Subscribe to our RSS Feed

ADB မှ မြန်မာနိုင်ငံ အပေါ် ဆက်လက် ထောက်ပံ့မှု ပြုမည်

From : MRTV4


အာရှ ဖွံ့ဖြိုးရေးဘဏ်  ADB ၏ အကြီးအကဲ ဖြစ်သူ၏ အပြောအရ ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ အပေါ် ကူညီမှုများကို ပြန်လည် စတင်တော့မည် ဖြစ်သည်ဟု
ပြောခဲ့ကာ ၂၅ နှစ်ကြာ ပိတ်ဆို့ ထားမှုများကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ အာရှ ဖွံ့ဖြိုးရေး ဘဏ် ဥက္ကဋ္ဌ Haruhiko မှာ မနီလာတွင် ဂျပန် သတင်းသမားများကို သောကြာနေ့က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ADB အနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးလိုကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေး ပြုပြင် ပြောင်းလဲမှုများမှာ ရှေ့သို့ ဆက်လက် ရွေ့လျားနေပြီး နိုင်ငံတကာမှ အကူအညီ အထောက်အပံ့များလည်း စတင် ပေးအပ်သည့် လုပ်ဆောင်မှုများကို ပြုလုပ်နေပြီ ဖြစ်သည်ဟု Kuroda မှ ပြောကြားခဲ့သည်။ ဥရောပသမ္မဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့မှ  မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုများကို အတိုင်းအတာ တစ်ခုအထိ လျော့ချပေး အပြီးတွင် ယခုလို  ADB မှ ပြန်လည် ကူညီမည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အလားတူပင် ဂျပန် အစိုးရမှာလည်း မြန်မာနိုင်ငံ အပေါ် တင်ရှိနေသည့် ကြွေးမြီများကို လျော်ပစ်ခဲ့ကာ ချေးငွေ အစီအစဉ်သစ်ကိုလည်း ပြုလုပ်ခဲ့သည်။  Kuroda  ၏ အပြောအရ ADB အနေဖြင့် ဦးစွာ နည်းပညာပိုင်း အရ အကူအညီပေးမည် ဖြစ်ကာ လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ထွန်းရေးကို အကူအညီပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ယခုလို ပြောကြားမှုနှင့်အတူ ADB အနေဖြင့် အာရှဖွံ့ဖြိုးရေး ရန်ပုံငွေ အစီအစဉ် အဖြစ် လာမည့် လေးနှစ်အတွင်း ဒေါ်လာ ၁၂ ဘီလီယံသို့ ထပ်မံ မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်