Subscribe to our RSS Feed

အာဆီယံခေါင်းဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

From : ..popular

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌရာထူးလက်ခံမှုနှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို
ယနေ့ နံနက် ၉နာရီက နေပြည်တော်ရှိ ဇဗ္ဗူသီရ ဟိုတယ်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲသို့ အာဆီယံဥက္ကဋ္ဌဟောင်းများ၊ လက်ရှိ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံခေါင်းဆောင်မှုရေးရာကျွမ်းကျင်သူများ၊
မြန်မာနိုင်ငံ နိုင်ငံခြားရေးရာဌာန တာဝန်ရှိသူများ၊
အာဆီယံရေးရာဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လက်ရှိ အာဆီယံအသိုက်အ၀န်းတည်ဆောက်ထားမှု၊
အာဆီယံခေါင်းဆောင်များ၏ အတွေ့အကြုံများမှ
လေ့လာသင်ယူမှု
၊ မြန်မာနိုင်ငံဥက္ကဋ္ဌရာထူးရယူချိန်
ညွှန်းဆိုမှုရည်မှန်းချက်နှင့်
ပိုင်ဆိုင်မှုနေရာ၊ အာဆီယံခေါင်းဆောင်များအစည်းအဝေးအတွက်
ပြင်ဆင်ခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ် အခန်းကဏ္ဍ ၊
Capacity Building မြှင့်တင်ခြင်း ဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

NLA

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်