Subscribe to our RSS Feed

ဘီဘီစီ သတင်းဌာနာအား မြန်မာနိုင်ငံသား ၅၀၀ ကျော် ယနေ့ ဆန္ဒပြ


From : ဘစောတင်

လွန်ခဲ့သောနှစ်က ဘီဘီစီ သတင်းထောက်တဦးဖြစ်သူ Anna Jones သည် မြန်မာနိုင်ငံ မြေပုံပေါ်တွင် တိုင်းရင်းသား လူမျို အသီးသီး၏ ပုံကိုဖော်ပြရာ၌ ရခိုင်ပြည်နယ်နေရာတွင် မိမိတို့ဘာသာ ရိုဟင်ဂျာဟု အမည်သစ်မှည့်ကာ မြန်မာ တိုင်းရင်း သားအဖြစ် ရရှိရေးအတွက် သမိုင်းလိမ်များဖြင့် ကြိုးစားနေကြသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စစ်တကောင်းသား ဘင်္ဂလီ ကုလားများ၏ ပုံကို ဖော်ပြခဲ့သဖြင့် ယင်းအမှားကို ၀န်ချတောင်းပန်ရန် နိုင်ငံတကာရောက် ရခိုင်များက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပြန်လည်တောင်းပန်မှု တစုံတရာ မပြုလုပ်သောကြောင့် ဘန်ကောက်မှ ရခိုင်အများစု ဦးဆောင်သော မြန်မာနိုင်ငံ သား ၅၀၀ ၀န်းကျင်သည် ယမန်နေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့လယ်ခေါင်ရှိ ဘီဘီစီ သတင်းဌာန တည်ရှိရာ အဆောက်အဦကြီးအနီးတွင် ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံ မြေပုံကို တိုင်းရင်းသားများပုံဖြင့် ဖော်ပြရာတွင် ရခိုင်ပြည်နယ်နေရာ၌ မြန်မာနိုင်ငံ သမိုင်း၌လည်းကောင်း။ ရခိုင်တို့ သမိုင်း၌လည်းကောင်း မရှိခဲ့ဖူးသော လူမျိုးတမျိုးကို ထည့်သွင်းဖော်ပြခြင်းမှာ ရခိုင်တို့ကိုသာမက မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကိုပါ ထိပါးစော်ကားဖြင်း ဖြစ်ကြောင်း ဤဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်သူ ကိုအံ့မောင်က ဆိုသည်။

´အင်နာဂျုံးစ်ဆိုတဲ့ ဘီဘီစီ သတင်းထောက်တယောက်က အမှားအယွင်းတခုကို ရည်ရွယ်ချက်ရှိရှိ ကျနော်တို့အပေါ် ကျူးလွန်ထားပါတယ်။ ဒါကတော့ ကျနော်တို့သမိုင်းမှာ မရှိတဲ့ လူမျိုးတမျိုးကို ကျနော်တို့လူမျိုးကိုတောင် မဖော်ပြတော့ ဘဲနဲ့ ကျနော်ပြည်နယ်ရဲ့ ကိုယ်စားပြု ရုပ်ပုံအဖြစ် အသုံးပြုခဲ့တယ်။ ဒါကို ဘီဘီစီ သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတယ်။ ဒါဟာ ကျနော်တို့ကို စော်ကားတာ မဟုတ်လား။ ဒီဘင်္ဂလီကုလားတွေနဲ့ ကျနော်တို့ရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားကို ဒီသတင်းထောက်က မသိဘဲနေမလား။ ဘီဘီစီ သတင်းဌာနကရော သိသိကြီးနဲ့ တမင်တကာ လုပ်လိုက်တာ မဟုတ်လား။ ဒီထက်ပြောရရင် မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကိုပါ ထိပါးစော်ကားတာ မဟုတ်လား။ ဒါကြေင့် ကျနော်တို့ အဲဒီ သတင်းထောက်မနဲ့ ဘီဘီစီ သတင်းဌာနတို့က ကိုယ့်အမှားကို ၀န်ခံပြီး တောင်းပန်ဖို့ ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်´ ဟု ဧရာဝတီသို့ ပြောသည်။

အင်နာဂျုံးစ်သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် Bleak Outlook for Burma’s Ethnic Group အမည်ရှိ ဆောင်းပါးတစောင်ကို ရေးသားရာ၌ ရခိုင်ပြည်နယ်မြေပုံတွင် ရခိုင်လူမျိုးပုံကို အသုံးမပြုဘဲ ရိုဟင်ဂျာ အမည်ခံ စစ်တကောင်းသား ဘင်္ဂလီကုလားပုံကို ဖော်ပြခဲ့သဖြင့် ရခိုင်များက မကျေမနပ်ဖြစ်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ရိုဟင်ဂျာ အမည်သစ်ကို ဘင်္ဂလီများ စတင်သုံးစွဲလာခဲ့သည်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ဖြစ်သည်။ ယခင်က ယင်းတို့ကို မူဂျာဟစ်များ ကုလားဆိုးများဟုသာ ခေါ်တွင်ခဲ့သည်။ သူတို့သည် ရခိုင်ပြည်နယ်မှ ရသေ့တောင် ဘူးသီးတောင်နှင့် မောင်တော မြို့နယ် ၃ခုကို မူဆလင် ပြည်နယ် အာကစ္စတန်အဖြစ် ရယူရန်ကြိုးစားနေသည်။

ရခိုင်သမိုင်းကိုလည်း ရိုဟင်ဂျာသမိုင်းအဖြစ် လိမ်လည်ရေးသားကာ နိုင်ငံတကာကို ၀ါဒဖြန့်လျှက် ရှိသည်။ ထို့ပြင် လူ့အခွင့်အရေးကို ခုတုံးလုပ်ကာ မြန်မာအစိုးရ နှိပ်စက်သည်။ ရခိုင်များက လူ့အခွင့်အရေး ချိုးဖောက်သည်ဟု နိုင်ငံတကာသို့ ၀ါဒဖြန့်လျှက် သူတို့ကိုသူတို့ သနားစရာ လူမျိုးတမျိုးဖြစ်လေဟန် ၀ါဒဖြန်နေကြသည်မှာ ယာရှင်ကို မျောက်မောင်းသည့်အဖြစ်နှင့်တူကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ကိုအောင်ဝင်းက ဆိုသည်။

´သူတို့က လူ့အခွင့်အရေးကို အရေခြုံကာ နိုင်ငံတကာမှာ လိုက်ပြီး သူတို့ဟာ လူ့အခွင့်အရေး မရဘူး။ တိုင်းရင်းသား အခွင့်အရေးမရဘူး။ နိုင်ငံသား အခွင့်အရေးမရဘူးဆိုပြီး မျက်ရည် ကျပြကြတယ်။ သူတို့နောက်မှာ မူဆလင်ဘာသာ ကမ္ဘာကို ပြန့်နှံ့ရေးအတွက် ငွေကြေးပုံအောပြီး ထောက်ပံ့ပြီး ၀ါဒဖြန့်ချီနေတဲ့သူတွေလည်း ရှိတယ်။ ဒီတော့ လူ့အခွင့် အရေး သမားတွေကလည်း ´ယာရှင်ကို မျောက်မောင်း´ နေတဲ့ အဖြစ်မှာ ယာရှင်ဘက်က မကူဘဲ မျောက်တွေ ဘက်ကသာ ဘက်လိုက်ဖော်ပြနေကြတော့ ဘယ်လောက်တောင် ရီစရာ ကောင်းနေသလဲဗျာ။ ဒါပေမဲ့ ကျနော်တို့ ရခိုင်သားတွေမှာတော့ ဒီကိစ္စမှာ ရီနိုင်ဖို့ မပြောနဲ့ တွေးမိတိုင်း အသည်းနာပြီး ဒေါသတွေ ပေါက်ကွဲပြီးရင်း ပေါက်ကွဲနေရတယ်´ ဟု ဆိုသည်။

မနေ့က ဆန္ဒပြရာတွင် ပါဝင်သူများသည် အင်နာဂျုံးစ်နှင့် ဘီဘီစီ သတင်းဌာနက မြန်မာလူထုကို ၎င်းတို့ ကျူးလွန်ထား သော အမှားအတွက် ၀န်ချတောင်းပန်ရန် မွန်းတည့်နေအောက်တွင် ဟစ်ကြွေး တောင်းဆိုခဲ့ကြသည်။ မနေ့ တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ဘီဘီစီ သတင်းဌာနရုံးခန်း ပိတ်ထားသည်ဟု သိရသည်။

ထို့ကြောင့် ဆန္ဒပြသမားများ၏ တောင်းဆိုချက်ကို မည်သို့ တုန့်ပြန်မည်ကို မသိရသေးပါ။ အကယ်၍ ယင်းတို့ ကျူးလွန်ထားသော အမှုကို တောင်းပန် ၀န်ချခြင်းမရှိပါက နောက်ထပ် ဆန္ဒပြပွဲများ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်းလည်း ဆန္ဒပြပွဲ စီစဉ်သူများ၏ ပြောဆိုချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင်နှင့် ရှမ်းဟူသော လူမျိုးအုပ်စု ရှစ်ခုရှိသည်။ ယင်းတို့၏ မျိုးနွယ်စုဝင် လူမျိုးပေါင်း ၁၃၅ မျိုးရှိရှာ ရိုဟင်ဂျာဟူသော လူမျိုး မပါရှိပါ။

ယခင်က ရိုဟင်ဂျာကုလားများအရေးနှင့် ဆက်စပ်လျှင် ရခိုင်များနှင့်သာ ဆိုင်သည်ဟု သဘောထားကြသော်လည်း ယခုအခါ အခြားသော မြန်မာနိုင်ငံသားများကလည်း ယခုအရေးသည် အမျိုးသားရေးအဖြစ် ရှုမြင်လာကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ ရန်ကုန်သား ကိုမောင်မောင်က ပြောသည်။

´ကျနော် ရန်ကုန်မှာတုန်းကတော့ သတိလည်းမထားမိဘူးဗျ။ ဒီ ရိုဟင်ဂျာဆိုတာကိုလည်း မကြားဖူးပါဘူး။ ထိုင်းကိုရောက်မှဘဲ စတင်ကြားဖူးလာတယ်။ ဒီကောင်တွေ လူပါးဝတာကြည့်ဗျာ။ ရခိုင်မှာနေရင်း အစက သူတို့ကို သူတို့ ရခိုင်ကုလားဆိုပြီး ပြောတယ်။ အခုတော့ ရိုဟင်ဂျာတဲ့။ ပြည်မထဲရောက်တဲ့ ကုလားတွေက သူတို့ကိုယ် သူတို့ မြန်မာမူဆလင်တဲ့။ ကရင်ပြည်နယ်ရောက်တော့ ကရင်မူဆလင်တဲ့။ ကဲ ထိုင်းကိုရောက်ပြန်တော့ ဘာတဲ့ ရှမ်းမူဆလင်တဲ့ အဲသလိုဟာတွေဗျ။ ပြီးတော့ ထိုင်းနိုင်ငံရောက် မြန်မာရိုဟင်ဂျာအဖွဲတဲ့ လုပ်နေကြတာ။ သမိုင်းဟာ အင်ဒိုနီးရှားဟာ ဗုဒ္ဓဘာသာ စစ်စစ်က မူဆလင်နိုင်ငံ ဖြစ်ခဲ့ပြီးပြီ။ ဗောရော ဗုဒ္ဓေါ စေတီတော်ကြီး ဘယ်လို ဖြစ်နေတယ်ဆိုတာကို သမိုင်းကို စိတ်ဝင်စားသူတိုင်း သိမှာပါ။ ရွှေတိဂုံဘုရားကို အဲသလို ကျနော်တို့ အဖြစ်မခံနိုင်ဘူး။ ၂၁ ရာစုမှာ သူတို့ဘာသာ ကမ္ဘာလွှမ်းရေးအတွက် ကျနော်တို့ တိုင်းပြည်ကို အခုလို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာကို မြန်မာတမျိုးသားလုံးက အမျိုးသားရေး အမြင်နဲ့ သတိရှိရှိ မြင်သင့်တယ်လို့ ယူဆပြီး အခုလို ပူးပေါင်းပါဝင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်´ ဟု သူက ပြောသည်။





ဆန္ဒပြပွဲကို နံနက် ၁၁ နာရီကျော်မှ စတင်ကာ နေ့လည် ၁၂ နာရီခွဲအချိန်တွင် ရုပ်သိမ်းလိုက်ကြသည်။ ယင်းဆန္ဒပြပွဲတွင် လူဦးရေ ၅၀၀ ၀န်းကျင် ပါဝင်ပြီး ရခိုင်အများစုနှင့် ဗမာ မွန် ကရင် စသည့် တိုင်းရင်းသားများလည်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။

Myanmar Express

5 comments:

i really support this movement, If happen in LONDON i will join them

ရိုဟင်ဂျာအပေါ် British တွေ သဘောထားကို BBC အစီအစဉ် မှ တဆင့်ခန့်မှန်း လို့ရ နိုင်ပါတယ်။ အမေရိကန် တွေရဲ့ ရိုဟင်ဂျာအပေါ် ထားတဲ့ policy ရှိ/မရှိ မခန့်မှန်းနိုင်သေးပါဘူး။ ဒါပေမယ့် ရိုဟင်ဂျာ ကိုယ်စားလှယ်တွေတော့ အမေရိကန်ကွန်ဂရက် ကိုချဉ်းကပ်နေတာတော့ အားလုံးသတိထားမိမှာပါ။ အ ငိုကောင်းတဲ့ ကလေး မုန့်မစားရ ရင်တောင် နောက်ဆုံးအဆင့်ရေတော့သောက်ရတတ်ပါတယ်၊ ၀ါဒဖြန့် media ကို media လက်နက်နဲ့ တိုက်ထုတ်ရမှာဖြစ် ပါတယ်။တဖက်မှတစ်ကွက်ရွေ့တိုင်း အဲဒီကွက်ကိုချေဖျက်နိုင်တဲ့အကွက်ကိုရွေ့တတ်ဖို့လိုအပ်ပါတယ်...ညီအစ်ကိုတို့ရေ။

Shwe Nya Wa Sayadaw should say something on Ronhingya issue.

သ မိုင်း မှား အောင် လုပ် တဲ့ သူ ကြောင့် ရို ဟင် ဂျာ ကို မြန် မာ တိုင်း ရင်း သား လို့ နိုင် ငံ ခြား သား တွေ က ထင် ကြ တယ်၊ Bangladeshi တွေ က လည်း ရို ဟင် ဂျာ က မြန် မာ တဲ့၊ ဒါ ကြောင့် တစ် ခု ပဲ ပြော လိုက် ပါ တယ်။ ရို ဟင် ဂျာ ရုပ် က မြန် မာ ရုပ် လား၊ Bangladeshi ရုပ် လား လို့။

ိဒီလို သတင်းတွေကို မြန်မာမီဒီယာများ မရေးရဲကြပါ။ သူတို့ အမေစုကို ကြောက်လို့။ ယနေ့ အချိန်အထိ ငါတို့ နိုင်ငံကို ကျွန်ပြု၊ နှစ် (၁၀၀) ကျော် ဂုတ်သွေးစုတ်၊ ဗိုလ်ချုပ်နဲ့ လုပ်ဖော်ကိုင် ဖက်တွေကိုသတ်။ ရောင် စုံသူပုန်တွေ မွေးထုတ်ပြီးမှ မတတ်သာလို့ လွတ်လပ်ရေး ပေးခဲ့တဲ့ စောက်အင်းဂလိပ် မကောင်းကြောင်း ဘယ်ဂျာနယ်မှာ ဖတ်ဖူးလဲ။ ဂျာနယ် အားလုံး လီးဘဲ။ ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်