Subscribe to our RSS Feed

ဒီမိုကရေစီ နိုင်ငံတိုင်းတွင် ဆန္ဒပြလျှင် အင်အားသုံး ခံရ

From : .. mizzima


ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ လွတ်လပ်ရေး ကျောက်တိုင်၌ လူများစုဝေး၍ ဆန္ဒပြမှုကို ရပ်ဆိုင်းရန်နှင့် ဆက်လက် ဆန္ဒပြမည် ဆိုပါက အင်အားသုံး၍ ဖြေရှင်းသွားမည်ဟု ရဲဗိုလ်ချုပ် ဆွမ်ယွတ် ဖွန်ဖမ်မောင်က မေလ ၂၉ ရက်တွင် ကြေငြာလိုက်သည်။

နေစဥ့် အာဏာသိမ်း စစ်အစိုးရအား ဆန္ဒပြရန် လွပ်လပ်ရေး ကျောက်တိုင်အား ဗဟိုပြု၍ ညနေ ၄နာရီ နောက်ပိုင်း လူစု၍ ဆန္ဒပြခြင်းကို နေ့စဉ် ပြုလုပ်လျက် ရှိနေသည့် အပေါ် ရပ်ဆိုင်းရန် ပြောကြား လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် လွပ်လပ်ရေး ကျောက်တိုင်သို့ ဝင်ရောက် နိုင်မည့် အဓိက လမ်းမကြီး များကိုလည်း ပိတ်ပင် လိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ထိုင်းစံတော်ချိန် ညနေ (၄) နာရီ ခန့်မှ စ၍ ထိုင်းစစ်တပ်နှင့် ရဲအင်အား ရာဂဏန်းများစွာ ချထားပြီး လွတ်လပ်ရေး ကျောက်တိုင် ပတ်ဝန်းကျင်အား ဝင်ရောက် နေရာယူ၍ လုံခြုံရေး ယူထားပါသည်။ အချုပ်ကားပေါင်း ၁၄ စီးကျော် အဆင်သင့် စောင့်ဆိုင်းလျက် ရှိသည်။

လက်ရှိ အာဏာသိမ်း အဖွဲ့အား ဆန့်ကျင် ဆန္ဒပြရန် လှုံ့ဆော် နေသူများမှ ဆန္ဒပြသူများကို အခကြေးငွေပေး၍ ဆန္ဒပြပွဲတွင် ဝိုင်းဝန်းပါဝင်ရန် လှုံ့ဆော်မှု ပြုနေကြောင်း အာဏာသိမ်း အဖွဲ့၏ ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နတ်ထဝါဒ် ဂျန်းစရိမ်းက မေလ ၂၆ ရက် ညတွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

“ နောက်ကွယ်က နေပြီးတော့ လူထုတွေ အုံကြွမှု ဖြစ်အောင်၊ ပါဝင် ဆန္ဒပြအောင် လှုံ့ဆော် နေမှုတွေကို ကျွန်တော်တို့ စုံစမ်း သိရှိထားရ ပါတယ်၊ အခကြေးငွေ အဖြစ် ဆန္ဒပြသူ တစ်ဦးကို ထိုင်းဘတ်ငွေ ၄ဝဝ ကနေ ၁ဝဝဝ အထိ ပေးနေတာ ရှိပါတယ်၊ ရံပုံငွေ စနစ်တကျ စုဆည်းပြီး လှုံ့ဆော်မှုတွေ ပြုနေတာကို တွေ့နေရပါတယ်” ဟု ဒုတိယ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နတ်ထဝါဒ် ဂျန်းစရိမ်းက အာဏာသိမ်း အဖွဲ့အား ကိုယ်စားပြု၍ ၂၆ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

လှုံ့ဆော်သူများ အနေဖြင့် ထိုင်းနိုင်ငံတွင် ပြည်သူလူထုများ အသုံးများသည့် Facebook နှင့် LINE ကဲ့သို့သော လူမှု ကွန်ယက်များကို အသုံးပြု၍ အချင်းချင်း ချိတ်ဆက် ဆက်သွယ်ကာ ဆန္ဒပြရန် လှုံ့ဆော်မှု ပြုကြကြောင်း ဆိုသည်။

ထို့ကြောင့် ထိုင်းပြည်သူများ အနေဖြင့် အဆိုပါ လှုံ့ဆော်သူများ၏ နိုင်ငံရေး သားကောင်အဖြစ် အသုံးချ မခံရ စေရန် သတိပြုသင့်ကြောင်း ထုတ်ပြန် သတိပေးထားပြီး ဖြစ်သည်။

.. www.MyanmarExpress.net
 

1 comments:

ရု ရှား နဲ့ အ မေ ရိကန် မွေ မွေ ခြင်း ဆို တော့ ခြေ မြင် ကြ တော့ မ တိုက် ရဲ ကြ ဘူး

တရုတ် ကြိး က ပြိး ပြည့် စုံ လာ တော့ အ င်္ပါ ယာ ချဲ့ ချင် ပြိ စစ် ပွဲဆီ ဦး တည် လာ ပြိ
ဂျ ပန် နဲ့ လား ဘိ ယက်နမ် နဲ့ လား ဖိ လစ် ပိုင က တော့ အ သေး လေး ပါ
သ မိုင်း က အ ကျွေး တွေ လက် ရှိ တယ် ချဲ့ နိုင် တဲ့ ပါ ဝါ ရှိ လာ တော့
ကု လ EU သြ ဇာ မြောင်း ထဲ ရောက် တော့ မယ်
အင် အား ချိ တဲ့ မြန် မာ နိုင် ဘဲ အိမ် နိး နား ချင်း က တရုတ် ကြိး ပါ
ခိုး ချောင် ခိုး ။ှက် နယ် ချဲ့ နေ တာ က နေ
တ နေ့  ပေါ် တင် နယ် ချဲ့ ပါ လိမ့် မယ်

တ တိ ယ ကမ္ဘ္ဆာ စစ် ကြိး နီး လာ ပြိ
စစ်ုဖြစ် လျင် သွား ယင်း စား ယင်း ထိုင် နေ ယင်း နဲ့ သေ ကြ မှာ ပါ
သေ တာ တောင် သိ လိုက် မှာ မ ဟုတ် ပါ

ဒီ မှာ တော့ ဇနဖုတ် ရွာ လေး ကို သူ ကြိး လုပ်ချင် ကြ လို့ အ ရှက် မ ရှိ အာ ဏာ လု နေ ကြ လေ ရဲ့ ၅ နှစ် သက် တမ်း ကော ရောက် ပါ့ မ လား

လေ ဆာ မောင် သူ မဲ့  မိုင် တစ် သောင် ပြေး တဲ့ ဒုးံ ကျည် တ လုးံ ပစ် ဘိုက် တာ နဲ့ နိုင် ငံ တစ် နိုင် ပျက် မဲ့ လက် နက် တွေ စက် ရုပ် စစ် သား ဒါ တွေ ကိုင် နေ တဲ့ အ ချနိ မှာ
မြန် မာ နိုင် ငံ က ကော့ စ်ည် ကီူး မောင်း ပျက် ကိုင် ပြိး ဘာ လုပ် ကြ မှာ လဲ ဟင်

အ ချင်း ချင်း အာ ဏာ လု နေ ကြ တယ် ရှက် ဖွယ် လိ လိ ပါ လား
လုပ် မ နေ နဲ့ မ ကြာ ခင် ကမ္ဆာ ကြိး ပျက် တော့ မည်

ပ ခ က တာ တိး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်