Subscribe to our RSS Feed
Showing posts with label "ဝ" ဒေသ မူးယစ်ဆေးဝါးထုတ်လုပ်မှု. Show all posts
Showing posts with label "ဝ" ဒေသ မူးယစ်ဆေးဝါးထုတ်လုပ်မှု. Show all posts

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရုပ်ရှင်ဂီတအ နုပညာရှင် ၁၅ ဦးသာ လက်မှတ်ထိုးခဲ့.. ပြည်သူချစ်သည့် နာမည်ကျော် သရုပ်ဆောင်များ မပါ


၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ရုပ်ရှင်ဂီတ အနုပညာရှင်များ စုပေါင်းလက်မှတ် ရေးထိုးပွဲကို မေ ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတွင် အနုပညာရှင်ပေါင်း ထောင်ချီရှိသော်လည်း ၁၅ ဦးသာ လက်မှတ်ထိုးခဲ့ကြောင်း သတင်းရရှိ သည်။

အဆိုပါလက်မှတ်ရေးထိုးပွဲသို့ ဝါရင့်သက်ကြီးအနုပညာရှင်များ မပါဝင်သလို ယနေ့ လူငယ်ကြိုက် အဆိုတော်များလည်း မပါဝင်ကြောင်း သိရသည်။ ရုပ်ရှင်အစည်းအရုံး စစ်တမ်းအရ မြန်မာနိုင်ငံတွင် မင်းသား/မင်းသမီး၊ ဒါရိုက်တာ၊ အဆိုတော်၊ တေးရေးဆရာ မှ တက်သစ်စ မော်ဒယ်များအထိ စုစုပေါင်း ၂၃၀၀ ကျော် ရှိကြောင်း သိရပြီး လူ ၁၅ ဦးသာ ၄၃၆ ကို ထောက်ခံခြင်းမှာ အလွန်နည်းနေကြောင်း နဲ့ ၄၃၆ ကို ထောက်ခံသူများတွင် တိုင်းရင်းသား အနုပညာရှင်များ မပါဝင်ကြောင်း ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နေရး ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အတွက် အတားအဆီးဖြစ်နေသည့် ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူုးပေါင်း၍ ရန်ကုန်၊ မန္တလေးနှင့် မအူပင်မြို့များတွင် လူထုဟောပြောပွဲများ ပြုလုပ်ခဲ့သည်။
.. www.MyanmarExpress.net
 

နိုင်ငံခြားသား သမ္မတဖြစ်ရေး ဦးတည်ချက်ဖြင့် ဒေါ်စု ရန်ကုန်တွင်ဟောပြောသည့်နေ့တွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ချုံခိုတိုက် ၍ မြန်မာတိုင်းရင်းသား ၄ ဦးသေဆုံး

ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်မှ ၎င်း နိုင်ငံခြားသားနှင့် ဆွေမျိုးတော်သူများ သမ္မတဖြစ်ရေး ရည်ရွယ်ချက်၏ ပထမဆုံး အတားအဆီးဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲလုပ်နေစဉ်မှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် နိုင်ငံခြားသား များ၏ ချောင်းမြောင်းလုပ်ကြံမှုကြောင့် မြန်မာတိုင်းရင်းသား ၄ ဦး သေဆုံးကာ ၂ ဦးပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဖက်နိုင်
ငံမှ RSO သောင်းကျန်းသူများက မြန်မာ
နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ချုံခိုပစ်ခတ်မှုကြောင့်
 မေ ၁၇ ရက် နံနက်ပိုင်းတွင် ထပ်မံပစ်ခတ်
မှုဖြစ်ပွားခဲ့ပြီး မြန်မာနယ်ခြားစောင့်တပ်မှ

လေးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ နှစ်ဦးပျောက်ဆုံးနေကြောင်း မောင်တောမြို့မရဲစခန်းမှ သတင်းရရှိသည်။

ချုံခိုပစ်ခတ်ခံရသည့်နေရာမှာ မှတ်တိုင် ၅၂ နှင့် နတ်ရေကန်ကြားတွင်ဖြစ်ပြီး တစ်ဖက်နိုင်ငံမှ RSO သောင်းကျန်းသူ အင်အား ၄ဝ ခန့်က မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အင်အား စုစုပေါင်းရှစ်ဦးပါ ကင်းအဖွဲ့အား လက်နက်ငယ်များဖြင့် စောင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သောကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေ ၁၇ ရက် နံနက် ၉ နာရီ အချိန်ခန့်တွင် နယ်မြေ ၁ နယ်စပ် မှတ်တိုင် ၅၃ ရဲကင်းစခန်းမှ ကင်းစခန်းမှူး ဒုရဲအုပ်နွေဦးမောင် ဦးစီးအင်အား လေးဦးသည် ဗန္ဓုလစခန်းသို့ ထွက်ခွာလာခဲ့ရာ မှတ်တိုင် ၅၂ ကင်းစခန်းသို့ နံနက် ၉နာရီ ၂ဝ တွင် ရောက်ရှိပြီး  မှတ်တိုင် ၅၂ ကင်းစခန်းမှ တပ်ဖွဲ့ဝင် လေးဦးကို ခေါ်ယူ၍ စုစုပေါင်း အင်အားရှစ်ဦးဖြင့် နယ်စပ်ခြံစည်း ရိုးလမ်းတစ်လျှောက် ဗန္ဓုလကျေးရွာဘက်သို့ လာစဉ် တစ်ဖက်နိုင်ငံမှ သောင်းကျန်းသူ လက်နက်ကိုင်များ ပုန်းခို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာသို့ နယ်စပ်ရှေ့တန်း တာဝန်ထမ်းဆောင်နေသော ခမရ (၃၅၂)၏ တပ်စိတ်မှ ချီတက်ရှင်းလင်းခဲ့ရာ ဒဏ်ရာဖြင့် ဒုရဲအုပ် နွေဦးမောင်အား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းနှင့်  အဆိုပါ အကြမ်းဖက်အဖွဲ့မှ ကျဆုံးမှုစာရင်းအား မသိရှိရသေးကြောင်းနှင့် သောင်းကျန်းသူအဖွဲ့မှာ တစ်ဖက်နယ်စပ်သို့ ဝင်ရောက်သွားခဲ့ကြကြောင်း သတင်းရရှိသည်။

ပစ်ခတ်မှုမှာ နံနက် ၁ဝ နာရီခန့်တွင် ပြီးဆုံးခဲ့ပြီး ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်မှ ဒုရဲအုပ်နွေဦးမောင် ဝဲဘက်ခါး ဖောက်ထွက်ဒဏ်ရာရရှိခဲ့ကာ ရဲတပ်သားလေးဦး ကျဆုံးခဲ့ကြောင်းနှင့် ရဲတပ်သားနှစ်ဦးမှာ MA 11 အမျိုးအစား သေနတ်ဖြင့် ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ကျဆုံးသွာသည့် တပ်ဖွဲ့ဝင်များမှာ သီဟအောင်၊ လှမင်းထက်၊ ဝင်းမင်းထွေးနှင့် နေလင်းဦးတို့ဖြစ်ပြီး ပျောက်ဆုံးနေသူနှစ်ဦးမှာ ဝေလင်းဦးနှင့် ဧရာမောင်တို့ဖြစ်ကြောင်း သိရသည်။

“ ပစ်ခတ်မှုဖြစ်တာကို ကြားသိရပါတယ်။ အသေအပျောက်ကို အတည်မပြုနိုင်သေးပါဘူး။ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အတည်ပြုနိုင်မှာ ဖြစ်ပါတယ်” ဟု မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေသန်းက မေ ၁၇ ရက် ညနေ ၈ နာရီ ၁ဝ မိနစ် အချိန်တွင် ပြောသည်။ လက်ရှိတွင် သက်ဆိုင်ရာမှ နယ်မြေအား ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

မေ ၁၃ ရက် နံနက်ပိုင်းကလည်း မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား မှတ်တိုင် (၃၈/၃၉) ကြားတွင် မြန်မာနယ်စပ် ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာခဲ့သည့် (RSO) သောင်းကျန်းသူများနှင့် မြန်မာနိုင်ငံဘက်မှ လှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တိုးကာ တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန်လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group




.. www.MyanmarExpress.net
 

ရွှေတူးသည့်ကိစ္စဖြင့် အဝေမတည့်ရာမှ UWSA နှင့် SSA တောင်ပိုင်း တပ်ဖွဲ့များ သံလွင် အနောက်ခြမ်းတွင် တိုက်ပွဲများဖြစ်



ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန် မြို့နယ်ထဲမှာ ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် UWSA ဘက်က တဦးကျဆုံးပြီး တဦး ဒဏ်ရာရသွားတယ်လို့ သတင်း ရရှိပါတယ်။

မိုင်းပန်မြို့ရဲ့တောင်ဘက် မိုင် ၂၀ လောက် အကွာမှာရှိတဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်းမှာ 
ဒီလ ၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး SSA တောင်ပိုင်းဘက်က ပြောတာကတော့ 
UWSA တပ်ဖွဲ့တွေ သူတို့နယ်ထဲကို ကျွံဝင်လာရာကနေ ပစ်ခတ်မှုတွေ ဖြစ် တာလို့ ဆိုပါတယ်။

မိုင်းပန်မြို့အခြေစိုက် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး အောင်ကျန်မိဏ်း က “ကျနော်ကြားသလောက်တော့ ဝ ဘက်က တယောက်ဆုံးတယ်၊ တယောက် ဒဏ်ရာ ရတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

သံလွင်မြစ်ခြားထားပြီး နယ်မြေချင်းထိစပ်နေတဲ့ တပ်ဖွဲ့နှစ်ဖွဲ့ရဲ့ တိုက်ပွဲဖြစ်ပွားမှုမှာ 
အကျိုးစီးပွားတွေ ပါနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပေမယ့် RCSS/SSA ကတိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။

ဒီတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး UWSA တာဝန် ရှိသူတွေကိုလည်း ဧရာဝတီက 
ဆက်သွယ်ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

သံလွင်မြစ် အရှေ့ဘက်အခြမ်းမှာ လှုပ်ရှားနေတဲ့ UWSA တပ်ဖွဲ့တွေ အနေနဲ့ SSA တောင်ပိုင်းထိန်းချုပ်တဲ့ မြစ်အနောက်ဘက် အခြမ်းကို ကူးပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေတာကို SSA တောင်ပိုင်း ရှေ့တန်းလှုပ်ရှား တပ်ဖွဲ့တွေနဲ့ တွေ့ပြီး 
တိုက်ပွဲဖြစ်တာလို့ မိုင်းပန်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ RCSS/SSA အရာရှိတဦးက ပြောပါတယ်။

“သံလွင် အရှေ့ဘက်ကြတော့ ဝ ရဲ့ နယ်နိမိတ်ခင်ဗျ၊ အခုဖြစ်တာက ဝ က သံလွင်အနောက်ဘက်ခြမ်း ကျနော်တို့ နယ်မြေထဲ အထိ ကျူးကျော်လာပြီးတော့ ရွှေတူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်တာ၊ သတိပေးပေမယ့် ဇွတ်ဝင်ပြီး ဇွတ်လုပ်နေတဲ့ အခါကြတော့ ပစ်ခတ်မှုတွေ ဖြစ်သွားတာဗျ”လို့ 
အဆိုပါ အရာရှိက ဧရာဝတီကို ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် နှစ်ဖက်တင်းမာမှုတွေရှိနေပြီး“သူတို့ တပ်ဖွဲ့တွေအနေနဲ့ 
ဒီနယ်မြေကနေ ထွက်သွားရင်သွား မသွားရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်မှာပဲ”လို့ 
RCSS/SSA အရာရှိက ဆိုပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတွေက သံလွင်မြစ်ကြောင်း တလျှောက်မှာ ရွှေနဲ့ သတ္ထုတူးဖော်ရေး လုပ်ငန်းတွေလုပ်ကိုင်နေကြပြီး လုပ်ကိုင်ခွင့် ရရှိဖို့အတွက် အစိုးရစစ်တပ်၊ UWSA နဲ့ 
RCSS/SSA တို့ကို အခွန် ပေးဆောင်နေရတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် 
အရာရှိတွေက ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လက ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမှူး ဒေသမှာ 
SSA တောင်းပိုင်း အဖွဲ့ရဲ့ အရာရှိ ၂ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦးကို UWSA က 
နယ်မြေကျူးကျော်မှုနဲ့ ဖမ်းဆီးခဲ့ဖူးပြီး နောက်ပိုင်းမှာ နှစ်ဖက်တာဝန်ရှိသူတွေ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် UWSA က ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း ဘိန်းခင်းများလုရာမှ နှစ်ဖက်တပ်များ တိုက်ပွဲများဖြစ်ပွားပြီး 
UWSAမှ ၄ ဦးနှင့် RCSS/SSA မှ ၆ ဦးခန့် ကျဆုံးခဲ့သေးသည်။

- Irrawaddy

သန်းခေါင်စာရင်ကောက်သည့် ဝန်ထန်းများကို လုံခြုံရေးယူပေးနေသည့် စစ်တပ်ဒုတပ်ရင်းမှူးအား KIA ချောင်းမြောင်းပစ်ခတ်



သန်းခေါင်စာရင်း ကောက် ယူရာတွင် စာရင်းကောက် ၀န် ထမ်းများနဲ့ ကျာင်းဆရာ/ ဆရာမ များအား KIA မှခြိမ်း ခြောက်မှုများရှိနေတဲ့ အတွက် မြန်မာ့တပ်မတော်စစ်ကြောင်း များမှ လုံခြုံရေးဆောင်ရွက်ပေးနေစဉ် မြန်မာစစ်တပ် ဒုတပ်ရင်းမှူးတစ်ဦးကို KIA မှ ချောင်းမြောင်း ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က KIA ထိန်းချုပ်သည့် နယ်မြေမဟုတ်သော ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူနေသည့် ဝန်ထမ်းများကို လုံခြုံရေးယူပေးသော မြန်မာစစ်တပ် ခမရ(၅၆၇) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူုးမျိုးညွန့်စိုး ၏ ကားအား KIA မှ ချောင်းမြောင်းပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ဆေးရုံ သေဆုံးသွားကြောင်း သိရပါတယ်။ 

၎င်း ကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ KIA ကို အကြောင်းကြားပြီးမှ သွားတာဖြစ်ကြောင်း၊ အပစ်ခံရသော နေရာမှာ KIA ထိန်းချုပ်ထားသော နယ်မြေတွင်းမဟုတ်ကြောင်း နဲ့ လူအင်အား လက်နက်အင်အား မပါရှိပဲ သန်းခေါင်စာရင်းဝန်ထမ်းတွေ အကူအညီပေးခြင်းသာဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးမှအခုလို ပြောပါတယ်။

‘‘တရားဝင်အကြောင်းကြား ပြီးမှသွားတာ။ လူအင်အားလည်း အများကြီးမဟုတ်ဘူး။ဒါတောင် သူတို့နယ်မြေထဲကိုလည်း ရောက် တာမဟုတ်ပါဘူး။ ချောင်းပစ်ခံရ တာပါ’’ လို့ ဆိုပါတယ်။

လက်တလောမှာ ကေအိုင်အေဒုတိယစစ်ဦး စီးချုပ်ဗိုလ်ချုပ်ဂွန်မော်ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ဧပြီ ၃ရက်မှစ တင်ပြီး ရန်ကုန်မြို့သို့ရောက်ရှိနေတာဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက် ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ဆောင် ရွက်နေချိန်မှာ ကေအိုင်အေ ကလည်း ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ မပခမှ ထိပ်တန်းအရာရှိကပြောပါတယ်။ မတ်လ ကုန်ပိုင်း သန်းခေါင်စာရင်း စတင်ကောက်ခံချိန်များကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ သန်းခေါင်စာရင်းကောက်သူ ဝန်ထမ်းများကို KIA မှ ခြိမ်းချောက်ရန်ရှာမှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။

.. www.MyanmarExpress.net
 

တရုတ်ကျောင်းတက်နေသော “ ၀ ” ကလေးငယ်များ UWSA “ ၀ ” ယူနီ ဖောင်းဝတ်မှသာ အိမ်ပြန်ခွင့်ရ





မိုင်းဆတ်မြို့နယ် ဆီဟုတ်ကျေးရွာရှိ UWSA “ ၀ ” အဖွဲ့မှ ဖွင့်လှစ်ထားသော တရုတ်စာသင်ကျောင်းတွင် ကျောင်းတက်နေသော ၀မ်ဟုန်ဒေသမှ ကလေးငယ်များသည် “ ၀ ” ယူနီဖောင်းဝတ်၍ ဇန်န၀ါရီ (၂၀) ရက်နေ့ မနက်ပိုင်းတွင် အိမ်ပြန်ကြရကြောင်း ယင်းမြို့ခံတချို့ထံမှ သိရသည်။

“ ကလေးတွေက ၁၀ နှစ် ၁၁ နှစ် အရွယ်တွေပါ ၊ အရေအတွက်ကတော့ ၁၀၀ လောက်ရှိမယ်၊ တရုတ်ကျောင်း ပိတ်လို့ ရွာပြန်ကြတာ၊ UWSA “ ၀ ” အဖွဲ့က ၀တ်တဲ့ ၀တ်စုံတွေ ၀တ်ထားတာ တွေ့တယ် ” ဟု ဆီဟုတ်ရွာမှ ကိုအိုက်ချန် က ပြောသည်။

အဆိုပါ ကျောင်းသားကျောင်းသူ (၁၀၀) ဦးခန့်သည် ၀မ်ဟုန်ဒေသမှ တရုတ်ကျောင်းလာတက်နေသူများဖြစ် ကြောင်း၊ ကျောင်း (၁) လခန့် ပိတ်သဖြင့် ၀မ်ဟုန်ဒေသသို့ ပြန်ကြခြင်းဖြစ်ကြောင်း၊လက်မောင်း တံဆိပ်မပါသော “ ၀ ” ယူနီဖောင်း ၀တ်မှသာ အိမ်ပြန်ခွင့် ပြုမည်ဟု UWSA “ ၀ ” ခေါင်းဆောင်ပိုင်းမှ ညွှန်ကြားထား သဖြင့် ယခုကဲ့သို့ ၀တ်ဆင်ရခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောကြားသွားသည်။

တရုတ်စာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများအား ၀မ်ဟုန်ဒေသသို့ တီအီး (၆) ဘီး စစ်စိမ်းရောင် ယာဉ် (၂) စီးဖြင့် ခေါ်ဆောင်သွားကြောင်း ယင်းကျောင်းမှ ဆရာမ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

တရုတ်- မြန်မာ နယ်စပ်ရှိ တိုင်းရင်းသားအရေးလေ့လာသူ အလွတ်သတင်း ထောက်တစ်ဦးက “ တရုတ်က “၀” အပေါ် ဘယ်လောက်ထိ လွှမ်းမိုးမှုရှိတယ် ဆိုတာ ပညာရေးကစပြီး သက်သေပြနေတာပဲ၊ တရုတ်စာသင်ပြီး တရုတ် စကားပဲ ပြောတတ်တယ်၊ ဒီ “၀” ကလေးတွေဟာ သူတို့ကိုယ်သူတို့ တရုတ် တွေလို့ပဲ ထင်တော့မှာပဲ လေ ”

“၀” ကလေးတွေဟာ မြန်မာပြည်ထဲက အခြားသော တိုင်းရင်းသားတွေနဲ့ ထိတွေ့ခွင့် မရဘူး၊ ဒီတော့ သူတို့ဆီမှာ တရုတ်ရဲ့ အငွေ့အသက်တွေပဲ လွှမ်းမိုးနေမှာပဲလေ၊ အခုလို ဘာမှ မသိသေးတဲ့ ကလေးတွေကို UWSA “ ၀ ” အဖွဲ့အနေနဲ့ ယူနီဖောင်းဝတ်ပြီး ပြန်ခိုင်းတယ်ဆိုတာ ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ် ကန့်သတ်တာပဲလေဗျာ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ ဦးနှောက်ထဲမှာ UWSA “ ၀ ” အဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် အရိုးစွဲသွားမှာပဲ စိုးရိမ်မိပါတယ်၊ နောင်ဆိုရင် သူတို့ဟာ UWSA “ ၀ ” လိုပဲ မြန်မာနိုင်ငံဆို တာထက် တရုတ်နိုင်ငံကို ပိုပြီး မှီခိုသွားနိုင်တယ်လေ ” ဟု သုံးသပ် ပြောကြားသွားခဲ့သည်။

Shan News 

ပလောင်သူပုန်များ အစေးခြစ်ပြီးသား ဘိန်းခင်းများနှင့် မအောင်မြင်သည့် ဘိန်းခင်းများဖျက်ဆီးပြကာ မီဒီယာအချို့မှ ပုံကြီးချဲု့နေ







တအာင်းဒေသအတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) က အစေး ချစ်ပြီးသားဘိန်းစိုက်ခင်းတွေကို ယောင်ပြလိုက်လံ ဖျက်ဆီးနေ ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း/ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် မန်တုံမြို့နယ်အတွင်း ကျေးရွာတွေမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းတွေအနက် အသုံးမ၀င် မအောင်မြင်တဲ့ဘိန်းခင်းများကို တီအန်အယ်လ်အေက ဇန်န၀ါရီ ၁၅ ရက်နေ့ကစပြီး လိုက်လံ ဖျက်ဆီးနေတာပါ။

ပြီးခဲ့တဲ့နှစ် တိုင်းဒေသအတွင်းမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်း ဧကပေါင်း ၃၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တီအန်အယ်လ်အေ တပ်မတော်က စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားဟိုးပ္လါင်က ပြောပါတယ်။တကယ်တော့ အစေးခြစ်ပြီးသားအခင်းကိုဖျက်တာဘာမှမထူးပါဘူး။

၂၀၁၃ ခုနှစ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ၅၁ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့
အခမ်းအနားမှာ လူထုပရိသတ်ရှေ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ဒါကလည်း လှည့်စားမှုပါ နိုင်ငံတကာပုံရိပ်မှာ ရပ်တည်လို့ရအောင် လုပ်ပြနေတာပါ။ မန်တုံကဒေသ ခံတစ်ဦးကပြောပြပါတယ် ၊

မြန်မာနိုင်ငံမှာ အစိုးရက ၁၉၉၉ ခုနှစ်ကနေ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ချမှတ်ထားပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အောင်မြင်မှုမရသေးတဲ့အတွက် လာမယ့် ၂၀၁၉ ခုနှစ်အထိ နောက်ထပ် ၅ နှစ် တိုးချဲ့သတ်မှတ်ထားတယ်လို့ အစိုးရထိပ်တန်း အရာရှိတဦးက နိုင်ငံတကာ ကွန်ဖရင့်တခုမှာ ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ ဘိန်း ဒုတိယအများဆုံး စိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် 
ကုလသမဂ္ဂက သတ်မှတ်ခံထားပါတယ်။ အဓိက ဘိန်းစိုက်ပျိုးမှု မပပျောက်သေးတာဟာပြည်တွင်း
လက်နက်ကိုင်များ ၄င်းတို့ အဖွဲ့အစည်းဆက်ကလ်ရပ်တည်ရေး ခေါင်းဆောင်ပိုင်းများ လောဘယမက်ကြီး
လာခြင်း အိမ်နီးခြင်းနိုင်ငံများ၏ ဒုစရိုက်ဂိုဏ်းများဖြင့် ဆက်သွယ်မှုရရှိလာခြင်းအဓိက
ကတော့ဗျာ သောင်းကျန်းသူတွေ လက်နက် ခဲယမ်းဘာနဲ့နယ်လည်းစိစစ်လိုက်ရင် အဖြေရျင်းနေပါတယ်။

ခုလဲ ပလောင်သူပုန်က ဖျက်ပြီးသားဘိန်းခင်းနဲ့ မအောင်မြင်တဲ့ ယောင်ပြဘိန်းခင်းကို
ယောင်ပြဖျက်ပြနေတာပါ။ဘိန်းစိုက်ပျိုး သူတွေ ဟာ ယောင်ပြ အဖျက်ပြဘို့ ဖျက်ဆီးခံ စိုက်ခင်းများကို 
သီးသန့် စိုက်ပျိုးထား ရတယ်လို့ မန်တုံဒေသခံ တရုတ်လူမျိုးတစ်ဦးမှ ပြောပြပါသည်။
အောက်ကပုံတွေကိုသေချာကြည့်ပါ အစေးချစ်ပြီးသားအပင်များသာဖြစ် ပါတယ်။ 
ဂျာနယ် မီဒီယာမှာ လိမ်လည်ဖော်ပြနေတာပါ။ တအောင်းပလောင် ထဲမှာတောင် ဘိန်းဆွဲနေသူများရှိပါတယ်။

"ဝ" သောင်းကျန်းသူတို့၏ မျက်လှည့်ပြကွက်များ


wa -


Myanmar Express

ဝ ဒေသ မူးယစ်ဆေးဝါး ပပျောက်ရေး၏ နောက်ကွယ် (ပေးစာ -၂၂)

“၀” ဒေသကပေးပို့လာတဲ့ စာလေးတစ်စောင်ပါ။ “၀“ အဖွဲ့ရဲ့နောက်ကွယ်က မျက်လှည့်ပြလုပ်ကွက်လေးတစ်ခုဖြစ်ပြီးတော့.. လူသားမျိုးတုန်း မူးယစ်ဆေးဝါတွေနဲ့ကြီးပွားချမ်းသားနေတဲ့ uwsa ရဲ့ မကောင်းမူလုပ်ငန်းတွေကို အများသိရှိရအာင်အစ်ကို တို့ရဲ့ဆိုဒ်လေးမှာတင်ပေးစေချင်ပါတယ်ခင်ဗျာ.............

ခင်မင်လေးစားစွာဖြင့်


WA DRUG



Myanmar Express