Subscribe to our RSS Feed

အသျှင်ပညာသီဟ(ခေါ်)ရွှေည၀ါဆရာတော် သင်္ကန်းဝတ်ဖြင့် နေသင့်/ မနေသင့်

"ပါးကိုချည်းပဲ ရိုက်ပစ်ချင်တာ၊ မြန်မာလိုမရိုက်ချင်ဘူး၊ ဂျပန်လိုရိုက်ချင်တာ၊မြန်မာလိုကအသွားချည်းပါတာ၊ ဂျပန်လိုက အပြန်ပါပါတယ်..."

ဒါ-စိတ်ရင်းအတိုင်းပြောတာတဲ့


ဒီစာကိုဖတ်ပြီးတော့ မိန်းကလေးတစ်ယောက်က ကတ်ကတ်လန်အောင်ရန်တွေ့တာပဲလို့မထင် လိုက်ပါနဲ့။ ၁၃-၂-၂၀၁၁ ရက်နေ့ မြန်အောင်မြို့နယ်၊ မြို့မတဲကြီးကုန်းကျေးရွာအုပ်စု၊ ဝေဌုဝန်လမ်းမှာရှိတဲ့ ဝေဌုဝန်စာသင်တိုက်၊ သာသနာ့ဗိမ္မာန်ဓမ္မာရုံတော်ကြီးမှာ ရွှေည၀ါဆရာတော် ပညာသီဟ ပြောကြားခဲ့တဲ့ တရားထဲက ကောက်နုတ်ချက်သာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏မိန့်ခွန်းများထဲမှာ အခွင့်အလမ်းများအားဖွင့်ပေးမှုများရှိခဲ့တယ်၊ မည်သူမဆို လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိရမှာပဲ၊ ဒီမိုကရေစီနိုင်ငံတော်ဖြစ်တဲ့ အတွက် ပြောဆိုလုပ်ပိုင်ခွင့်များအား မည်သူ့ကိုမျှမကြောက်ဘဲဆက်လက်လုပ်ကိုင်မှာပဲ၊ အမှန်ကိုအမှန် အတိုင်းဆက်လက်ပြောကြားသွားမှာပဲတဲ့။
ဒီစာသားကို ဖတ်ပြီးတော့ စာဖတ်သူအနေနဲ့ နိုင်ငံရေးသမားတစ်ယောက်/ ပြည်သူတစ်ယောက်က ပြောနေတယ်လို့ မထင်တော့ဘူးဆိုတာ ကျွန်တော်သဘောပေါက် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရွှေည၀ါဆရာတော်ကြီးမိန့်ကြားခဲ့တယ်ဆိုတာ အားလုံးသိနေလို့ပါပဲ။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ရွှေရောင်ဘုရားတွေတ၀င်းဝင်းနဲ့ ထုံးဖြူဘုရားတွေတဖွေးဖွေးနဲ့ ဗုဒ္ဓ ဘာသာကိုအထွဋ်အမြတ်ထားကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ငံဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဘုရားရဲ့သား တော်၊ သံဃာတော်တွေကိုလည်း အလေးအမြတ်ထားကိုးကွယ်ဆည်းကပ်ပူဇော်ကြတာ အံ့သြဘနန်းပါပဲ။

အဲဒီလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ဖြူစင်တဲ့စိတ်ရင်းစေတနာတွေကို ခုတုံးလုပ်အသုံးချ သင်္ကန်းဝတ်ပြီးလုပ်စား နေတဲ့လူတွေ အများကြီးပဲ။
ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်ဆိုတာ အအေးချမ်းဆုံးပါ။
ဒါပေမယ့်လည်း ရွှေည၀ါဆရာတော်လို၊ ဒယ်အိုးဆရာတော်လို၊ တရားဟောရင် ဒေါသတွေထွက်၊ လောဘတွေတက်နေတော့ သံဃာရိပ်ကို ပူလောင်အောင်လုပ်သလိုဖြစ်နေပါတယ်။
တရားဓမ္မအပြင် ကျန်တဲ့ကိစ္စတွေကိုပါလုပ်ချင်ရင် လူထွက်ပြီးလုပ်လို့ရပါတယ်။အနေချောင်အောင် သင်္ကန်းဝတ်နဲ့လုပ်နေတော့ သာသနာကြီးညှိနွမ်းသွားမှာပေါ့။ ကိုယ့်ရဲ့အပြောအဟောကြောင့် ကိုယ့်ဘက် ပါလာကြမယ့် ရဟန်းရှင်လူပြည်သူတွေဟာအနည်းစုပါ။ တရားဓမ္မနဲ့ မအပ်စပ်လို့ ဝေးဝေးကရှောင်နေတဲ့ ရဟန်းရှင်လူပြည်သူတွေကအများစုပါ။ ရေတွက်လို့တောင်မရနိုင်ပါဘူး။ ဒါ့အပြင် မသင့်တော်လို့ ပြောဆို ဆုံးမတဲ့ ဆရာတော်ကြီးတွေလည်းရှိတယ်။ ဒါတွေကိုဘာလို့ပြောနေလည်းဆိုတော့ကိုယ့်ရဲ့လုပ်ရပ်ကြောင့်
သံဃာတွေသင်းကွဲမှာကို သိလျက်နဲ့လုပ်နေလို့ ရပ်တန်းကရပ်ဖို့ မေတ္တာရပ်ခံတာပါ။
ဘာသာရေးထက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကို စိတ်ဝင်စားနေရင် သင်္ကန်းချွတ်ပြီး ဘုန်းကြီး လူထွက်ပဲလုပ်လိုက်ပါလို့ အကြံပေးပါရစေ။ သင်္ကန်းချွတ်လိုက်ရင် ငါ့ခေါင်းကိုရိုက်ခွဲခံရမှာပဲလို့တော့ တစ်ထစ်ချမယူဆပါနဲ့။ ဂမ္ဘီရက သူ့ကိုကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိတဲ့ မိန်းကလေးကိုသွားတောင်းလို့ အရိုက်ခံရတာပါ။ ဆရာတော်ဘုရားတို့က ကိုယ့်ကို ကြိုက်တယ်/ မကြိုက်ဘူး၊ လက်ခံတယ်/ လက်မခံဘူး ဆိုတာကို စဉ်းစားတတ်တဲ့ ဦးနှောက်တွေရှိတော့ အရိုက်မခံရဘူးဆိုတာသေချာပါတယ်။ ဒါပေမယ့် ဆရာတော်တို့အနေနဲ့ သင်္ကန်းဝတ်နဲ့ သင့်တော်၏၊ မသင့်တော်၏ကိုတော့ အလေးအနက်ထား စဉ်းစားဆုံး ဖြတ်စေချင်ပါတယ်။ နိုင်ငံရေးဆက်လုပ်နေရင်လဲ သင်္ကန်းဝတ်ဖြင့် နေသင့်/မနေသင့်၊ စဉ်းစားဆုံးဖြတ်ဖို့/ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ဖို့လိုပါတယ်။
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ကလည်း သံဃာတော်အတွင်း သန့်ရှင်းစင်ကြယ်ခြင်းကို လိုလားနေကြပါတယ်။
သာသနာတော်ကြီး ညှိုးနွမ်းမှုမရှိစေရေးမှာ ဗုဒ္ဓဘာသာဝင်အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်။

သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ပါစေသော်ဝ်။

Myanmar Express

6 comments:

သင်္ကန်းသာ ရှိပြီးတော့ သိက္ခာမရှိတဲ့ တရားလား စကားလား မသိ ..ဘုန်းတော်ကြီးက ဘုန်းကြီး အလုပ် မလုပ်ဘဲ ဝေဖန်ရေးနဲ့ လေကန်ရေး ..ရှေ့ရေး ပဲတွေးသလိုလို နောက်ရေးက မအေး ခဲ့သလိုလိုနဲ့ ရှိသမျှ ဒကာတွေ တရားရဖို့ မပြောနဲ့ ..စပ်တသပ်သပ် နာရတဲ့ တရားပွဲ ဟောသွားလေတဲ့ အသျှင်...
ပညာသီလလား ဒေါ်လာတွေရလား တွေးစရာ..
ရွှေည၀ါ အမည်တပ်တဲ့ သာပေါင်းညာစား စိတ်ပျက်တရားဟောတဲ့ အသျှင်...
အို.. အသျှင် ..အသျှင့်လို ကိုယ်တော် ကိုတော့ဖြင့်
သင်္ကန်းရုံနှမြောစွ.. သျှင်ဂေါတမ ပြောတဲ့ ဘုန်းကြီးမဟုတ်..
ဗိုလ်ချုပ်အောင်ဆန်း လည်း ကိုးကွယ်တဲ့ အသျှင်လည်း မဟုတ်.. သြော်... ညာတုပ်ကြီးပါပဲလား.. အသျှင်..

ဘယ်လိုဟာ.. ဘယ်လို ပညာနဲ့ အသျှင် ပညာသီလ တုန်း..
ဘယ်အကြောင်း.. ညာအကြောင်းမှ တရားမရှိ
အပေါ်ဖားလို့ အောက်ဖိ မရတော့ လေးစားရာ တရားနဲ့ယှဉ်ဖိ..
သြော်...လာကြည့်တဲ့ ပုဂ္ဂိုလ်တောင် တရားရတယ်..
ရွှေည၀ါ.. ရွှေညားဝါ.. ရွှေသားပါ ..သင်္ကန်းနှမြောစရာ

ဘုန်းကြီးက ဒေါသသံတွေနဲ့ တရားနာ ပ၇ိတ်သတ်ကို ဘယ်လို ဒေါသ ချုပ်ငြိမ်းရာ ဘယ်လို တရားပြမလဲ... သူက လူ ၀တ်လေးနဲ့လဲ လှပါတယ်... စော် ကြည်မဲ့ ဘဲကြီးပဲ..ခိခိ

မနေသင့်ဘူး

တရားနာသူတွေပေါ်မှာလည်းမူတည်ပါတယ်လေ

ဗုဒ္ဓဘာသာမြန်မာတွေ အချင်းချင်း ညီညွတ်ကြရမယ့် အချိန်အခါ ဖြစ်ပါသည်။ နိုင်ငံရေးသမားများကလည်း ဘာသာရေးအသိ ဘာသာရေးသတိ ရှိရမည်ဖြစ်သလို၊ ဘာသာရေးသမားများကလည်း နိုင်ငံရေးအသိ နိုင်ငံရေးသတိ ရှိနေရမည်။ သင်္ကန်းဝတ်သည်ဖြစ်စေ မဝတ်သည်ဖြစ်စေ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်နိုင်ငံကို ကောင်းစေလိုသော စိတ်ရင်းကို မြင်အောင်ကြည့်တတ်ဖို့ လိုပါသည်။ ကျားက ဆွဲချင်လို့ ကွဲအောင်လုပ်တာကို မမြင်ရင် ဘာတွေဖြစ်နေလို့နည်း။ ဓမ္မကလည်း ဓမ္မအလျောက် သိအောင်လုပ် မြင်အောင်ကြည့် ကောင်းအောင်ကျင့် ရမည်ဖြစ်သလို လောကကလည်း လောကအလျောက် သိအောင်လုပ် မြင်အောင်ကြည့် ကောင်းအောင်ကျင့်ရမည်။ ဘုန်းကြီးမို့လို့ လူမို့လို့ သတ်သတ်စီ ရှိနေသော တရားမျိုးမဟုတ်ပါ။ ဓမ္မပျက်လျှင်လည်း လောကပျက်သလို လောကပျက်လျှင်လည်း ဓမ္မပျက်တော့သည်။ လောကရော ဓမ္မရောကောင်းလာအောင် လူကလည်း လုပ်ရမည်ဖြစ်သလို ဘုန်းကြီးများကလည်း မလုပ်သင့်ပေဘူးလား။ ဗုဒ္ဓဘာသာမှာ လူ့လောကကောင်းရာကောင်းကြောင်းအတွက် မင်္ဂလသုတ် မေတ္တသုတ်များကဲ့သို့ တရားတွေများစွာ ဟောကြားထားပါသည်။ ဓမ္မအတွက်ချည်းဟောကြားခဲ့သော ဘာသာမျိုးမဟုတ်ပါ။ သို့သော် ဘုန်းကြီးများ လိုက်နာရန် ဘုရားရှင်ပညတ်တော်မူခဲ့သော စည်းကမ်းများကို မူ ရဟန်းတော်များအနေနှင့် သတိလက်လွတ်မဖြစ်သင့် ဟု ထင်ပါသည်။ လူ့စည်း ဘီလူးစည်းဆိုသကဲ့သို့ ဘုန်းကြီးနှင့်လူ အတူတူပဲ ဟူသော အမြင်မျိုး မြင်အောင်လုပ်ရင် မကောင်းပါ။ ထေရဝါဒနိုင်ငံတစ်နိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံက ဘုန်းကြီးများကဲ့သို့ မြန်မာနိုင်ငံမှ ဘုန်တော်ကြီးများ ရွေးကောက်ပွဲတရားဝင် ယှဉ်ပြိုင်ခွင့်တောင်းလာလျှင် မြန်မာပြည်သူလူထုက လက်သင့်ခံပါ့မည်လား။ အတိုင်းအတာတစ်ခုအထိ ဘုန်းကြီးများ နိုင်ငံ့အရေးမှာ ပါဝင်ခဲ့ကြတဲ့ သာဓကများကို လည်း မမေ့ကြပါနှင့်။ သေနပ်စွဲကိုင်၍ တိုက်ပွဲဝင်ခဲ့ကြသော မြန်မာဘုန်းတော်ကြီးဟူ၍တော့ မတွေ့ဘူးသေးပါ။ အကယ်၍ အကြမ်းဖက်သမားများက ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို လက်နက်မျိုးစုံဖြင့် အကြမ်းဖက်နှိပ်စပ်လာကြသည်ကို ကိုယ့်မျက်မှောက်မှာ တွေ့မြင်ရပြီဆိုလျှင်မူ ---။ ဟေ့ ပါရာဇိကကျလို့ ငရဲအိုးမှာ ဂျိုးကပ်ချင်ကပ်ပေ့စေ၊ ကိုယ့်ဗုဒ္ဓဘာသာ ကိုယ့်လူမျိုးကိုစော်ကားလာရင်တော့ကွာ -- ဤကဲ့သို့ ကြုံးဝါးသံမျိုး ဘုန်းကြီးတစ်ပါးထံက ကြားမိရင် ဘယ်လိုကောက်ချက်ချမည်နည်း။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်