Subscribe to our RSS Feed

အစိုးရ၏ အရန်ဆန် ဝယ်ယူမှု တောင်သူ အကျိုးသက်ရောက်မှု မရှိဟု တောင်သူ လယ်သမားအသင်း ဆို

From : ..popular


ဧပြီလအတွင်း အရန်ဆန်ဝယ် ယူပေးရန် နိုင်ငံတော်၏ စီစဉ်မှုမှာ တောင်သူများအတွက် ဈေးနှုန်းရ လာနိုင်မည်မဟုတ်၍ အကျိုးမရှိဟု မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းက ထုတ်ပြန် ပြောဆိုသည်။
နယ်စပ်မှ တရုတ်၏ ဆန်အ ဝယ်ရပ်မှု၊ နေရာအနှံ့ နွေစပါးများ ပေါ်ထွက်လာနေမှုကြောင့် အတက် ဘက်သို့ ဦးတည်သွားနေသည့် စပါးဈေးမှာ ကျဆင်းနေသည်။

အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ''ဒီဧပြီမှာ အရန်ဆန်က တန်ချိန် ငါးသောင်းကနေ တစ်သိန်းအထိ ဝယ်ပေးမယ်လို့ အရန်ဆန် ဝယ်ယူရေးအဖွဲ့က ပြောတယ်။ ဒီပမာဏက ဈေးမတက်လာနိုင်ဘူး၊ နောက်ပြီး ထိရောက်မှုလည်း မရှိ ဘူး''ဟု ပြောသည်။

ထို့အပြင် ကော်မတီ၏ ဝယ် ယူမှု၌လည်း တောင်သူများထံမှ တိုက်ရိုက် မဟုတ်ဘဲ ဈေးအနည်း ဆုံးဖြင့် တင်သွင်းနိုင်သည့် သူ ထံမှ တင်ဒါစနစ်ဖြင့်သာ ဆိုသည့် အတွက် တောင်သူများကို အဆင် ပြေစေရန် ဆောင်ရွက်ပေးနိုင်မှု မရှိ ဖြစ်နေသည်ဟု ၄င်းက ဆက်ပြောသည်။
''အခြေခံစပါးဈေးနှုန်းရရှိရေး ဆောင်ရွက်နိုင်ဖို့ အစိုးရ၊ လွှတ် တော်၊ ဆန်စပါးအသင်းချုပ်၊ တောင်သူလယ်သမားအသင်းတို့ ပူးပေါင်းပြီး ဆွေးနွေးပွဲတစ်ခု လုပ် မှပဲ ရတော့မယ်''ဟု ဒေါက်တာ စိုးထွန်းက ထပ်ပြောသည်။

ဝါးတန်းကီလီဒိုင်မှ ဆန်ကုန် သည်တစ်ဦးက ဈေးနှုန်းမှာ နေ့စဉ်ကျဆင်းမှု အနည်းငယ်ရှိနေပြီး အရောင်းအဝယ် နှေးနေကြောင်း ပြောသည်။
လက်ရှိတွင် တင်းတစ်ရာလျှင် ကျပ် ၃ သိန်းခွဲကျော်မှ တဖြည်း ဖြည်း ကျဆင်းလာနေကြောင်း စပါးဈေးကွက်မှ သိရသည်။

PN 051



.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်