Subscribe to our RSS Feed

လေလံ/ B.O.T လမ်းဂိတ်များ သတ်မှတ်နှုန်းထားအတိုင်း တိကျစွာ ကောက်ခံနိုင်ရေးအတွက် တွက်ချက်မှု ဇယားများ ထုတ်ပြန်

From : ခေတ်လူငယ်


ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် လမ်းအသုံးပြုခ ကောက်ခံရေး လေလံလုပ်ကိုင်ခွင့် ပေးအပ်ရာတွင် ယခင်နှစ်များကဲ့သို့ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ဆောင်ရွက်ပြီး ဈေးအများဆုံး လေလံတင်သွင်းသူကို လုပ်ကိုင်ခွင့်ပေးအပ်ခြင်း မပြုတော့ဘဲ စနစ်တကျ စုဖွဲ့ကာ တစ်နှစ်စာစံနှုန်း ကောက်ယူထားသော ကြမ်းခင်းဈေးကို အခြေခံ၍ လေလံ/B.O.T လမ်းဂိတ်များတွင် ၈၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပေးသွင်းစေပြီး ၂၀ ရာခိုင်နှုန်းကို လုပ်ကိုင်ခွင့်ရသူ၏ ဝန်ဆောင်မှုနှင့် လုပ်ငန်းအကျိုးအမြတ်အဖြစ် သတ်မှတ်ပေးထားသည်။ လေလံမဲစနစ်ဖြင့် လုပ်ကိုင်ခွင့် ပေးအပ်ထားသည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသော ယာဉ်အမျိုးအစားအလိုက်၊ ဝင်ရိုးတန်းအလိုက် သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံရေးစာချုပ်တွင် ထည့်သွင်းထားပြီးဖြစ်ကြောင်းနှင့် ခရီးအကွာအဝေးအလိုက် ကျသင့်နှုန်းထားအလိုက်သာ လမ်းဖြတ်သန်းခ ပေးဆောင်စေရေး တွက်ချက်မှုဇယားများကို လုပ်သားပြည်သူ၊ ယာဉ်မောင်း/ယာဉ်ပိုင်ရှင် သိရှိနိုင်ရန် အသေးစိတ်တွက်ချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်