Subscribe to our RSS Feed

နိုင်ငံတော် ကာကွယ်ရေးနှင့် အမျိုးသား နိုင်ငံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေသည့် ပြည်ထောင်စု တပ်မတော်

From : ..MWD


(၆၈)နှစ်မြောက် တပ်မတော်နေ့သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သမိုင်းနှင့် တပ်မတော် သမိုင်းတွင် ထူးခြား လေး နက်သော နေ့ထူးနေ့မြတ် အခါသမယ ဖြစ်ပေသည်။ ပြည်သူနှင့် တပ်မတော်သည် ရေကိုသား၍ အကြား မထင်သကဲ့သို့ တပ်မတော်နေ့ ဆိုသည်မှာလည်း တပ်မတော် တစ်ခုတည်းနှင့် သက်ဆိုင်သည် မဟုတ်ဘဲ ပြည်သူ တစ်ရပ်လုံး၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အခမ်းအနားကြီးပင် ဖြစ်ပေသည်။

တပ်မတော်သည် နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ကတည်းကပင် သမိုင်းရေး လိုအပ်ချက်နှင့် အမျိုးသားရေး လိုအပ် ချက်တို့ အရ စတင် ပေါက်ဖွား လာခဲ့သည့် သမိုင်း အစဉ်အလာ ကြီးမားသော တပ်မတော် ဖြစ်ပြီး မျိုးချစ်စိတ်ဓာတ် ထက်သန် သည့် နိုင်ငံ့ သားကောင်းများဖြင့် ဖွဲ့စည်းထားသော အမျိုးသားရေး စွမ်းအားစုကြီး ဖြစ်ပေသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်သည် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၅) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်နှင့် နိုင်ငံတော် က ပေးအပ်လာမည့် အမျိုးသား နိုင်ငံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ရေးနှင့် ပတ်သက်၍ မိန့်ကြားရာတွင်- ''တို့ တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်တယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ် ရန်၊ နိုင်ငံတော်ရဲ့ ရေထု၊ မြေထု၊ လေထုကို ကာကွယ်ရန်၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရန်၊ တိုင်းရင်းသား များ၏ အသက် အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကို ကာကွယ်ရန်နဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားရမှာ ဖြစ်တယ်။ နိုင်ငံတော်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာ မှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းဖို့ လိုအပ်တယ်။ ငြိမ်းချမ်းရေး အတွက် တို့ တပ်မတော် ကလည်း စိတ်ကောင်း စေတနာ မှန်ကန်စွာ ပါဝင် ဆောင်ရွက်လျက် ရှိတယ်။ ဥပဒေနဲ့ အညီ တည်ငြိမ် အေးချမ်းမှုများ ရရှိအောင် အလေးထား ဆောင်ရွက်လျက် ရှိတယ်။ တည်ငြိမ် အေးချမ်းမှု လမ်းကြောင်းပေါ် ရောက်ရှိနေတဲ့ နေရာ မှန်သမျှမှာ တရားဥပဒေ စိုးမိုးရေး၊ ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေမှာ တပ်မတော်က ကာယအား၊ ဥာဏအား တွေနဲ့ ဝိုင်းဝန်း ဆောင်ရွက် ပေးနေတယ်



.. www.MyanmarExpress.net
 

1 comments:

တပ် မ တော် သည် ပြည် သူ့ အ တွက် ဖြစ် ပါ သည်။ အ ရေး အ ကြောင်း ရှိ က နိုင် ငံ ရေး သ မား များ သည် ပျောက် ချင်း မှ လှ ပျောက် ကုန် သည်။ ပြည် သူ့ ရှေ့ က တပ် မ တော် သာ အ သေ ခံ ပါ သည်။ တပ် မ တော် မ ရှိ လျှင် နိုင် ငံ နှင့် လူ မျုး ပျောက် သွား ပါ လိမ့် မည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်