Subscribe to our RSS Feed

ကေအိုင်အေတိုက်နယ်မှူး နော်အောင် ဦးစီးအဖွဲ့မှ ဖားကန့်တွင် ဆက်ကြေးများကောက်ခံလျက်ရှိ



ကချင်ပြည်နယ်၊ ဖာကန့်မြို့နယ်၊ ဆိပ်မူဆိုင်းတောင်ကျေးရွာရှိ ဝေခါလမ်းခွဲ၊
ငါးကန်တွင် အခြေပြုလှုပ်ရှားနေသော
ကေအိုင်အေတိုက်နယ်မှူးနော်အောင်

ဦးစီးအဖွဲ့သည်
ဆိုင်းတောင်ကျေးရွာအတွင်းရှိ နေအိမ်များအား တစ်အိမ်လျှင် ငွေကျပ် ၁၀
သိန်းစီအား အဓမ္မဆက်ကြေး ကောက်ခံလျက်ရှိရာ ၂၆.၃.၂၀၁၃ ရက်နေ့အထိ
အိမ်ထောင်စု(၂၀)ခန့်ထိ ပေးပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

တပ်မတော်နေ့တွင် မြန်မာတပ်မတော်မှ လက်နက်အင်အားအခြေအနေများကို
ထုတ်ဖော်ပြသသွားသော်လည်း ကချင်ပြည်နယ်အတွင်းမှီတင်းနေထိုင်လျက်ရှိသော
ဒေသခံများမှာ ကေအိုင်အေ၏ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊
ဆက်ကြေးကောက်ခံခြင်းများကို နေ့စဉ်နေ့တိုင်း ခံစားလျက်ရှိရာ
မြန်မာ့တပ်မတော်၏ အင်အားပြသမှုမှာ အပိုဖြစ်သည်ဟု မြင်နေကြပြီး
ကေအိုင်အေတို့၏ နှိပ်စက်မှု၊ ဖိနှိပ်မှုမှ ၎င်းတို့အား ပိုမိုကာကွယ်ပေးသွားရန်
လိုလားလျက်ရှိကြောင်း ပြောဆိုနေကြပါသည်။

ကေအိုင်အေတို့သည် မြန်မာအစိုးရနှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေသော်လည်း ငြိမ်းချမ်းရေးရယူရန်
ဆန္ဒမရှိကြဘဲ ကချင်ပြည်နယ်နေဒေသခံများအပေါ် အဓမ္မလူသစ်စုဆောင်းခြင်း၊
ပြန်ပေးဆွဲခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ဆက်ကြေးများစွာကောက်ခံခြင်းများ
စဉ်ဆက်မပြတ်ပြုလုပ် လျက်ရှိပါသည်။ မြန်မာအစိုးရအနေဖြင့် ယခုထက်ပိုမိုပြီး
ကေအိုင်အေအား နှိမ်နင်းသွားရန်နှင့် ထိန်းချုပ်သွားရန် ကချင်ဒေသခံများမှ
လိုလားလျက်ရှိပြီး ကေအိုင်အေများ များစွာရွံ့မုန်းလျက်ရှိပါသည်။
 
.. www.MyanmarExpress.net
 

2 comments:

KIAသူ ပုန် တွေက လဲ လက် နက် အား ကိုး နဲ့ ဓါး ပြ လုပ် စား နေ ကြ တယ် မ အေ လိုး တွေ သေ လဲ မ သေ နိုင် ဘူး လက် နက် ကိုင် ပြိး တိုက် စာျးတာင်း စား ရ တာ အ ရ သာ တွေ့  နေ ကြ တော့ ဒီလို ဘဲ နေ မှာပါ ဘဲ

ီ အ ထဲ မှာ လဲ မြို့ နယ် အုပ် ခူပ် ရေး မူး ခ ရိုင် အုပ် ခ်ါပ် ရေး မူး တွေ လုပ် စား နေ ကြ တာ ပါ ဘဲ လုပ် ငန်း န ခု လှေိာက် ပြိ ဆ်ု ရင် ငွေ မ ပေး ဘဲ နဲ့ မ ရ ပါ ဘူး မ ပေး ရင် အ ကြာ ကြိး လုပ်ျန ကြ တာ မော် တော် ပီကယ် မ ထ သ သစ တော စ သုဖင့် မြို့ အ ဝင် ဂိတ် ဖွင့် ပြိး ကား တွေ ထော် လာ ဂျီတွေ ကိုခြိမ်း ခြောက် ပြိး ငွေ တောင်း ပါ တယ် ရ တဲ့ ငွေ ကို မြို့ နယ် အုပ် ခူပ် ရေး မူး ခ ရိုင် အုပ် ခူပ်ျရး မူး စ သ ဖြင့် လွဲ ယူ ကြ ပါ တယ် စ နီစ် က မ ပျောက် သေး ပါ ပခုက္ကူ မြို့ ဇက အ ဆိုး ဆုးံ ဖြစ် ပါ သည် မြိုင် မြို့ မှရဲ များ က လဲ မြို့ နှင့် ဝေး သော နေ ရာ မိား မ ဆီမဆိုင် တော သူ တော သား များ ၏ဆိုင် ကယ် များ ကို အျငြ်း အ မိုး မိုး ပြ ပြိး ငွေ တောင်း ခံ မေ ပါ သည် မြိုင် ရဲ များ သည် ဓါး ပြ မိား ဖြစ် ပါ သည် သက် ဆိုင် ရာ မှ အ ရေး ယူ ပေး ပါ ရန်

ကျူ ပင် ခုတ် ကြပါ ဗျို။ပြည် သူ များ နစ် နာ နေ ဆဲ ပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်