွင် အလှူ ငွေ ကျပ်နှစ်သိန်း၊ မကျီးကုန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒရထံ အလှူ ငွေကျပ် ၁၅ သိန်းတို့ ပေးအပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။ 

.. www.MyanmarExpress.net
 

“ဖြူစင်မြတ်နိုး၊ ကိုးခြောက်ကိုး (၉၆၉)






 “၉၆၉-အဓိပ္ပါယ်”
          (၉၆၉) ဂဏန်းသုံးလုံးတွင် ပထမ(၉)သည် ဘုရားဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
          ဒုတိယ ဂဏန်း(၆)သည် တရားဂုဏ်တော် (၆)ပါးကို ရည်ညွှန်းသည်။
          တတိယ(၉)သည် သံဃာ့ဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
          (၉၆၉)သည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ကိုယ်စားပြုသော ဂဏန်းသုံးလုံးသာ ဖြစ်သည်။
“၉၆၉-၏ ပန်းတိုင်”
          (၉၆၉)၏ အဓိကပန်းတိုင်မှာ အမျိုးဘာသာ သာသနာအဓွန့်ရှည် တည်တန့်ခိုင်မြဲရေး ဖြစ်သည်။
          တိုင်းရင်းသူဦးရေ မလျော့ပါးရေး
          တိုင်းရင်းသားဦးရေ အိမ်ခြေ မလျော့ပါးရေး
          တိုင်းရင်းသား နယ်မြေ မလျော့ပါးရေး.. တို့သည် (၉၆၉)၏ အဓိကပန်းတိုင်ဖြစ်သော အမျိုးဘာသာ သာသနာ အဓွန့်ရှည်တည်တန့် ခိုင်မြဲရေးတွင် အကျုံးဝင်သည်။
“၉၆၉-လုပ်ငန်းစဉ်”
          ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်ထောင်ပြုခြင်း၊
          ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်/မြေ အငှားထား ရောင်းချခြင်း၊
          ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသားပိုင် ဈေးဆိုင်များမှာသာ ဈေးဝယ်ခြင်း၊
          အိမ်ဖော်၊ အလုပ်သမား ငှားသည်ဖြစ်စေ၊ အိမ်ဖော်အလုပ်သမား လုပ်သည် ဖြစ်စေ- ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ ငှားရမ်းလုပ်ကိုင်ခြင်း-များကိုသာ ဦးစားပေး ဟောပြောစည်းရုံးသည်။
“၉၆၉-မူဝါဒ”
          (၉၆၉)သည် လူသတ်ဝါဒ မဟုတ်သလို၊ လူသတ်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
          (၉၆၉)သည် အကြမ်းဖက်ဝါဒ မဟုတ်သလို၊ အကြမ်ဖက်ဝါဒကိုလက်မခံ အားမပေး ကန့်ကွက်ရှုတ်ချသည်။
          (၉၆၉)သည် အနိုင်ကျင့်ဝါဒ မဟုတ်သလို၊ အနိုင်ကျင့်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
          (၉၆၉)သည် လူ့အသက်မပြောနှင့် တိရစ္ဆာန်အသေးအမွှားလေးများ၏ အသက်ကိုပင် တန်ဖိုးထားလေးစားသည်။ ကြင်နာသနားသည်။ စာနာမှုအပြည့်ရှိသည်။ (၉၆၉)၏ အဆုံးအမလာ ကံငါးပါးလုံခြုံရေးတွင် ပါဏာတိပါတကံ (သူ့အသက်မသတ်ရ ပညတ်ချက်) ပါဝင်သည်။
          (၉၆၉)သည် သွေးစွန်းခြင်း၊ သွေးဆာခြင်း၊ သွေးတောင်းခြင်းကို မလိုလားသလို သွေးစွန်းသော လက်နှင့် သွေးဆာသွေးတောင်းသူများကိုလည်း မေတ္တာရေဖြင့် သန့်စင်ဆေးကြော ဆုံးမမှုကိုသာ ဆောင်ရွက်လေ့ရှိသည်။
          (၉၆၉)သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို လိုလားပြီး၊ ထိုသို့ နေထိုင်နိုင်ဖို့အတွက် လိုအပ်သော အချက်အလက်များကို အခွင့်သင့်တိုင်း ထုတ်ပြန်ကြေညာလေ့ရှိသည်။
          (၉၆၉)သည် နိုင်ငံရေးလှုံ့ဆော်မှု၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားအောင် လှုံဆော်ခြင်း အလျဉ်းမရှိသလို၊ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုလည်း ကျင့်သုံးလေ့မရှိသည့်အပြင်၊ မိမိဘာသာ သာသနာမှတစ်ပါး အခြားသော ဘာသာ သာသနာကို ထိပါးပုတ်ခတ်ခြင်း၊ ကျူးကျော်စော်ကားခြင်း၊ ရန်လိုရန်မူခြင်းလည်း လုံးဝမရှိပေ။
          (၉၆၉)သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ရာနှုန်းပြည့်ကျင့်သုံးပြီး၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖောက်နေသူများကိုလည်း ပြင်းထန်စွာ ရှုတ်ချလေ့ရှိသည်။
          (၉၆၉)သည် အမျိုးသမီးအခွင့်အရေးကို အပြည့်အဝပေးထားပြီး၊ အမျိုးသမီးများကို ဖိနှိပ်ချုပ်ခြယ် ကန့်သတ်တားမြစ်မှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်လေ့ရှိသည်။
          (၉၆၉)သည် (၂၄)ရာစုမှာ တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်ဖြစ်ရေး အိပ်မက်ရှည်ကြီး မက်လေ့မရှိသလို ကေသမုတ္တိသုတ္တန် (ကာလာမသုတ္တန်)လာ ဘာသာတရားတစ်ခုကို လက်တွေ့ကျင့်သုံးပြီးမှ လက်ခံထိုက်သည့် ဗုဒ္ဓအဆုံးအမကို အမြဲတစေလေးစားဆောက်ရွက်သည်။
          (၉၆၉)သည် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားပြီး၊ အသားအရောင် ခွဲခြားခြင်း၊ လူမျိုးဘာသာခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်းမျိုးကို လူသားမဆန်မှုဟု ရှုမြင်သည်။
          (၉၆၉)သည် ဘာသာလူမျိုးကွဲပြားသူများနှင့် ပြဿနာဖြစ်လျှင် အမျိုးသားရေး ပြဿနာအဆင့်သို့ မရောက်စေရန် ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ အရေးယူမှုကို လိုလားပြီး အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်းကို လုံးဝမလိုလားပေ။
          (၉၆၉)သည် အတ္တကို ဗဟိုပြုသည့် မူဝါဒကို မကျင့်သုံးသလို အနတ္တကို ယုံကြည်ရေးကိုသာ အလေးထားသည်။
“၉၆၉-တီထွင်သူ”
          (၉၆၉)ကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ စာရေးဆရာနှစ်ဖက်လှကျော်လွင် (သာထွန်းပြန့် ညွှန်ချုပ်-ငြိမ်း)က တီထွင်ပြီး ခရစ်နှစ် 1998-1999-ခုနှစ်ခန့်မှာ “နှစ်ဖက်လှ၏ နှစ်ဖက်လှ” စာအုပ်မှာ စ,တင်သုံးစွဲခဲ့သည်။
“၉၆၉ သုံးစွဲသူ”
          (၉၆၉) ကို မော်လ်မြိုင်မြို့၊ ဂဏဝါစက သံဃာ့ကွန်ရက်မှ စတင်သုံးစွဲပြီး စတေကာများပြုလုပ်ကာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ၏ အထိမ်းအမှတ် သင်္ကေတအဖြစ် သာသနာ့အလံတော်၊ ဓမ္မစကြာစက်ဝိုင်း၊ အသောကကျောက်စာတိုင်တို့ကို နောက်ခံထား၍ ဒီဇိုင်းရေးဆွဲသည်။
“၉၆၉ နှင့် မိတ္ထီလာ”
          (၉၆၉) အဖွဲ့ဟု အများသိသော မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက် အဖွဲ့သည် မိတ္ထီလာမြို့သို့  မရောက်သေးသလို၊ (၉၆၉)တံဆိပ် စတေကာများလည်း မိတ္ထီလာမြို့မှာ ဖြန့်ဝေထားခြင်း လုံးဝမရှိပါ။
          သို့ ဖြစ်ပါ၍ (၉၆၉)သည် ရတနာသုံးပါးကို ကိုယ်စားပြုသည့် အပြစ်ကင်းစင်သော ဂုဏ်ပုဒ်များဖြစ်သလို၊ ဗုဒ္ဓဘာသာဝင်တို့ အသက်ထက်ဆုံး ယုံကြည်ကိုးကွယ်သော၊ ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုး တန်ဖိုးထားသော အဖိုးအနဂ္ဃထိုက်တန်သည့် ရတနာမြတ်များသာ ဖြစ်ပါသည်။ ထို့ကြောင့် (၉၆၉)ဆိုင်းဘုတ်များကို ဖြုတ်ချ ဟန့်တား နှောက်ယှက်ခြင်းဖြင့် ဗုဒ္ဓသာသနာကို မစော်ကားမိဖို့ အနူးအညွတ် တောင်းပန်အပါသည်။
                                                                    ဦးပဉ္စင်း
                                                               ဝီရသူ (မစိုးရိမ်)
                                                            ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ
                                                      ဓမ္မသဟာယကျောင်း နာယက
                                                              မစိုးရိမ်တိုက်သစ်
                                                         မဟာအောင်မြေမြို့နယ်
                                                               မန္တလေးမြို့
                                                       26.3.2013 (10း 07-am)
.. www.MyanmarExpress.net
 

နိုင်ငံတော်သမ္မတဦးသိန်းစိန် ရေဒီယိုလှိုင်းများမှတဆင့် ပြည်သူများသို့ မိန့်ခွန်းပြောကြားမည်



 
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယိုလှိုင်းများ မှတဆင့် ပြည်သူများသို့ မိန့်ခွန်းပြောကြား မည်ဖြစ်သည်။

ဧပြီလ ၁ ရက် ၂ ရက် ၃ ရက်နေ့များတွင် နံနက် ၇ နာရီ နေ့လည် ၁၁ နာရီ ညနေ ၆ နာရီနှင့် ည ၈ နာရီတို့တွင် မြန်မာ့အသံ , မန္တလေး FM, ပဉ္စဝတီ FM, ရွှေ FM, ပတ္တမြား FM, FM ပုဂံ, သဇင်ရေဒီယို စသည်တို့မှ ၁ ရက် ၄ ကြိမ် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် စာတန်းထိုးကြေညာ သွားခဲ့သည်။


 .. www.MyanmarExpress.net
 

ကုလားဖက်မှ ရပ်တည်သည်ဟု ယူဆလျှင် လူထုက ဆန္ဒပြမည်

From : ..myanma age


မတ်လ ၃၁ရက်နေ့ မနက် ၈နာရီမှစတင်ကာ ၂နာရီနီးပါးခန့်ကြာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ နျိတ္တတောက်ရွာအုပ်ချုပ်ရေးမှူးမှ ရွာခံ လူတချို့အား အခင်းဖြစ်ပွားရန် လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီးပြီး ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုးများဘက်မှ ကာကွယ်ပေးသည့်အတွက် ရွာခံလူထုက ဆန္ဒပြမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သံတွဲမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးစိန်ချစ်၏ ပြောကြားချက်အရ သိရသည်။

“စဖြစ်တာက ၂၅ရက်နေ့က ဒီရွာကို ဘင်္ဂါလီကုလား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ခိုးဝင်လာတယ်။ ပြီးတော့ ဘင်္ဂါလီအမျိုးသမီးမှာ မီးလောင်ကျွမ်းစေတဲ့ ပစ္စည်းတွေပါတယ်လို့ ရွာခံတွေကကြားတဲ့အတွက် ရွာသား ၂၀၀နီးပါး လောက်ကဝိုင်းပြီး ရွာကနေ နှင်ထုတ်ဖို့ လုပ် တယ်။ ပြောရမယ်ဆိုရင် အဲဒီအချိန်မှာ အရေးအခင်းလိုမျိုးဖြစ်သွားတယ်”ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ အရေးအခင်းပုံစံမျိုးဖြစ်ပွားခဲ့ပြီး မတ်လ ၃၀ရက်နေ့ ညပိုင်း ၁နာရီခွဲခန့်တွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်၍ အဆိုပါရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအား အခင်းဖြစ်ပွားရန်လှုံ့ဆောင်သူဟုယူဆကာ သံတွဲ မြို့နယ်ရဲစခန်းသို့ခေါ်ဆောင်သွားသည့်အတွက် အဆိုပါည ၂နာရီကျော်တွင် ရွာသား ၃၀၀ခန့်မှ ယင်းရဲစခန်းသို့ ဖမ်းဆီးခံရ သူများမှာ ဘင်္ဂါလီများမဟုတ်ကြောင်း သွားရောက်တောင်းဆို ခဲ့ ကြပြီး သံတွဲရဲစခန်းမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါရွာဒေသခံပြည်သူလူထုတို့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဘင်္ဂါလီများကို ကာကွယ်ပေးသည့်အတွက် ယခုကဲ့သို့ ဖြစ် ပွားရခြင်းဖြစ်သောကြောင့် ဘင်္ဂါလီကာကွယ်သည့်  ရပ်ကွက်အုပ်ချုပ်ရေးမှူး အလိုမရှိနှင့် ရခိုင်သားများသည် ရခိုင်ပြည်ကို ချစ်သည့်သူများ ဖြစ်ကြသည်ဆိုသည့်  ဆောင်ပုဒ်ပါ ဆော့ပ်ပင်ဖြင့် ရေး ထားသည့် စာရွက်များအား ကိုင် ဆောင်၍ ဆန္ဒပြရခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။


.. www.MyanmarExpress.net
 

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို သိစေလိုသော ၂၀၁၃ ခုနှစ် ကျောင်းသားလေးရဲ့ ရင်တွင်းစကားများ

From : ..http://www.taunggyitime.com/2013/03/blog-post_3398.html


အစ်ကို မင်းကိုနိုင် အင်တာနက်နဲ့ Facebook စာမျက်နှာတွေပေါ်မှာ တွေ့လိုက်ရတဲ့ သတင်းတွေကို ဖတ်ပြီးတော့ တော်တော်ကို မချင့်မရဲ ဖြစ်မိပါတယ်အစ်ကို။ အစ်ကို့ရဲ့ ပြောဆိုမှုတွေဟာ တိုင်းပြည် ကောင်းစားရေးကို ဟစ်ကြွေးပြီး တကယ်တမ်းကျတော့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကို ဖွင့်ဟနေတဲ့ မရေမရာစကားလုံးတွေကို ပြောနေတယ်လို့ ထင်မိပါတယ်။

ကျွန်တော် တစ်ခုလောက်တော့ ပြောချင်ပါတယ်။ အစ်ကိုက ကျွန်တော်တို့ တိုင်းပြည်ကောင်းစားဖို့အတွက် ဘာလုပ်ခဲ့ဘူးလဲ။ ၈၈ အရေးအခင်း ဖြစ်ခဲ့အောင် ငါလည်း အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ လုပ်ခဲ့တာပဲလို့တော့ အစ်ကို မပြောလောက်ပါဘူးနော်။ အစ်ကိုက မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ပါနော်။ မြန်မာနိုင်ငံသား မဟုတ်ဘူးလို့လဲ အစ်ကို မပြောလောက်ဘူးလို့ ထင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာမှ မကြာသေးဘူး။ ပဋိပက္ခတွေ ဖြစ်နေတယ်။ ဖြစ်တဲ့ အကြောင်းအရင်းအရာရဲ့ နောက်ကွယ်က လုပ်ဆောင်တဲ့သူတွေကို အစ်ကို အတိအကျ သိရဲ့လား။ အစ်ကိုပြောနေတဲ့ ပုံစံက နောက်ကွယ်က လုပ်နေတဲ့သူရှိတယ်။ ဘယ်သူဘယ်ဝါ ဆိုတာလည်း မခိုင်မာ မတိကျ။ ပြီးတော့ အစ်ကိုက ပြောသေးတယ်။ စနစ်တကျ လေကျင့်ထားတယ်။ ၀ီစီမှုတ်ပြီးတော့ တပ်ဖြန့်တာတွေ၊ လူစု လူခွဲတာတွေ ဆိုပြီး အစ်ကိုပြောတာတွေက စစ်တပ်တို့ ရဲတို့ကို အပြစ်ပုံချ နေတဲ့သဘောမျိုး သက်ရောက်နေတယ်။

အစ်ကို့ကို တစ်ခုလောက်ပြောချင်တယ်။ အခုခေတ်က လူငယ်တွေနဲ့ ပြည်သူတွေဟာ ကျောင်းသား ခေါင်းဆောင်လုပ်ခဲ့တဲ့ အစ်ကို့လို ခေါင်းဆောင်မဟုတ်ကြပေမယ့် ခပ်တုံးတုံး ဦးနှောက်တွေကို ပိုင်ဆိုင်ကြတဲ့သူတွေ မဟုတ်ဘူးဆိုတာတော့ အစ်ကို့ကို သိစေချင်မိတယ်။ အားလုံးဟာ အသိဥာဏ်ရှိကြတဲ့ လူတွေကြီး ပါပဲ။

အစ်ကိုရဲ့ အမြင်ကျဉ်းကျဉ်းလေးနဲ့ မကြည့်ပါနဲ့။ နိုင်ငံရေးသမား အယောင်ဆောင်ပြီး နိုင်ငံတော်ရဲ့ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေအောင် အရေးအခင်း ပဋိပက္ခ ဆူပူမှုတွေ ဖြစ်ပေါ်လာအောင်လုပ်။ အခြေခံလူတန်းစားတွေကို သွေးထိုးနေတဲ့ သူတွေကိုရော အစ်ကို မပြောတော့ဘူးလား။ အဲဒီထဲမှာ ငါမပါဘူးလို့ အစ်ကိုပြောမှာပေါ့။ အစ်ကို မပါမှန်း ကျွန်တော် သိပါတယ်။

တိုင်းပြည် ကောင်းရာ ကောင်းကျိုးကို တတ်စွမ်းသရွေ့လုပ်နေကြတဲ့ သူတွေကို အစ်ကို အပြစ်ပုံမချပါနဲ့။ လူထုခေါင်းဆောင် အမေစုတောင် တူတာတွေကို ညှိနှိုင်းပြီး နိုင်ငံအတွက် လုပ်ဆောင်နေတဲ့ အချိန်မှာ အစ်ကို ၈၈ ကျောင်းသားခေါင်းဆောင်လည်း လုပ်သင့်ပြီလို့ ကျွန်တော် ၂၀၁၃ ကျောင်းသားပေါက်စက အကြံပေးချင်တယ် အစ်ကိုရေ။

အစ်ကို တိုင်းပြည်အတွက် အသက်ပေးရဲလား။ အသက်ပေးပြီး နိုင်ငံအတွက် အလုပ် လုပ်နေကြတဲ့ ကာကွယ်နေကြတဲ့ ရဲတွေ စစ်သားတွေကို မတိုက်ခိုက် အပုတ်မချမိပါစေနဲ့ အစ်ကိုရယ်။ အစ်ကိုက မပုတ်ချဘူးလို့ ပြောမှာကိုလည်း ကျွန်တော် ယုံပါတယ်။

အစ်ကိုရေ အပြောနဲ့ တိုင်းပြည်အတွက် အလုပ် လုပ်လာခဲ့တာ အစ်ကိုလည်း အသက်တွေ ကြီးနေပါပြီ။ လက်တွေ့လုပ်မယ့်အချိန်ကို ကျွန်တော် စောင့်ပါတယ်။ ကျွန်တော် သေဆုံးသွားတဲ့ အချိန်ထိ အစ်ကို တိုင်းပြည်အတွက် အလုပ်နဲ့ သက်သေ မပြနိုင်သေးဘူးဆိုရင် ကျွန်တော်လည်း အသေဖြောင့်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆုံးဖြတ်ထားပါတယ်။ ဒီဘ၀ ဘယ်တော့မှ အသေ မဖြောင့်နိုင်ဘူး ဆိုတာကိုပေါ့။

အစ်ကိုရေ ပြည်သူတွေ အကုန်သိပါတယ်။ မိတ္ထီလာ ပဋိပက္ခကို သူတစ်ပါး ထောက်ပံ့မှုနဲ့ သွား။ဟိုရောက်တော့ စစ်ဖိနပ်အောက် ရောက်အောင် လုပ်နေတာလား ဘာလား ညာလားဆိုပြီး ပြောနေတာ ကြားလို့ မကောင်းပါဘူး အစ်ကို။

စစ်ဖိနပ်အပေါ်ကို အစ်ကို့ကို ရောက်စေချင်တယ်။ အစ်ကိုသာ စစ်ဖိနပ်အပေါ်ကို ရောက်တဲ့ စစ်သားဖြစ်ခဲ့ရင် အစ်ကို စစ်သားတွေရဲ့ အကြောင်းကို သိခဲ့မှာပါ။ စစ်သားတွေက ရိုးရိုးသာမာန် အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက Road Map (၇) ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။

အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီစည်းဝိုင်းထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ ၂ နှစ်ကျော်ပဲ ရှိသေးတယ်။ ဒီလိုအချိန်မှာ ဒီစကားတွေ ပြောနေမယ့်အစား အစ်ကို တိုင်းပြည်အတွက် တစ်ခုလောက် လုပ်ပြပါလား အစ်ကိုရယ်။ ငါထောင်ကျ ဘူးတယ်တော့ လာမပြောနဲ့နော်။

အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံး အဖွဲ့အစည်းပါ။ ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမက နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စ ဖြစ်ပါတယ်။ အစ်ကို တစ်ယောက်ပဲ ဟိုအပုတ်ချ ဒီအပုတ်ချ လုပ်နေတဲ့လို့ သူများတွေ ပြောနေကြတာကို ကျွန်တော် အသဲနာမိတယ် အစ်ကို။

အစ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟိုပုံးမြို့ နောင်တောင်းဘုန်းကြီးကျောင်းမှာ လာတုန်းက အစ်ကိုပြောခဲ့တဲ့ စကားလေးကို ကျွန်တော်ခုထိ မှတ်မိနေသေးတယ်အစ်ကို။ တစ်နေ့နေ့ ကြုံကြိုက်ခဲ့ရင်တော့ လူထုခေါင်းဆောင် အမေစုကို ကျွန်တော်မေးကြည့်ရအုန်းမယ်။

အစ်ကိုပြောခဲ့တာက “မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်ဘူး၊ ကိုအောင်ဆန်း ဖြစ်တယ်။ သူဝတ်ထားတာက စစ်ဝတ်စုံ မဟုတ်ဘူး၊ ကျောင်းသားသမဂ္ဂ၀တ်စုံ။ မြန်မာ့လွတ်လပ်ရေး ရရှိရေးအတွက် ကိုအောင်ဆန်းက ကျောင်းသား ၃၀ နဲ့ ဂျပန်နိုင်ငံ စစ်ပညာတွေသင်ပြီး လုပ်ပေးခဲ့တာ စစ်တပ်မဟုတ်ဘူး။ ကျောင်းသားတွေ” ဆိုပြီးတော့ အစ်ကို ပြောခဲ့တာလေ။

အစ်ကို မပြောဖူးလို့တော့ မပြောနဲ့။ ကျွန်တော် အစ်ကို့အသံကို လေးစားလို့ အသံဖမ်းထားတာ။ အစ်ကိုရယ် ဒီအကြောင်းကို ပြန်စဉ်းစားလိုက်ရင် ကျွန်တော်ကပဲ ဥာဏ်မမှီတာလားတော့ မသိဘူး။ လူတိုင်းက ကျောင်းသားဘ၀ကို ဖြတ်သန်းပြီးမှ ရည်ရွယ်ချက်ရှိရာကို ရောက်သွားကြတာပါ။ အစ်ကို အဲဒီလို ပြောကြေးဆိုရင် စစ်ဘီလူးလို့ ခေါ်နေကြတဲ့ အာဏာရှင် ဟစ်တလာကရော ကျောင်းသားဟောင်း မဟုတ်ဘူးလား။ အစ်ကို ဖြေပေးပါ။ ကျွန်တော် မစဉ်းစားတတ်လို့ပါ အစ်ကို။

အစ်ကို စစ်တပ်ကို မုန်းတာ ကျွန်တော်သိပါတယ်။ အစ်ကိုရဲ့ ကိုယ်ရေးခံစားချက်ကြောင့် မုန်းချင် မုန်းပါ။ စစ်တပ်ကို ချစ်နေတဲ့ ကျွန်တော်လို ၂၀၁၃ ကျောင်းသားတစ်ယောက်ကိုတော့ အတင်း မမုန်းခိုင်းပါနဲ့ အစ်ကိုရေ။ အစ်ကို့ကို သီချင်းလေးတောင် ဆိုပြချင်တယ်။

"မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး၊ စစ်တပ်ကို ကျွန်တော်ချစ်တယ်" 


.. www.MyanmarExpress.net
 

ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ

From : ..rfa

police-zekon-305
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် မတ်လ ၂၇ ရက်နေ့က အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှလုံခြုံရေးယူထားတာကိုတွေ့ရစဉ်
Photo: RFA
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီးတာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေအနေ ပြန်လည်တည်ငြိမ်လာနေပြီ လို့ ဒေသခံတွေက ဒီကနေ့မှာ ပြောပါတယ်။
ပဲခူးတိုင်းအနာက်ခြမ်းက မြို့တချို့မှာ အပျက်အစီးတွေကို ဒေသခံတွေကပါ ၀ိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။
နတ်တလင်းမြို့နယ်မှာ ပျက်စီးသွားတဲ့ ဗလီတွေနဲ့ အိမ်တွေကို ဒေသခံတွေက မတ်လ ၃၀ ရက် ဒီကနေ့မနက်ပိုင်းကစပြီး သန့်ရှင်းရေးတွေ၊ ပြန်လည်ပြင်ဆင်တာတွေ လုပ်ဆောင်ပေးနေကြကြောင်း ကိုယ်တိုင်ကူညီနေသူတစ်ဦးဖြစ်တဲ့ နတ်တလင်းဒေသခံ ကိုမိုးဇော်က ပြောပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ နေအိမ်တွေ အဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် လာရောက်လှူဒါန်းထားတဲ့ အစားအစာတွေကို ဝေခြမ်းရေး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဇေယျာက ပြောပါတယ်။
စစ်ကွင်းမြို့မှာလည်း အကြမ်းဖက်သူလူတစ်စုကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် အခြေအနေဟာ ပြည်လည်တည်ငြိမ်နေပြီလို့ စစ်ကွင်းဒေသခံ ဒေါ်ကြည်က ပြောပါတယ်။
 
 
.. www.MyanmarExpress.net
 

သဲကုန်းအခြေအနေ တင်းမာဆဲ

From : ..voa

Thegon Map

 ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားအောင် မီးရှို့ဖျက်ဆီးမှုတွေလုပ်ဖို့ လူအုပ်စုတချို့ကနေ ကြိုးစားလုပ်ဆောင်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီး သဲကုန်းခရိုင်ထဲမှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားရပါတယ်။ စစ်တပ်က မြို့ထဲမှာ တပ်စိပ်တွေ အင်အားတိုးချထားပြီး မြို့ခံလူထုနဲ့ ပူးပေါင်းလုံခြုံရေးယူထားရတဲ့ အနေအထားဖြစ်တယ်လို့ သဲကုန်းဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ပုတီးကုန်းမြို့တွင်းမှာ ဗလီတလုံးအပါအဝင် အိမ်တချို့ အဖျက်ခံခဲ့ရပြီး မြို့မနဲ့ အင်းမဘက်မှာတော့ ဈေးဆိုင်တွေ နဲ့ နေအိမ်တချို့ အဖျက်ဆီးခံခဲ့ရပါတယ်။

သဲကုန်းမြို့မှာတော့ အထိအခိုက်မရှိဘူးလို့ သဲကုန်းဒေသခံ ဦးသိန်းထွန်းက ပြောပါတယ်။ သဲကုန်းမြို့နယ်ထဲမှာတော့ ဘာသာရေးအဆောက်အဦးကို ဖြိုဖို့အတွက် လူအုပ်စုလိုက် အကြမ်းဖက်ဖို့ ရောက်လာတဲ့အချိန်မှာ စစ်တပ်က လုံခြုံရေးအပြည့် ယူပေးထားတဲ့အတွက် နောက်ဆုတ်သွားကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

“နယ်ဘက်ကလူတွေက ဗလီဖျက်ဖို့ဆိုပြီး တက်လာတယ်။ တက်လာတော့ တပ်က ရောက်နေပြီလေ။ တပ်ကရောက်နေပြီဆိုတော့ တပ်က မဖျက်ဖို့ပြောတယ်။ ဖျက်ရင်ပစ်မယ်လို့ပြောတယ်။ သေနတ်တွေ ဘာတွေ မောင်းတင်တော့ ပြန်သွားကြတယ်။ ပုတီးကုန်းမှာ ဗလီအဖျက်ခံရတယ်။  နေအိမ် နှစ်လုံးသုံးလုံး အဖျက်ခံရတယ်။ ဆိုင်နှစ်ခု အဖျက်ခံရတယ်။ အင်းမဘက်မှာလည်း ဆိုင်တွေအဖျက်ခံရတယ်။”

သဲကုန်းမြို့နယ်တွင်းက မူစလင်တွေကို ဒေသခံတွေက လုံခြုံတဲ့နေရာတွေမှာ ဖွက်ပေးထားပြီး မြို့ခံလူငယ်တွေက လုံခြုံရေးယူထားကြတယ်လို့ သိရပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ သဲကုန်းမြို့ထဲမှာ ည ၆ နာရီကနေ မနက် ၅ နာရီ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး မြို့နယ်တွင်းမှာ လူအုပ်စုလိုက်သွားလာခွင့်မပြုဘဲ မသင်္ကာသူမှန်သမျှကို စစ်ဆေးနေပြီး ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပါတယ်။ သဲကုန်းမြို့နယ်တွင်း မြို့တွေမှာတော့ စစ်တပ်က တပ်စိပ်တွေတိုးချထားပြီး မြို့လယ်တွေမှာ နေရာယူပြီး တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

“ည ၆ နာရီနဲ့ မနက် ၅ နာရီ curfew ထုတ်ထားတယ်။ ညဆို လူတွေအားလုံးစစ်တယ်။ လူအုပ်စုနဲ့လက်မခံဘူး။ တပ်ကရောက်ပြီးတော့ မြို့လယ်ခေါင်က စာကြည့်တိုက်မှာ ချထားတယ်။ ဇီးကုန်းမှာလည်း ဒီလိုပဲ။ မြို့လယ်ခေါင်က ပြန်ကြားရေးတနေရာမှာ တပ်ဆွဲထားတယ်။”

သဲကုန်းဘက်မှာ ဒီနေ့အခြေအနေကတော့ ငြိမ်သက်နေပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်း တလွှားက နတ္တလင်း၊ ဇီးကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်တပ်နဲ့ရဲလုံခြုံရေးတွေက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့သိရပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့  အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့ထဲမှာတော့ ဒီနေ့မှာ မြို့မဈေးကြီးပြန်ဖွင့်လိုက်ပြီဖြစ်ပြီး မြို့တွင်းအခြေအနေဟာ တည်ငြိမ်စပြု လာနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ခြုံရေးအခြေအနေ ကောင်းလာပြီဖြစ်လို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မူစလင်တချို့ကလည်း သူတို့ရဲ့ နေအိမ်တွေဆီကို ပြန်ခွင့်တောင်းပြီး ပြန်နေကြတဲ့ အတွက် ဒေသခံလူငယ်အဖွဲ့တွေက လိုက်လံပို့ဆောင်ပေးနေတယ်လို့ မိတ္ထီလာမြို့ခံ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“ဒီနေ့တော့ ဈေးပြန်ဖွင့်တယ်လို့ ကြားတယ်။ အခု တချို့ အမှတ် (၃) ကျောင်းက မူစလင်တချို့က ဆိုလို့ရှိရင် သူတို့ရပ်ကွက်က မီးလည်းမလောင်တဲ့အတွက် ပြန်ချင်ပါတယ်လို့ ဆိုပြီး ဌာနဆိုင်ရာကို ပြောပေးပါဆိုလို့ ကျမ စောစောကပဲ ပြောပေးလိုက်တယ်။ ပြန်ချင်လို့ရှိရင် ကိုယ့်အိမ်ကိုယ်ပြန်လို့ရတယ်လို့ဆိုတော့ သူတို့ပြန်လို့မရသေးလို့ပါတဲ့။ အဲဒီနေရာတွေမှာ နေရတာကတော့ အဆင်မပြေနိုင်ဘူးဆိုတာတော့ ရှိမှာပေါ့လေ။ စိုးရိမ်တာကတော့ မြန်မာလူမျိုးတွေကလည်း စိုးရိမ်တာပဲ။ မူစလင်တွေကလည်း စိုးရိမ်တာပဲ။ အခြေအနေတခုကို စိတ်အေးချမ်းသာတဲ့ အခြေအနေတခုရောက်အောင်တော့ အချိန်နည်းနည်း စောင့်ရမယ်ထင်တယ်။”

အရေးပေါ်အခြေအနေ မရုပ်သေးတဲ့ မိတ္ထီလာမြို့တွင်းအခြေအနေကတော့ ပုံမှန်အနေအထားအထိ မရောက်သေးပေမဲ့လည်း လုံခြုံရေးကို မြို့ခံလူထုနဲ့အတူ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက အလှည့်ကျမြို့ကိုပတ်ပြီး ကင်းလှည့်နေကြတယ်လို့ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“မြို့ထဲကတော့ ပုံမှန်ပြောလို့ရပါတယ်။ ည ညတော့ စောင့်နေကြရတယ်။ ည ၇ နာရီကနေ မနက်ခင်း ၅ နာရီအထိအောင် အလှည့်ကျ လှည့်ကြတယ်တဲ့။ ရဲကတော့ အထိုင်ပဲပေါ့။ စစ်ကားတွေလှည့်တယ်တဲ့။ စစ်ကားပေါ်မှာ တက်လိုက်တဲ့သူက နောက်တပတ် ခြေလျှင် လှည့်တယ်တဲ့။ ခြေလျှင်လှည့်တာရော၊ ကားနဲ့လှည့်တာရော အဲဒီလိုမျိုး မြို့မိမြို့ဖတွေက ပြောတာပေါ့။ လုပ်ငန်းတွေကလည်း နည်းနည်းတော့ ပြန်စနေပြီဒီမှာ။ စခန်းတွေမှာလည်း လှူတာလေးတွေတော့ ဆက်တော့လာနေတယ်လို့ ကြားမိတယ်။ ဒါပေမဲ့ ရေအခက်အခဲ ဆိုတာလေးတွေလည်း နည်းနည်းတော့ ရှိတယ်။ အခြေအနေက ပြန်တည်ငြိမ်အောင် ကြိုးစားနေရတဲ့ အနေအထားလို့ ပြောလို့ရတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၃ ထဲမှာတော့ မတ်လ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ မြို့နယ် ၁၅ မြို့နယ်မှာ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း၊ အဆောက်အဦး ၁,၃၅၅ လုံး နဲ့ ယာဉ်မျိုးစုံ ၃၉ စီးပျက်စီးဆုံးရှုံးကြောင်း၊ လူဦးရေ ၁၁,၃၇၆ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုမှာ လူဦးရေ ၉,၀၆၅ ဦးကို စောင့်ရှောက် ထားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူရန် ဆောင်ရွက်နေကြောင်းလည်းဖော်ပြထားပါတယ်။
.. www.MyanmarExpress.net

အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး စစ်တပ်တစ်ခုသာ စောင့်ရှောက်နေရ

From : မဇ္ဈိမ


 မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ကျန်းမာရေး ချို့ယွင်းမှုများ ရှိသည်ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။

မဖြူက “နေရာတိုင်းမှာ လူတွေက ညှပ်နေလို့ ကူးစက်မှုတွေ ပိုများလာတယ်။ လူအချင်းချင်း ထိပြီးအိပ်ရတာ
တော်တော်ဆိုးတယ်” ဟု ဆိုသည်။

ဒုက္ခသည်များထံ လှူဒါန်းမှုများကို ဆက်သွယ်ရေးစခန်းမှ တဆင့်လှူစေခြင်းကို အချို့လှူဒါန်းသူများက မနှစ်သက်ကြကြောင်း လှူဒါန်းသူတဦးက ပြောသည်။

ဒေသခံတဦးဖြစ်သူ မသီရိကလည်း စိတ်ထဲတွင် ကြောက်ရွံ့မှုများ မရှိတော့သော်လည်း ကျန်းမာရေးကို စိတ်ပူနေရသဖြင့် အိမ်များ အမြန် ပြန်ဆောက်ပေးရေးကိုသာ လိုလားနေကြောင်း ဆိုသည်။

၎င်းက “ကျွန်မတို့ အိမ်မြန်မြန် မရရင် ရောဂါကူးမယ်။ အိမ်ပြန်မဆောက်ပေးရင် ကိုယ့်မြေမှာ ကိုယ်တဲပဲထိုးနေရနေရ
ကျေနပ်တယ်” ဟု ပြောပြသည်။

မိတ္ထီလာ ဒေသခံများ၏ ကျန်းမာရေး အခြေအနေမှာလည်း စောင့်ရှောက်မှုများ ပိုမိုလိုအပ်နေသည်ဟု ဒေသခံ ၈၈မျိုးဆက်ကျောင်းသား ကိုထိန်မင်းခိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ကျီးလန့်စာစားနေနေရတဲ့အတွက် အကုန်လုံးတော့ တော်တော်လေး ဒုက္ခရောက်နေတယ်။ အခြေအနေ ကိုတော့ ထိန်းနိုင်တဲ့အခြေအနေပါ။ ဆိုးဝါးနေတာတော့ မဟုတ်ဘူး” ဟု ဆိုသည်။

မတ်လ ၂ဝ ရက်နေ့တွင် မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များ၌ ပျက်စီးဆုံးရှုံးမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဇာနည် Facebook စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်များကြောင့် သေဆုံးသူ (၄၂) ဦး၊ ဆေးရုံတက်ရောက် ကုသသူ (၉၃) ဦး၊ ဆေးရုံမှ ဆင်းသွားသူ (၆၃) ဦးနှင့် ကုသဆဲ လူနာ(၃ဝ) ဦးရှိကြောင်းနှင့် အမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ (၆၈) ဦးနှင့် မသင်္ကာ၍ စစ်ဆေးနေသူ (၁၅) ဦးရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အကြမ်းဖက်သူများက နေအိမ် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် အခြားပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ လူနေအိမ် (၁၂၂၇) လုံး၊ ဈေးဆိုင်ခန်း (၇၇) ခန်း၊ ရုံး (၁) ရုံး၊ ဘာသာရေး အဆောက်အဦ (၃၇) လုံး၊ ဆန်စက်/ဂိုဒေါင် (၄ ) လုံး၊ ကား/ထော်လာဂျီ (၂၁) စီး၊ ဆိုင်ကယ် (၁၂) စီး၊ သုံးဘီးဆိုင်ကယ် (၃) စီးတို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဒုက္ခသည် စခန်းတွင်းမှ အပြင်လုံးဝ ထွက်ခွင့်မရ ကြောင်းနေမကောင်းပါက ဆရာဝန်များ လာရောက်ကြည့်ရှု
ပေးကြောင်း မိထ္တီလာဒေသခံ မဖြူကပြောသည်။

၎င်းက“ဆရာဝန်တွေကတော့ ကြည့်တော့ ကြည့်ပေးနေတာပဲ။ ဒီမှာ မကုနိုင်တဲ့အခါမှ ထွက်တဲ့ လက်မှတ်ယူပြီး သွားကုရတယ်။ အပြင်ထွက်မယ်ဆိုရင် အပြင်က လာခေါ်မှ ထွက်လို့ရတာ။” ဆိုသည်။

မတ်လ ၂၆ ရက်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် နတ္တလင်းမြို့တွင် အခြေအနေများ တည်ငြိမ်လျက် ရှိသော်လည်း ကျန်းမာရေး အခြေအနေမှာမူ စိတ်လုံNခုံမှု မရှိကြသေးကြောင်း ထပ်မံဆူပူမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံ တဦးဖြစ်သည့် ကိုလွင်သန်းက မဇ္ဈိမကို ပြောသည်။

  ဇီးကုန်းမြို့တွင်လည်း ဒေသခံများက စိတ်ချရမှုကို လိုချင်နေကြကြောင်း ဇီးကုန်းဒေသခံ မ၀င်းမာက ဆိုသည်။

မ၀င်းမာက “ တော်တော်ကို စိုးရိမ်နေကြတယ်။ လူတွေက ကြောက်နေတာ ထပ်ဖြစ်မလား။ လာပြီး ဖျက်ဆီးမလား ဒါကိုပဲ နေ့တိုင်းစိုးရိမ်နေကြတာ” ဟုဆက်ပြောသည်။

ကြို့ပင်ကောက် ဒေသခံ မခင်မူက ကျန်းမာရေးစောင့်ရှောက်မှုများမှာ လိုအပ်သည်ထက် လျော့ကြောင်း ဆိုသည်။

အစိုးမှ အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှုနှင့် အဓိကရုဏ်းများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေအနေ တည်ငြိမ် လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးကို အမြန်ဆုံးဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၇/ ၂၀၁၃) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် အစိုးရအနေနှင့် လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန် အတွက် လူထုအခြေပြု၊ လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲ
ဆောင်ရွက်သွားမည်ဟု ပါရှိသည်။ 


.. www.MyanmarExpress.net
 

ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ရောက်ရှိ

From : ..myanmar age


ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက်မှ   ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ကို တရုတ် ယူတောင်ကုမ္ပဏီမှ မတ်လ နောက်ဆုံးအပတ်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

“သင်္ကြန်မတိုင်ခင် ပြေးဆွဲနိုင်အောင် တော့လုပ်နေတယ်။ အခု က.ည.န နံပတ်တောင်းထားတယ်။ အုံနာဘုတ် လုပ်နေတယ်။ ကားတွေကို စစ် ဆေးနေတဲ့အတွက်  သင်္ကြန်ပြီှးမှပဲ ပြေးဆွဲနိုင်တော့မယ် ထင်တယ်”ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလိမိတက် (မြန်မာ့စီးပွားရေး ဦးပိုင်) မှ မန်းနေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ တင်သွင်းလာသည့် ယာဉ်များအား နေပြည်တော်ရှိ  တော်ဝင်ယာဉ်လိုင်း(မြိုတွင်း)အတွက် ၁၅စီး၊ ရန်ကုန် ပါရမီ(အဓိပတိ) ယာဉ်လိုင်း အတွက် ၃၅စီး အားဖြည့်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ပါရမီ(အဓိပတိ) ယာဉ်လိုင်း၌  လက်ရှိ မော်တော်ယာဉ် အစီးရေ ၄၇၀ ရှိပြီး အသစ်ထပ်မံတိုးသည့် ၃၅စီးနှင့်ဆိုပါက စုစုပေါင်း ၅၀၅စီး အထိ တိုးချဲ့ပြေးဆွဲနိုင် မည် ဖြစ်ကြောင်း၊ နေပြည်တော် တော်ဝင်ယာဉ်လိုင်း(မြိုတွင်း)တွင် မော်တော်ယာဉ် အစီးရေ ၁၄၂ ရှိပြီး အသစ်ထပ်မံ တိုး သည့် ၁၅စီးနှင့်ဆိုပါက ၁၅၇ စီး တိုးချဲ့ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

.. www.MyanmarExpress.net
 

ရုပ်ရှင်အစည်းအရုံးမှ မိတ္ထီလာရှိဒုက္ခသည်များသို့ သွားရောက်ကူညီမည်

From : ..myanmar age


ရုပ်ရှင်အစည်းအရုံးအဖွဲ့ အနုပညာရှင်များသည် မိတ္ထီလာမြို့ရှိ ဒုက္ခသည်များအား ဧပြီလ ၁ရက်နေ့တွင် သွားရောက်ကူညီ ရန် အစီအစဉ်ရှိကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး အဖွဲ့အပါအဝင် ပွင့်လင်းအဖွဲ့အစည်းနဲ့ အမျိုးသမီးရေးရာအဖွဲ့တို့ ပေါင်းပြီး ဧပြီလ ၁ရက်နေ့မှာ မိတ္ထီလာကို သွားမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ အတွက်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေကလည်း ပူးပေါင်းဖို့အသင့်ပါပဲ” ဟု မတ်လ ၃၀ရက်နေ့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်းတို့၏ ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ၎င်းတို့ရုပ်ရှင်အစည်းအရုံး အဖွဲ့အနေဖြင့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရန်နှင့် ပညာပေးခြင်းများဖြင့်သာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး တကယ်တမ်း ပြုလုပ်ရမည်မှာ နိုင်ငံတော် အစိုးရအဖွဲ့မှ သိရှိပြီးဖြစ်သည့် ကောလာဟလနှင့် ပဋိပက္ခဖြစ်ပွားရန် နောက်ကွယ်မှ ကြိုးကိုင်သူများအား မြန်မြန်အရေးယူ ပေးသွားရန်မှာ အဓိကဖြစ်ကြောင်း ပြောကြားသွားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဋ္ဌ ဦးလူမင်းတို့နှင့် အနုပညာရှင်အဖြစ် ပြေတီဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

.. www.MyanmarExpress.net
 

ဗုဒ္ဒဘာသာဝင်များ ပညာရေးအားနည်း ဟု ဟိန္နူဘာသာရေးအဖွဲ့ သုံးသပ်

From : ..myanma age



ပညာရေး အားနည်းခြင်းများနှင့် မြန်မာပြည်သူတို့ အယုံလွယ်ခြင်းများကြောင့် လတ်တလော ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဟိန္နူဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)တွင် ပြုလုပ်သည့် လူ့အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်က အရင်ပညာရေးပိုင်းတခုမှာ တာဝန်ထမ်းဆောင်ဖူးတယ်။ အဲဒါကြောင့် ဒီလိုမျိုး ပြဿနာတွေဖြစ်အောင် ကောလာဟလတွေနဲ့ ပြောတာကို ပြည်သူတချို့ရဲ့ ပညာရည်အားနည်းမှုတခုကြောင့် ဖြစ်ရတယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကလည်း သဘောထားပြည့်ဝပြီး အယုံလွယ်ကြတာရယ် အထိမခံရွှေပန်းကန်တွေဖြစ်နေတာရယ်ကြောင့် ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲအား ယနေ့ မွန်းလွဲ ၂နာရီခန့်မှ စတင်ကျင်းပခဲ့ရာ ဘာသာရေးအဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်အဖွဲ့အစည်း စုစုပေါင်း ၄၉ဖွဲ့ တက်ရောက် ဆွေးနွေးကြောင်း သိရှိရသည်။

သီတဂူဆရာတော်မှလည်း အဆိုပါ အကြမ်းဖက်မှုကိစ္စရပ်နှင့် ပါတ်သက်၍ ဘာသာရေးခေါင်းဆောင်တစ်ယောက် အနေဖြင့် အင်မတန်ရှုံ့ချကြောင်း၊ မြန်မာနိုင်ငံသည် လူ့အရိုင်းအစိုင်းများနေသည့် နိုင်ငံမဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် နေထိုင်ကာ မြန်မာနိုင်ငံ ရေသောက်သည့်အတွက် မြန်မာ့မူအား လေးစားလိုက်နာရန် လိုကြောင်း သဝဏ်လွှာပေးပို့ကာ ဖတ်ကြားစေခဲ့သည်။

နိုင်ငံရေး ပါတီအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ကိုယ်စား ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လူဦးရေ ၁၀၀နီးပါးခန့်ရှိသည့်အတွက် တစ်ဦးချင်းစီ၏ ပါတ်သက်မှုနှုန်းနှင့် ပြန်လည်ပြုပြင်မည်ဆိုပါက ယခုကိစ္စရပ်များ ဆက်လက်ဖြစ်ပွားစရာ အကြောင်း ရှိတော့မည်မဟုတ်ကြောင်း သုံးသပ်ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကလည်း ယခုကဲ့သို့ ဖြစ်ရခြင်းမှာ နောက်ကွယ်တွင် အဖွဲ့အစည်းတစ်ခု ရှိနေသည်ကို သိရှိသည့် နိုင်ငံတော်အစိုးရအဖွဲ့ အနေနှင့်လည်း ယင်း ကိစ္စရပ်အား မြန်မြန်ဖေါ်ထုတ်၍ သိရှိရုံတင်သိရှိသည် မဟုတ်ဘဲ အရေးယူမှုများ ပြုလုပ်သွားသင့်ကြောင်း ပြောကြားသည်။
ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် အဓိကရုဏ်းများ ဆက်လက်မဖြစ်ပွားစေရန်အတွက် နိုင်ငံတော်အစိုးရအဖွဲ့သာမက ယခုတက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးတို့မှလည်း ပါဝင်ကာ သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုသင့်ကြောင်း သဘောတူ လက်မှတ်ရေးထိုးကာ ကြေညာချက် ၁၀ ချက် ထုတ်ပြန်ခဲ့သည်။
ယင်းဆွေးနွေးပွဲအား မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာနှင့် စီးပွားရေးနှင့် လူမှုရေးအကြံပေးအဖွဲ့တို့မှ ဦးစီးကျင်းပ ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် ဘာသာရေးပေါင်းစုံအတူ တကွယှဉ်တွဲနေထိုင်ရေးနှင့် စပ်လျဉ်း၍ ပညာပေးဆွေးနွေးမှုများနှင့် ကျောင်းသင်ခန်းစာများတွင် ပြဠာန်းပေးရန် အချက်တို့ပါကြောင်း သိရသည်။

.. www.MyanmarExpress.net
 

အဖမ်းခံရရန်ညွှန်ပြနေသည့်တရားခံပြေး၏အင်္ကျီ

From : ..hot news


မိမိကိုယ်တိုင်နားမလည်သည့် ဘာသာစကားဖြင့်ရေးသားထား သောစာသားများပါရှိသည့်အင်္ကျီ များအားဝတ်ဆင်ခြင်းမပြုရန် သင်ခန်းစာပေးသည့်အဖြစ်အပျက် တစ်ခုပင်ဖြစသည်။
တရုတ်နိုင်ငံ၊ ယွန်လင်းခရိုင် တောင်ပိုင်းရှိ ဟူဝီမြို့တွင်တရားခံ ပြေးတစ်ဦးသည် Wante (အလိုရှိသည်)ဟူသော စာတန်းရေးထိုးထားသည့် အင်္ကျီအားဝတ်ဆင်ထားသဖြင့် ယခုလစောစောပိုင်းက အဖမ်းခ ခဲ့ရကြောင်း ရဲဌာနမှ ပြောရေး ဆို ခွင့်ရှိသူတစ်ဦးကပြောကြား လိုက်သည်။
ဝူ ဟုအမည်တစ်လုံးတည်း သာဖော်ပြထားသည် ထိုတရားခံပြေးသည် အင်္ဂလိပ်စာလုံးဝမ တတ်သဖြင့် သူ၏သားဖြစ်သူ က လက်ဆောင်ပေးထားသော ထိုအင်္ကျီပေါ်ရှိ အင်္ဂလိပ်စာမှာ မည်သည့်အဓိပ္ပာယ်သက်ရောက် သည်ကို လုံးဝမသိရှိခဲ့ပေ။
သို့သော်အပြင်သို့ထွက် လာချိန်တွင် လှည့်ကင်းရဲအရာရှိ တစ်ဦးကအားမေးမြန်းသောအခါ တွင်မှသာတီရှပ်ပေါ်ရှိစာသားများ အား မယုံသင်္ကာဖြစ်လာခဲ့ ရသည်။ နှင့်ရဲအရာရှိတို့၏ အပြန်အလှန်ပြောဆိုမှုက ၎င်းအား ပိုမိုမေးခွန်းထုတ် စရာများဖြစ် ပေါ် လာစေခဲ့ပြီး ၏တုန်လှုပ် ခြောက်ခြားမှုဖြစ်ပေါ်နေခြင်းမှာ လည်းသိသာထင်ရှားနေခဲ့သည်။
ထို့ကြောင့်ရဲအရာရှိက ၀ူ၏အချက်အလက်များအား ရဲမှတ်တမ်းနှင့်တိုက်ဆိုင်စစ်ဆေး ခဲ့ရာ ၀ူ သည်မူးယစ်ဆေးဝါး နှင့်ပတ်သက်၍ ပြစ်မှုမှတ်တမ်းရှိ ထားသူဖြစ်သဖြင့်အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။


.. www.MyanmarExpress.net
 

ကိုယ်ဝန်ဆောင်များ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်အဆို ဆွေးနွေးခွင့် ရပြီ

From : ..popular


ကိုယ်ဝန်ဆောင်များ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် အပြည့်အ၀ ရရေး အဆိုကို ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တွင် ဆွေးနွေးမည် ဟု ဗဟန်း မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

“အခုလွှတ်တော်မှာ ဆွေးနွေးခွင့် ရတယ်။ဒါကတော့ ရန်ကုန်တိုင်းေ ဒသကြီးလွှတ်တော် အားနည်းချက်ပဲ။လွှတ်တော်က ခဏခဏ မလုပ်နိုင်ဘူး” ဟု ၄င်းကပြောသည်။ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ကိုယ်ဝန်ဆောင်သည်များ ကိုယ်ဝန်ဆောင်စဉ် နှင့် မွေးဖွားပြီးစဉ် အချိန်အထိ ကျန်းမာရေး စောင့်ရှောက်ခွင့် ရရှိရန် တင်ပြသွားမည်ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ မရရှိခြင်းကြောင့် ကလေးငယ်များ၏ ကျန်းမာရေးပါ ထိခိုက်လာသည် များရှိသည့် အတွက်ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။

၎င်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး ( ၁ / ၂၀၁၂ ) တတိယနေ့တွင် သက်ကြီးရွယ်အို များအား နိုင်ငံပိုင် ဆေးရုံများသို့ သွားရောက်ကာ အခမဲ့ ဆေးကုသခွင့် ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ ကို မေးမြန်းခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းက နိုင်ငံတော်မှ ကျန်းမာရေးဝန်ကြီးဌာနအား ဘက်ဂျက်ငွေတိုးမြှင့် ချထားပေးခဲ့သ ည့်အတွက် အခမဲ့ ဆေးကုသခွင့် ရတော့မည်ဟု ဖြေကြားခဲ့သည်။

ဧပြီလ ၁ ရက်နေ့၌ စတင်ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ၁ ရက်နေ့ မှ ၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး လိုအပ်ပါက ၈ ရက်နေ့ နှင့် ၉ ရက်နေ့ များပါထပ်တိုးကျင်းပသွားမည်ဟု သိရသည်။
 

 .. www.MyanmarExpress.net
 

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီးယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို

From : ..popular


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီးယားတို့က ဆိုထားပြီး အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့်သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်းက မြောက်ကိုရီးယားတို့၏ တတိယမြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။



.. www.MyanmarExpress.net
 

နိုင်ငံတော်အစိုးရ၊ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ လက်မှတ်ရေးထိုး

From : ..7day


လက်ရှိဖြစ်ပွားနေသော အဓိကရုဏ်းများ ပြန့်ပွားနေခြင်းအား ဟန့်တားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဘာသာရေးခေါင်းဆောင်များနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက မတ်လ ၃၀ ရက်တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ကတိပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲသို့ သီတဂူဓမ္မတက္ကသိုလ်၊ နိုင်ငံတော်သံဃမဟာနာယက၊ အရှင်ဆေကိန္ဒ၊ ဆရာတော်ဦးဝီရသူ၊ နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေးအကြံပေးအဖွဲ့၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အချက်(၁၀)ချက်အား သဘောတူလက်မှတ် ရေးထိုးခဲ့ကြပြီး ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် ပတ်သက်သည့် ပညာပေးဆွေးနွေးမှုအား ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။


 .. www.MyanmarExpress.net
 

အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်း


အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



နိုင်ငံတော်သမ္မတရုံး



အမိန့်ကြော်ငြာစာ



အမှတ် ၊ ၃၄ /၂၀၁၃



၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်



(၂၀၁၃ ခုနှစ်၊ မတ်လ ၃၀ ရက်)



အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်း

 



၁။ လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ရန်အတွက် " အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ " ကို အောက်ပါအတိုင်းဖွဲ့စည်းလိုက်ပါ  သည်



(က) ဒုတိယဗိုလ်ချုပ်ကြီးကိုကို  ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန  ဥက္ကဋ္ဌ



(ခ)  ဦးအောင်မင်း  ပြည်ထောင်စုဝန်ကြီး   သမ္မတရုံးဝန်ကြီးဌာန (၄)  ဒုတိယ ဥက္ကဋ္ဌ



(ဂ) ဦးအုန်းမြင့်    ပြည်ထောင်စုဝန်ကြီး  မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန  အဖွဲ့ဝင်



(ဃ) ဦးခင်ရီ      ပြည်ထောင်စုဝန်ကြီး  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  အဖွဲ့ဝင်



(င)  ဦးဝင်းမြင့်   ပြည်ထောင်စုဝန်ကြီး  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   အဖွဲ့ဝင်



(စ)  ဗိုလ်မှူးချုပ်အောင်သော်    ဒုတိယဝန်ကြီး  ကာကွယ်ရေးဝန်ကြီးဌာန  အဖွဲ့ဝင်



(ဆ) ဗိုလ်ချုပ်ဇော်ဝင်း           ဒုတိယဝန်ကြီး   နယ်စပ်ရေးရာဝန်ကြီးဌာန  အဖွဲ့ဝင်



(ဇ) ဦးရဲထွဋ်       ဒုတိယဝန်ကြီး     ပြန်ကြားရေးဝန်ကြီးဌာန   အဖွဲ့ဝင်



(ဈ) ဦးဘုန်းဆွေ  ဒုတိယဝန်ကြီး    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာန  အဖွဲ့ဝင်



(ည)ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဒုတိယဝန်ကြီး  ပြည်ထဲရေးဝန်ကြီးဌာန  အတွင်းရေးမှူး    



၂။  အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -



(က) အစိုးရ၏ လုံခြုံရေးအဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက် မှုများ ပြုလုပ်နိုင်စေရန်။



(ခ) ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် သွားရောက် နှိမ်နင်းနိုင်ရေး (Rapid Response)  စီမံပေးရန်။



(ဂ)လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်။



(ဃ) နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီးကာကွယ်နိုင်ရန်အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန်။



(င) မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားရန်။



(စ) လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားရန်။



၃။  တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက်သွားရန် ဖြစ်ပါသည်။



ပုံ (သိန်းစိန်)                         



နိုင်ငံတော်သမ္မတ                     



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


.. www.MyanmarExpress.net
 

အလိုလိုက်အမိုက်မဆော်ကားကြဖို့

From : ..hot news



၂၀၁၃ခုနှစ် မတ်လ ၁၇ရက်ထုတ်    မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈  ၌ ပြည်သူလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း    က ဒလမြိုနယ်မှဒေသခံများနှင့်တွေ့ဆုံ    စဉ် ““ဥပဒေနှင့်မညီညွတ်””သည့်မင်းမဲ့စ ရိုက်များ၊အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ဒီမိုက ရေစီအနိုင်ကျင့်မှုများကို လစ်လျူရ့လျှက် တိုင်းပြည်နစ်နာမည်ဖြစ်ကြောင်းပြော ကြားခဲ့သည့် စကားမှာဒီကနေ့အချိန်အခါ   မှာ ““ပြည်သူများအားလုံးအနေနဲ့အထူး (အထူး)ဂရိုက်စိုက်အလေးအနက်ထားရ မည့်စကားဖြစ်ပါသည်။
မြန်မာမှုနယ်ပယ်တွင်ရှေးလူကြီးများ    က လူတွေကိုစကားပုံများနဲ့ဆိုဆုံးမလမ်း  ညွှန်လမ်းခင်းပေခဲ့ပါသည်။““အလိုလိုက် အမိုက်စော်ကား””မျက်နှာသာပေးရွှေရေး  ပန်ကန်တက်သောစကားအတွက် ဆေး တစ်ပါးသဖွယ်ဖြစ်မည်ထင်ပါသည်။
အားလုံးသိကြပါသည်။ ယခင်ကနဲ့ စာလျှင် ယနေ့များစွာ(များစွာ)မှ လွတ်  လပ်စွာပြောရေးဆိုခွင့်တွေရလာပါပြီ၊ လူ့ အခွင့်အရေးနှင့်ပတ်သက်လျှင်လည်း အတန်အသင့်ရလာနေပါပြီ။ဒီနေရာမှာ   လူ့အခွင့်ရေးဆိုသည်မှာလူသားတိုင်း၏     မွေးရာပါအခွင့်အရေးဆိုသည်ကို လူတိုင်း    မပြောဘဲသိပါသည်။ လူများစုအတွက် လူ့အခွင့်အရေးကသီးခြားအခွင့်ထူးခံဖို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် မဟုတ်တာ   တော့ သေချာပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေ  မန်းက ““ဥပဒေနှင့်မညီညွတ်သည့်မင်းမဲ့ စရိုက်””များ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ ဒီ မိုကရေစီအနိုင်ကျင့်မှုများကို လစ်လျူရှု     ရန်မသင့်ကြောင်း၊ ငါ့ဆွေမျိုး၊မိသားစု တွေလုပ်တာဘဲ ခွင့်လွှတ်လိုက်၊ မျက်နှာ    လွှဲမသိကျိုးကျွင်နေလိုက်ပုံစံမျိုးမလုပ်သင့်      တော့ပါဘူး။ယုတ်စွအဆုံးကိုယ့်မိဘက     လုပ်ရင်တောင်ခွင့်မလွှတ်သင့်ပါဘူး။သင့်  သလိုအရေးယူရန်အချိန်တန်ပါပြီ။ မိမိကို   တန်ဖိုးထားဆည်းကပ်ပြီးရိုသေကိုင်းရှိုင်း    ဂါရ၀တရားရှေ့ထားပြီး တန်ဖိုးထားတာ  ကို””အခွင့်အရေးမယူသင့်ပါ။အဲဒီအခွင့်  အရေးကိုလက်ထဲဆုပ်ကိုင်ပြီးတာဝန်ရှိ   အစိုးရအဖွဲ့အစည်းနဲ့လူကြီးများကို အခက်   အခဲအကြပ်အတည်းဖြစ်အောင်မလုပ် သင့်ပါ။
လူတိုင်းနီးပါးသိကြပါလိမ့်မည်။ မြေ    ပေါ်၊မြေအောက်၊ရေပေါ်ရေအောင်၊လေ  ပေါ်လေအောက်အားလုံးသော ရေ၊လေ၊   မြေများကိုနိုင်ငံတော်ကပိုင်ပါတယ်။ပိုင် ရှင်ဟာနိုင်ငံတော်ပါ။အကျွန်ုပ်၊အသင် နေထိုင်ရာအိမ်မြေအောက်မှာ ရွှေသိုက်    နဲ့ရေနံတွင်းရှိခဲ့ရင် အသင်အကျွန်ုပ်အနေ နဲ့အိမ်နဲ့မြေကိုနိုင်ငံတော်ကိုပေးလိုက်ရပါ  လိမ့်မည်။ နိုင်ငံတော်က လူ့အခွင့်အရေး ကို လေးစားသောအားဖြင့်ရောငွေကြေး  သို့မဟုတ် နေရာအစားပြန်ပေးပါလိမ့် မယ်။ မပေးရင်လည်း ဘာမှမတတ်နိုင်ပါ။
လက်ပံတောင်းတောင်ကိစ္စမှာ ယခင်   ကရှိရင်းစွဲအတိုင်း တောင်ကိုပြန်လုပ်ပေး ရမလိုပြောနေသံကြားရပါသည်။မျက်နှာ    သာပေးခံထားရသူအချို့က သူတို့နဲ့မဆိုင်   ဘဲ သူရဲကောင်းလုပ်ပြီး ဒီမိုကရေစီအနိုင်  ကျင့်မှုပုံစံကဲ့သို့လုပ်လာကြတာဟာလုံးဝ   မဖြစ်သင့်ဟုထင်ပါသည်။
မျက်နှာသာပေးသောကြောင့် ဒီလို    တွေလုပ်ကြတာလား။ဒါမှမဟုတ်အလို လိုက်ပြီး အခွင့်အရေးပေးလို့အမိုက်စော်  ကားတဲ့ ပုံစံလုပ်ကြတာလား။မေးခွန်းထုတ်       ရမလိုဖြစ်နေပါသည်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာပြဿနာ   ပေါ်ခဲ့ပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာ    သည် တိုင်းရင်းသားမဟုတ်ဟုဆိုသည်။      မြန်မာနိုင်ငံအနှံ့ရှိ အစ္စလာမ်ဘာသာကိုး  ကွယ်ကြသူများအားလုံး ရိုဟင်ဂျာမဟုတ်  ကြောင်း မဟုတ်   ကြတာတော့သေချာပါသည်။ အစ္စလာမ်   ဘာသာကိုးကွယ်ကြသူများတွင် တိုင်းရင်း သားအချို့ရှိပါသည်။ ထိုထ်္မင်းယောင်ထုံး နှင့် အစ်္စလာမ်ဘာသာဝင် မြန်မာနိုင်ငံ သားများ မြန်မာနိုင်ငံတွင်ရှိခဲ့ဖူးသည်ဟု  ကြားဖူးပါသည်။ အစ္စလာမ်ဘာသာကိုး  ကွယ်သော အာဇာနည်မစ်္စတာရာဇတ် နှင့်ရဲဘော်ထွေးသည်ကျဆုံးသွားခဲ့သော အာဇာနည်ခေါင်းဆောင်များ၌ပါဝင်ခဲ့သည်   ကို မြန်မာနိုင်ငံသားများသိကြပါသည်။
လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထား  သော မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာ   ၀င်များသည် လူနည်းစုဖြစ်ပါသည်။ပြည်သူ    လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောခဲ့ သလို ““ဥပဒေနှင့်မညီညွတ်သည့်မင်းမဲ့ စရိုက်အသွင်ဆောင်ကာ အုပ်စုဖွဲ့အနိုင် ကျင့်ပြီး သာကေမြို့နယ်ရှိ အာရ်ဘီ စာသင်ကျောင်းဝိုင်းဖြိုခွဲသည်။ဥပဒေနှင့်  အညီ သက်ဆိုင်ရာကဆောင်ရွက်ပေးရန်     လုပ်ဆောင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံကောင်း    ဖို့ ပြည်သူပြည်သားအများစု အေးအေး    ချမ်းချမ်းနေနိုင်ကြစေဖို့အတွက် ပြည်သူ့  လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား     ခဲ့သော ““ဥပဒေမဲ့မင်းမဲ့စရိုက်များကိုထိ ရောက်ဟန့်တားစွာ အရေးယူနိုင်ရန်  တည်ဆဲဥပဒေမရှိသေး””လျှင် အမြန်ဆုံး    ဥပဒေပြဋ္ဌာန်းပေးကြပါ။““ထိုနည်းတူပင်   အုပ်စုဖွဲ့အနိုင်ကျင့်မှုများ”မပြုလုပ်ရဲအောင်၊   မလုပ်ဝံ့အောင်တည်ဆဲဥပဒေမရှိက အမြန်   ဆုံးဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးပါရန် လွှတ် တော်များထံ ပြည်သူတစ်ဦးအနေနဲ့တိုက် တွန်းအဆိုပြုအပ်ပါသည်။ဒီမိုကရေစီခေတ်   မှာ ““ဒီမိုကရေစီအနိုင်ကျင့်မှုမှာလွန်စွာ  ဆိုးဝါးသောကိစ္စဖြစ်ပေသည်။ လုံးဝမပြု  သင့်သောကိစ္စရပ်ဖြစ်ပါသည်။ ယင်းသို့ အနိုင်ကျင့်မှုမပြုနိုင်ရန်အတွက် အမြန်ဆုံး  ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးကြပါရန် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ၏မိန့်မှာပြောကြားခဲ့ သောစကားကိုအလေးအနက်ထောက်ခံ ပါသည်။
ကမ္ဘာတ၀ှမ်းအေးချမ်းပြီး တရား  ဥပဒေစိုးမိုးသောနိုင်ငံတိုင်းတိုးတက်ကြ ပါသည်။ ကမ္ဘာအင်အားအကြီးဆုံးအမေ ရိကန်နိုင်ငံကိုကြည့်ပါ။ကမ္ဘာ့နိုင်ငံပေါင်း   စုံက မတူကွဲပြားခြားနားသူများစုစည်း ပြီး တူညီလက်တွဲပြီးနေကြပါသည်။အစ္စလာမ်     ဘာသာဝင်အစွန်းရောက် အွစ်စမာဘင်  လာဒင်တို့က အမေရိကန်လူမျိုးများကို နည်းလမ်းအသွယ်သွယ်ဖြင့်သတ်ဖြတ် ချေမှုန်းပြီးဒုက္ခမျိုးစုံပေးသည်။ သို့သော်    အစ္စလာမ်ဘာသာဝင်များကို အမေရိကန်     ဒုက္ခပြန်ပေးပြီး ဂလဲ့စားချေသတ်ဖြတ်  တာကိုမကြားဘူးသေးပါ။ဘာသာရေး    ဆိုင်ရာအဆောက်အအုံတွေကို ဖြိုချဖျက်  စီးတာတွေ အမေရိကန်နိုင်ငံမှာလုပ်ခဲ့ တာမကြားဘူးပါ။
မည်သည့် လူ့အသိုက်အ၀ိုင်းမဆို   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း  ပြောကြားခဲ့သော ဥပဒေနှင့်မညီညွတ်     သည့် မင်းမဲ့စရိုက်များ မပြုလုပ်သင့်ပါ။လုံးဝ(လုံးဝ)မလုပ်ကြဖို့ဝိုင်းဝန်းဖျောင်းဖျ   တားစီးပေးကြဖို့ လူတိုင်း၌တာဝန်ရှိပါ တယ်။ ““အုပ်စုဖွဲ့အနိုင်ကျင့်သော ကိစ္စ မျိုး မြန်မာနိုင်ငံတွင် မည်သည့်အချိန်အခါ   မှမရှိဖို့ မဖြစ်စေဖို့ လူတိုင်းလူတိုင်းအသိ စိတ်ဓာတ်ရှိရှိဖြင့်ဝိုင်းဝန်းပြီး စုစည်းကာ ကွယ်ပေးကြဖို့တာဝန်ရှိပေသည်။ ဒီမိုက ရေစီအငမ်းမရလိုချင်ခဲ့ကြတဲ့ မြန်မာပြည်သူ    ပြည်သားများအနေနဲ့ ““ဒီမိုကရေစီဘန်း ပြပြီး၊အာဏာပိုင်များကိုအကျပ်အတည်း   တွေ့အောင်လုပ်ကြတာ””တွေ ဒီမိုကရေစီ    အနိုင်ကျင့်မှုများလုပ်ကြတာတွေကို မလုပ်   ကြဖို့အထူးတလည်တိုက်တွန်းရေးသား   လိုက်ရပေသည်။

.. www.MyanmarExpress.net
 

သင်္ကြန်ကာလ အတွင်း ရန်ကုန်တိုင်း ဒေသကြီးမှာ ယခုလက်ရှိ အတိုင်းသာ လျှပ်စစ်မီးပေး သွားရန်ရှိ

From : ..mrtv4

၂၀၁၃ ခုနှစ်ရဲ့ နှစ်သစ်ကူး သင်္ကြန်ကာလ အတွင်း ရန်ကုန်တိုင်း ဒေသကြီးမှာ ယခုလက်ရှိ လျှပ်စစ်မီး ပေးဝေတဲ့ အချိန်အတိုင်း လျှပ်စစ်မီး ဖြန့်ဖြူးပေး သွားမှာ
ဖြစ်တယ်လို့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုလက်ရှိ ရန်ကုန်တိုင်း ဒေသကြီးမှာ ပြည်သူများကို အဓိက ဦးစားပေး အနေနဲ့ ညနေ ၅ နာရီမှ နောက်တစ်နေ့ မနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိအောင် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများကို တစ်နေ့ကို ၅နာရီ အုပ်စု ၂ စုခွဲကာ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေး လျက်ရှိပြီး ညနေ ၅ နာရီ နောက်ပိုင်းကို စက်မှုဇုန်၊ စက်ရုံ၊ အလုပ်ရုံများကို လျှပ်စစ်မီးဖြတ်တောက် ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ အသစ်တိုးချဲ့ တည်ဆောက် လျက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့သုံး အင်ဂျင် ဓာတ်အားပေး စက်များ ရောက်နေပြီး စက်များ တပ်ဆက် လျက်ရှိကာ မတ်လ ၃၁ ရက်နေ့ အမီ စက်များ လည်ပတ်နိုင်ရေးကို ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ သင်္ကြန်အပြီး ဧပြီလ ၃၀ ရက်နေ့အထိ ကိုလည်း ယခုလက်ရှိ အတိုင်း လျှပ်စစ်ဓာတ်အားပေး သွားမှာဖြစ်ပြီး ၂၀၁၃ ခုနှစ် မေလမှာ အများပြည်သူ များကို လျှပ်စစ်ဓာတ်အား အဓိက ဦးစားပေး ဖြန့်ဖြူးပေး နိုင်ဖို့ စွမ်းအင် ၀န်ကြီးဌာနနဲ့ ထပ်မံပူးပေါင်း ညှိနှိုင်း စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
.. www.MyanmarExpress.net