Subscribe to our RSS Feed

မန္တလေး- မြစ်ကြီးနား ရထားလမ်းအား KIA က မိုင်းထောင်ဖျက်ဆီးသဖြင့် ပြည်သူများဒဏ်ရာရ၊ သွားလာရေး ခက်ခဲလျက်ရှိ

အစိုးရက လမ်းအသစ်တွေဖောက် တံတားအသစ်တွေဆောက် ပြီး နိုင်ငံတိုးတက်အောင်တော့ သူတို့တက်အားသလောက် ဆောင်ရွက်နေတာတွေ့မြင်နေရပါတယ်။ အရင် ၁နှစ်လောက်အထိ ကျွန်တော်တို့ ကချင်ပြည်နယ်လေးက အေးအေးချမ်းချမ်းနဲ့ရောင်းဝယ်ဖောက်ကားလို့ကောင်းတဲ့ ရေခံမြေခံတွေ သဘာဝ အရင်းအမြစ်တွေနဲ့ပြည့်နှက်နေပါတယ်။ ဒါပေမယ့် ဇွန်လလောက်ကတည်းက တံတားတွေကို မိုင်းတွေခွဲ စစ်ဘက်နဲ့မဆိုင်တဲ့နေရာတွေကို ဖျက်ဆီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ် မိန်းမတွေကိုလည်းအဓမ္မပြုကျင့် ငယ်ရွယ်သေးသောစာသင်အရွယ်ကလေးငယ်များအားလည်း စစ်သားသစ်စုပြီး အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်ခိုင်းနေပါတယ်။
KIA အကြမ်းဖက်သောင်းကျန်သူများမိုင်ထောင်ဖျက်စီးသွားသော ရထာလမ်းပျက်စီးမှုများ

ဦးသိန်းစိန် အစိုးရကတော့ သဘောထားကြီးစွာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေပေမယ့်လဲ ကျွန်တော်တို့ ကချင်ပြည်နယ်က အခုချိန်ထိ မိုင်းကွဲသံတွေက ကြားနေရပြီး ပြည်သူတွေကတော့ ကျီးလန့်စာစားနေရ တုန်းပါဘဲ။ အခုလဲ မန္တလေး မြစ်ကြီးနား အမှတ်(၃၃)အဆန် အိပ်စင်ရထားကို မိုင်းခွဲဖျက်ဆီးလိုက်ပြန်ပါပြီး။ ဧပြီ၂၉ရက်နေ့မနက်၁နာရီလောက်မှာ မော်ဟန်ဘူတာနားမှာ ရထားလာတဲ့အချိန်ကို ကိုချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲခဲ့တာကြောင့် သံလမ်းတွေ ၄ခု ၅ခု လောက်ပျက်ဆီးသွားခဲ့ပါတယ်။ ရထားတွဲ ၈တွဲလည်း လမ်းချော်ခဲ့ ရတယ်။ ညဘက်ကြီးဖြစ်တာကြောင့် ရထားနဲ့ပါလာတဲ့ ကျွန်တော်အပါအ၀င်ခရီးသည်တွေတော်တော်များများ ဒုက္ခရောက်ရပါတယ်။ ခရီးသည်အမျိုးသားတစ်ဦးနဲ့ သံဃာတော်တစ်ဦးလည်း ထိခိုကဒဏ်ရာရခဲ့ပါတယ် ဒဏ်ရာရတဲ့သူတွေကို မိုးညှင်းဆေးရုံသို့တာဝန်ရှိတဲ့သူတွေကပို့ပေးခဲ့ပါတယ်။

ခရီးသည်တွေကို မြစ်ကြီးနားဘက်မော်ဟန်ဘူတာ သို့ နေ့လည်လောက်မှရထားတစ်စင်းနဲ့ ခရီးသည် တွေကိုလာခေါ်ပါတယ်။ ဖားကန့်ကိုသွားမဲ့သူတွေကိုတော့ မှန်လုံကား၂စီး ဗင်ကား ၄စီးနဲ့လာကြိုပါတယ်။ မြစ်ကြီးနားသွားမယ့် လူတွေကိုတော့ မှန်လုံကားတစ်စီးလာကြိုပါတယ် ကျန်တဲ့သူတွေကတော့ ကိုယ့်အစီအစဉ် နဲ့ သွားကြပါတယ်။ အခုတော့ ရထားမှာတော့ ခရီးသည်တွေတော့ မရှိတော့ပါဘူး ဒါပေမယ့် ရထားလမ်း ကပျက်စီး နေတာကြောင့် ကျန်တဲ့နေရာကိုသွားဖို့လာဖို့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ သွားလာမှုခက်ခဲ တာကြောင့် ကုန်ဈေးနှုန်းတွေကလည်းမြင့်တက်လာမှာဘဲ။ KIAခေါင်းဆောင်များက ကချင်လူမျိုးအတွက် ဆိုပြီး လုပ်နေတယ် လို့အသံကောင်းဟစ် နေပေမယ့်လည်း လုပ်ဆောင်ချက်တွေက အကြမ်းဖက်လုပ်ရပ်တွေဖြစ် နေတယ်။


KIA အကြမ်းဖက်သောင်းကျန်သူများ ရထားလမ်းမိုင်းထောင်ဖျက်ဆီးမှုကြောင့် ဒဏ်ရာရရှိခဲ့သော အပြစ်မဲ့ပြည်သူများ


KIA က အခုဆိုရင်လမ်းတံတားတွေကိုဖျက်ဆီးနေတာ တံတားအစင်းပေါင်း ၁၁၇စင်းရှိနေပါပြီး ကချင်လူမျိုး ကောင်းစားရေးအတွက်ဆိုပြီးလုပ်ဆောင်နေတဲ့ KIA ခေါင်းဆောင်တွေရဲ့လုပ်ဆောင်ချက်တွေက ကချင်လူမျိုးတွေ မကောင်းစားဘဲ ပျက်စီးဆုတ်ယုတ်မှုတွေဖြစ်ပေါ်နေတာပါ။ ဦးသိန်စိန်အစိုးရအဖွဲ့က တော့ သဘောထားကြီးစွာ လုပ်ဆောင်နေမယ့်အစားကျွန်တော်တို့ကချင်လူမျိုးတွေအေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် KIA ခေါင်းဆောင်တွေကို နှိမ်နှင်းပေးသင့်ပါတယ်လို့ကချင်လူမျိုးတစ်ယောက်အနေနဲ့ တောင်းဆိုအပ်ပါတယ်။

Myanmar Express

မစ္စတာဘန်ကီမွန်း၏ ပြည်ထောင်စုလွှတ်တော် မိန့်ခွန်း ကောက်နှုတ်ချက် နှင့် ဓာတ်ပုံများ


ဒီကနေ့ ဧပြီလ (၃၀) ရက်နေ့ မနက်မှာ နေပြည်တော်ရောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း မှ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်တွင်း မီဒီယာများသာမက ပြည်ပ မီဒီယာများကပါ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။

ကုလသမ္မဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မှ ပြည်ထောင်စုလွှတ်တော် မိန့်ခွင်းတွင် ယနေ့ မြန်မာနိုင်ငံ အနေဖြင့် အပြောင်းအလဲများစွာဖြင့် တရှိန်ထိုး တိုးတက်လျှက်ရှိကြောင်း ၊ ယနေ့ မြန်မာနိုင်ငံဟာ
သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲ​တွေနဲ့​ မြန်မာဟာ ကမ္ဘာရဲ့​ စိတ်ဝင်စား​မှုကို သိမ်း​ကျုံး​ရယူ​နေပါကြောင်း၊ ၎င်းနိုင်ငံအနေနှင့် မြန်မာအစိုးရ၏ အနာဂတ်မြင့်​မား​စေဖို့​ ရည်မှန်း​ချက်ဆန္ဒ အရမ်း​ကို ပြင်း​ပြ​နေတယ်ဆိုတာ နာလည်းပါကြောင်း၊ နိုင်ငံ တကာ ကူညီရေးအဖွဲ့များအနေနဲ့ အရှိန်ကောင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ကူညီမှုတွေ လာရောက်ဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း၊ မြန်မာပြည်သူများအပေါ် စီးပွားပိတ်ဆို့ထားတဲ့ EU နဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ လည်း ရုတ်သိမ်းဖို့လိုအပ်ပြီဖြစ်ကြောင်း ၊ သမ္မတကြီး ဦးသိန်းစိန် အတွက် အလွန် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။











မစ္စတာဘန်ကီမွန်း​ဟာ ဧပြီ ၂၉ ရက်​နေ့​ကတည်း​က မြန်မာနိုင်ငံမှာ ၃ ရက်တာ ခရီး​ ​ရောက်ရှိ​နေတာဖြစ်ပြီး​ ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်အပါအဝင် လွှတ်​တော် အကြီး​အကဲ​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်​ပေါင်း​ ၃၀ ​ကျော်အတွင်း​ ပြည်လုံး​ကျွတ် သန်း​ခေါင်စာရင်း​ ပြန်​ကောက်မယ့်​ အစီအစဉ်မှာ ကုလသမဂ္ဂက ​ငွေ​ကြေး​နဲ့​နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီ​ပေး​မယ့်​ သ​ဘောတူညီချက်တရပ် မစ္စတာဘန်ကီမွန်း​နဲ့​ ဒု-သမ္မတ စိုင်း​မောက်ခမ်း​တို့​ ​ရှေ့​မှောက်မှာ သ​ဘောတူ လက်မှတ်​ရေး​ထိုး​မှု​တွေ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

Myanmar Express

စာသားမပြင်လည်း ကျမ်းကျိန်လိုက်ရခြင်း (သို့) အရည်အချင်းမရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ဆဌမအကြိမ် မြောက် ရှုံးနိမ့်ခြင်း


ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်ရွှေ တို့ဟာ နှစ်ပေါင်း ၂၀ လောက် ဦးနောက်စွမ်းရည်၊ စီမံခန့်ခွဲမှု စွမ်းရည်နဲ့ လက်တွေ့အကောင်ထည်ဖော်နိုင်မှု စွမ်းရည်တို့ အားပြိုင်လာခဲ့ကြရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ အစီအစဉ် မှန်သမျှကို တခု မကျန် ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အရည်အချင်းမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမြော်အမြင်ကြီးမားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို အခုချိန်ထိ တခါမှ အနိုင်မရတဲ့ အပြင် ဗိုလ်ချုပ်မှူးကြီး စီစဉ်ထားသမျှ အကွက်ထဲသို့ စိုက်စိုက်မြိုက်မြိုက် ဝင်ခဲ့ရပါတယ်။

အခုဆိုရင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလုပ်သမျှ ဆန့်ကျင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အကြိမ်ကြိမ် ရှုံးနိမ့်ကာ ဦးသန်းရွှေရဲ့ အလိုတော်အတိုင်း လမ်းပြမြေပုံ အတွင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မေလ ၂ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုယ်စားလှယ်များဟာ ဦးသန်းရွှေ စီစဉ်ထားတဲ့ အတိုင်း လွှတ်တော်ထဲကို မတက်ချင် တက်ချင်နဲ့ ကျမ်းကျိန်တော့မှာ ဖြစ်ပါတယ်။

လမ်းပြမြေပုံ (၇) ချက်ကို အောင်အောင်မြင်မြင်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရုံမျှ မက တသတ်လုံး ဆန့်ကျင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ခွက်ခွက်လှန်အရှုံးပေးပြီး လွှတ်တော်ထဲရောက်အောင် စီစဉ် အကောင်ထည်ဖော် ကာ အကြီးအကျယ် အောင်မြင်ခဲ့သော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ မြန်မာ့သမိုင်းမှာ အအောင်မြင်ဆုံး ခေါင်းဆောင်ကြီး တစ်ဦးလို့ ပြောလို့ ရသလို ၂၀၁၂ ခုနှစ် မေလ (၂) ရက်နေ့ဟာလည်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ စီမံကိန်းကြီး ပြီးဆုံးအောင်မြင်သည့်နေ့ အဖြစ် သတ်မှတ်လို့ ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး ရဲ့ အောင်မြင်မှုဟာ တပ်မတော်ရဲ့ အောင်မြင်မှု၊ အစိုးရရဲ့ အောင်မြင်မှု လို့ ပြောလို့ ရသလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှုံးနိမ့်မှုဟာလည်း အစိုးရ ဆန့်ကျင်ရေး အင်အားစု အတိုက်အခံလောကတခုလုံးရဲ့ ရှုံးနိမ့်မှုလို့ ပြောလို့ရပါတယ်။

ပထမ အကြိမ် မြောက် ရှုံးနိမ့်ခြင်း - ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရကို ဆန့်ကျင်ပြီး ၉၀ ရွေးကောက်ပွဲကို လက်ကိုင်ထားရမယ်လို့ ကြေညာခဲ့ပါတယ်... ၂၀၁၁ အောက်တိုဘာ လမှတော့ အရှုံးပေးလိုက်ရကာ ၉၀ ရွေးကောက်ပွဲက လက်တွေ့မကျဘူးလို့ ပြောင်းလဲ သတ်မှတ်ကာ အစိုးရ၏ ဆန္ဒကို လိုက်လျော အရှုံးပေးလိုက်ရပါတယ်။

ဒုတိယ အကြိမ် မြောက် ရှုံးနိမ့်ခြင်း - အစိုးရကို ဆန့်ကျင်ပြီး အမျိုးသားညီလာခံကို NLD မှ သပိတ်မှောက် ရမယ်လို့ ကြေညာခဲ့ပါတယ်... ထို့နောက် ဥက္ကဌ ဦးအောင်ကြီး ဦးဆောင်ပြီး အမျိုးသားညီလာခံကို တက်ရောက်ကာ အစိုးရ၏ ဆန္ဒကို လိုက်လျော အရှုံးပေးလိုက်ရပြန်ပါတယ်။

တတိယအကြိမ် မြောက် ရှုံးနိမ့်ခြင်း - ၂၀၀၈ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲကို အမှားခြစ် ကာ ၂၀၀၈ သပိတ်မှောက် ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရကို ဆန့်ကျင် ကာ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၀ မှာတော့ အခြေခံဥပဒေကို ပါ အချက်များကို လိုက်နာခဲ့ရကာ အစိုးရဆန္ဒကို လိုက်လျောပြီး အရှုံးပေးလိုက်ရပြန်ပါတယ်။

စတုထ္ထအကြိမ် မြောက် ရှုံးနိမ့်ခြင်း - ၂၀၁၀ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား အရ NLD ကို မှတ်ပုံ မတင် ဟု အစိုးရ ကို ဆန့်ကျင်ကာ ကြေညာခဲ့ ပေမယ့် ၂၀၁၁ မှာတော့ အစိုးရရဲ့ ဆန္ဒကို လိုက်လျောကာ အရှုံးပေးလိုက်ရပြီး ပါတီကို မှတ်ပုံတင်လိုက်ရပါတယ်။

ပဉ္စမအကြိမ် မြောက် ရှုံးနိမ့်ခြင်း - ၂၀၀၈ အခြေခံဥပဒေ အရ ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲကို မဝင်ဘူးလို့ အစိုးရကို ဆန့်ကျင်ကာ ကြေညာခဲ့အပြီးမှာ ၂၀၁၂ ခုနှစ် ဧပြီလမှတော့ အစိုးရရဲ့ ဆန္ဒကို လိုက်လျောကာ အရှုံးပေးလိုက်ရပြီး ရွေးကောက်ပွဲကို ဝင်လိုက်ရကာ လွှတ်တော်တွင်းမှာ ၆% နေရာလောက်ရတာနဲ့ ကျေနပ်ခဲ့ရပါတယ်။

ဆဌမအကြိမ် မြောက် ရှုံးနိမ့်ခြင်း - စာသား မပြင်ပေးရင် ကျမ်းမကျိန်နိုင်ဘူးလို့ အစိုးရကို နားပူနစာ လုပ်ကာ လွှတော်မတက်ပဲ သပိတ်မှောက်ခဲ့ပေမယ့် နောက်ဆုံးတော့ အစိုးရရဲ့ ဆန္ဒကို လိုက်လျောပြီး အရှုံးပေးလိုက်ရကာ စာသားမပြင်ပေးတဲ့ လွှတ်တော်မှာ ကျမ်းကျိန်လိုက်ရပါတယ်။

လွှတ်တော်ကို သပိတ်မှောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ (၂) ရက်နေ့ မှာ လွှတ်တော် တက်မယ် လို့ ဆုံးဖြတ်လိုက်ချိန်မှာ ဦးသန်းရွှေ တစ်ယောက် မချိမဆန့် ပျော်ရွှင် ကြည်နူး ဝမ်းသာ အောင်ပွဲခံနေမှာ ဖြစ်ပြီး အကြိမ်ကြိမ် အရှုံးပေးခဲ့ရတဲ့ ဒေါ်စုတော့ အောင့်သက်သက်နဲ့ မအီမသာ ဖြစ်နေမှာ အသေအချာပါပဲဗျာ....။

Myanmar Express

KIA ဖမ်းဆီးသွားသော ဆဒုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းများ ပြန်လည်လွတ်မြောက်လာ


မြစ်ကြီးနား၊ ဧပြီလ ၃၀ ရက်
ဧပြီလ ၂၈ ရက်နေ့ နံနက်က ဆဒုံးမြို့နယ် KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဆဒုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ၀င်ရောက်စီးနင်းခဲ့ပြီး အုပ်ချုပ်ရေးမှူး အပါအ၀င် လူ ၄ ဦးကို သတ်ဖြတ်ကာ ၃ ဦးအားဖမ်းဆီးခေါ်ဆောင်ပြီး ဖုန်းနှင့် ပိုက်ဆံများကို ယူဆောင်သွားခဲ့ပါတယ်။ မြို့နယ်ရုံးတွင် အသတ်ခံရသူ ၄ ဦးတွင် ၂ ဦးမှ ဗမာများဖြစ်ပါတယ်။
အဖမ်းခံရသူ ၃ ဦးမှာ ကချင်လူမျိုးဝန်ထမ်းများဖြစ်ပြီး ဦးဂွမ်ဂျာနော် နှင့် ဦးယောကွေ့တို့အား လုံထန်စခန်းတွင် ထားရှိပြီး ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် လုံထန်စခန်းမှ ပြန်လွှတ်ပေးခဲ့ပါပြီး ဧပြီလ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီတွင် ဆဒုံးမြို့နယ်ရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ဦးဇယ်တောင်ကိုတော့ လုံထန်စခန်းမှ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်က ပြန်လည်လွှတ်ပေးခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။


ဖမ်းဆီးခံရသူ ၃ ဦးအား ဗဟိုဌာနချုပ်မှ ကချင်လူမျိုးများဖြစ်နေသောကြောင့် ပြန်လည် လွှတ်ပေးရန် အမိန့် ရောက်ရှိလာသဖြင့် လွှတ်ပေးရခြင်းဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် အနေနဲ့ ကချင်ပြည်နယ်အတွင်းတွင် ကချင်လူမျိုးမှ လွဲပြီး ကျန်လူမျိုးများအား သတ်ဖြတ်ရန် လိုင်ဇာဗဟိုဌာနချုပ်မှ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ KIA တပ်များအတွင်းမှာလည်း လူမျိုးရေးခွဲခြားဖိနှိပ်မှုများကြောင့် လက်အောက်ခံတပ်များမှ ရှမ်းလူမျိုးများမှလည်း တပ်မှ ထွက်ပြေးပြီး အစိုးရထံ အလင်းဝင်မှုများ နေ့စဉ်ရှိနေပါတယ်။ KIA အဖွဲ့အနေနဲ့ လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး ဖိနှိပ်သတ်ဖြတ်မှုများ ရှိနေတယ်လို့ အလင်းဝင်လာသူများမှ ပြောကြားကြောင်းသိရပါတယ်။

Myanmar Express 

ယနေ့ထုတ် ရောင်စုံ သတင်းစာ (၃၀-၀၄-၂၀၁၂)


Myawady Daily 30-4-2012


Myanmar Express

ကေအိုင်အေ အဖွဲ့ရဲ့ရထားမိုင်းခွဲ၊ မတရားလူသစ်စု၊ အုပ်ချုပ်ရေးရုံးဝင်လုပြီးဝန်ထမ်းများ ပစ်သတ် လူမဆန်တဲ့လုပ်ရပ် လူထုလန့်နေပြီ



၂၀၁၂ရက်နေ့ ဧပြီလ (၂၉) ရက်နေ့မနက် ၁နာရီလောက်က မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကို မောင်းနှင်လာတဲ့ အမှတ်(၃၃)အဆန် အိပ်စင်အထူးရထားဟာ မိုးညှင်းမြို့နယ်၊ နန့်စီအောင်ကျေးရွာနဲ့ မော်ဟန်ကျေးရွာကြား ကြေးနန်းတိုင်အမှတ်၊ ၆၁၆/၁ နဲ့ ၆၁၆/၂ ကြား တံတား အမှတ် ၅၃၄၊ အရှည်၂၀ ပေရှိတဲ့ သံဘောင်ဘေလီတံတားမှာ ကေအိုင်အေ အကြမ်းဖက်အဖွဲ့က ထောင်ထားတဲ့ မိုင်းပေါက်ကွဲမှု ကြောင့် တံတားရဲ့ တောင်ဘက်ခြမ်း အုတ်ခုံကြေမွ ပျက်ဆီးခဲ့ရသလို ရထားသံလမ်း ပြတ်တောက် ပျက်ဆီးခဲ့ရတဲ့အတွက် ရထားတွဲ (၁၂)တွဲမှာ ရှေ့(၃) တွဲမြောက်ကစပြီး (၁၀) တွဲ မြောက် အထိ ရထားဘီးသံလမ်းဘေးပြုတ်ကျကာ (၃၀)ဒီဂရီလောက်တိမ်းစောင်းသွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ လူသေဆုံးမှု မရှိပေမဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ များတယ်လို့ သိရ ပါတယ်။ ရထားကြမ်းခင်းမှာလည်းပေါက်ပြဲသွားတဲ့အတွက် အတွဲ(၃)မှာလိုက်ပါလာသူ မောင်မျိုးမင်းထိုက် (၂၈)နှစ် ၀ဲဘက်ခြေထောက်ကျိုးပြီး အရှင်စန္ဒောဘာသ (၁၃)နှစ်တို့ ခြေမျက်စိဒဏ်ရာ ရရှိခဲ့ပြီး ခြေထောက်တစ်ဖက် ဖြတ်တောက်ပစ်ရတယ်လို့ သိရပါတယ်။

အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကေအိုင်အေ အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ လူစိတ် ကင်းမဲ့စွာ ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ၊ ခရီးသွားတွေ အနေနဲ့ သွားရေးလာရေးတွေ ခက်ခဲကြပ်တည်းနေကြရပြီး ဘယ်မှ မသွားရဲမလာရဲအောင်ဖြစ်နေပါတယ်။ လူသူအများကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အများပြည်သူသွားရာလာရာ လမ်းတွေ၊ တံတားတွေမှာ အခုလို မိုင်းတွေထောင်ပြီး လူသတ်နေတဲ့ အတွက် အပြစ်မဲ့ ရဟန်းရှင်လူ ကလေးတွေမှာ ကျွဲကြားက မြေဇာ၊ မြေဇာပင်ပေါ်က ဖုန်တွေလောက်များပြားနေခဲ့ပါပြီ။ အကြမ်းဖက် လူသတ်နေရုံတင် မကသေးပါဘူး။ နေရာဒေသ တော်တော်များများမှာလည်း ၀င်ရောက်စီးနင်းတိုက်ခိုက်တာမျိုးတွေ၊ အကြောင်းမဲ့ပစ်ခတ်တာမျိုးတွေ၊ မတရား လူသစ်စုဆောင်းတာမျိုးတွေ ကြောင့် ကျေးလက်တွေမှာ ပြည်သူတော်တော်များများ ဒုက္ခ ရောက်နေကြရပါတယ်။ အခုလို လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ “ကေအိုင်အေ အဖွဲ့ ဆို တော်ပါပြီ၊ ကြောက်ပါပြီ၊ အသံတောင်မကြားချင်ပါဘူး” ဆိုပြီး ဘုရားတ မသွားရဲ မလာရဲအောင် ကို ဖြစ်နေကြပါတယ်။

(၂၈)ရက်နေ့ မနေ့က ညနေကလည်း ၀ိုင်းမော်-ချီဖွေကားလမ်းပေါ်မှာရှိတဲ့ မလိယန်(ဘန်ဘင်)မှာ ရွှေမှော်လုပ်ကိုင်နေတဲ့ လုပ်သားယောင်္ကျား(၁၀၀)ဦးခန့်လောက်ကို မေခမြစ်ကိုကူးပြီး လူသစ်အဖြစ် အလို မတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ အဲဒီနေ့ထဲမှာလည်း ၀ိုင်းမော်၊ ဆဒုံးအုပ်ချုပ်ရေးရုံးကို ၀င်ရောက် စီးနင်း ပစ်သတ်ခဲ့ရာမှာ အုပ်ချုပ်ရေးမှူး အပါအ၀င် (၄)ဦးသေဆုံးပြီးတော့ (၃)ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်လို့သိရပါတယ်။

Myanmar Express

ဒေါ်စုကြည်ရဲ့သားအရင်းလို နေထိုင်တဲ့ နှာဘူးသွန်းနေစိုး ရဲ့လုပ်ရပ်



ဂမ္ဘီရစာရေးဆရာ ဒဿကျော်စွာ ( ခ ) သွန်းနေစိုး (ဂ) နှာခေါင်းကြီး မတရားပေါင်းသင်းနေထိုင်ခဲ့သော မိန်းကလေးအား ပြည်မြန်မာ ဂျာနယ်မှ သတင်းထောက်တစ်ဦးမှ မေးမြန်းခဲ့ပုံမှာ -

သတင်းထောက်။ ။ ညီမလေးအသက် ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။ ၂၁ မပြည့်သေးဘူး။

သတင်းထောက်။ ။ ညီမ အရင်က သူအိမ်ထောင်ရှိတယ်ဆိုတာကော သိလား။

ဖြေ။ ။ မသိဘူး။ နောက်ပိုင်းမှ သိတာ။ သေသေချာချာလည်း အဲ့လိုမပြောဘူး။

မိသားစုဝင်တစ်ဦးဝင်မေး။ ။ သမီးက သူ့ကိုပေါင်းချင်တာလား။

ဖြေ။ ။ ဟင့်အင်း။ သူ့ကို့ကြောက်နေလို့သာ။ အဲဒီလိုမျိုး တစ်ခုခုဆို အိမ်ပေါ်တက်ပြီး ဆွဲရမလားတို့၊ ညီမကို တစ်ခုခုလုပ်ပစ်လိုက်ရမလားတို့၊ သူ့တပည့်တွေ ဘယ်လောက်ရှိ တယ်ဆိုတာ သိတယ်မလားတို့၊ ရှေ့ကတစ်ယောက်ကို ဘယ်လိုမျိုး အရေခွံနွာတာတို့ ဘာတို့ပြောတယ်။ အဲဒီအိမ်လိပ်စာသမီးပြောလိုက်လို့ရှိရင် မရောက်လာခင်မှာ ပွဲကြမ်းမှာကြောက်လို့။ ဟိုးတစ်ခါလိုပဲ ဖက်ကိုက်မှာ။ ကိုင်ဆောင့်မှာ ။

သတင်းထောက်။ ။ သူက ညီမလေးတို့ကျောင်းထဲကို လာတာလား။

ဖြေ။ ။ ကျောင်းထဲကိုဝင်တယ်။ အဲဒီရက်မတိုင်ခင်က သူ့တပည့်တစ်ယောက် လာတယ်လို့ ပြောတယ်။ သမီးနဲ့ ရှေ့ဆင့်နောက်ဆင့်လွဲသွားတယ်။

သတင်းထောက်။ ။ ညီမလေးနဲ့ ကျောင်းထဲမှာတွေ့တာလား။

ဖြေ။ ။ မဟုတ်ဘူး။ ဟို ဖူးစာရှင်ဖော်ထုတ်ပွဲလေ။ အဲဒီမတိုင်ခင် အင်တာနက်မှာတွေ့တယ်။ ပြီးတော့မှ သူ့ပွဲမှာတွေ့တာ။

မိသားစုဝင်၏ မိတ်ဆွေတစ်ဦးပြော။ ။သူ့ရဲ့ကာရိုက်တာတွေအများကြီးသိပြီ။ သမီးလေး ဘာမက်မောမှာလဲ။

ဖြေ။ ။ သူ့ကိုပြတ်မယ်ပြောတိုင်း ထွက်ပြေးတိုင်း အဲ့လို ဆွဲဆောင့်တာတို့၊ အဲလိုဟာကြီးတွေကြောက်နေတယ်။ ဖက်ကိုက်တာ။ အရင်က ပြတ်မယ်ပြောရင်လည်း ဆွဲဆောင့်၊ ဆောင့်တွန်း။

သတင်းထောက်။ ။ အခုက ညီမလေးကို သူခေါ်သွားတာလား။ ဘယ်လိုတွေ့ပြီး ဘယ်လိုဖြစ် တာလဲ။

မိသားစုဝင်မိတ်ဆွေတစ်ဦးဝင်ရှင်းပြ။ ။ သမီးလေးကို ကိုယ်ဝန်ရတယ်ဆိုပြီးတော့မှ ဒလကို သူကခေါ်သွားတယ်။ ဒလခေါ်သွားပြီးတော့မှ ဘိုကလေးကိုခေါ်တယ်။ အဲဒီကိုယ်ဝန်ဖျက်ချဖို့ဆိုပြီးတော့။ အဲဒီလိုပြောပြီး ညာခေါ်သွားတယ်။

သတင်းထောက်။ ။ ဘိုကလေးမှာ ဘယ်လောက်ကြာခဲ့လဲ။

ကာယကံရှင်ဖြေ။ ။ ဘိုကလေးမှာ ၃၁ ရက်နေ့ကနေ ၄ ရက်နေ့ညနေမှ အဲဒီကပြန်လာတယ်။ သင်္ကြန်ရက်လည်းအဲဒီအိမ်မှာပဲ။

သတင်းထောက်။ ။ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ညီမလေးက ကိုယ့်ဘာသာ သိတာလား။

ဖြေ။ ။ အဲလိုမျိုးလားမသိဘူးလို့ပဲပြောလိုက်တာ။ အဲဒါကို စစ်တယ်လို့ပြောတာပဲ။ ဟုတ်မဟုတ်တော့မသိဘူး။ စာရွက်လည်းပြန်ပြီးတော့ မပြဘူး။

သတင်းထောက်။ ။ စဖြစ်တဲ့နေ့က ဘယ်နေ့ကလဲ။

ဖြေ။ ။ ၃၀ ရက်နေ့ မတ်လ။

သတင်းထောက်။ ။ ညီမလေးက ဘယ်ကျောင်းတက်နေတာလဲ။

ဖြေ။ ။ ဆေးဖက်ဆိုင်ရာနည်းပညာတက္ကသိုလ်။

မိသားစုဝင်တစ်ဦးဝင်မေး။ ။ သမီးလေးက သူ့ကိုအရမ်းချစ်လား။

ဖြေ။ ။ မချစ်ဘူး။ အရင်တုန်းက ဒီလိုပဲကြိုက်တာ။ နောက်ပိုင်း သူအဲ့လိုမျိုး ခြိမ်းခြောက်တာ ကို ကြောက်ကြောက်နေတာ။ ဖက်ကိုက်တာ။ ဟိုတစ်နေ့ကလည်း ဖက်ကိုက်သေးတယ်။

မေး။ ။ ဘယ်နားကိုက်လဲ။

ဖြေ။ ။ လက်။ ဒီလက်မောင်းကို။ အိမ်ပြန်ပြေးလို့။ နောက်ကနေအတင်းလိုက်ဆွဲပြီး။ ဗိုလ်တစ်ထောင်ဘုရားနားမှာ။

သတင်းထောက်။ ။ ပထမအကြိမ်လက်ထပ်စာချုပ်၊ မိဘတွေမသိအောင်ချုပ်လိုက်တယ်။ ပြီးတော့ကွာရှင်းလိုက်တယ်။ ဒုတိယအကြိမ်လက်ထပ်စာချုပ်လုပ်ဖြစ်အောင် သူကဘယ်လို ဖိအားတွေပေးခဲ့လဲ။ ဘယ်လိုတောင်းဆိုခဲ့တာတွေရှိလဲ။

ဖြေ။ ။ အဲဒီလိုပေါ်တင်ကြီးဘာမှမပြောဘူး။ သူစင်ကာပူမထွက်ခင် ရှိတယ်ဆိုတဲ့ကိုယ်ဝန်ကို ဖျက်ပေးခဲ့မယ်တဲ့။ တစ်ခါတည်းရှင်းပေးပြီး စိတ်ချလက်ချထွက်သွားမယ် တဲ့။ ပြန်လာချင် လည်းလာမယ်။ မလာချင်လည်းမလာဘူးတဲ့။ အဲလိုမျိုးပြောပြီးတော့ ဟိုဖက်ကိုမျှားခေါ်သွားတာ။ အဲလိုမျိုးပဲထင်တယ်။ ပြီးတော့မှမဟုတ်ဘူး။ ဘိုကလေးကိုဖြစ်နေတယ်။ လမ်းမှာ ပြန်လှည့် ခိုင်းတယ်။ မလှည့်ပေးဘူးလေ။ မိုးချုပ်နေပြီ ၇ နာရီခောက်ဖြစ်နေပြီ။ ဒါမှမဟုတ်လို့ရှိရင် ကားတံခါးဖွင့်လိုက်မယ်။ နှစ်ယောက်တွဲပြီးခုန်ချမယ်တဲ့။ အဲဒါနဲ့ ပြန်လှည့်ပေးလို့ပြောတော့ ဘိုကလေးလို့လည်းမပြောဘူး။ ကားသမားကိုမေးတော့လည်း ဘာမှမပြောဘူး။ နောက်မှ ၀ါးခယ်မတဲ့။ ၀ါးခယ်မဆိုတော့ ပုသိမ်ရောက်အောင်ပို့ပေးရမယ်လို့။ ရန်ကုန်မရရင် ပုသိမ်ပို့ပေး လို့ပြောလိုက်တယ်။ အဲဒါနဲ့ ၀ါးခယ်မ ၀ါးခယ်မလို့ပြောပြီး ဘိုကလေးရောက်သွားတယ်။ ဘိုကလေးမှာ တည်းခိုခန်းတစ်ခုမှာနေရတယ်။

မေး။ ပထမအကြိမ်လက်ထပ်စာချုပ်ချုပ်ထားတာ ဘယ်လောက်အချိန်ကြာလဲ။ မှတ်မိလား။ ဒုတိယအကြိမ်လုပ်ဖြစ်တာကော။ ကွာရှင်းလိုက်တာရော ဘာကြောင့်လဲ။

ဖြေ။ ။ သူ့မယားကြီးရှိတယ်ဆိုတာသိလို့။ ဆယ်ရက်ကြာတဲ့အချိန်မှာ ဘိုကလေးကိုမျှားခေါ်သွား တယ်။ အဲဒီနေ့က မထိုးခင်မှာ ဗျုးဗျုးဗြဲဗြဲထလုပ်တယ်။ တရားရုံးထဲတော့ခေါ်သွားတယ်။ အဲဒီမှာ တရားသူကြီးလည်းမရှိဘူး။ တရားရုံးက အခန်းတစ်ခုထဲမှာပဲ။ လက်မှတ်ထိုး လက်မှတ်ထိုးဆိုပြီး တရားသူကြီးရှေ့မှာလည်းမဟုတ်ဘူး။ ထိုးခါနီးတင် ထိုင်မလားမထိုင်ဘူးလားလို့မေးတယ်။ မထိုင်ဘူးလို့။ မထိုင်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်အခုချက်ချင်းထိုင်ဆိုပြီး ဗျုးဗျုးဗြဲဗြဲလုပ်တော့ မထိုးရင်အရင်လိုပဲ ဖက်ကိုက်တာတို့ဘာတို့ လာမှာစိုးလို့။

သတင်းထောက်။ ။ အခုညီမလေးရဲ့စိတ်ထဲမှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာဖြစ်မလဲ။

ဖြေ။ ။ အိမ်မှာပဲအဖေနဲ့အမေတို့နဲ့ ပြန်နေချင်တယ်။ သူ့ကိုလည်းအများကြီးကြောက်တယ်။ ဒီစာချုပ်ရှိနေတယ်။ ပြန်ပြေးလို့ရှိရင်လည်း အဖေကြီးနဲ့အမေကြီးနဲ့ကိုပြန်ပြီးတော့ တရားစွဲ လိုက်ရမလား။ မင်းညီမရှိနေတယ်။ မင်းညီမကိုလည်း အဲလိုမျိုး လုပ်လိုက်ရမလား လို့ ပြောထား တယ်။ ဟိုးအရင်ကတည်းက အဲဒီဟာနဲ့ ခြိမ်းခြောက်တာ။ အိမ်ကမသိတော့ အိမ်ကိုပြောလိုက်ရ မလားဆိုပြီး အိမ်ရှေ့မှာတင်လာပြီး ဖုန်းဆက်ပြီးခြိမ်းခြောက်တာ။

သတင်းထောက်။ ။ သူ့ရဲ့ဖေ့စ်ဘွတ်ပရိုဖိုင်းမှာ ထက်ထက်အောင်နဲ့ လက်ထပ်ထားတယ်လို့ရေး ထားတယ်။

ဖြေ။ ။ Marrie ဆိုတာ။ အဲဒါ ဟုတ်တယ်။ အင်တာနက်ဆိုင်မှာထိုင်ပြီး လုပ်ခိုင်းထားတာ။ မလုပ်ရင်လည်း ဗျုးဗျုးဗြဲဗြဲနဲ့ သူ့ကို အဲဒါပဲကြောက်နေရတယ်။ အရင်က အိမ်ကမသိသေးတော့ အိမ်ကိုပြောလိုက်မယ် အကျပ်ကိုင်တယ်။

သတင်းထောက်။ ။ တရားရုံးမှာကျရင် ဒီအတိုင်းပဲထွက်ဆိုမှာလား။

ဖြေ။ ။ သူလုပ်ခဲ့တဲ့အတိုင်းပဲ။ သူခြိမ်းခြောက်ထားတာတွေအကုန်လုံးကို ပြောမယ်။ အရင်တုန်း က သူ့ကိုကြောက်နေရတယ်။ သူ့အနောက်မှာ ဘယ်သူရှိတယ်။ ဘယ်လိုလုပ် မယ်။အဲလိုမျိုးခြောက်တဲ့ဟာတွေ။ သူ့တပည့်ရှိတယ်။ သူ့တပည့်ဆို ဘယ်လိုမျိုး။ အရင် ကျော်အောင်ဦးဆိုတာရှိတယ်။ သူ့တပည့်က အမြဲမူးပြီးတော့။ သူ့တပည့်က ဘယ်လို လူမိုက်။ လူဆိုရင် ဘယ်လိုမျိုးသတ်ရဲတယ်။ အဲလိုမျိုး ခြိမ်းခြောက်တာ။ နောက် သူ့နောက်မှာ လည်း တခြားတပည့်တွေရှိသေးတယ်။ ညာခေါ်သွားတဲ့နေ့က သူ့တပည့်တွေပါတယ်။ 


Myanmar Express 

ဘီဘီစီ သတင်းဌာနာအား မြန်မာနိုင်ငံသား ၅၀၀ ကျော် ယနေ့ ဆန္ဒပြ


From : ဘစောတင်

လွန်ခဲ့သောနှစ်က ဘီဘီစီ သတင်းထောက်တဦးဖြစ်သူ Anna Jones သည် မြန်မာနိုင်ငံ မြေပုံပေါ်တွင် တိုင်းရင်းသား လူမျို အသီးသီး၏ ပုံကိုဖော်ပြရာ၌ ရခိုင်ပြည်နယ်နေရာတွင် မိမိတို့ဘာသာ ရိုဟင်ဂျာဟု အမည်သစ်မှည့်ကာ မြန်မာ တိုင်းရင်း သားအဖြစ် ရရှိရေးအတွက် သမိုင်းလိမ်များဖြင့် ကြိုးစားနေကြသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စစ်တကောင်းသား ဘင်္ဂလီ ကုလားများ၏ ပုံကို ဖော်ပြခဲ့သဖြင့် ယင်းအမှားကို ၀န်ချတောင်းပန်ရန် နိုင်ငံတကာရောက် ရခိုင်များက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပြန်လည်တောင်းပန်မှု တစုံတရာ မပြုလုပ်သောကြောင့် ဘန်ကောက်မှ ရခိုင်အများစု ဦးဆောင်သော မြန်မာနိုင်ငံ သား ၅၀၀ ၀န်းကျင်သည် ယမန်နေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့လယ်ခေါင်ရှိ ဘီဘီစီ သတင်းဌာန တည်ရှိရာ အဆောက်အဦကြီးအနီးတွင် ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံ မြေပုံကို တိုင်းရင်းသားများပုံဖြင့် ဖော်ပြရာတွင် ရခိုင်ပြည်နယ်နေရာ၌ မြန်မာနိုင်ငံ သမိုင်း၌လည်းကောင်း။ ရခိုင်တို့ သမိုင်း၌လည်းကောင်း မရှိခဲ့ဖူးသော လူမျိုးတမျိုးကို ထည့်သွင်းဖော်ပြခြင်းမှာ ရခိုင်တို့ကိုသာမက မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကိုပါ ထိပါးစော်ကားဖြင်း ဖြစ်ကြောင်း ဤဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်သူ ကိုအံ့မောင်က ဆိုသည်။

´အင်နာဂျုံးစ်ဆိုတဲ့ ဘီဘီစီ သတင်းထောက်တယောက်က အမှားအယွင်းတခုကို ရည်ရွယ်ချက်ရှိရှိ ကျနော်တို့အပေါ် ကျူးလွန်ထားပါတယ်။ ဒါကတော့ ကျနော်တို့သမိုင်းမှာ မရှိတဲ့ လူမျိုးတမျိုးကို ကျနော်တို့လူမျိုးကိုတောင် မဖော်ပြတော့ ဘဲနဲ့ ကျနော်ပြည်နယ်ရဲ့ ကိုယ်စားပြု ရုပ်ပုံအဖြစ် အသုံးပြုခဲ့တယ်။ ဒါကို ဘီဘီစီ သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတယ်။ ဒါဟာ ကျနော်တို့ကို စော်ကားတာ မဟုတ်လား။ ဒီဘင်္ဂလီကုလားတွေနဲ့ ကျနော်တို့ရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားကို ဒီသတင်းထောက်က မသိဘဲနေမလား။ ဘီဘီစီ သတင်းဌာနကရော သိသိကြီးနဲ့ တမင်တကာ လုပ်လိုက်တာ မဟုတ်လား။ ဒီထက်ပြောရရင် မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကိုပါ ထိပါးစော်ကားတာ မဟုတ်လား။ ဒါကြေင့် ကျနော်တို့ အဲဒီ သတင်းထောက်မနဲ့ ဘီဘီစီ သတင်းဌာနတို့က ကိုယ့်အမှားကို ၀န်ခံပြီး တောင်းပန်ဖို့ ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်´ ဟု ဧရာဝတီသို့ ပြောသည်။

အင်နာဂျုံးစ်သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် Bleak Outlook for Burma’s Ethnic Group အမည်ရှိ ဆောင်းပါးတစောင်ကို ရေးသားရာ၌ ရခိုင်ပြည်နယ်မြေပုံတွင် ရခိုင်လူမျိုးပုံကို အသုံးမပြုဘဲ ရိုဟင်ဂျာ အမည်ခံ စစ်တကောင်းသား ဘင်္ဂလီကုလားပုံကို ဖော်ပြခဲ့သဖြင့် ရခိုင်များက မကျေမနပ်ဖြစ်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ရိုဟင်ဂျာ အမည်သစ်ကို ဘင်္ဂလီများ စတင်သုံးစွဲလာခဲ့သည်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ဖြစ်သည်။ ယခင်က ယင်းတို့ကို မူဂျာဟစ်များ ကုလားဆိုးများဟုသာ ခေါ်တွင်ခဲ့သည်။ သူတို့သည် ရခိုင်ပြည်နယ်မှ ရသေ့တောင် ဘူးသီးတောင်နှင့် မောင်တော မြို့နယ် ၃ခုကို မူဆလင် ပြည်နယ် အာကစ္စတန်အဖြစ် ရယူရန်ကြိုးစားနေသည်။

ရခိုင်သမိုင်းကိုလည်း ရိုဟင်ဂျာသမိုင်းအဖြစ် လိမ်လည်ရေးသားကာ နိုင်ငံတကာကို ၀ါဒဖြန့်လျှက် ရှိသည်။ ထို့ပြင် လူ့အခွင့်အရေးကို ခုတုံးလုပ်ကာ မြန်မာအစိုးရ နှိပ်စက်သည်။ ရခိုင်များက လူ့အခွင့်အရေး ချိုးဖောက်သည်ဟု နိုင်ငံတကာသို့ ၀ါဒဖြန့်လျှက် သူတို့ကိုသူတို့ သနားစရာ လူမျိုးတမျိုးဖြစ်လေဟန် ၀ါဒဖြန်နေကြသည်မှာ ယာရှင်ကို မျောက်မောင်းသည့်အဖြစ်နှင့်တူကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ကိုအောင်ဝင်းက ဆိုသည်။

´သူတို့က လူ့အခွင့်အရေးကို အရေခြုံကာ နိုင်ငံတကာမှာ လိုက်ပြီး သူတို့ဟာ လူ့အခွင့်အရေး မရဘူး။ တိုင်းရင်းသား အခွင့်အရေးမရဘူး။ နိုင်ငံသား အခွင့်အရေးမရဘူးဆိုပြီး မျက်ရည် ကျပြကြတယ်။ သူတို့နောက်မှာ မူဆလင်ဘာသာ ကမ္ဘာကို ပြန့်နှံ့ရေးအတွက် ငွေကြေးပုံအောပြီး ထောက်ပံ့ပြီး ၀ါဒဖြန့်ချီနေတဲ့သူတွေလည်း ရှိတယ်။ ဒီတော့ လူ့အခွင့် အရေး သမားတွေကလည်း ´ယာရှင်ကို မျောက်မောင်း´ နေတဲ့ အဖြစ်မှာ ယာရှင်ဘက်က မကူဘဲ မျောက်တွေ ဘက်ကသာ ဘက်လိုက်ဖော်ပြနေကြတော့ ဘယ်လောက်တောင် ရီစရာ ကောင်းနေသလဲဗျာ။ ဒါပေမဲ့ ကျနော်တို့ ရခိုင်သားတွေမှာတော့ ဒီကိစ္စမှာ ရီနိုင်ဖို့ မပြောနဲ့ တွေးမိတိုင်း အသည်းနာပြီး ဒေါသတွေ ပေါက်ကွဲပြီးရင်း ပေါက်ကွဲနေရတယ်´ ဟု ဆိုသည်။

မနေ့က ဆန္ဒပြရာတွင် ပါဝင်သူများသည် အင်နာဂျုံးစ်နှင့် ဘီဘီစီ သတင်းဌာနက မြန်မာလူထုကို ၎င်းတို့ ကျူးလွန်ထား သော အမှားအတွက် ၀န်ချတောင်းပန်ရန် မွန်းတည့်နေအောက်တွင် ဟစ်ကြွေး တောင်းဆိုခဲ့ကြသည်။ မနေ့ တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ဘီဘီစီ သတင်းဌာနရုံးခန်း ပိတ်ထားသည်ဟု သိရသည်။

ထို့ကြောင့် ဆန္ဒပြသမားများ၏ တောင်းဆိုချက်ကို မည်သို့ တုန့်ပြန်မည်ကို မသိရသေးပါ။ အကယ်၍ ယင်းတို့ ကျူးလွန်ထားသော အမှုကို တောင်းပန် ၀န်ချခြင်းမရှိပါက နောက်ထပ် ဆန္ဒပြပွဲများ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်းလည်း ဆန္ဒပြပွဲ စီစဉ်သူများ၏ ပြောဆိုချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင်နှင့် ရှမ်းဟူသော လူမျိုးအုပ်စု ရှစ်ခုရှိသည်။ ယင်းတို့၏ မျိုးနွယ်စုဝင် လူမျိုးပေါင်း ၁၃၅ မျိုးရှိရှာ ရိုဟင်ဂျာဟူသော လူမျိုး မပါရှိပါ။

ယခင်က ရိုဟင်ဂျာကုလားများအရေးနှင့် ဆက်စပ်လျှင် ရခိုင်များနှင့်သာ ဆိုင်သည်ဟု သဘောထားကြသော်လည်း ယခုအခါ အခြားသော မြန်မာနိုင်ငံသားများကလည်း ယခုအရေးသည် အမျိုးသားရေးအဖြစ် ရှုမြင်လာကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ ရန်ကုန်သား ကိုမောင်မောင်က ပြောသည်။

´ကျနော် ရန်ကုန်မှာတုန်းကတော့ သတိလည်းမထားမိဘူးဗျ။ ဒီ ရိုဟင်ဂျာဆိုတာကိုလည်း မကြားဖူးပါဘူး။ ထိုင်းကိုရောက်မှဘဲ စတင်ကြားဖူးလာတယ်။ ဒီကောင်တွေ လူပါးဝတာကြည့်ဗျာ။ ရခိုင်မှာနေရင်း အစက သူတို့ကို သူတို့ ရခိုင်ကုလားဆိုပြီး ပြောတယ်။ အခုတော့ ရိုဟင်ဂျာတဲ့။ ပြည်မထဲရောက်တဲ့ ကုလားတွေက သူတို့ကိုယ် သူတို့ မြန်မာမူဆလင်တဲ့။ ကရင်ပြည်နယ်ရောက်တော့ ကရင်မူဆလင်တဲ့။ ကဲ ထိုင်းကိုရောက်ပြန်တော့ ဘာတဲ့ ရှမ်းမူဆလင်တဲ့ အဲသလိုဟာတွေဗျ။ ပြီးတော့ ထိုင်းနိုင်ငံရောက် မြန်မာရိုဟင်ဂျာအဖွဲတဲ့ လုပ်နေကြတာ။ သမိုင်းဟာ အင်ဒိုနီးရှားဟာ ဗုဒ္ဓဘာသာ စစ်စစ်က မူဆလင်နိုင်ငံ ဖြစ်ခဲ့ပြီးပြီ။ ဗောရော ဗုဒ္ဓေါ စေတီတော်ကြီး ဘယ်လို ဖြစ်နေတယ်ဆိုတာကို သမိုင်းကို စိတ်ဝင်စားသူတိုင်း သိမှာပါ။ ရွှေတိဂုံဘုရားကို အဲသလို ကျနော်တို့ အဖြစ်မခံနိုင်ဘူး။ ၂၁ ရာစုမှာ သူတို့ဘာသာ ကမ္ဘာလွှမ်းရေးအတွက် ကျနော်တို့ တိုင်းပြည်ကို အခုလို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာကို မြန်မာတမျိုးသားလုံးက အမျိုးသားရေး အမြင်နဲ့ သတိရှိရှိ မြင်သင့်တယ်လို့ ယူဆပြီး အခုလို ပူးပေါင်းပါဝင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်´ ဟု သူက ပြောသည်။





ဆန္ဒပြပွဲကို နံနက် ၁၁ နာရီကျော်မှ စတင်ကာ နေ့လည် ၁၂ နာရီခွဲအချိန်တွင် ရုပ်သိမ်းလိုက်ကြသည်။ ယင်းဆန္ဒပြပွဲတွင် လူဦးရေ ၅၀၀ ၀န်းကျင် ပါဝင်ပြီး ရခိုင်အများစုနှင့် ဗမာ မွန် ကရင် စသည့် တိုင်းရင်းသားများလည်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။

Myanmar Express

ရုပ်ရှင်အစည်းအရုံး ဥက္ကဌကို ရုပ်ရှင်လောကသားများ အသိအမှတ်မပြု


လူပျက် ဇာဂနာ၊ ဒါရိုက်တာ ဝိုင်း နဲ့ NLD မင်းသား မင်းသမီးတွေ ဦးဆောင်ရွေးချယ်ခဲ့တဲ့ ရုပ်သေး ဥက္ကဌ ဦးဇင်ဝိုင်းကို ရုပ်ရှင်လောက သား များက အသိအမှတ်မပြု မလေးစားကြဘူးလို့ သတင်းရရှိပါတယ်။ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ဝတ်စား ဆင်ယင်မှုနှင့် အနေအထိုင် ဆင်ခြင် ထိန်းသိမ်းရန် ခေါ်ယူ သတိပေးဖွယ် ရှိကြောင်း ဦးဇင်ဝိုင်းမှ ပြည်တွင်း မီဒီယာ True News သို့ ပြောကြား သွားကြောင်း သတင်းများ ထွက်လာပြီးနောက် သရုပ်ဆောင် သင်ဇာဝင့်ကျော်အား ရုပ်ရှင် ရိုက်ကူးခွင့် ပိတ်ပင်တော့မည့် သတင်းများ ထွက်ပေါ်လာခဲ့ပေမယ့် လတ်တလောတွင် သင်ဇာဝင့်ကျော် မှာ ပြင်ဦးလွင်၌ ဇာတ်ကားများ ရိုက်ကူးလျက် ရှိကြောင်း သတင်းရရှိပါတယ်။

ဦးဇင်ဝိုင်း မှ မြန်မာ့ ရုပ်ရှင်အစည်း အရုံး ဥက္ကဌ တာဝန်ကို လက်ခံယူပြီးသည့်အချိန်မှ စ၍ မိဘနှင့် သားသမီး အတူ မကြည့် သင့်သည့် ဇတ်လမ်းများ၊ သီချင်းများနဲ့ အဖော်အချွတ် ဇတ်လမ်း ဓာတ်ပုံ အများအပြား ထွက်ပေါ်လျှက် ရှိကြောင်း သိရပြီး ယဉ်ကျေးမှု ထိန်းသိမ်းလိုသော မြန်မာပြည်သူ အများစုက ယခင် ဆင်ဆာ အဖွဲ့နှင့် အရုပ်ရှင်အစည်းအရုံးကိုသာ ပြန်လည် အသက်သွင်းလိုကြကြောင်း သတင်းရရှိပါတယ်။





Myanmar Express

ကဆုန်လ - သင်္ကြန် ပွဲ


မြန်မာ့ရိုးရာ လစဉ် ပွဲများကို အသိပညာ ချို့တဲ့သော ယနေ့ လူရွှင်တော်အချို့ကြောင့် ကပြောင်းကပြန် ဖြစ်ကုန်ကြောင်း စင်္ကာပူရောက် မြန်မာလူငယ်တစ်ဦးက ဝေဖန်လိုက်ပါတယ်။ ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် တန်ခူးလ - သင်္ကြန်၊ ကဆုန်လ - ညောင်ရေသွန်းပွဲ ဟူ၍ အစဉ်အလာ ရိုးရာမပျက် ကျင်းပခဲ့ရာ ယခုနှစ် ၂၀၁၂ (၁၃၇၄) ခုနှစ် မှာတော့ လူရွှင်တော် ဇာဂနာ နဲ့ မေတ္တာတို့ ဦးစီးတဲ့ အငြိမ့်အဖွဲ့က အစဉ်အလာကို ဖျက်ကာ ကဆုန်လတွင် သင်္ကြန်အငြိမ့်ပဲ ကျင်းပလျှက် ရှိပါတယ်။ ယင်းသင်္ကြန် အငြိမ့်ပွဲကို ၁၃၇၄ ခုနှစ် ကဆုန်လဆန်း ၉ ရက် တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ညောင်ရေသွန်းပွဲ ကျင်းပဖို့ ၅ ရက် အလိုမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မဟာသင်္ကြန် အငြိမ့်ပွဲလို့ နာမည်တပ်ထားသော်လည်း သင်္ကြန်ရဲ့ အနှစ်သာရ တစ်ခုမှ မပါပဲ လူဗြိန်းကြိုက် ဟာသ တွေပဲ များနေခဲ့တာကြောင့် ပရိတ်သက်များက စိတ်ပျက်ခဲ့ကြကြောင့် ပွဲမပြီးခင် ပြန်လာသူ တစ်ဦးက ပြောပါတယ်။ ဒါပေမယ့်လည်း အကောင်းမြင်သူ များကတော့ လူရွှင်တော်ဆိုတာ ပရိတ်သက် ကျွေးတဲ့ ထမင်း စားနေရတာကြောင့် ပရိတ်သက်ကြိုက်မယ်ထင်ရင် အကုန် လုပ်ရ၊ ပြောရတာ ဖြစ်ကြောင်းနဲ့ အစဉ်အလာတွေ၊ ရိုးရာနဲ့ ယဉ်ကျေးမှုတွေကို ဘေးချိတ်သင့်လျှင့် ဘေးချိတ်ထားရမည်ဖြစ်ကြောင်း သုံးသပ်ကြပါတယ်။

ကဆုန်ုလ တွင် ကျင်းပခဲ့သော သင်္ကြန်အငြိမ့်ပွဲကြောင့် ဇာဂနာ တို့အဖွဲ့ဟာ ဒေါ်လာတွေ အတော် များများ ခိုင်သွားကြောင်းလည်း သိရပြီး တွက်ခြေကိုက်တာကြောင့် နောက်လည်း ထပ်လာဦးမယ်လို့ ပြောသွားကြောင်း သိရပါတယ်။

Myanmar Express

စစ်တကောင်းသား ဘင်္ဂါလီများ အန္တာရာယ်

From : ကိုမောင်



(၁)   မေး - ရိုဟင်ဂျာဆိုတာဘာလဲ?

       ဖြေ-ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းဘင်္ဂါလီလူမျိုးတွေဖြစ်ကြပါတယ်။

(၂)   မေး - သူတို့က ဘာဖြစ်လို့ မြန်မာနိုင်ငံထဲကိုဝင်ချင်ကြတာလဲ?
       ဖြေ  -   မြန်မာနိုင်ငံထဲမှာ စိုက်ပျိုးရန် မြေပေါများတယ်။ စီးပွားရှာလို့ကောင်းတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံလူဦးရေ (သန်းငါးဆယ်)ထက် သုံးဆနီးပါး ပိုများတယ်။ (သန်းတစ်ရာ့ငါးဆယ်၇ှိတယ်)။ ဒါကြောင့် ကမ္ဘာမှာ လုပ်သားတင်ပို့မှုမှာ ဗိုလ်စွဲနေတယ် (ကိုယ့်တိုင်းပြည်ထဲမှာ သူတို့ကိုပေးစရာအလုပ်မှမရှိတာကိုး)။ ဒါကြောင့် မြန်မာနိုင်ငံထဲကိုအသည်းအသန် ဝင်ချင်နေကြတာဖြစ်တယ်။


(၃)     မေး -  သူတို့ကို ရိုဟင်ဂျာလို့ ရခိုင်တွေက လက်မခံဘူးဆို။ ဘာကြောင့်လဲ?
      ဖြေ - (က)ရိုဟင်ဂျာဆိုတဲ့ နာမည်က ၁၉၄၇ နောက်ပိုင်းမှ ရခိုင်ပြည်နယ်တွင်းမှာ အခြေချနေထိုင်ချင်တဲ့ စစ်တကောင်းဘင်္ဂါလီတွေက သမိုင်းအတုဖန်တီးခဲ့တာကြောင့်ဖြစ်ပါတယ်။ အစဉ်အဆက် နေထိုင်လာတဲ့ ရခိုင်လူမျိုးတွေက ဘင်္ဂလားဒေ့ရှ်ကနေကျူးကျော်ပြီး ရခိုင်ပြည်နယ်ကို ဝင်ရောက်စိုးမိုးနေသလို လုပ်ကြံနေပါတယ်။

(ခ) ရခိုင်တွေဟာ တစ်ထီးတစ်နန်းနဲ့ နေထိုင်ခဲ့ကြတဲ့ လူမျိုးကြီးတစ်ရပ်ဖြစ်ပါတယ်။ အစဉ်အဆက်သော ရခိုင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ အစ္စလာမ်ဘာသာဝင်မဟုတ်ကြပါ။ ဒါကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထပ်မံစော်ကားလာတဲ့ အသုံးအနှုန်းဖြစ်တဲ့ "ရခိုင်မွတ်စလင်" ဆိုတာကို လက်မခံနိုင်ကြတာဖြစ်ပါတယ်။

(၄) မေး- အဲ့ဒါ ရခိုင်-ရိုဟင်ဂျာ (စစ်တကောင်းဘင်္ဂါလီ) ပြဿနာပဲမဟုတ်ဘူးလား။ ကိုယ်နဲ့ဆိုင်သလား?
ဖြေ- ဆိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေပေါက်ကွဲနှုန်းဟာ ကြောက်စရာကောင်းပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံလူဦးရေထက် သုံးဆနီးပါးရှိပေမယ့် သူ့ရဲ့ နယ်နိမိတ်အကျယ်အဝန်းဟာ မြန်မာပြည်ထက် များစွာ သေးငယ်ပါတယ်။ ဒီလို ကြောက်ခမန်းလိလိ လူဦးရေပေါက်ကွဲနေတဲ့ နိုင်ငံတစ်ရပ်နဲ့ အိမ်နီးချင်းအဖြစ် နေထိုင်ရတဲ့ နိုင်ငံတွေအားလုံးဟာ သတိနဲ့ ထိန်းသိမ်းရလေ့ရှိပါတယ်။


Myanmar Express