Subscribe to our RSS Feed

ဘင်္ဂလီရိုဟင်ဂျာများနှင့် Al Qaeda၊ မြန်မာတိုင်းရင်းသား လက်နက်ကိုင်များနှင့် အဆက်အသွယ်ရှိခြင်း

From : .. Voice of James Mint


အကျဉ်းရုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိအားပေးမှုကြောင့် ARNO ဟာ သူတို့အဖွဲ့အစည်းနေရာအား ကရင်နီအဖွဲ့အစည်းဖြစ်သော KNPP ထိမ်းချုပ်ထားသည့် ထိုင်း - မြန်မာနယ်မြေအတွင်းသို့ ပြောင်းရွှေ့ရန်အတွက် ၂၀၀၂ သြဂုတ်လနှောင်းပိုင်းမှာ ဆက်သွယ်ခဲ့ပါတယ်..... မြန်မာထောက်လှမ်းရေးဘက်က အစီရင်ခံစာအရ ARNO ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ လှုပ်ရှားနေတဲ့ Democratic Alliance of Burma နဲ့ အဖွဲ့ဝင်ဖြစ်ရန် ကြိုးပန်းခဲ့ပါတယ်......
KNPP ဟာ ARNO ရဲ့ ဆက်သွယ်ချက်ကို ငြင်းပယ်ခဲ့တာကို ကြေငြာခဲ့ပါတယ်..... DAB ဟာလည်းပဲ ARNO ရဲ့ အဖွဲ့ဝင်အဖြစ် လျှောက်လွှာအား ငြင်းပယ်ခဲ့ပြီး စာရွက်စာတန်းများအရ စစ်ရေးမဟာမိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်..... ARNO ဥက္ကဌ Nuru Islam ဟာ အမေရိကန်ဗီဇာအား ဆော်ဒီအာရေးဗျဘက်မှ လှည်ပါတ် လျှောက်ထားခြင်းဖြင့် ရယူခဲ့တယ်လို့ မြန်မာဘက်ကလည်း သတင်းပို့ပါတယ်..... အဆိုပါ ကိစ္စမှာ မြန်မာပြည်ဘက်က အစီရင်ခံစာဟာ ဖြစ်နိုင်ချေရှိပါတယ်.... သူ့ရဲ့ ရည်ရွယ်ချက်ဟာ ၎င်းတို့ ARNO နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာသောင်းကျန်းသူများအား ပံ့ပိုးနေသည့် Al Qaeda နဲ့ အဆက်အသွယ် ရယူရန် ရည်ရွယ်ရင်း ဖြစ်နိုင်ပါတယ်.....

အောက်ပါ အကြောင်းအရာများဟာ မြန်မာထောက်လှန်ရေးရဲ့ ARNO အပေါ်တွင် ရေးသားထားသည့် သတင်းပို့ချက်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်..... အပြင်ပန်းအားဖြင့် မကြားသေးခင်က ရှင်းလင်းခဲ့သည့် မြန်မာပြည်အခြေစိုက် ARNO အပေါ်တွင် ရေးသားထားသည့် သတင်းပို့ချက်မှ ကောက်နှုတ်ချက် ဖြစ်ပါတယ်..... အပြင်ပန်းအားဖြင့် မကြာသေးခင်က ရှင်းလင်းခဲ့သည့် မြန်မာပြည်အခြေစိုက် ARNO နှင့် Al Qaeda အဖွဲ့အစည်းတို့က လက်မခံနိုင်သည့် ဆက်သွယ်မှု သတင်းပေးပို့ချက်အား ဗိုလ်မှူးချုပ် ကျော်သိန်းမှ အောက်တိုဘာ ၇ ရက်တွင် ပေးပို့ခဲ့ပါတယ်..... ဗိုလ်မှူးချုပ် ကျော်သိန်း အဆိုအရ ARNO နဲ့ Al Qaeda ဟာ အဆက်အသွယ်ရှိပြီး ARNO အခြေစိုက် စခန်းအားလုံးဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်မှာ ရှိပါတယ်......

ARNO သမိုင်းကျောင်းနောက်ခံ နောက်ဆုံးအခြေအနေ (စက်တင်ဘာ ၂၀၀၂ ခုနှစ်အထိ) အား ရှင်းပြရလျင် မွတ်စလင် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ကြသည့် စည်းလုံးညီညွတ်သော ရိုဟင်ဂျာ အဖွဲ့အစည်း (RSO)၊ အာရကန် ရိုဟင်ဂျာ အစ္စလာမ်မစ် တပ်ဦး နဲ့ Hak-Kavt အဖွဲ့အစ်ညးတို့ ပူးပေါင်းပြီး ၁၉၉၈ အောက်တိုဘာ ၂၈ ရက်နေ့မှာ ရိုဟင်ဂျာ အမျိုးသားကောင်စီ (RNC) ကို ဖွဲ့စည်းခဲ့ပါတယ်......

RNC ဟာ အာရကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်..... အားလုံးသော လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများကို ပူးပေါင်းပြီး ရိုဟင်ဂျာ လွတ်လပ်ရေးတပ်မတော် (RLA) ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်..... မြန်မာပြည် ပြင်ပရှိ မွတ်စလင် အဖွဲ့အစည်းများ ဖိအားကြောင့် အမျိုးမျိုး ကွဲပြားနေသော ရိုဟင်ဂျာ သောင်းကျန်းသူများအား စုစည်ပြီး အဖွဲ့အစည်းတစ်ခု အောက်မှာ ထားရှိရန် ရည်ရွယ်ချက်နဲ့ ARNO ကို ဖွဲ့စည်းခဲ့ပါတယ်.....

ARNO ရုံးချုပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းရှိ ဂျုမခါ ရပ်ကွက်၊ ဂျုမခါလမ်း၊ အိမ်နံပါတ် (၃၀) မှာ ဖွင့်လှစ်ထားပါတယ်.... သူတို့ စခန်းတွေကတော့ Zai-Lar-Saw-Ri HQ camp--map reference (PG-2916), Daw-Maw-Sri camp--map reference (P6-0537) and Kyar-Laung-Taik camp--map ref r n (PG - 2026) မှာ အခြေချ တည်ရှိပါတယ်..... ARNO အဖွဲ့အစည်းဟာ ခန့်မှန်းခြေအားဖြင့် သောင်းကျန်းသူ ၂၀၀ ခန့် အင်းအားရှိပြီး ၁၇၀ ခန့်ဟာ အမျိုးမျိုးသော လက်နက်တွေ တပ်ဆင်ထားပါတယ်..... ARNO ဗဟိုကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းထားပါတယ်.....

- ဥက္ကဌ- စစ်ရေး တာဝန်ခံ

- အတွင်းရေးမှူး

- လက်ထောက် အတွင်းရေးမှူး၊ စစ်တကောင်း ရုံးတာဝန်ခံ

- ဗဟိုကော်မတီ အဖွဲ့ဝင်၊ လက်ထောက် စစ်ရေးတာဝန်ခံ

- ဗဟိုကော်မတီ အဖွဲ့ဝင်- နိုင်ငံခြားရေးရာ ဆက်ဆံရေး တာဝန်ခံ

- တိုင်းတပါး ထောက်ပံ့ငွေများများ ရရှိရေး ဦးဆောင်သူ

- မလေးရှားနိုင်ငံအတွက် ကိုယ်စားလှယ်

- ကော့ဘဇာ စည်းရုံးရေး တာဝန်ခံ

- ငွေရေး ကြေးရေးဆိုင်ရာ အရာရှိ

- ဆက်ဆံရေး အရာရှိ- အကြံပေး

- စခန်းအုပ်ချုပ်သူ အရာရှိ (Zai-La-Saw-Ri Camp)

- ဒုတိယ စခန်းအုပ်ချုပ်သူ အရာရှိ

- စခန်းအုပ်ချုပ်သူ အရာရှိ (Daw-Maw-Sri Camp)

- စခန်းအုပ်ချုပ်သူ အရာရှိ (Kya-Long-Taik Camp)

ARNO အဖွဲ့ဝင် ၅ ဦးဟာ တာလီဘန်ခေါင်းဆောင် Osma Bin Laden နဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်.... အဆိုပါ GOB မှ ဆက်လက်စုံစမ်းလေ့လာဆဲဖြစ်တဲ့ အဖွဲ့ဝင် ၅ ဦးဟာ Al Qaeda ကိုယ်စားလှယ်နဲကအတူ ၁၅ မေ ၂၀၀၀ မှာ အဆင့်မြင့် အရာရှိသင်တန်းအား တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ဇွန်လ ၂၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်..... အဆိုပါ သင်တန်း တက်ရောက်နေစဉ်အတွင်း နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အချက်အလက်များ၊ လက်နက်၊ ခဲယမ်း မီးကျောက်များနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို Osma Bin Laden နဲ့ ဆွေးနွေးခဲ့ပါတယ်....... တာလီဘန် အဖွဲ့အစည်းမှ မိုဟာမက် အာဂျူးတိုင်ဒါနဲ့ မိုဟာမက် ရာရှိတ်အာမာဒါစီတို့လည်း အဲ့ဒိ အစည်းအဝေးမှာ တက်ရောက်ခဲ့ပါတယ်....

ARNO အဖွဲ့ဝင် ၁၉ ဦးဟာ လစ်ဗျားနဲ့ အာဖဂန်နစ္စတန်မှာ ၂၀၀၁ သြဂုတ်လမှာ ပြုလုပ်ခဲ့တဲ့ ပြောက်ကျား သင်တန်း၊ အမျိုးမျိုးသော ဖောက်ခွဲရေး သင်တန်း၊ လက်နက်ကြီး သင်တန်းတွေကို တက်ရောက်ရန် ရွေးချယ်ခံခဲ့ရပါတယ်..... အဲ့ဒိ အဖွဲ့ဝင်တွေထဲက ၁၃ ယောက်ဟာ ဖောက်ခွဲရေးနဲ့ လက်နက်ကြီးသင်တန်းများမှာ ပူးပေါင်း တက်ရောက်ခဲ့ပါတယ်...... Zai-La-Saw-Ri စခန်းမှာရှိတဲ့ ARNO ရုံးချုပ်ကို တာလီဘန် အဖွဲ့ဝင်များဖြစ်တဲ့ အယ်ဟာဆက်နဲ့ အယ်ဂျာဟစ်တို့ဟာ ၂၀၀၁ နိုဝင်ဘာ ၂ ရက်နေ့မှာ RSO ရဲ့ Kann-Grat-Chaung စခန်းကနေ ရောက်ရှိခဲ့ပါတယ်......

သူတို့ဟာ ဥက္ကဌ Nuru Isla၊ အတွင်းရေးမှူး ဇဖာအာမက်၊ စစ်ဆင်ရေး အကြီးအမှူး ဖာရော့အာမက် အစရှိတဲ့ အဖွဲ့ဝင်များနဲ့ တွေ့ဆုံခဲ့ပြီး RSO နဲ့ ARNO ကို ပြန်လည်ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပါတယ်..... ထိုမှတစ်ဆင့် ARNO / RSO နဲ့ တာလီဘန် အဖွဲ့အစည်းတို့ဟာ ၂၀၀၁ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ရန် ရည်ရွယ်ခဲ့ပါတယ်.... ARNO ဥက္ကဌ Nuru Islam ဟာ ARIF နဲ့ RSO တို့ဟာ ARNO ရဲ့ ပူးပေါင်းအဖွဲ့ဝင်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် သဘောတူခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်...... သို့သော်လည်း RSO မှ မူလာဒီမာဟာ အဆိုပါ ပူးပေါင်းခြင်းအား သဘောမတူခဲ့ပဲ ၎င်း၏ နောက်လိုက် နောက်ပါများနဲ့ ခွဲထွက်သွားခဲ့ပါတယ်......

တိုင်းတပါး အဆက်အသွယ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှ ဘာဒါဘန်၊ GOB မှ စုံစမ်းဆဲဖြစ်တဲ့ ဟာဆာအာမက်နဲ့ နိုင်ငံခြားသား ၂ ယောက်တို့ဟာ Zai-La-Saw-Ri စခန်းရှိ ARNO ရုံးချုပ်သို့ သွားရောက်ခဲ့ပြီး Salein တပ်သားများ၏ အကြီးအကဲ စစ်ရေးလှုပ်ရှားမှု တာဝန်ခံနှင့် တွေ့ဆုံခဲ့ပါတယ်...... သူတို့ဟာ အောက်ပါအချက်အလက်များကို စုံစမ်းခဲ့ပါတယ်....

- ARNO အား ဖွဲ့စည်းခဲ့သည် ခုနှစ်၊ လ၊ ရက်

- သဘောထားနှင့် ရည်ရွယ်ချက်

- မြန်မာပြည်မှ ARNO ခွဲထွက်ခဲ့သည့်နှစ်

- လက်ရှိ စစ်သည်အင်အား

- လက်နက်အမျိုးအစားနှင့် အရည်အသွေး

- ပြည်မမှ ခွဲထွက်ပြီး လွတ်လပ်သော ရခိုင်ပြည်နယ် တည်ဆောက်ရန် သို့မဟုတ် ဒီမိုကရေစီ တောင်းဆိုရန် ဟုတ်၊ မဟုတ်

- ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာအစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းစာရင်း

- အဆိုပါ အဖွဲ့အစည်းများတွင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သည့် အဖွဲ့အစည်းများအား ခွဲခြားဖော်ပြရန်

- လိုအပ်သည့် ရံပုံငွေနှင့် ရံပုံငွေ ထောက်ပံ့နေသည့် နိုင်ငံများ

- လက်ရှိ ငွေရေးကြေးရေး အခြေအနေ

ARNO ဒုတိယဥက္ကဌ ဖာရော့အာမက်ဟာ ထိုင်းအခြေစိုက် သောင်းကျန်သူခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်.... ၂၀၀၂ သြဂုတ်လ ၂၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကနေ ဘန်ကောက် ချင်းမိုင်မှတစ်ဆင့် ရောက်ရှိလာတဲ့ ဖာရော့အာမက်နဲ့ အတူတူပါဝင်လာတဲ့ ညီညွတ်သော အာရကန်ပါတီ (NUPA) မှ ဦးမောင်လူကြီးလည်း တောက်လျှောက် ပါခဲ့ပါတယ်..... အဲ့ဒိနောက်မှာ DAB အေးဆောင်ရ့ မိန်းမ အင်္ဂလိပ်အမျိုးသမီး ပိုက်ပါကာရန်ရဲ့ ကူညီမှုနဲ့ မြန်မာနယ်စပ် အဖွဲ့အစည်းများမှတစ်ဆင့် KNPP ခေါင်းဆောင်များဖြစ်ကြတဲ့ ဒုတိယဥက္ကဌ ဦးအောင်သာလေး၊ အထွေထွေအတွင်းရေးမှူး ဦးရေမွန်ထူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခါရယ်၊ စစ်တပ်အကြီးအမှူး အောင်မြတ်တို့နဲ့ စကားပြောဆိုခဲ့ပါတယ်.....

ဖာရော့အာမက်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ARNO ကို ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာရန် ပြောလာတဲ့အတွက် ၎င်းတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဆက်နေထိုင်ဖို့ မဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်..... အမေရိကန်နဲ့ အခြားသော အဖွဲ့အစည်းများမှလည်း Al Qaeda အဖွဲ့အစည်းများနဲ့ ၎င်းတို့ ဆက်ဆံမှုဖြစ်စဉ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်...... ဒါကြောင့် KNPP ပိုင်နက်အတွင်း သင့်တော်တဲ့နေရာမှာ စခန်းဖွင့်ခွင့်ပြုရန် တောင်းဆိုခဲ့ပြီးတော့ ထိုင်းနိုင်ငံဟာ ၎င်းတို့အတွက် အလွန်သင့်တော်တဲ့ နိုင်ငံဖြစ်ကြောင်း ပြောခဲ့ပါတယ်......

ဖာရော့အာမက်ဟာ ပလောင်လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့မှ အတွင်းရေးမှူး မေအိုက်ဖုန်၊ ပအို့ဝ် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့အစည်း (PPLO) ဥက္ကဌ ဦးခွန်ဥက္ကာ၊ လားဟူ အမျိုးသားအုပ်စုမှ ဦးအေးမောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်..... ထပ်မံပြီး ၎င်းမှ ARNO အဖွဲ့ရဲ့ ခက်ခဲတဲ့ အခြေအနေကို VOA, BBC နဲ့ RFA သတင်းမီဒီယာများ၊ ထိုင်းနိုင်ငံရှိ NGO အဖွဲ့အစည်းများနဲ့ ချင်းအမျိုးသားများ တပ်ဦး (CNF) မှ ရွှေခါးတို့နဲက ဆွေးနွေးခဲ့ပါတယ်..... သူဟာ မဲဆောက်ကိုချင်းမိုင်ကနေ စက်တင်ဘာလ ၅ ရက်နေ့မှာ KNU ရုံးချုပ်ကို သွားရောက်ခဲ့ပြီး ဒုတိယဥက္ကဌ ဗိုလ်မြ၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာနဲ့ တာမလာဘောတို့နဲ့လည်း စကားပြောခဲ့ပါတယ်.....

အထက်ပါအကြောင်းအရာများနဲ့ ပါတ်သက်ပြီး ARNO အနေနဲ့ DAB အဖွဲ့ဝင်အဖြစ် ဖြစ်နိုင်ချေ ရှိမရှိကို ဖာရော့အာမက်ဟာ KNU နဲ့ ဆွေးနွေးခဲ့ပါတယ်..... ARNO ရဲ့ DAB အဖွဲ့ဝင် လျှောက်လွှာကို အာရကန် ဒီမိုကရက်တစ်ပါတီ (DPA) မှ အောင်စိန်သာ၊ အာရကန် လွတ်မြောက်ရေးပါတီ (ALP) မှ ခိုင်စိုးအောင်တို့က သဘောမတူပဲ ကန့်ကွက်ခဲ့ပါတယ်.....
ခိုင်စိုးအောင်နဲ့ အောင်စိန်သာ နှစ်ဦးအနေနဲ့ ၎င်းတို့ အဆိုပြုချက်အား ရိုဟင်ဂျာလူမျိုးများဟာ ရခိုင်တိုင်းရင်းသားများ မဟုတ်ကြောင်း၊ လူမျိုးစု တစ်ခုအနေဖြင့်လည်း လက်မခံနိုင်ကြောင်းကို အခြေခံ၍ ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်..... ဒါကြောင့် DAB အနေနဲ့ ARNO အား အဖွဲ့ဝင်အဖြစ် လက်မခံပဲ စစ်ရေး မဟာမိတ်အနေနဲ့သာ လက်ခံခဲ့တယ်လို့ ယူဆရပါတယ်....

ဖာရော့အာမက် အဆိုအရ ARNO စစ်ရေးတာဝန်ခံ ဆလမ်းအူလာဟာ Al Qaeda နဲ့ အဆက်အသွယ်ရှိပြီး၊ ARNO တပ်သားအချို့ဟာလည်း အာဖဂန်မှာရှိတဲ့ တာလီဘန်တွေနဲ့ ပူးပေါင်းပြိး အမေရိကန်ကို တိုက်ခိုက်ခဲ့စဉ်အတွင်း အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်..... အဆိုပါ ARNO တပ်သားတွေကို ပါကစ္စတန် ကရာချိမြို့မှာရှိတဲ့ ရိုဟင်ဂျာ အုပ်စုကနေတစ်ဆင့် အာဖဂန်ကို ပို့ဆောင်ခဲ့ပါတယ်....

ပါကစ္စတန်၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ UAE၊ ပါလက်စတိုင်းနဲ့ သြစတေးလျတို့မှာ ရိုဟင်ဂျာအုပ်စုများအနေနဲ့ ရှိနေပါတယ်.... ဥက္ကဌ Nuru Islam ဟာ ဆော်ဒီအာရေဗျ နိုင်ငံသားအနေနဲ့ အမေရိကန်နိုင်ငံကို ခရီးတို သွားခွင့်ဖီဇာ ရခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကနေ ဆော်ဒီအာရေဗျကို ထွက်ခွာသွားခဲ့ပါတယ်..... ထိုင်းနိုင်ငံမှာ နေခဲ့တဲ့ ခရီးတိုကာလအတွင်း ဖာရော့အာမက်ဟာ NCGUB နိုင်ငံခြားရေးဌာနမှ Dr. Allen၊ KNU မှ ဒေးဗစ်ထော၊ ဗမာ့ရှေ့နေကောင်စီ (BLC) မှ ဒေးဗစ်စမိုင်းတို့နဲ့ တွေ့ဆုံးခဲ့ပါတယ်..... ၎င်းဟာ သတင်းဌာနတစ်ခုရဲ့ အယ်ဒီတာအနေနဲ့ ထိုင်းနိုင်ငံကို သွားခဲ့ပြီးတော့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်.....

စင်္ကာပူမှာ ဖမ်းဆီးရမိခဲ့တဲ့ ရိုဟင်ဂျာ ဂျီဟတ်အဖွဲ့ဝင်တွေကို စစ်ဆေးခဲ့ရာမှာ ဒေသတွင်း ဝင်ရောက်စွက်ဖက် လှုပ်ရှားနေတဲ့ ရက်ဘီတာတူ မူဂျာဟစ်ဒစ် အုပ်စုရဲ့ စီစဉ်မှုနဲ့ ဖွဲ့စည်းထားတဲ့ ဂျမား အစ္စလာမ်မီးယာ (JI) ခေါင်းဆောင်တွေဟာ ဟန်ဘလီနဲ့ ဘာရှားတို့ဖြစ်ကြောင်း သိခဲ့ရပါတယ်..... ဒေသတွင်း မွတ်စလင်အဖွဲ့အစည်းများရဲ့ အဆက်အသွယ်ကနေတစ်ဆင့် တက်ကြွတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ သင်တန်းများ၊ လက်နက်ဝယ်ယူခြင်း၊ ဘဏ္ဍာရေး၊ သတင်းဖလှယ်ခြင်းများနဲ့ စစ်ရေးအကြမ်းဖက်မှု လုပ်ငန်းများမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်.....

အခြားသော ပူးပေါင်းလုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေဟာ ဂျရာကန် အာ့ခ်ျ မာဒီကာ (GAM)၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရခိုင်ရှိ အခြားအဖွဲ့အစည်း နှစ်ခုနဲ့ မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်ပါတယ်..... ARNO ဟာ Al Qaeda နဲ့ ဆက်သွယ်ရန် စတင်ခဲ့ပြီး ဧပြီ ၂၀၀၁ မှာ ARNO ရဲ့ ဗဟိုကော်မတီဝင် ၅ ဦးဟာ အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့ပါတယ်.... အခြားအနေဖြင့် Republic of Islam Aceh (RIA) နဲ့ အီဂျစ်ရှိ Jammah Jihad mesir (JJM) တို့နဲ့လည်း ARNO ဟာ ပူးပေါင်းခဲ့ပါတယ်.... ဒါကိုကြည့်ခြင်းအားဖြင့် သေးငယ်တဲ့ ရိုဟင်ဂျာအစုအဖွဲ့ဟာ မလေးရှားနိုင်ငံ ပတူဝပ်မှာ ရှိတယ်လို့ ယူဆနိုင်ပါတယ်.....

မြန်မာတွေရဲ့ သတင်းပေးပို့ချက်ဟာ ပြည့်စုံလုံလောက်သော ဖြစ်နိုင်ချေတွေ ရှိပါတယ်.... ဘင်္ဂလားဒေ့ရှ် အစိုးရဲ့ အကြံပေးချက်အရ မေလမှာ ARNO ဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ၎င်းတို့ရဲ့ စခန်းတွေကို ဖယ်ရှားခဲ့ပြီးပြီးခြင်းမှာ အာရကန်စစ်တပ်အဖွဲ့ဝင် ၁၉၅ ဦးဟာ မြန်မာပြည်ထဲကို ၎င်းတို့ဘာသာ ဝင်ရောက်ခဲ့ပါတယ်.... အခုထိတော့ ARNO ဟာ ဘင်္ဂလားဒေ့ရှ်ကနေ မပြောင်းသေးပါဘူး..... မြန်မာတွေရဲ့ အဆိုအရ ARNO နဲ့ RSO တို့ဟာ ဘင်္ဂလားဒေ့ရှ်အတွင်းရှိ စခန်း ၈ ခုကို အတူတကွ ထိမ်းသိမ်းလျက်ရှိတယ်လို့ ဆိုပါတယ်.... တကယ်လို့ မြန်မာတွေ သတင်းပေးပို့ချက်ဟာ မှန်ကန်တယ်ဆိုပင် ဆိုသော်ငြား ၎င်းတို့ လုပ်ငန်းစဉ်အတွက် စခန်းအသစ်တစ်ခု ရှာဖွေနေတာ သေခြာပါတယ်.....

မြန်မာတွေအမြင်မှာတော့ ၎င်းတို့အုပ်စု လက်နက်ကိုင်တဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်......

အဆိုပါ သတင်းပေးပို့ချက်အရ ARNO နဲ့ ထိုင်းနယ်စပ်ရှိ မြန်မာလက်နက်ကိုင် အဖွဲ့တို့ ထူးခြားသည့် ဆက်သွယ်မှုအား သတိထားစေရန် အသိပေးလျက် ရှိပါတယ်...... ဖြစ်နိုင်ချေရှိသည်မှာ ၎င်းတို့အနေဖြင့် (မြန်မာအစိုးရအား ဆိုလိုဟန်ရှိပါတယ်) အကြမ်းဖက်မှု တိုက်ဖျက်ရေးအား အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမှတ်ယူရန် မျှော်လင့်ထားခြင်း ဖြစ်နိုင်ပါတယ်......

မှတ်ချက် ။ ။ ၁၀ / ၁၀ / ၂၀၀၂ တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ မှတ်တမ်းတင်ခဲ့သည့် 02RANGOON1310 စာတန်းအား Wikileaks မှ ကူးယူ၍ ဘာသာပြန်ပါတယ်....

 
.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်