Subscribe to our RSS Feed

နိုင်ငံခြားသား သမ္မတဖြစ်ရေး ဦးတည်ချက်ဖြင့် ဒေါ်စု ရန်ကုန်တွင်ဟောပြောသည့်နေ့တွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ချုံခိုတိုက် ၍ မြန်မာတိုင်းရင်းသား ၄ ဦးသေဆုံး

ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်မှ ၎င်း နိုင်ငံခြားသားနှင့် ဆွေမျိုးတော်သူများ သမ္မတဖြစ်ရေး ရည်ရွယ်ချက်၏ ပထမဆုံး အတားအဆီးဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲလုပ်နေစဉ်မှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် နိုင်ငံခြားသား များ၏ ချောင်းမြောင်းလုပ်ကြံမှုကြောင့် မြန်မာတိုင်းရင်းသား ၄ ဦး သေဆုံးကာ ၂ ဦးပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဖက်နိုင်
ငံမှ RSO သောင်းကျန်းသူများက မြန်မာ
နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ချုံခိုပစ်ခတ်မှုကြောင့်
 မေ ၁၇ ရက် နံနက်ပိုင်းတွင် ထပ်မံပစ်ခတ်
မှုဖြစ်ပွားခဲ့ပြီး မြန်မာနယ်ခြားစောင့်တပ်မှ

လေးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ နှစ်ဦးပျောက်ဆုံးနေကြောင်း မောင်တောမြို့မရဲစခန်းမှ သတင်းရရှိသည်။

ချုံခိုပစ်ခတ်ခံရသည့်နေရာမှာ မှတ်တိုင် ၅၂ နှင့် နတ်ရေကန်ကြားတွင်ဖြစ်ပြီး တစ်ဖက်နိုင်ငံမှ RSO သောင်းကျန်းသူ အင်အား ၄ဝ ခန့်က မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အင်အား စုစုပေါင်းရှစ်ဦးပါ ကင်းအဖွဲ့အား လက်နက်ငယ်များဖြင့် စောင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သောကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေ ၁၇ ရက် နံနက် ၉ နာရီ အချိန်ခန့်တွင် နယ်မြေ ၁ နယ်စပ် မှတ်တိုင် ၅၃ ရဲကင်းစခန်းမှ ကင်းစခန်းမှူး ဒုရဲအုပ်နွေဦးမောင် ဦးစီးအင်အား လေးဦးသည် ဗန္ဓုလစခန်းသို့ ထွက်ခွာလာခဲ့ရာ မှတ်တိုင် ၅၂ ကင်းစခန်းသို့ နံနက် ၉နာရီ ၂ဝ တွင် ရောက်ရှိပြီး  မှတ်တိုင် ၅၂ ကင်းစခန်းမှ တပ်ဖွဲ့ဝင် လေးဦးကို ခေါ်ယူ၍ စုစုပေါင်း အင်အားရှစ်ဦးဖြင့် နယ်စပ်ခြံစည်း ရိုးလမ်းတစ်လျှောက် ဗန္ဓုလကျေးရွာဘက်သို့ လာစဉ် တစ်ဖက်နိုင်ငံမှ သောင်းကျန်းသူ လက်နက်ကိုင်များ ပုန်းခို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာသို့ နယ်စပ်ရှေ့တန်း တာဝန်ထမ်းဆောင်နေသော ခမရ (၃၅၂)၏ တပ်စိတ်မှ ချီတက်ရှင်းလင်းခဲ့ရာ ဒဏ်ရာဖြင့် ဒုရဲအုပ် နွေဦးမောင်အား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းနှင့်  အဆိုပါ အကြမ်းဖက်အဖွဲ့မှ ကျဆုံးမှုစာရင်းအား မသိရှိရသေးကြောင်းနှင့် သောင်းကျန်းသူအဖွဲ့မှာ တစ်ဖက်နယ်စပ်သို့ ဝင်ရောက်သွားခဲ့ကြကြောင်း သတင်းရရှိသည်။

ပစ်ခတ်မှုမှာ နံနက် ၁ဝ နာရီခန့်တွင် ပြီးဆုံးခဲ့ပြီး ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်မှ ဒုရဲအုပ်နွေဦးမောင် ဝဲဘက်ခါး ဖောက်ထွက်ဒဏ်ရာရရှိခဲ့ကာ ရဲတပ်သားလေးဦး ကျဆုံးခဲ့ကြောင်းနှင့် ရဲတပ်သားနှစ်ဦးမှာ MA 11 အမျိုးအစား သေနတ်ဖြင့် ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ကျဆုံးသွာသည့် တပ်ဖွဲ့ဝင်များမှာ သီဟအောင်၊ လှမင်းထက်၊ ဝင်းမင်းထွေးနှင့် နေလင်းဦးတို့ဖြစ်ပြီး ပျောက်ဆုံးနေသူနှစ်ဦးမှာ ဝေလင်းဦးနှင့် ဧရာမောင်တို့ဖြစ်ကြောင်း သိရသည်။

“ ပစ်ခတ်မှုဖြစ်တာကို ကြားသိရပါတယ်။ အသေအပျောက်ကို အတည်မပြုနိုင်သေးပါဘူး။ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အတည်ပြုနိုင်မှာ ဖြစ်ပါတယ်” ဟု မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေသန်းက မေ ၁၇ ရက် ညနေ ၈ နာရီ ၁ဝ မိနစ် အချိန်တွင် ပြောသည်။ လက်ရှိတွင် သက်ဆိုင်ရာမှ နယ်မြေအား ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

မေ ၁၃ ရက် နံနက်ပိုင်းကလည်း မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား မှတ်တိုင် (၃၈/၃၉) ကြားတွင် မြန်မာနယ်စပ် ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာခဲ့သည့် (RSO) သောင်းကျန်းသူများနှင့် မြန်မာနိုင်ငံဘက်မှ လှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တိုးကာ တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန်လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group




.. www.MyanmarExpress.net
 

4 comments:

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဟောပြောပွဲနဲ့ ရခိုင်က ပစ်ခတ်တာ ဘာပတ်သက်နေလို့လဲ။ ရခိုင်မှာ ဘယ်အစိုးရ အုပ်ချုပ်နေတာလဲ။ အုပ်ချုပ်သူကို တိုက်ရိုက်မပြောဘဲ မသက်ဆိုင်သူကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် မလုပ်ပါနဲ့။ ရခိုင်ကနေ လွှတ်တော်ထဲရောက်နေတဲ့ ရိုဟင်ဂျာ အမတ်တွေက မြှောက်ထိုးပင့်ကော်လုပ်နေလို့ ဒီလိုပစ်ခတ်မှုတွေဖြစ်နေတာကော မဖြစ်နိုင်ဘူးလား။ အဲဒီအမတ်တွေ လွှတ်တော်ထဲရောက်အောင် ကြံ့ဖွတ် ပါတီက ဆွဲသွင်းခဲ့လို့ ခုတော့ မရှူ နိုင် မကယ်နိုင် ဖြစ်နေပြီမဟုတ်လား။ ဒါတွေကို မျက်ကွယ်ပြုနေတဲ့ မင်းတို့ ကောင်တွေလည်း တစ်ဂိုဏ်းထဲတွေပဲ။

ကျဆုံးသွာသည့် တပ်ဖွဲ့ဝင်များမှာ သီဟအောင်၊ လှမင်းထက်၊ ဝင်းမင်းထွေးနှင့် နေလင်းဦးတို့ဖြစ်ပြီး ပျောက်ဆုံးနေသူနှစ်ဦးမှာ ဝေလင်းဦးနှင့် ဧရာမောင်တို့ဖြစ်ကြောင်း သိရသည်။
Are the casualties Rakhine?

ရို ဟင် ဂျာ မိ လျင် သတ် ပစ်

တိုင်း ပြည် နဲ့ လူ မိုး အ တွက်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်