Subscribe to our RSS Feed

၈ပူးတွေကတော့ ပြည်သူကိုမြေဇာပင် စစ်တလင်းဖြစ်အောင်လုပ်ဖို့ပြောလိုက်ပြီ......

From : https://www.facebook.com/photo.php?fbid=1466185696943407&set=a.1405628046332506.1073741828.100006559726470&type=1&theater



ခင်းဗျားတို့က ဒေါ်စုသမ္မတဖြစ်ဖို့တစ်ခုတည်းနဲ့ တိုင်းပြည်ရဲ့အနာဂါတ် 
သန်း၆၀ရဲ့ အနာဂါတ်ကို ချနင်းတော့မှာလား....

ခင်ဗျားတို့ကြောင့် ၈၈ မှာတိုင်းပြည်လည်း အလူးအလဲခံလိုက်ရပြီ....
ခင်ဗျားတို့ဘာသာ ပန်းချီဆွဲလိုက် စာရေးလိုက် ပြည်ပအလှူရှင်တွေဆီက ဖန်ထောင်စားလို့ဘာမှမပြောဘူး.....

ဂျော့စိုးရော့စ်ဆီက ဒေါ်လာတွေနဲ့တသက်စားမကုန်တာလည်း ဘာမှမပြောဘူး...
စာပေဟောပြောပွဲတစ်ပွဲသိန်းနဲ့ချီမရရင် မလိုက်တာလည်း ဘာမှမပြောလိုဘူး....

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ သို့ တပ်မတော်ထောက်လှမ်း ရေးတပ်ဖွဲ့ဝင်ဟောင်းများ၏အိတ်ဖွင့်ပေးစာ

From : News Watch(စောင့်ကြည့်သတင်းဂျာနယ်)  

ပြည်တွင်းသတင်းဂျာနယ်နှစ်ခုတွင် ဖော်ပြခဲ့သည့်ထောက်လှမ်းရေးကြောင့် တပ်မတော်သိက္ခာကျခဲ့ရတာ ဟု တပ်မ တော်သားဟောင်းတစ်ဦးလည်းဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ် ဦးလည်းဖြစ်သူတစ်ယောက်က စည်းမရှိ ကမ်းမရှိ တပ်မတော်၏ဖွဲ့စည်းပုံအောက် မှာ တရားဝင် တည်ရှိခဲ့ သည့် ထောက်လှမ်း ရေးတပ်ဖွဲ့ဝင်များကို ပုတ်ခတ်ပြောဆိုခဲ့ သည့်အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ပါသည်။

တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့သည် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှု အောက်တွင် ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အဖွဲ့ အစည်းဖြစ်ပါသည်။

တပ်မတော်ထောက်လှမ်းရေးတပ် ဖွဲ့ဝင်များသည် မွေးမွေးချင်းထောက်လှမ်း ရေးတပ်ဖွဲ့ဝင်ဖြစ်ခဲ့သူများ မဟုတ်ပါ။ ဦးလှဆွေလိုပဲ ခြေလျင်တပ်ရင်းတွင် အနည်းဆုံး (၆)နှစ်ခန့် တာဝန်ထမ်းဆောင် ခဲ့သူများဖြစ်ပါသည်။ ခြေလျင်တပ်တွင် တိုက်ပွဲကြီး၊ငယ်များကို တိုက်ခိုက်ခဲ့သူများ အများကြီးရှိ ပါသည်။

Role Model အဖြစ် မိမိကိုယ်ကိုယ် ယူဆမထားသည့် စကားလက်

From :  Planet Myanmar Network 



Oxfamအတွက် (၈)နှစ်ကြာ ကိုယ်စားပြုပေးခဲ့ပြီးမှ ယင်းကဲ့သို့ နုတ်ထွက်ခဲ့ခြင်းသည် သူမကိုယ်သူမ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်တစ်ခုအဖြစ် ယူဆ၍ မရခြင်းနှင့် ပတ်သက်မှု ရှိနိုင်ကြောင်း Avengers: Age of Ultron မင်းသမီးက ဆိုသည်

စကားလက် ဂျိုဟန်ဆန်က သူမအနေဖြင့် မိမိကိုယ်ကိုယ် လူတကာ စံပြုထိုက်သည့် Role Model တစ်ဦးအဖြစ် မယူဆကြောင်း ပြောကြားလိုက်သည်။ Oxfam၏ သံတမန်အဖြစ်မှ ပြီးခဲ့သည့်လက နုတ်ထွက်ခဲ့သည့် ဟောလီးဝုဒ် မင်းသမီးက သူမ၏ ဆုံးဖြတ်ချက်သည် အဆိုပါ အတွေးအမြင်နှင့် ဆက်နွယ်နေကြောင်း အရိပ်အမြွက် ဝန်ခံခဲ့သည်။ Oxfamအတွက် (၈)နှစ်ကြာ ကိုယ်စားပြုပေးခဲ့ပြီးမှ ယင်းကဲ့သို့ နုတ်ထွက်ခဲ့ခြင်းသည် သူမကိုယ်သူမ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ်တစ်ခုအဖြစ် ယူဆ၍ မရခြင်းနှင့် ပတ်သက်မှု ရှိနိုင်ကြောင်း Avengers: Age of Ultron မင်းသမီးက ဆိုသည်။

အာရပ်မင်းသားတစ်ပါးက ညနေစာအတူစားဖို့  ပေါင်တစ်သန်းပေး ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့ နာမည်ကြီး ဂျာမန်စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ

From : Trend Myanmar

 
စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ ဟာ ညနေစာအတူစားဖို့ အာရပ်မင်းသားတစ်ပါးက ပေါင်တစ်သန်းနဲ့  ဌားရမ်းခဲ့မှုကို သူမ ငြင်းဆန်ခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဂျာမန်လူမျိုး အလှဘုရင်မ က သူမဟာ အခုလို မော်ဒယ်လောကရဲ့ ဘုရင်မတစ်ဆူဖြစ်ပြီး ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး မိန်းမသားတစ်ဦးဖြစ်နေရတဲ့အတွက် သူမကို မရေမတွက်နိုင်တဲ့ ထူးထူးဆန်းဆန်း ကမ်းလှမ်းမှုတွေ ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

သူမကိုယ်စား ပြောပေးသည်

From : https://www.facebook.com/photo.php?fbid=273377052838063&set=a.115166145325822.20976.100004973111518&type=1


 မွေးနေ့ပွဲ...ဒေါ်စုရဲ့ မွေးနေ့ပွဲတစ်ခု၊ ဖခင် မွေးရကျိုး နပ်အောင် ကျေးဇူး ဆပ်ခဲ့တဲ့ သမီးလိမ္မာရဲ့ မွေးနေ့ပွဲ တစ်ခုပါ။
လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ...ရဲရဲနီစွေး အာဇာနည် မျိုးဗီဇကို ပျက်စီး ကျေမွ စေခဲ့သူ။

ဖခင်ကို သတ်ဘို့ အခါတော်ပေး လက်ထောက်ချခဲ့တဲ့ ကုလားဖြူမျိုးကိုမှ စိတ်နာရကောင်းမသိ၊ ခြင်ထောင်ထဲထည့် ဘဝ လက်တွဲခဲ့သူ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား

From : http://burma.irrawaddy.org/ 




လဝီဝမ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆိုလိုက်သည်။

ဆရာတော်ဦးဝီရသူနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်သူတဦးဖြစ်သော ဦးဝင်းတင်တို့ မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ဦးဝီရသူက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကာလ ရှည်ကြာစွာ ဒီမိုကရေစီ အရေးတိုက်ပွဲဝင်ခဲ့သူဖြစ်ခြင်းကို လေးစား အသိအမှတ် ပြုသော်လည်း အခြေခံဥပဒေတွင် ပါရှိ နေသော ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် အချက်များကို ဆက်လက်ထားရှိသင့်ကြောင်း ဦးဝီရသူက ဆိုသည်။

“ဦးပဉ္ဇင်း အပါအ၀င် လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ပုဒ်မ ၅၉ ကိုပြင်လိုက်ရင် တရုတ်လို၊ မူစလင်လို တိုင်းရင်းသား မဟုတ်တဲ့သူတွေ သမ္မတဖြစ်လာမှာကို ဦးပဉ္ဇင်း စိုးရိမ်တယ်” ဟု ဦးဝီရသူက ဧရာဝတီသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောဆိုသည်။

တရုတ် သို့မဟုတ် မူစလင်များ သမ္မတ အဖြစ် ရွေးချယ်ခံရပြီးနောက် နိုင်ငံအရေးကိစ္စများတွင် နိုင်ငံခြားလွှမ်းမိုးမှု များရှိလာမည်ကို စိုးရိမ်ကြောင်း ဦးဝီရသူက ပြောဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ နိုင်ငံခြားသားတဦးနှင့် လက်ထပ်ထားသူ သို့မဟုတ် သားသမီးများက နိုင်ငံ ခြားသားဖြစ်နေသူများ သမ္မတဖြစ်ခွင့်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသားတဦးနှင့် လက်ထပ်ခဲ့ပြီး သူ၏ သား ၂ ဦးကလည်း ဗြိတိန် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ပယ်ချသော်လည်း မျိုးစောင့်ဥပဒေ ပြဌာန်းရေး အစိုးရနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ဆို

From :  ပြည်သူ့အာဏာ


သမ္မတဦးသိန်းစိန်က ပေးပို့သော အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ သ၀ဏ်လွှာအား အစိုးရနှင့် တရားလွှတ်တော်ချုပ်သို့ ပြန်လည်တာဝန်လွှဲအပ်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံဃာတော်များက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည် ဟု ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်သို့ ရှင်းပြခဲ့ကြောင်း၊ ယင်းဥပဒေများနှင့်ပတ်သက်၍ ပြဌာန်းရန် လိုလားနေသော လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသော်လည်း ယင်းတို့၏ သဘောဆန္ဒကို ရယူခြင်း မရှိခဲ့ကြောင်း သိရသည်။

"သမ္မတ သ၀ဏ်လွှာ ရောက်တဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် ဆွေးနွေးညှိနှိုင်းခဲ့တယ် လို့ ကြားပါတယ်။ အဓိကအချက်ကတော့ ဒီဥပဒေလေးခု ပြဌာန်းရေးနဲ့ပတ်သက်ပြီး ဒေါ်စုရဲ့ သဘောထားကို ရယူခဲ့တာ ဖြစ်ပါလိမ့်မယ်။ ကိုယ်စားလှယ်အတော်များများက ဒီဥပဒေတွေကို ပြဌာန်းစေချင်တယ်။ အထူးသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်တွေပေါ့။ ဥပဒေကြမ်းကော်တီကို လွှဲပြောင်းပေးပြီး လေ့လာသုံးသပ်တာတွေ မလုပ်တော့ဘဲ ဒီလို ဆုံးဖြတ်ပြီး သ၀ဏ်လွှာ ပေးပို့တာကတော့ နာယကကြီး ပြောပြောနေတဲ့ လွှတ်တော် ဆန္ဒ မဟုတ်နိုင်ဘူး လို့ ထင်ပါတယ်။ လွှတ်တော်သဘောထားကို ယူသင့်သလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ယူသင့်သလား ရှင်းနေပြီးသားပဲ" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

၉၆၉ နှင့် သံဃာများကို တိုက်ခိုက်လျက်ရှိသည့် အစီအစဉ်များမှာ နိုင်ငံရေး ပါတီကြီးတစ်ခုက စနစ်တကျ စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်နေ

From : https://www.facebook.com/myanmarpeoplepower/photos/a.207766569390782.1073741828.207763009391138/271620503005388/?type=1&theater



ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ နိုင်ငံရေးပါတီကြီးတစ်ခု၏ အစည်းအဝေးအတွင်း ပြောကြားချက် ဟု ယူဆရသော အသံဖိုင်တစ်ခု ပြန့်နှံ့လာခဲ့ရာ ဗုဒ္ဓဘာသာရဟန်းတော်များ၊ အမျိုးသားရေး အင်အားစုများကို တိုက်ခိုက်ထိုးနှက်သည့် အစီအစဉ်များ ပါဝင်နေကြောင်း သိရှိရသည်။

ယင်းအသံဖိုင်တွင် ဥက္ကဌကြီးကို တိုင်တည်၍ ရှင်းလင်းတင်ပြနေမှုများတွင် လွန်စွာမှပင် အန္တရာယ်ကြီးမားလှသော အစီအစဉ်များ ပါဝင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စရပ်များပါ ပါဝင်နေသဖြင့် NLD ပါတီ အစည်းအဝေးတစ်ခုမှ ပေါက်ကြားလာခြင်း ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း လေ့လာသူများက ယူဆလျက်ရှိသည်။

အချိန်အားဖြင့် ၂ မိနစ်ခန့်သာ ကြာမြင့်သော ယင်းအသံဖိုင်တွင် " ၉၆၉ နဲ့ မြို့ဝင် မြို့ထွက်တွေ ရဲ့လှုပ်ရှားမှုတွေ တိုင်းကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ သူတို့ လုပ်နေတဲ့ အဖွဲ့တွေတိုင်းမှာ ကျွန်တော်တို့ပါတီဝင်တွေဖြစ်သွားအောင်၊ ကျွန်တော်တို့ ပါတီဝင် အင်အားစုတွေကို ကျွန်တော်တို့ တာဝန် ပေးထားပါတယ်" ဟူ၍ ပါရှိရာ ၉၆၉ လှုပ်ရှားမှုများအတွင်း စိမ့်ဝင်ထိုးဖောက်၍ လွှမ်းမိုးမည့် နိုင်ငံရေးပါတီတစ်ခု၏ လျှို့ဝှက်ဆောင်ရွက်ချက်များ ဖြစ်နေကြောင်း သိရှိရသည်။

ကျတော်သိသောခေါင်းဆောင်မှုအတက်ပညာ

From : .... www.MyanmarExpress.net



(သည်စာက ရှည်ပေမဲ့ အဆုံးထိဖတ်စေလိုပါတယ်...ဖတ်ပြီးရင်သေသေချာချာတွေးခေါ်စေ
ချင်ပါတယ်...စာကိုအဆုံးထိဖတ်ပြီးမှထင်မြင်ချက်ပေးစေလိုပါတယ်)

 

ကျတော်သိသောခေါင်းဆောင်မှုအတက်ပညာ
*********************************

ကျတော်တို့နိုင်ငံမှာခေါင်းဆောင်ကောင်းတွေပေါ်ပေါက်လာခဲ့ဘူးပါတယ်....
တကယ်တော် တကယ်ကိုယ်ကျိုးစွန့်ခဲ့တဲ့ ခေါင်းဆောင်တွေမှာတူညီတဲ့ အချက်တွေရှိပါတယ်......
ကျတော်သိထားတဲ့ ဥပမာလေးတခုနဲ့ချိန်ထိုးပြီးပြောချင်ပါတယ်။

[လူတစ်စုဟာ ပေါက်တူး ဂေါ်ပြား တူရွင်းတွေနဲ့ မြောင်းတူးဖို့တစ်နေရာကိုရောက်လာပါတယ်....

ကမ္ဘာမှာ ဆီးရီးယားဒုက္ခသည်ဦးရေ အများဆုံးဖြစ်တော့မည်

From :  The Melting Pot 4U
 

ဆီးရီးယားနိုင်ငံသားတွေဟာ ကမ္ဘာ့ဒုက္ခသည်ဦးရေအများဆုံး တိုင်းပြည်အဖြစ် အာဖဂန်နစ္စတန်နိုင်ငံကို ကျော်တော့မယ်လို့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိက ပြောလိုက်ပါတယ်။

ဒါ့အပြင် တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေက ထွက်ပြေး လာသူတွေဟာလည်း သူတို့ ကြုံတွေ့ခဲ့ရတဲ့ စိတ်မချမ်းမြေ့ဘွယ်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ဒဏ်ချက်တွေက မလွတ်မြောက်နိုင်ကြဘူးလို့ ဆိုပါတယ်။

Victoria’s Secret မော်ဒယ်တွေနဲ့ သူတို့ရဲ့အမျိုးသားများ

From :  The Melting Pot 4 U

အမျိုးသမီးအဝတ်အစားတွေနဲ့ ထင်ရှားတဲ့ အမေရိကန် ကုမဏီ Victoria’s Secret မော်ဒယ်တွေရဲ့ ရည်းစားတွေ အကြောင်း ဆိုပြီး
Holly Scoop  အွန်လိုင်းမှာ ရှာဖွေ ဖော်ထုတ် ရေးသားထားပါတယ်။ 
 

မူရင်းကို http://www.hollyscoop.com/karolina-kurkova/these-are-actual-boyfriends-victoria-s-secret-models.html မှာ ဖတ်ပါ။
ပုံတွေကိုလည်း အဲဒီကနေ ယူပါတယ်။

Victoria’s Secret မော်ဒယ်တွေ တွဲနေတာက သူတို့လိုဆွဲဆောင်မှုရှိတဲ့သူတွေလို့ ထင်ရင်တော့ အမှားကြီး မှားပါလိမ့်မယ်လို့ အစချီ ရေးထားပါတယ်။
သူတို့ရဲ့ ချစ်သူ၊ ခင်ပွန်းသည်တွေပါပဲ ဆိုပြီး ပုံတွေနဲ့ ယှဉ်တွဲ ဖော်ပြပါတယ်။ အဲဒီအမျိုးသားတွေအကြောင်း တိုနှံ့နှံ့ ရေးထားတာတွေကလည်း အဆိုးမြင်တွေချည်းပါပဲ။
ဒီတော့  စာဖတ်သူတယောက်က … ဒီအမျိုးသားတွေက ကြောင်ရှာသီးနဲ့ ဘာနဲ့ မဟုတ်တဲ့အတွက် ရွက်ကြမ်းရေကျိုလို့ မဆိုနိုင်ဘူးလို့  မှတ်ချက်ချထားပါတယ်။
ဆောင်းပါးရှင်က အမျိုးသားတယောက်ဖြစ်လိမ့်မယ်လို့လည်း သူက ယူဆပါတယ် တဲ့။
မိန်းမတွေက ယောက်ျားတွေကိုချစ်ကြတာဟာ စိတ်ခံစားချက်ကြောင့်ပါပဲ၊ ဒီမော်ဒယ်အလှမယ်တွေက သူတို့ကြိုက်တဲ့သူကို သူတို့ ရွေးပါလိမ့်မယ်လို့ သူက ဆိုပါတယ်။

မျိုးစောင့် ဥပဒေ တောင်းဆိုချက် လွှတ်တော်ကို သမ္မတပို့

From : BBC


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ သံဃာ့ ညီလာခံ 
 
အမျိုး ဘာသာ သာသနာ စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေ ၄ ခု ပြဋ္ဌာန်းပေးဖို့ နိုင်ငံတော် သမ္မတကို မြန်မာနိုင်ငံသား တစ်သန်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ ကိစ္စမှာ လိုအပ်သလို ဥပဒေပြုနိုင်ရေး ဆောင်ရွက်ပါလို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယကကို သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

သတိ မိုင်းရှိသည်




ရေးသားသူ- အောင်ခိုင်

နမ့်ဆမ်ယန်တံတားအကျော် စရာနှင့် လဲလုံရွာကြားရှိ မြစ်ကြီးနား-ဗန်းမော်ကားလမ်းမကြီး၏ ဘေးတစ်နေရာတွင် ယင်းကဲ့သို့ ဆိုင်းဘုတ်စိုက်ထူထားသည်ကို မြင်တွေ့နိုင်ပါသည်။

ဆိုင်းဘုတ်နှင့်အတူ ကားလမ်းမကြီးဘေးတစ်နေရာကို သွပ်ပြား၊ ထရံ၊ ၀ါးရုံပင်များနှင့်အတူ ထွက်မရအောင် ကာရံပိတ်ဆို့ထားပါသည်။ လမ်းမကြီးဘေးအခြားတစ်ဖက်ကိုလည်း ၀ါးရုံများဖြင့် ပိတ်ဆို့ထားသည်ကို တွေ့ရသည်။ ယင်းနေရာသည် ဧရာဝတီမြစ်ရိုးဘက်မှတစ်ဆင့် လိုင်ဇာအနီးရှိ မဆမ်ပန်၊ ယင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ သစ်မှောင်ခိုတင်ပို့သည့် လမ်းကြောင်းတစ်ခုပင်ဖြစ်သည်။

ပြီးခဲ့သည့်လအနည်းငယ်မှစ၍ မြန်မာ့တပ်မတော်က သစ်မှောင်ခိုတင်ပို့၍မရနိုင်အောင် မိုင်းထောင်ပြီး ယင်းတောလမ်းကို ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။ ထိုနေရာကို သွပ်ပြားများဖြင့် ကာရံထားပြီး “မိုင်းရှိသည်”ဟု ရေးထားသည်ကို တွေ့ရသည်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်းမကြီးတစ်လျှောက်တွင် ယင်းကဲ့သို့ တရုတ်နိုင်ငံသို့တင်ပို့သည့် သစ်မှောင်ခိုလမ်းကြောင်း ခုနစ်ခုခန့်ရှိပြီး သစ်ခိုးထုတ်၍မရနိုင်အောင် ပိတ်ဆို့ထားရသည်ဟု ရှေ့တန်းစစ်မြေပြင်မှ မြန်မာ့တပ်မတော်အရာရှိတစ်ဦးကဆိုပါသည်။

“သစ်ခိုးထုတ်တဲ့ ကားတန်းကြီးက ဒီကထွက်လာတယ်။ ပြီးတော့ ကားလမ်းမကိုဖြတ်ပြီး ဟိုဘက်ဝင်သွားတယ်။ သူတို့တောလမ်းကို လူမမြင်နိုင်အောင် ပြန်ပိတ်ခဲ့တယ်။ ၀ါးပင်တွေနဲ့ နောက်ဆုံးကားမှာ လမ်းပြန်ပိတ်ဖို့ အလုပ်သမားတွေ ဆယ်လေးငါးယောက်တင်လာတယ်”ဟု ပခုံးတွင်အနက်ရောင်ကြယ်ပွင့်တပ်ဆင်ထားသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးကပြောသည်။

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ့တပ်မတော်က သတင်းစာ၊ ဂျာနယ်နှင့် မီဒီယာတိုက်ငါးတိုက်မှ သတင်းထောက်ခြောက်ဦးကို ကချင်ပြည်နယ်ရှိ ရှေ့တန်းစစ်မြေပြင်သို့ လိုက်ပါသတင်းယူခွင့်ပြုပြီး ကေအိုင်အေနှင့် မကြာခင်ကဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသောခရီးစဉ်တွင် အထက်ပါအရာရှိက ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

ယင်းကဲ့သို့ သစ်မှောင်ခိုထုတ်သည့် တောလမ်းများကို တရုတ်ကုန်သည်များက ငွေကြေးစိုက်ထုတ်၍ ဖောက်လုပ်ခြင်းဖြစ်သည်ဟုလည်း ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားများကဆိုပါသည်။

သယံဇာတပေါများကြွယ်ဝသည်ဟု သတ်မှတ်ထားသော ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများတစ်ကျော့ပြန်ဖြစ်ပွားခဲ့သည်မှာ သုံးနှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ အလွတ်သဘောအပါအ၀င် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်နေသော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးနိုင်သေးပါ။

ယခုနှစ် နှစ်လအတွင်းမှာပင် အစိုးရတပ်နှင့် တိုက်ပွဲပေါင်းအကြိမ် ၃၀ ခန့် ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေဘက်မှ ပြောကြားခဲ့သည်။

လတ်တလော ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် မြန်မာ့တပ်မတော်ဘက်မှ သစ်မှောင်ခိုရှင်းလင်းခြင်းသာဖြစ်ပြီး အင်အားသုံးထိုးစစ်ဆင်ခြင်းမဟုတ်ဘဲ ကေအိုင်အေဘက်မှ သစ်မှောင်ခိုခိုးထုတ်ရာတွင် ပါဝင်ပတ်သက်ခြင်း၊ စတင်ပစ်ခတ်ခြင်းတို့ကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရကြောင်း အစိုးရဘက်မှဆိုပါသည်။


ဒေါဖုန်းယန်မြို့နယ်ခွဲရှိ ဂျာအိန်ယန်ကျေးရွာ
ဂျာအိန်ယန်ကျေးရွာသည် နယ်မြေမတည်ငြိမ်မှုကြောင့် ဒေသခံအများစု စွန့်ခွာသွားသည့် ရွာဟောင်းတစ်ခုဖြစ်သည်။ ယင်းရွာတွင် ကေအိုင်အေ၏ စခန်းငယ်တစ်ခုရှိသည်။ မြစ်ကြီနား-ဗန်းမော်ကားလမ်းမကြီးမှ စရာလမ်းခွဲအတိုင်း တစ်နာရီခွဲဝန်းကျင်ခန့် ၀င်ရောက်သွားရသော ဂျာအိန်ယန်ကျေးရွာသည် ဧရာဝတီမြစ်အနောက်ဘက်ကျောမှ လိုင်ဇာအနီး လမယန်၊ 
ယင်းမှတစ်ဆင့် တရုတ်ပြည်သို့ သစ်မှောင်ခိုတင်ပို့သည့် လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။

သတင်းအရ သစ်မှောင်ခိုရှင်းလင်းရန် တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီ ၁၀ ရက်တွင် ဂျာအိန်ယန်ကျေးရွာကို စတင်ဝင်ရောက်ခဲ့ကြောင်း တပ်မ ၉၉ တံဆိပ် တပ်ဆင်ထားသော အရာရှိတစ်ဦးကဆိုပါသည်။

ယင်းနေ့ညနေ ၄ နာရီခန့်တွင် ကေအိုင်အေဘက်မှ စတင်ပစ်ခတ်သဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဂျာအိန်ယန်ကျေးရွာရှိ သစ်ကွင်းတွင် ပြင်းထန်သောခုခံမှုနှင့် ကြုံတွေ့ခဲ့ရကာ စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်းပြောသည်။

နယ်မြေရှင်းလင်းမှုများကြောင့် ကေအိုင်အေတပ်များဆုတ်ခွာသွားခဲ့ပြီး သစ်မျိုးစုံတန်ချိန် ၃၇၀၀ နှင့် ၄၀၀၀ နီးပါးနှင့်အတူ တရုတ်နိုင်ငံလုပ် ယန်နန် (YaNan)မော်တော်ယာဉ်များ၊ ကရိန်းကားများ၊ တူမီးသေနတ်များအပါအ၀င် ကေအိုင်အေယူနီဖောင်းနှင့် တံဆိပ်များပါ သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါအရာရှိက သက်သေခံပစ္စည်းများကို ပြသရင်းရှင်းပြပါသည်။

“ကျွန်တော်တို့က လက်နက်ကိုင်စီးပွားရေးလို့ခေါ်တယ်။ စီးပွားရေးမှာ သူတို့ပါဝင်ပတ်သက်နေရင်တော့ ဖြစ်နေမှာပဲ”ဟု မပခရှေ့တန်းအရာရှိတစ်ဦးကဆိုသည်။


(၁၇)နှစ်ကျော် အပစ်အခတ်ရပ်စဲထားပြီးမှ တိုက်ပွဲများတစ်ကျော့ပြန်ဖြစ်ပွားခဲ့သော ကချင်စစ်ပွဲငြိမ်းချမ်းရေးရရှိရန်မှာ သယံဇာတအကျိုးအမြတ်များကြောင့် မလွယ်ကူနိုင်သေးကြောင်း ယခုနှစ်အတွင်းထုတ်ပြန်ခဲ့သည့် နိုင်ငံတကာစစ်တမ်းအချို့တွင် ဖော်ပြထားပါသည်။


အစိုးရနှင့် ကေအိုင်အိုကြား ယမန်နှစ်အောက်တိုဘာအတွင်းကပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများထပ်မံမဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitaring Committe)များကို ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံးအကျုံးဝင်စေမည့် အဖွဲ့အဖြစ်ဖွဲ့စည်းသွားရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ နှစ်ကျော်ကာလကပင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော ရှေ့တန်းအရာရှိတစ်ဦးကမူ သူ့၏သဘောထားကို အောက်ပါအတိုင်းပြောပြပါသည်။

စစ်တိုက်နေတဲ့ စစ်သားတွေအားလုံးလိုလို ငြိမ်းချမ်းရေးကိုလိုလားပါတယ်။ ကျွန်တော်တို့က ပိုလိုချင်ပါတယ်

ဓာတ်ပုံ- အောင်ခိုင်
7Day News Journal

NLD မှာလည်း ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူး ဟု ဘူးလက်လှဆွေ ဝေဖန်

From : ပြည်သူ့ အာဏာ


လူထုထောက်ခံမှု ခိုင်ခိုင်မာမာ ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတွင် ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူး ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ဝေဖန် ပြောကြားလိုက်ကြောင်း သိရှိရသည်။

ပြည်တွင်းထုတ် Hot New သတင်းဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရာတွင် ဦးလှဆွေက ထိုသို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ခြင်း ဖြစ်သည်။

"၅၉ (စ) က ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတာဆိုရင် ဒါစွပ်စွဲတာပဲ။ ကျွန်တော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်တော်တို့ရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်းရဲ့သမီးဖြစ်တယ်။NLD မှာလည်း ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူးဆိုတာလည်းသိတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်ဆိုရင်လည်း လက်ခံတယ်။ ဒီတော့ သူ့ကိုသမ္မတဖြစ်အောင်ဘယ်လို နည်းနဲ့ ဖြေလျှော့ပေးမလဲပေါ့နော်။ သူ့မှာ ခင်ပွန်းက လည်းသေသွားပြီ။ နိုင်ငံခြားက သူ့သားနှစ်ယောက် မြန်မာနိုင်ငံသား ခံယူလိုက်ရင်ပြီးရော၊ ချွေးမတွေ ဘာတွေဆိုရင်လည်း ကင်းလွတ်စေဆိုပြီး ဖြေလျှော့ ပေးလို့ရတယ်ပေါ့နော်။ အဲဒီမှာ ဦးကိုနီက ဘာထ ဖြစ်သလဲဆိုရင် ဦးလှဆွေ ပြောတာမဟုတ်ဘူး။ ၁၈ နှစ်ပြည့်ပြီးသား သားနှစ်ယောက်ကို ဘယ်နိုင်ငံသား ခံယူပါ၊ ဒီနိုင်ငံသားခံယူပါလို့ ပြောခွင့်မရှိဘူးတဲ့။ ကျွန်တော် ဆိုလိုချင်တာက သားနှစ်ယောက်လို ပြော လို့မရရင် သန်းခြောက်ဆယ်သော ပြည်သူတွေကို ဘယ်လိုပြောမလဲ။ ကျွန်တော်ပြောတာ မဟုတ်ဘူး လား။ ကျွန်တော် တို့တတ်နိုင်သမျှ ဖြေလျှော့ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အရည်အချင်းရှိတဲ့ အမျိုးသမီးတစ် ယောက်ပါ။ သူ့ကို ပုဂ်္ဂလိက အမြင် ကပ်တာမျိုး လုံးဝမရှိပါဘူး" ဟု ဦးလှဆွေက ပြောကြားသည်။

အနာဂတ် မြန်မာ့ပင်လယ်ပြင် လုံခြုံရေး ( ၇ )



မြန်မာနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း သဘောတူ လက်မှတ်ရေးထိုးပြီး မကြာခင်မှာပဲ စင်္ကာပူနိုင်ငံဟာ သူ့ရဲ့ နှစ် (၂ဝ) စီးပွားရေး ရည်မှန်းချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်.. ဒါကတော့ နောင်အနာဂတ်မှာ
စင်္ကာပူရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေဟာ ပညာရေးပဲ ဖြစ်ရမယ်..
အာရှရဲ့ အကောင်းဆုံး တက္ကသိုလ်တွေ ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်အောင်
ကြိုးစားသွားမယ်လို့ ဆိုပါတယ်..

ဒါဟာတစ်ချိန်က ဥရောပနဲ့ အရှေ့အာရှ ကုန်သွယ်ရေး လမ်းကြောင်းကို
အဓိကမှီခိုပြီး ကြီးပွားချမ်းသာ လာခဲ့တဲ့ နိုင်ငံအနေနဲ့ ဒီစီးပွားရေးဝေစုကြီးကို မလွှဲမရှောင်သာ လက်လွှတ်ခဲ့ရသည် ရှိသော်ဆိုတဲ့မူနဲ့ နိုင်ငံဗဟိုချက်မ စီးပွားရေး ခြေလှမ်းတိုးလိုက်တဲ့ သဘောပါ.. တစ်နည်းအားဖြင့်ဆိုရင်တော့ အရှေ့အာရှနဲ့
ဥရောပရဲ့ ကုန်စည်စီးဆင်းမှု့ ကြီးဟာ မြန်မာ-ထိုင်း ကမ်းခြေများဆီကို
တစ်ချိန်ချိန်မှာ ရောက်ရှိသွားနိင်တယ်လို့ ကမ္ဘာကို ဝန်ခံလိုက်သလိုပါပဲ..

လက်ရှိမလက္ကာရေလမ်းကြောင်းမှာ အခုနောက်ပိုင်းနှစ်တွေအတွင်း အင်ဒို၊ ဖိလစ်ပိုင် အစွန်ပိုင်းဒေသက သူပုန်တို့ရဲ့ ငွေညှစ်ခြိမ်းခြောက်ခံရမှု့  အရေအတွက် တော်တော်များများ ရှိလာတာကို တွေ့ရပါတယ်.. ဒီရေလမ်းကြောင်းကို အုပ်စုလိုက် အချင်းချင်းစောင့်ရှောက်ပြီး ဖြတ်သန်းလာကြရတယ်.. သက်ဆိုင်ရာနိုင်ငံတွေရဲ့ လုံခြုံရေး စောင့်ရှောက်ပေးနိုင်မှု့ နည်းပါးတဲ့အတွက် ဖြတ်သန်းသွားလာတဲ့ သင်္ဘောလိုင်းများအတွက် အပိုကုန်ကျစရိတ်များလဲ ရှိလာပါတယ်..

ပြောင်းလဲလိုက်တဲ့ မြန်မာ့နိုင်ငံရေးစနစ်နဲ့အတူ ဥရောပ အာရှ ပင်လယ်ရေလမ်းကြောင်း ကုန်သွယ်မှု့ ရဲ့အရေးပါ အရာရောက်မှု့ ကို သတိပြုမိပြီး ရဲရဲဝင့်ဝင့်နဲ့ ခြေလှမ်းတိုးလိုက်တာကတော့ ဂျပန်နိုင်ငံပါ.. မြန်မာနိုင်ငံရဲ့ ဝန်ထုပ်ဝန်ပိုးလိုဖြစ်နေတဲ့ ကြွေးမှီပြဿနာတွေကို တာဝန်ခံ ဖြေရှင်းပေးပြီး အရေးပါဆုံး စီးပွားရေးခြေလှမ်းတစ်ခုကိုလဲ ချလိုက်နိုင်ပါတယ်..

ဒါကတော့ ဂျပန်ကုမ္မဏီကြီးများရဲ့ ရင်းနှီးမြုပ်နှံမှု့ နဲ့ သီလဝါရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိလိုက်တာပါပဲ.. ၂၀၁၄ ခုနှစ်ထဲမှာ ရုပ်လုံးပေါ်လာတော့မဲ့ ဒီစီမံကိန်းကြီးဟာ ယခုလက်ရှိ အရှေ့တောင်အာရှမှာ အကြီးဆုံး ကုန်တင်ကုန်ချ ပင်လယ်ဆိပ်ကမ်းကြီး ဖြစ်နေပါတယ်.. ဆယ်စုနှစ်များစွာ မကြာခင်မှာပဲ ဒေသအတွင်းမှာ အရေးပါဆုံး ဆိပ်ကမ်းကြီးအဖြစ် ဦးတည်လို့နေပါတယ်..

ယူနန်ပြည်နယ်ဆိုတာ တရုတ်ပြည်ရဲ့ အနောက်ဖက်အကျဆုံး ပြည်နယ်တစ်ခုမို့ ဖွံ့ ဖြိုးတိုးတက်မှု့ လဲ နောက်ကျခဲ့ပါတယ်.. ဒါပေမဲ့ ရာစုနှစ် နှစ်ခုကျော်မှာပဲ ဒီပြည်နယ်လေးဟာ တဟုန်ထိုး တိုးတက်လာပြီး တရုတ်ပြည်ရဲ့ စီးပွားရေးမှာ အရေးပါတဲ့ ပြည်နယ်တစ်ခု ဖြစ်လို့ လာခဲ့ပါပြီ.. ဒါဟာ ယူနန်ပြည်နယ်ရဲ့ ကုန်သွယ်ရေးထွက်ပေါက်လို ဖြစ်နေတဲ့ မြန်မာနိုင်ငံကြောင့်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး.. တရုတ်နိုင်ငံရှိ စက်ရုံများအတွက် အဓိက ကုန်ကြမ်းများ ထွက်ရှိရာ ယူနန်ပြည်နယ်အတွက် ပင်လယ်ထွက်ပေါက် ကုန်သွယ်ရေး လမ်းကြောင်းဟာလဲ အဓိက အရေးပါလာပါတယ်..

ဒါကြောင့်ပဲ စီးပွားရေး ခြေကုတ် ရယူနိုင်ရေး အရေးပါလာတဲ့နောက် မြစ်ဆုံကို ပြယုဂ်အဖြစ် ထားပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့အတူ ရထားလမ်း.. ကားလမ်း.. ပေါက်သွားဖို့ဟာ သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်လာပါတော့တယ်..

ကျွန်တော်အဓိက ထုတ်နှုတ်ပြမိတဲ့ အချက်သုံးချက်ကတော့ ရှည်လျားလှတဲ့ မြန်မာ့ကမ်းရိုးတန်း တလျှောက်မှာ ဖြစ်ပေါ်လာမဲ့ စီးပွားရေး အခွင့်အလမ်းကြီးများကိုပါ.. အရှိန်အဟုန်နဲ့သာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ရင် တိုင်းပြည်သယံဇာတတွေကို ကျွန်တော်တို့ အလှကြည့်ထားလို့ ရပါပြီ.. ဒီဝင်ငွေတွေနဲ့တင် တိုင်းပြည်ရပ်တည်လို့ရနေပါပြီ.. စီးပွားရေး တဟုန်ထိုး တိုးတက်လာမှု့ နဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းများစွာဟာ ပေါများလာမယ်.. ဒီအချိန်မှာ လိုအပ်လာတဲ့ လုပ်သားဝန်ထမ်းများအတွက် တရားမဝင် ဝင်ရောက်မှု့ တွေ ရှိလာမယ်..

ကျွန်တော်တို့မှာ ခိုင်မာတိကျတဲ့ လူဝင်မှု့ ကြီးကြပ်ရေး ဥပဒေတွေ..
ခေတ်မှီတဲ့ စက်အထောက်အကူပြုပစ္စည်းတွေ.. အမျိုးသားရေးစိတ်ပြည့်ဝတဲ့
ကျွမ်းကျင် ဝန်ထမ်းတွေ.. ပင်လယ်ပြင်တလျှောက် ဟာကွက်မရှိအောင် ရေဒါစခန်းများနဲ့ စောင့်ကြပ်ကြည့်ရှု့နေမဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေ.. ခေတ်မှီတိုက်ရေယာဉ်တွေ..
လုံခြုံရေး အခြေပြု တပ်မြို့ကြီးတွေ......

ကျွန်တော်တို့ အဆင်သင့်ဖြစ်ကြပြီလား.......?

- Min Nay Myo

ဦးတင်ဦးသည် ဒေါ်စုနားခိုကပ်နေတဲ့အဘိုးကြီး ဖြစ်၊ ဦးတင်ဦး နှင့် ဦးကိုနီ တို့ကို အလကားလူများ ဟု ဘူးလက်လှဆွေ ဝေဖန်

From : ပြည်သူ့ အာဏာ
 
ယခင်က ဦးတင်ဦးနှင့် ဦးကိုနီတို့ကို အထင်ကြီးခဲ့သော်လည်း DVB က ပြုလုပ်သည့် Talk Show တွင် ကိုယ်တိုင်တွေ့ကြုံရတော့မှ အလကားလူများ ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ဝေဖန် ပြောကြားလိုက်သည်။

ပြည်တွင်းထုတ် Hot New သတင်းဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရာတွင် ဦးလှဆွေက "DVB ကလုပ်တဲ့အခြေခံဥပဒေအပေါ်သဘော ထားအမြင်ဆွေးနွေးပွဲကိုတက်တဲ့အခါမှာ ဦးကိုနီတို့၊ ကိုမြအေးတို့ကSpeaker အနေနဲ့ပြောပြီး NLD က ဦးတင်ဦးလည်းပါတယ်။ အမှန်တကယ်တော့ ကျွန် တော်က Live လွှင့်နေတယ်ထင်ပြီး ကျွန်တော် ရဲ့အမြင်ကိုပြောလိုက်တာ။DVB ကNLDVB ဖြစ် သွားတယ်။NLD ကိုပဲ ဇောင်းပေးပြီးလွှင့်ကြတယ်။NLD ကိုပဲ ဇောင်းပေးပြီး ဖော်ပြကြတယ်။ အရင် တုန်းက ဦးတင်ဦးတို့၊ ဦးကိုနီတို့ကိုအရမ်းအထင်ကြီး ခဲ့တယ်။ ဒီပွဲရောက်မှ ဒီလူတွေဟာ အလကား လူ တွေမှန်းကျွန်တော်သိလိုက်ရတယ်။ အဲဒီမှာ ဦးတင်ဦး က တပ်မတော်ကိုပြောတယ်။ တပ်မတော် ကြီးဟာ ပြည်သူ့ချဉ်ဖတ်လို့ ပြောတယ်။ ဦးကိုနီက လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝပြောင်းပစ်ရမယ်တဲ့။NLD ကတော့ ပြုပြင်ဖို့ပြောတာပါတဲ့။ ကျွန်တော့် အယူအဆကတော့ ပြောင်းပစ်မယ်တဲ့။ ဒီလိုဆို ကိုယ်တက်လာတဲ့ သစ်ကိုင်းကိုကိုယ်ပြန်ခုတ်သလိုပဲ။DVB က လုပ်တဲ့သဘောထားဖလှယ်ပွဲ ဖြစ်လာတာ ဟာ အခြေခံဥပဒေကြောင့် ဖြစ်လာတာဗျ။ အမှန် တကယ်ဆDVB ကအော်စလိုလိုနေရာမျိုးမှာပုန်းလျှိုး ကွယ်လျှိုးနဲ့ နေနေရမှာ။ ဒီမှာ လာလုပ်နိုင်တာ အခြေခံဥပဒေကြောင့်။ ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော် ရဲ့ အမြင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးပွဲ မဟုတ်ဘဲနဲ့ တပ်မတော် ရှုတ်ချရေး ပွဲဖြစ်နေတယ်။ အဲဒီမှာ ကျွန်တော် ပြောခဲ့တဲ့ဟာ တွေလည်း တစ်ခုမှမပါဘူး။ နေ့လယ် ၁၁နာရီ ကနေ ၁၂ နာရီအထိ လွှင့်တယ်။NLD ကို အသားပေး ထုတ်လွှင့်မှုပုံစံလို ဖြစ်နေတယ်" ဟု ပြောဆိုသည်။

ဘောလုံးပွဲတစ်ပွဲရဲ့ မိနစ်တိုင်းမှာ ဂိုးသွင်းသူအဖြစ် ခရစ္စတီယာနိုရော်နယ်ဒို စံချိန်သစ်ထပ်တင်

From : Trend Myanmar



ဘောလုံးအားကစားသမိုင်းမှာ စံချိန်ဟောင်းအများအပြားကို ရိုက်ချိုးခဲ့ပြီး ကိုယ်ပိုင်စံချိန်သစ် အများအပြားတင်နိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုဟာ အခုဆိုရင် စံချိန်သစ်တစ်ခုကို ထပ်မံတင်လိုက်နိုင်ပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အပါတ် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အက်သလက်တီကိုမက်ဒရစ်ကို ၀ - ၂ ဂိုးနဲ့  အနိုင်ယူခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက ပွဲချိန် ၇ မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ ဘောလုံးပွဲတစ်ပွဲရဲ့ ပွဲချိန်မိနစ်တိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပွဲချိန် ၁ မိနစ်၊၂မိနစ်၊ ၃ မိနစ်၊..ကနေ မိနစ် ၉၀ အထိ မိနစ်တိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာတာပါ။ ရော်နယ်ဒိုဟာ ပွဲချိန်မိနစ် ၉၀ မှာ သွင်းဂိုး ၂၀ ရှိပြီး ၄၅ မိနစ် မှာ ၁၂ ဂိုးရှိပါတယ်။

၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့

From : Trend Myanmar

အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ဆယ်ကျော်သက်ကောင်မလေးရဲ့ မိသားစုကို အကြောင်းကြားခဲ့ကြပါတယ်။ Chin Chean ဟာ ၁၇နှစ်အရွယ်ကောင်မလေးရဲ့ ဈာပနကို တက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ အုတ်ဂူကို ည(၁၀)နာရီလောက်ကစပြီး တူးခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။

ဘင်္ဂလီများက ဘင်္ဂလီနေအိမ်များကို ၀င်ရောက်ဓါးပြတိုက်ကာ ရဲများဓါးပြတိုက်သည်ဟု သတင်းလွှင့်သည့် ဖြစ်ရပ်မှန် အဖြေရှာတွေ့

From :  https://www.facebook.com/TheMirrorDaily/photos/a.401987966560763.94623.401968199896073/599838113442413/?type=1

 
မောင်တေနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော ဌါနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားများကို နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ခိုက်နေသည့် ဘင်္ဂလီများမှာ ဇာတ်တူသားစားသကဲ့သို့ ချမ်းသာသည့် ဘင်္ဂလီနေအိမ်များကို ၀င်ရောက် ဓါးပြတိုက်ကာ ရဲတပ်ဖွဲ့ဝင်များမှ ဓါးပြတိုက်နေသည်ဟု သတင်းမှားများ ထုတ်လွှင့်ခဲ့ ခြင်းမှာ ဖြစ်ရပ်အမှန်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့က မောင်တောမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တိုးတိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှာ မြို့ပေါ်ရွှေဆိုင်များတွင် ဘင်္ဂလီလူမျိုး (၅)ဦးခန့်မှ ရွှေထည်ပစ္စည်းများ လိုက်လံရောင်းချ နေကြောင်းသတင်းအရ စုံစမ်းရှာဖွေခဲ့ရာ သိန်း(၅၀)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ‘ယာဆိန်’ရွှေဆိုင်တွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။

မျိုးစောင့် ဥပဒေပြဌာန်းရေး သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ တိုက်တွန်း

From : ပြည်သူ့ အာဏာ



မျိုးစောင့်ဥပဒေပြဌာန်းရေး ဆက်လက်ဆောင်ရွက်ပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းလာကြောင်း သိရှိရသည်။

အမျိုး ဘာသသာ သာသနာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့ ဥက္ကဌ အင်းစိန်ရွာမ ဆရာတော်ကြီး ဦးဆောင်၍ သံဃာနှင့် ပြည်သူ သိန်းနှင့်ချီ၍ လက်မှတ်ရေးထိုး ပေးပို့ခဲ့သည့် မျိုးစောင့်ဥပဒေ ပြဌာန်းပေးရေး တင်ပြချက်ကို သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ တိုက်တွန်းလာခဲ့ကြောင်း လွှတ်တော်ရုံး အရာရှိတစ်ဦးက ပြောဆိုသည်။

"သမ္မတကြီး ပို့တဲ့ သ၀ဏ်လွှာ ပြည်ထောင်စုလွှတ်တော် နာယကဆီ ရောက်လာတာတော့ မှန်ပါတယ်။ အသေးစိတ်ကိုတော့ လွှတ်တော် နာယကကြီးက လွှတ်တော်မှာ ဖတ်ကြားမယ် ထင်ပါတယ်" ဟု ၄င်းအရာရှိက ပြောကြားသည်။ 

ဆားပုလင်းနှင်းမောင်နှင့် သုံးမည်ရ မေဇင်အေး

From :  We Love True
 

တစ်နေ့ တစ်၌ ကျွန်ုပ်သည် မြန်မာပြည် ဖွဘုတ်၏ ထိပ်တန်း ဂိုဏ်းများအကြောင်းကို လေ့လာမိသောအခါ အံ့သြဖွယ်ရာ ကောင်းလှသော သဲလွန်စများ တွေ့ ရှိရသောအခါ စိတ်ကို မည်သို့ ပင် ထိန်းစေကာမူ မရတော့သဖြင့် ထုံးစံအတိုင်း မိတ်ဆွေကြီး ကိုနှင်းမောင်ထံ ထွက်လာခဲ့သည်။

"အိုင်ပီရေ ခင်ဗျား မေးချင်တဲ့အကြောင်းအရာက ခုနောက်ပိုင်း အုတ်အုတ်ကြွက်ကြွက် ဖြစ်လာနေတဲ့ ဖွဘုတ်နဲ့  ဆက်စပ်နေမယ် ထင်ပါရဲ့ ။ ဟုတ်စ "
"ဘယ်လိုလုပ် ခန့် မှန်းနိုင်တာလဲ အိုင်ဆေး ကိုနှင်းမောင်ရေ။ ကွက်တိပါပဲဗျာ"
"စောစောက ခင်ဗျားမလာခင် ကျွန်တော် ဖွဘုတ် တက်တော့ ခင်ဗျား အွန်လိုင်း ဖြစ်နေတာ တွေ့ ရတယ်ဗျ။ ပြီးတော့ ခင်ဗျား ဒီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာလေ။ ဒီတော့ ဖွဘုတ်နဲ့ တစ်နည်းနည်း ဆက်စပ်နေပြီပေါ့။ မဟုတ်ဘူးလား"
"ဟုတ်တယ်ဗျ။ ကျွန်တော်လည်း ဖွဘုတ်ထဲမှာ ကြည့်ရင်းနဲ့  ခင်ဗျားကို မေးချင်လို့  ထွက်လာတာဗျို့ ။"

စစ်တပ်ကို မကောင်းပြောနေတဲ့ လူတွေအတွက် ၊ စစ်ဗိုလ်၊ စစ်သားတွေဘက်က ခံစားပြီး အမှန်တရားကို ရေးလိုက်ပါတယ်

From : https://www.facebook.com/samuraimmsoe/posts/750580904967605
 
 ရှေ့တန်းက ပြန်လာတဲ့ စစ်သားမိသားစုတွေကို ကြည့်ပါ။ အရမ်းသနားဖို့ကောင်းပါတယ်။ ကိုယ့်ယောင်္ကျား၊ ကိုယ့်အဖေ ပါမှပါလာပါ့မလား။ ပါမလာတော့မှန်းသိရင်လဲ သူတို့မျက်နှာတွေမှာ ကြေကွဲမှု့တွေက ကမဘာပျက်သလိုပါဘဲ။ ကိုယ်ချင်းစာကြည့်ပါ။ သူတို့တွေ ပေးစပ်ထားခဲ့တဲ့ အဖြူရောင်နယ်မြေတွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနေ နေကြပြီး၊ သူတို့ကို စောက်ပြစ်ပြစ်ပြောနေကြတဲ့ နိုင်ငံရေးသမားတွေ.......။ နိုင်ငံရေးသမားတွေရဲ့ အဓိက ရည်ရွယ်ချက်ကလည်း အာဏာရဖို့ဘဲ မဟုတ်ဘူးလား။ ကိုယ်မဟုတ်ရင် တတ်လာသမျှအစိုးရက ဗီလိန်။ မြန်မာအချင်းချင်းဆိုရင်တောင်......၊ နိုင်ငံရေးသမားတွေဘဲ စစ်တပ်ဆိုတာကို စောက်ပြစ်ထိုင်ပြောနေကြတာ။ ကျွန်တော်လဲ နိုင်ငံရေးသမားတစ်ယောက်ဆို တတ်နိုင်သမျှမြှောက်ပေးသွားမှာဘဲ။ အဲ့တာမှ ထီးထီးကြီးဖြစ်မနေဘဲ၊ ပြေးရလွယ်သွားမယ်လေ။ လွတ်လပ်ရေးရပြီးကတည်းက ပြောလိုက်တဲ့ နိုင်ငံရေးသမားတွေ..... တစ်အိမ်ထောင်ကို တိုက်တစ်လုံး၊ ကားတစ်စီး။ တိုင်းပြည်ကြီးကို မီးလောင်တိုက်သွင်းပြစ်တယ်၊ အရေးအခင်းကြီးတွေကို ဖန်တီးတယ်၊ Sanction တွေကို ဖင်ယားပြီး ဖိတ်ခေါ်တယ်။ နိုင်ငံလဲ ခွက်ခွက်လန်အောင် မွဲရော။ နောက်ပြီး စစ်တပ်ကြောင့်ဆိုဘဲ။ ပြည်သူကို သေချာမေးကြည့်ပါအုံး။ နိုင်ငံရေးသမားမရှိဘဲ နေရဲလား၊ မြန်မာ့စစ်တပ်မရှိဘဲနေရဲလားလို့။ အရေးရယ်အကြောင်းရယ်ဆို ပြည်သူက စစ်တပ်ကိုဘဲ အားကိုးတာပါ။ ရွာထဲ၊ မြို့ထဲ သူပုန်ဝင်တယ်ဆိုရင် နိုင်ငံရေးသမားတွေက အမြှီးတောင် ရှာမတွေ့တော့ဘူး။ ပြည်သူ့ရှေ့က ရင်ဘက်ကြီးနဲ့ ကာပေးထားတာက စစ်တပ်။

သမိုင်းဆိုတာ သွေးနဲ့ရေးတာ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရဲကျော်သူရ

မနေ့ကတင်တဲ့ပို့စ်မှာ တိုင်းရင်းသားတစ်ယောက်က ထုံးစံအတိုင်းအထေ့အငေါ့တွေနဲ့ ဝင်လာပြီး ရိနေတာနဲ့ ကျွန်တော့်ပို့စ်ကိုတင်တဲ့ အစ်ကိုလည်း ပြန်ဖြုတ်ပစ်လိုက်ပုံရပါတယ်။

ကိုယ့်ဘက်က မှန်တယ်ထင်ရင် အကြောင်း၊ အကျိုး လျော်ညီစွာ ပညာရှိဆန်ဆန်ပြန်ဖြေရှင်းပေါ့ဗျာ။ ထေ့လုံး၊ ငေါ့လုံးတွေက လမ်းဘေးဆန်လွန်းပါတယ်။ ပြောချင်ရင် အကိုးအကားအထောက်အထားနဲ့ ပြောပါ။

လူမိုက်စကားပြောရင်လည်း ဗမာဆိုတာ စစ်တိုက်လာတာ အနှစ်နှစ်ထောင်ကျော်ပြီလို့ပဲ ပြောချင်ပါတယ်။ အကြိမ် ကြိမ်လူဝင်စားပြီး စစ်သားပြန်ဖြစ်တဲ့ ဗမာတောင် ဘယ်နှယောက်ရှိနေပြီလဲမသိနိုင်ပါဘူး။

မာသာ ထရီဇာ နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင်တက်ယူတဲ့ အခမ်းနားမှာ မိန့်ခွန်းပြောခဲ့တုန်းက ထည့်ပြောသွား တဲ့ စကားလေးတစ်ခွန်းကို သတိရမိပါတယ်။

St. John says that you are a liar if you say you love God and you don't love your neighbor. How can you love God whom you do not see, if you do not love your neighbor whom you see, whom you touch, with whom you live?

ဘုရားသခင်ကိုတော့ချစ်ပါရဲ့ ကိုယ့်အိမ်နီးချင်းကိုတော့ မချစ်ဘူးလို့ပြောရင် သင်ဟာလူလိမ်ပဲလို့ စိန့်ဂျွန်က ပြောပါ တယ်။ ကိုယ်မြင်နေ၊ ထိတွေ့နေ၊ အတူနေနေရတဲ့ အိမ်နီးချင်းကိုမချစ်နိုင်ရင် မမြင်ရတဲ့ ဘုရားသခင်ကို ဘယ်လို ချစ်နိုင်မလဲ။

တလောက FB ပေါ်မှာ ကိုယ်ယုံကြည်ရာနိုင်ငံရေးအယူအဆတွေအကြောင်းဆွေးနွေးတုန်း စကားဝိုင်းထဲကို တောထဲက (အမှန်တော့ ငြိမ်းချမ်းရေးလုပ်ထားတဲ့အဖွဲ့တွေထဲကပါ။) အဖွဲ့တွေဝင်လာပါတယ်။

လိုရင်းပြောရရင် တော်တော်လေး အစွန်းရောက်နေတဲ့သူတွေများပါတယ်၊ ကျွန်တော်သိသလောက်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အဲဒီလို အစွန်းရောက်တဲ့သူတွေက များပါတယ်။

နင်တို့ဗမာတွေဟာ အောင်ဆန်းကအစ လူလိမ်တွေ၊ ဗမာနယ်ချဲ့တွေ၊ ဗမာကလိန်ကျစ်တွေ ဆိုပါ တော့။ အသက်သာအသေခံသွားမယ်၊ ဗမာကျွန်မခံဘူးတဲ့။ အားလုံး အသင့်ပြင်ထားကြပေါ့လေ။ မြှောက်ပေးတဲ့ သူကလည်း ဝင်မြှောက်ပေးပါတယ်။

အပေါ်မှာ ခေါင်းဆောင်တွေက ရှေ့ရေးကိုမြှော်မြင်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ အချိန်မှာ အောက်ခြေက ငယ်သားတွေထဲမှာ ဒီလိုလူမျိုးဘယ်နှယောက်ရှိမလဲ။ ကျွန်တော်တို့ မသိနိုင်ပါဘူး။ အဲဒီအထဲမှာမှ သူတို့အဖွဲ့ထဲက အာဏာရူးနေတဲ့ အစွန်းရောက်ခေါင်းဆောင်တချို့က ဒီလိုလူမျိုးတွေကို အသုံးချပြီး တစ်စင်ထောင်နိုင်ပါသေးတယ်။

သူတို့ဘာဖြစ်ချင်မှန်း ဘာလိုချင်မှန်း ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး။ ယျေဘူယျကောက်ချက်ချလို့ ရတာကတော့ သူတို့ဗမာစကားလုံးဝမပြောချင်ဘူး။ ဗမာတွေနဲ့ပေါင်းမနေနိုင်ဘူး။ သီးသန့်ခွဲထွက်ချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ကောင်းပြီ..။ ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားကြည့်ကြရအောင်ပါ။ ဘယ်နေရာကစခွဲထွက်ကြမှာလဲ။ ဘယ်လိုနယ်နိမိတ် သတ်မှတ်ကြမှာလဲ။ ဘယ်သူတွေက လက်ခံမှာလဲ။ လက်ခံရင် ဘာဖြစ်မလဲ။ လက်မခံရင် ဘာဖြစ်မလဲ။ ပြည်တွင်း စစ်အကြီးကြီးထပ်ဖြစ်ပြီး သွေးချောင်းစီးရုံကလွဲလို့ ကျွန်တော်တော့ ဘာအကျိုးမှဖြစ်ထွန်းဖွယ်မမြင်မိရိုးအမှန်ပါ။

ဗမာတွေကို ဘာလို့ဒီလောက်မုန်းနေကြတာလဲ။ ဗမာတွေက ကလိန်ကကျစ်ကျလို့၊ ကတိမတည်လို့၊ လူမျိုးကြီးဝါဒ ကျင့်သုံးလို့၊ သူတို့တိုင်းရင်းသားတွေကို နှိပ်စက်ခဲ့လို့…စသဖြင့် စုံနေမှာပါပဲ။

သမိုင်းကို မှန်မှန်ကန်ကန် ကြည့်ကြရအောင်ဗျာ။ ၁၈၂၄ မှာ အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲပြီးတော့ ရ န္တပိုစာချုပ်နဲ့ အာသံ-မဏိပူရ်၊ တနင်္သာရီနဲ့ ရခိုင်ဒေသကို အင်္ဂလိပ်ကို ပေးလိုက်ရတယ်။

အင်္ဂလိပ်ဟာ ခြေကုပ်ရသွားပြီး ကတည်း က ကရင်တိုင်းသားတွေကို ဘာသာရေးနဲ့ခွဲထုတ်ပြီး ကိုယ့်လူဖြစ်အောင်စည်းရုံးလိုက်တယ်။

ကျွန်တော်အထောက်အထားနဲ့ပြောပါမယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းရေးပြီး ၁၉၈၀ မှာ အမေရိကန် ကော်နယ်တက္ကသိုလ်ကထုတ်တဲ့ MEMOIRS OF THE FOUR – FOOT COLONEL စာအုပ် စာမျက်နှာ ၆ မှာ ပါတဲ့ စာကြောင်းအချို့ကို ထုတ်နုတ်ပြပါ့မယ်။

The Karen was the elder brothers. And obtained all the words of God. God formerly loved the Karen nation above all others. But because of their transgressions, He cursed them. And now they have no books. Yet He will again have mercy on them. And love them above all others
"God departed with our younger brothers. The white foreigner. He conducted God away to the West. God gave them power to cross waters and reach lands And to have rulers from among themselves. Then God went up to heaven But He made the white foreigners More skillful than all other nations.
"When God had departed The Karen became slaves to the Burmans, Became sons of the forest and children of poverty; Were scattered everywhere. The Burmans made them labour bitterly, Till many dropped down dead in the jungle, Or they twisted their arms behind them, Beat them with stripes, and pounded them with the elbow, Days without end.

မြန်မာပြည် အင်္ဂလိပ်လက်အောက်မှာ ရှိစဉ်က ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ တိုင်းရင်းသားတွေကိုပဲ စစ်ထဲ ဝင်ခွင့်ပြုခဲ့တာပါ။

ဗမာတွေဟာ ရိုးရိုးစစ်သားအဖြစ်နဲ့တောင်ဝင်ဖို့ မလွယ်ပါဘူး။ ဝင်ချင်ရင် သာဒင်ကနေ မိုက်ကယ်သာဒင်လုပ်ရပါတယ်။ ဘခင်ကနေ အဲရစ်ဘခင်လုပ်ရပါတယ်။ ဒါ့ကြောင့် စစ်တပ်နဲ့ ပုလိပ်အဖွဲ့အစည်း တွေမှာ ကရင်၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားတွေများပါတယ်။

ပြီးတော့ ဗမာကို အရိုင်းအစိုင်း လို့သတ်မှတ်ထားတဲ့ အင်္ဂလိပ်ဟာ ခရစ်ယာန်ဘာသာထဲသွပ်သွင်းလို့မရတာကို တော်တော်အစာမကျေဖြစ်ပုံရပါတယ်။

တနသာင်္ရီတိုင်းမှာ ကျွန်တော် အနှစ်နှစ်ဆယ်နီးပါး နေခဲ့ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက KNDO ရော KNU ပါ တနသာင်္ရီတိုင်းမှာ ပုလောနဲ့ မြိတ်ကို ဝင်သိမ်းဖို့ ကြိုးစားခဲ့ကြဖူးပေမဲ့ ထားဝယ်ကို ဝင်သိမ်းဖို့ကြိုးစားတာ တစ်ခါမှ မတွေ့ရပါဘူး။

၁၉၅၁ ခုနှစ် အောက်တိုဘာလား၊ နိုဝင်ဘာလားမမှတ်မိ ၁၅ ရက်နေ့မှာ ကရင်သောင်းကျန်းသူတွေ မြိတ်ကို ဝင်သိမ်း တာ မအောင်မြင်ပါဘူး။ အဲဒီကာလက မြိတ်သားတွေ မြို့ထဲမှာ တစ်ညလုံး ကပ်ပါး (ရဲတင်းကို မြိတ်လို ကပ်ပါးလို့ ခေါ်ပါတယ်။) သွေးပြီး စောင့်နေကြတာပါ။ အဲဒီတိုက်ပွဲမှာ မြို့ပိုင် ထိပ်တင်ထွေး ကျဆုံးခဲ့ပါတယ်။

ထိပ်တင်ထွေးကိုဖမ်းပြီး ဘန်ကိုကာကွယ်နေတဲ့ ရဲတပ်ဖွဲ့ကို လက်နက်ချခိုင်းရာမှာ ထိပ်တင်ထွေးဟာ လုံးဝ လက်နက်မချဖို့နဲ့ သူ့ကိုမငဲ့ဖို့ ရဲတပ်ဖွဲ့ကို လှမ်းအော်ပြောလိုက်တော့ သူ့ကို အဲဒီနေရာမှာတင် ပစ်သတ်လိုက်တာပါ။ တာဝန်ကျေတဲ့ ရဲတပ်ဖွဲ့ကလည်း လုံးဝလက်နက်မချဘဲ ဆက်လက်ခုခံကာကွယ်ခဲ့ကြပါတယ်။

ပုလောနဲ့ KNDO - KNU ကတော့ တစောင်းနဲ့မျက်ချေးပါပဲ။ ဦးတဲ့သူချကြတာပါ။

အဲ…ကျွန်တော်ပြောသလို ထားဝယ်ကို မချဘူးဆိုတာက နိုင်ငံတော်က ထားဝယ်အပါအဝင် တနင်္သာရီတိုင်းသားအားလုံးကို ဗမာမှတ်ပုံတင် ပေးထားပေမဲ့ ထားဝယ်သားအများစုက သူတို့ကိုယ်သူတို့ ဗမာလို့ မခံယူပါဘူး။

ထားဝယ်ဆိုတာ လူမျိုးတစ်မျိုး အဖြစ် ခံယူထားတာ များပါတယ်။ ဒါဆို ကရင်သောင်းကျန်းသူ အဆက်ဆက် ထားဝယ်ကို ဘာဖြစ်လို့ သိမ်းဖို့ မကြိုးစားသလဲဆိုတာ တွေးတတ်မှာပါ။ ထားပါတော့…။

ဆိုခဲ့တဲ့အတိုင်း ကိုလိုနီခေတ်မှာ အင်္ဂလိပ်ကို ရရာလက်နက်စွဲကိုင်ပြီးတော်လှန်တဲ့ ဗမာတွေကို ဖမ်းဆီးပြီး နည်း အမျိုးမျိုးနဲ့ နှိပ်စက်တာ ကရင်၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားတွေပါ။

သာယာဝတီထောင်ရှေ့မှာ ခင်းကျင်း ပြသ ထားတဲ့ ဗမာ့တော်လှန်ရေးသမားတွေရဲ့ ခေါင်းပြတ်တွေကို ဖြတ်ခဲ့တာ အင်္ဂလိပ်တွေ ကိုယ်တိုင်ဖြတ်ခဲ့တာ မဟုတ်ပါ ဘူး။ အင်္ဂလိပ်ခန့်ထားတဲ့ တိုင်းရင်းသား တွေ ဖြတ်ခဲ့တာပါ။

ပြောချင်တာက အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်အားကိုးနဲ့ တိုင်းရင်းသားတွေရဲ့ နှိပ်စက်မှုဒါဏ်တွေကို ခံခဲ့ရတာ ဗမာ တော်လှန်ရေးသမားတွေပါ။ ဗမာတွေပါ။

ဒါတွေကို အစိုးရအဆက်ဆက်က ကျွန်တော်တို့ကျောင်းသင်ခန်းစာ သမိုင်း ထဲမှာ ထည့်မသင်ခိုင်းပါဘူး။

ဒါတွေကို အခဲမကျေလို့ ပြောနေတာမဟုတ်ပါ။ ဗမာတွေဟာ သူတို့ကို နည်းပေါင်းစုံနဲ့ နှိပ်စက်ခဲ့တဲ့ ဖက်စစ်ဂျပန် တွေကိုတောင် ခွင့်လွှတ်နိုင်ပါတယ်။ တိုင်းရင်းသားတွေ ပြောသလို ပဒေသရာဇ်ခေတ်က ဗမာတွေနှိပ်စက်တာကို ခံခဲ့ရတယ်ဆိုရင်တောင် အခုအချိန်ဟာ ဒါတွေကို အကြောင်းပြုပြီး အမုန်းပွားရမယ့်အချိန်မဟုတ်တော့ပါဘူး။

တကယ်က ပဒေသရာဇ်ခေတ်ရဲ့ဒါဏ်ကို ဗမာတွေလည်းခံခဲ့ကြရတာပါပဲ။ တိုင်းရင်းသားတွေမှ ထူးပြီး ခံရတာ မဟုတ်ပါဘူး။ ဒါကိုပဲ မပြီးနိုင်မစီးနိုင် သံသရာရှည် အမုန်းပွားနေလို့ကတော့ ကျွန်တော်တို့ တိုင်းပြည်လည်း ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။

ဗမာတွေကိုမုန်းပြီး ဗမာစကားမပြောချင်လို့ တိုင်းပြည်ခွဲထွက်ချင်သပဆိုရင် ဒီတိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲသွားပါလိမ့်မယ်။ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်ပါ။ ဒါဆိုရင် စစ်အစိုးရကို မကြိုက်တဲ့ ဗမာတွေလည်း စစ်အစိုးရနဲ့ ပေါင်းသွားမှာပါပဲ။

ခြိမ်းခြောက်တာမဟုတ်ပါ။ ကျွန်တော်တို့နိုင်ငံ ပြည်တွင်းစစ်နွံထဲမှာနစ်နေတာ အနှစ် ၆၀ ကျော်ပါပြီ။ ဒီလမ်းအတိုင်း ဆက်လျှောက်ချင်တယ်ဆိုတာကတော့ အတော့်ကို မိုက်မဲတဲ့ အလုပ်ပါပဲ။

တချို့ကလည်း ကိုယ်က ကျည်လွတ်မြေ မှာနေပြီး လေထဲက အားရပါးရမြှောက်ပေးနေလေရဲ့။

ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်စစ်ဆင်ရေးမှာ အစိုးရကလေကြောင်းပစ်ကူပေးတာတောင် မနိုင်ဘူး၊ ဘာညာ ဗမာစစ်အစိုးရဟာ စစ်ရေးအရအသာစီးမရတော့လို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ညှိနေရတာ စသဖြင့် ထင်ရာမြင်ရာ ပြောသံကြားတဲ့အခါ ကျွန်တော်ရယ်ချင်ပက်ကျိ ဖြစ်မိပါတယ်။

၁၉၈၈ ခုနှစ် မိုင်းယန်းတိုက်ပွဲကာလက မိုင်းယန်းတိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ ရတခလရ ၁၁ က တပ်ရင်းမှူး ကျဆုံး သွားခဲ့ပြီးနောက် ဒုတပ်ရင်းမှူး ဗိုလ်မှူး ဗိုလ်မှူးတင်အောင်မြင့်ဦး (အငြိမ်းစား ဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦး) ဦးစီးပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။

၁၉၈၈ အရေးအခင်းကြောင့် တပ်မတစ်မလုံးရန်ကုန်ဆင်းဖို့အမိန့်ရထားပြီးမှ မိုင်းယန်းအရေးကြောင့် မိုးနဲကနေ နမ့်စန်ကိုထွက်လာပြီး ယာဉ်တန်းစောင့်နေတဲ့ ကျွန်တော်တို့တပ်ရင်းကို မိုင်းခတ်ကိုဆွဲတင်လိုက်ပါတယ်။

မိုင်းခတ်ရောက်တာနဲ့ ဗျူဟာအရံတပ်ရင်းအဖြစ်နေရင်း မိုင်းခတ်နဲ့ မိုင်းလွေကြားမှာ ဗျူဟာညွှန်ကြားချက်နဲ့ အညီ လှုပ်ရှားရပါတယ်။

ရက်စွဲမမှတ်မိတဲ့နေ့တစ်နေ့မှာ မိုင်းခတ်-မိုင်းလွေကြားက မိုင်းယန်းကို ခပ်ပျပျလှမ်းမြင်နေရတဲ့တောင်ကုန်းတစ်ကုန်း မှာ ကျွန်တော်တို့တပ်ခွဲရှိနေတယ်။

ရန်သူဗကပနဲ့ အပြင်းအထန်တိုက်ပွဲဝင်နေရတဲ့ ဗိုလ်မှူးတင်အောင်မြင်ဦးတို့ ခလရ ၁၁ နဲ့ ကျွန်တော်တို့တပ်ခွဲဟာ ခန့်မှန်း ၃ မိုင်၊ ၄ မိုင်လောက်ပဲ ဝေးပါတယ်။ ကျွန်တော်တို့တပ်က အရံပါ။ ဗိုလ်မှူး တင်အောင်မြင့်ဦးတို့ ခလရ ၁၁ နဲ့ သနက ၆ က စစ်ကြောင်းတချို့ပူးပေါင်းပြီး ရန်သူကိုပြန်တိုက်နေကြတာပါ။

ကျွန်တော်တို့ နေရာယူထားတဲ့တောင်ကုန်းကနေ လှမ်းကြည့်ရင် လူနာလာသယ်တဲ့ရဟတ်ယာဉ်၊ လေကြောင်း ပစ်ကူပေးနေတဲ့ ပီစီ ၇ လေယာဉ်တွေကို မြင်နေရတယ်။ ပီစီ ၇ လေးစင်းနဲ့ ဒါကိုတာလား၊ ဖေါ်ကာလေးမသိတဲ့ လေယာဉ်က အကဲကြည့်လုပ်နေတာတွေ့ရတယ်။

ဗိုလ်မှူးတင်အောင်မြင့်ဦးနဲ့ တိုက်လေယာဉ်ကလေယာဉ်မှူးတွေ အပြန်အလှန်စကားပြောနေကြတာ ကျွန်တော့် စက်ထဲမှာ အတိုင်းသားကြားနေရတော့ စက်ဘေးမှာ တပ်ခွဲမှူးအပါအဝင် တခြား စစ်သည်တချို့ပါ ဝိုင်းအုံ နား ထောင်နေကြတယ်။

ဗိုလ်မှူးတင်အောင်မြင့်ဦးက "သူငယ်ချင်း မြေပုံညွှန်း (……………) မှာ ဘုန်းကြီးကျောင်းပျက်ရှိတယ်။ အဲဒီ ဘုန်းကြီးကျောင်းပျက်ထဲမှာ ညောင်ပင် အကြီးကြီး တွေ့လား။" လို့ လေယာဉ်ပေါ်က Fighter Pilot ကို ဆက်သွယ် ရေးစက်နဲ့ပြောပါတယ်။

"အေး…တွေ့တယ်သူငယ်ချင်း ပြော.." လို့ လေယာဉ်မှူးက ပြန်ပြောပါတယ်။ "အေး.အဲဒီ ညောင်ပင်အောက်မှာ ခွေးအ (ဗကပကိုခေါ်တာဖြစ်ပါတယ်။) အယောက် ၂၀၀ ကျော်လောက်ရှိတယ်။ အဲဒီနေရာကို ချပေးပါ။" လို့ ဗိုလ်မှူး တင်အောင်မြင့်ဦးက ပြောလိုက်တယ်။

လေတပ်က အဲဒီညောင်ပင်အောက်ကို စက်သေနတ်နဲ့ ပစ်ပြီး ဗုံးချလိုက်တာ ဘယ်နှလုံးချလိုက်မှန်းမသိဘူး ညောင်ပင်အောက်မှာ ရှိတဲ့ ဗကပ ၂၀၀ ကျော် အကုန်လုံးနီးပါးကျသွားပါတယ်။

ဒီတုန်းကသုံးခဲ့တဲ့ PC 7 လေယာဉ် အဟောင်းအနွမ်းဟာ ဆွစ်ဇာလန်မှာ အရပ်ဖက်အမောင်းသင်လေယာဉ်အဖြစ် အသုံးပြုတဲ့ လေယာဉ်အငယ်လေးတွေပါ။ အခုခေတ်လေယာဉ်မျိုးနဲ့ဆို ကြည့်ကောင်းလိုက်မယ့်ဖြစ်ခြင်း။

အခုကချင်မှာ လေကြောင်းပစ်ကူပေးတယ်ဆိုတာလည်း အမောင်းသင်လေယာဉ်လောက်နဲ့ ခြောက်လှန့်ပစ်ခတ်တဲ့ အဆင့်ပဲရှိပါတယ်။

လက်ရှိမြန်မာ့တပ်မတော်လေမှာ တီဗီထဲမှာ ကြည့်ရတာတောင် အမောင်းသင်လေယာဉ်မျိုးစုံအပါအဝင် လေယာဉ် အမျိုးအစား မျိုးစုံတွေ့ရပါတယ်။ ဒါက ထုတ်ပြထားတာပါ။ ထုတ်မပြထားတဲ့ အမျိုးအစား ဘယ်လောက်ရှိ တယ်၊ အရေအတွက် ဘယ်လောက်ရှိတယ်၊ ဘယ်မှာထားတယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ သိစရာလည်း မလိုပါဘူး။

ပြောချင်တာက တပ်မတော်ဟာ တိုင်းရင်းသားတွေကို ညှာပါတယ်။ အစွမ်းကုန်၊ အသားကုန်၊ မီးကုန်ယမ်းကုန် မတိုက်ခိုက်ပါဘူး။ လိုအပ်တဲ့ ကာကွယ်မှုတွေကိုသာ မဖြစ်မနေလုပ်နေရတာပါ။ လိုင်ဇာနဲ့ ၃ မိုင်လောက်ပဲဝေးတဲ့ နေရာအထိရောက်လာပြီးမှ ပြန်ဆုတ်ပေးခဲ့တာ ဒီသဘောပါပဲ။ ဒုတိယ လိုင်ဇာကို ကြောက်လို့မဟုတ်ပါဘူး။

ကျွန်တော်တို့ အစိုးရနဲ့တပ်မတော်ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး တစ်ခါဖူးမျှ သည်းမခံဖူးတဲ့ သည်းခံမှုနဲ့ စေ့စပ်ညှိုနှိုင်းနေပါတယ်။ အဲဒီလိုစေ့စပ်ညှိနှိုင်းနေတာကို အခွင့်ကောင်းယူပြီး အင်အားနည်းတဲ့ စခန်း တွေ၊ တိုက်ကင်းထွက်တဲ့ မိမိအဖွဲ့ငယ်တွေကို ပစ်ခတ်လို့ ကျွန်တော်တို့စစ်သည်တွေ စိတ်ကြိုက်တိုက်ခိုက်ခွင့်မရဘဲ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသက်တွေပေးကြရတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စွန့်လွှတ်ကြ ရတယ်။ မြစ်ကြီးနားမှာ အပစ်ရပ်ဆွေးနွေးပွဲ ကျင်းပနေဆဲအချိန်မှာပဲ တပ်မတော်အရာရှိတစ်ယောက်ကို ခေါင်းဖြတ် သတ်ပြပြီး သူတို့ရဲ့ မိုက်ရိုင်းမှုကို အစွမ်းကုန်ဖေါ်ထုတ်ပြသခဲ့တယ်။

စစ်သားဆိုတာ အထက်အမိန့်ကို နာခံရပါတယ်။ ၁၉၈၃ ခုနှစ် ကျွန်တော်တပ်ထဲရောက်တော့ အဖေက စာရေး တယ်။ "ငါ့သား…အခုအချိန်ကစပြီး မင်း စစ်သားဖြစ်ပြီ။ အေး…စစ်သားဆိုတာ အထက်အမိန့်ကို နာခံရတယ်။ အထက်အမိန့်ဆိုတာ ဒုတကကနေစပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးအထိကိုပြောတာငါ့သား.." ဆိုတဲ့ အဖေ့စကားကို အမြဲသတိရပါတယ်။

ကျွန်တော်တို့ တပ်မတော်သားတွေဟာ စစ်သားဖြစ်လို့ အမိန့်နာခံနေရပေမဲ့ ဒီလိုမျိုးတစ်ဖက်သတ် ကိုယ့်လူတွေ အကျဆုံးခံပြီး အစော်ကားခံနေရတာကို အင်မတန်မှ ဒေါသဖြစ်နေကြလိမ့်မယ်ဆိုတာ စစ်သားတစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်တော် ခံစားနိုင်တာပေါ့။ ဒီကြားထဲမှာ သူပုန်လော်ဘီလုပ်နေတဲ့ ဂျာနယ်တွေက တမှောင့်။

ညှာတာကို ငါတို့ကိုနိုင်အောင်မတိုက်နိုင်ပါဘူးဆိုပြီး သွေးနားထင်ရောက်လို့ရှိရင် နောက်ပိုင်းဇာတ်ကတော့ ကိုယ့်ကြမ္မာနဲ့ကိုယ်ပါပဲ။

လိုင်ဇာကျသွားရင် ဒုတိယလိုင်ဇာတွေ ထပ်ပေါ်လာမယ်ဆိုတာ သိတာပေါ့ဗျာ။ ထပ်ပေါ်တော့လည်း ထပ်တိုက် ရုံပေါ့။ ဘာပဲဖြစ်ဖြစ် ၁၅ နှစ် အနှစ် ၂၀ လောက်တော့ ပြည်သူလူထု အေးအေးဆေးဆေး နေလို့ရပါတယ်။

အိမ်ခြံဝင်းတစ်ခုထဲမှာ အမှိုက်တွေပုံနေတဲ့အခါ ဟာ…အမှိုက်တွေကလည်းများလိုက်တာဆိုပြီး မလှဲမကျင်းဘဲ ထားရင် နောက်တစ်ပတ်လောက်ဆို အမှိုက်ပုံအကြီးကြီးဖြစ်သွားတာပေါ့။

အမှိုက်ကတော့ နေ့စဉ်ကျနေမှာပဲ၊ ကိုယ့်အလုပ်က ပုံမှန်လှဲကျင်းဖို့ပဲ မဟုတ်လား။ ဒါ နောက်ဆုံး ညှိမရတော့တဲ့ အခြေအနေကို ပြောတာပါ။

လူတိုင်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာပါပဲ။ ပခုက္ကူလွှတ်တော်အမတ်က ရွှေလက်နဲ့ခေါ်လို့မလာရင် Bullet သာလွှတ် လိုက်တော့လို့ ပြောလိုက်တဲ့အချိန်မှာ ဝိုင်းအာကြတဲ့ မီဒီယာများ၊ နိုင်ငံရေးသမားဆိုသူများဟာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေဆွေးနွေးနေတဲ့ အချိန်မှာ မြန်မာ့တပ်မတော်က အရာရှိတစ်ယောက်ကို အရိုင်းအစိုင်းတွေပုံစံ ရက်ရက် စက်စက် ခေါင်းဖြတ်တဲ့အချိန်မှာ ခပ်မဆိတ်ပဲနေနေကြတာ တွေ့ရပါတယ်။

မြန်မာတွေဟာ သည်းခံတဲ့အချိန်မှာ သူမတူအောင်သည်းခံတတ်ပြီး သူတို့ရဲ့သည်းခံမှုတာကျိုးသွားတဲ့အချိန်မှာ ဘာနဲ့မှတားလို့မအောင် ပေါက်ကွဲလေ့ရှိပါတယ်။ ခွင့်လွှတ်တဲ့စိတ်လည်း မြန်ပါတယ်။

မြန်မာပြည်မှာ စစ်ဆင်ရေးအတော်ဆုံးလို့ ပြောကြတဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောလည်း ဗကပ အင်အား ၁၀၀၀၀ နီးပါးနဲ့ ထိုးစစ်ဆင်ခဲ့ပေမဲ့ ကွမ်လုံမြို့ကို မရခဲ့ပါဘူး။

ဘယ်လိုအကြောင်းနဲ့ပဲ စစ်ထဲဝင်ဝင် မိမိစစ်သည်တွေ မထိခိုက် အောင် မိမိအသက်ကို မငဲ့ကွက်ဘဲ လက်ပစ်ဗုံးပေါ် စေတနာ့ဝန်ထမ်းမှောက်ချရဲတာဟာ မြန်မာ့တပ်မတော်က စစ်သည်တွေရဲ့ ရဲဘော်ရဲဘက် စိတ်ကြောင့်ပါ။

ရှိသမျှလက်ပစ်ဗုံးတွေယူပြီး ရန်သူလက်ယှက်ထိုးပစ်နေတဲ့ကြားက ရန်သူ့ဘန်ကာအထိရောက်အောင်သွားပြီး လက်ပစ်ဗုံးတွေပစ်သွင်း ဘန်ကာပေါက်ကို ခန္ဓာကိုယ်နဲ့ပိတ်လိုက်လို့ အသားဖတ်တွေ တစ်စစီ တစ်စစီ ပျံ့ကြဲ ဝိဉာဉ်က လေထဲမှာဝဲလွှင့် ကျား….ကျား….ကျား….ဆိုတဲ့ သူ့တပ်စုကရဲဘော်တွေရဲ့အသံကို နာကျင်မှုတွေကြားက ပြုံးပြုံးကြီး နားထောင်နေတဲ့ သီဟသူရဗိုလ်ကြီး သန်းထူးလို တပ်မတော်သားမျိုးရဲ့ သတ္တိဟာ မြန်မာ့ တပ်မတော် မှာပဲရှိပါတယ်။

သမိုင်းတစ်လျှောက်လုံးမှာ ပေါ်ထွန်းခဲ့တဲ့ သူရဲကောင်းတွေဆိုတာ အလကားနေရင်း စာရွက်ပေါလို့ ရေးထားတာ မှမဟုတ်တာ….။ ။