From : အမေ့အိမ်
    
ရွေးကောက်ပွဲကာလတွင်ပြည်သူလူထုအထိတ်အလန့်ဖြစ်စေမည့်ကိစ္စများမပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က KIO အဖွဲ့ကို တောင်းပန်ခဲ့ကြောင်း ဗိုလ်ချုပ် အက်စ်ဂွန်မော် ရုံးမှ အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။
Myanmar Express
ရွေးကောက်ပွဲကာလတွင်ပြည်သူလူထုအထိတ်အလန့်ဖြစ်စေမည့်ကိစ္စများမပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က KIO အဖွဲ့ကို တောင်းပန်ခဲ့ကြောင်း ဗိုလ်ချုပ် အက်စ်ဂွန်မော် ရုံးမှ အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။
KIO  နှင့်အစိုးရကြား ဒေါ်စုကြည်ကကြားဝင် ညှိနှိုင်းဆွေးနွေးပေးရန်   သမ္မတဦးသိန်းစိန်ကို တင်ပြ ထားပြီးဖြစ်ကြောင်း၊ KIO အဖွဲ့အနေဖြင့်   တရုတ်နိုင်ငံကို အားမကိုးရင် အမေရိကန်နှင့် EU နိုင်ငံများ၏   အထောက်အပံ့များရရှိအောင် သူမက လုပ်ဆောင်ပေးနိုင်ကြောင်း၊ NLD အာဏာရရှိလာရင်   (သူသာသမ္မတ ဖြစ်လာရင်) တိုင်းရင်းသားများလိုချင်သည့် Federal Union   ကိုရအောင် လုပ်ပေးနိုင်ကြောင်း KIO သို့ ဆက်သွယ်ပြောကြားထားကြောင်း   ဦးခွန်သာမြင့်ထံမှ သိရှိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏  ဆက်သွယ်ပြောကြားမှုကို KIO ဥက္ကဋ္ဌ ဦးအင်ဘန်လှနှင့်  ဒုစစ်ဦးစီးချုပ်  ဗိုလ်မှူးချုပ် အက်စ်ဂွန်မော် တို့က လက်ခံသော်လည်း  စစ်ဦးစီးချုပ်  ဗိုလ်ချုပ် ဂမ်ရှောင်က လက်မခံကြောင်း၊  ဗိုလ်ချုပ်ဂမ်ရှောင်သည်  ဧပြီ(၁၀)ရက်နေ့က တရုတ်နိုင်ငံ၊ မန်စီမြို့တွင်  တရုတ်ထောက်လှမ်းရေး  အဖွဲ့နှင့် တွေ့ဆုံပြီး KIO အဖွဲ့ကို အမေရိကန် နိုင်ငံက   ဒေါ်စုကြည်ထံမှတဆင့် အထောက်အပံ့များပေးမည့် ကမ်းလှမ်းမှု များရှိနေကြောင်း   ဆွေးနွေးပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည်  အစိုးရစစ်တပ်နှင့် KIO  အဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အချိန်ဆွဲ  ထားပြီး အမေရိကန်  အထောက်အပံ့ကို အသုံးချ၍ နိုင်ငံရေးကစားကွက်အနေဖြင့် KIO  အဖွဲ့အပေါ်  သူမသြဇာရှိလာအောင် လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ် ဂမ်ရှောင်မှ   စွပ်စွဲပြောကြားထားပါသည်။ ထိုကိစ္စအတွက် KIO နှင့် KIA ခေါင်းဆောင်ပိုင်း   သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေပြီး၊ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်   ဂမ်ရှောင်က စစ်ရေးအောင်မြင်မှုရရှိမှသာ နိုင်ငံရေးဆွေးနွေးမှုတွင်   ကိုယ်လိုချင်တာရရန်အတွက် စစ်ရေးအရှိန်မြှင့်ရန် အမိန့်ထုတ်ပြန်ထားပါသည်။
ဗိုလ်ချုပ်  ဂမ်ရှောင်က ကချင်အရေးကိစ္စတွင် အမေရိကန်နှင့် ဒေါ်စုကြည်တို့  ကြားဝင်  ဆောင်ရွက်လာခြင်းကို တရုတ်အစိုးရမှ လက်မခံကြောင်း၊ စစ်ရေးအရ   ရှုံးနိမ့်မှုများ ဖြစ်နေသော်လည်း KIA အဖွဲ့အနေဖြင့်   ကိုယ့်ကြမ္မာကိုယ်ဖန်တီးသွားမည်ဖြစ်ကြောင်း၊ ဒေါ်စုကြည်ကို ပုဂ္ဂိုလ်ရေးအရ   လေးစားသော်လည်း ကချင်လူမျိုးရေးကိစ္စတွင် သူမရဲ့ ဦးဆောင်မှုကို   မလိုလားကြောင်း မန်စီမြို့တွင် ကချင်မျိုးနွယ်စု ခေါင်းဆောင်များကို   ထုတ်ဖော်ပြောကြားထားပါသည်။
  Myanmar Express




1 comments:
bye bye ..KIO
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်