Subscribe to our RSS Feed

ဒေါက်တာဆိတ်ဖွား တုန်းက ထောက်ခံခဲ့တဲ့ အမတ်များ ဒေါ်စုရဲ့ လွှတ်တော်အမတ်များအပေါ် စော်ကားမှုကိုတော့ စုံစမ်းစစ်ဆေးဖို့ အဆိုတင်မည့်သူမရှိ




 ၂၀၁၃ ခုနှစ် ဇန်နဝါရီလက လွှတ်တော် အမတ်များကို ဝေဖန်ရေးသားခဲ့သည့် အင်တာနက် ဘလော့ဂါ ဒေါက်တာဆိတ်ဖွား ဆိုသူ ကို အမတ်များက မကျေ မနပ်ဖြစ်ကာ ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးရန် အရေးကြီး အဆိုတင်သွင်းခဲ့တာကြောင့်  မဲခွဲဆုံးဖြတ်ကာ အမတ်များ၏ ထောက်ခံမှုဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖြစ်ပေါ်ခဲ့ရသည်။

၂၀၁၄ ခုနှစ် မေလ ၁၇/၁၈ ရက်များက ဒေါ်အောင်ဆန်းစုကြည်မှ လွှတ်တော်အမတ်များကို ပုပ်ခတ်ပြောဆိုမှုကို ပြုလုပ်ခဲ့ရာ မကျေနပ်သံများ တီးတိုးကြားနေရပြီး မပြောသင့်ကြောင်း ဝေဖန်မှုတွေ ရှိနေသော်လည်း မည်သည့်လွှတ်တော် အမတ်ကမှ ပြည်ထောင်စုလွှတ်တော်ကို အရေးပေါ် အဆိုတင်ပြီး အပြစ်ရှိ/မရှိ စစ်ဆေးဖို့ ကော်မရှင်ဖွဲ့တာတွေ လုပ်မည့် အသံမကြားရသေးပေ။ 

ဒေါ်အောင်ဆန်းစုကြည်မှ "လွှတ်တော်အမတ်တွေကို မေးပါ... အခြေခံဥပဒေပြင်ဖို့ ဘာလို့ သဘောမတူတာလဲ မေးပါ..." ၊ "တချို့လူတွေ (လွှတ်တော်အမတ်တွေ) က ဟိုဟာလေးတော့ ပြင်ချင်တယ်... ဒီဟာ လေးတော့ ပြင်ချင်တယ် ဆိုပြီး ပြောတယ်... သတ္တိရှိရှိပြောလိုက်... မပြင်ချင်လည်း လုံးဝ မပြင်နဲ့... အဲလိုတော့ လာမလုပ်နဲ့...."  ဆိုပြီး အမတ်များကို ဝေဖန်ထားပြီး တပ်မတော်သား လွှတ်တော် အမတ်တွေကိုလည်း "သတ္တိရှိရှိလုပ်ပါ... အာဏာမက်မောလို့.. ၊ အထူးအခွင့် အရေး မက်မောလို့...၊ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူးဆိုတာ သက်သေထူကြ... ကျွန်မစိန်ခေါ်တယ်..." ဟု ပြောဆိုခဲ့သည်။ 

ဒေါ်အောင်ဆန်း စုကြည်ရဲ့ လွှတ်တော် ကိုယ်စားလှယ်များအပေါ် စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော် အမတ်အများအပြားက အလွတ်သဘောနှင့် ဝေဖန်မှုများသာ တွေ့ရပြီး ဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌကို ဥပဒေနည်းလမ်းအရ အရေးယူဖို့နဲ့ လွှတ်တော်လမ်းကြောင်းအတိုင်း သွားဖိုမည့် အစီအစဉ် မရှိသေးကြောင်း သိရသည်။ 

ယမန်နှစ်က လွှတ်တော်အမတ်များကို ဝေဖန်ခဲ့သူ ဒေါက်တာဆိတ်ဖွားမှ လွှတ်တော်အမတ်များကို ၎င်းရေးသားတဲ့ ဘလော့မှ တရားဝင် တောင်းပန်ခဲ့သည့် အပြင် ဘလော့ရေးခြင်းကိုလည်း ရပ်နားခဲ့ရသည်။  ယခု ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်တော်အမတ်များကို တောင်းပန်သင့်ကြောင်းနဲ့ မတောင်းပန်ပါက "အခြေခံဥပဒေကို ထိန်းသိမ်းစောင့်လျှောက်ပြီး နိုင်ငံတော် ဥပဒေများကို လေးစားလိုက်နာပါမည်" ဟု ကျမ်းကျိန်ထားပြီး မလိုက်နာမှုအတွက် တာဝန်မှ ရပ်စဲသင့်ကြောင့် မြန်မာ့အရေး ကျွမ်းကျင်သူများက ပြောဆိုလျှက်ရှိပါတယ်။ 

လွှတ်တော် အမတ်များမှာ လွှတ်တော်အမတ်များကို ဝေဖန်ခဲ့သည့် ဒေါက်တာဆိတ်ဖွား အတွက် ၁၇ ဦးပါ ကော်မရှင်ဖွဲ့ စစ်ဆေးခဲ့သော်လည်း DVB၊ Eleven Media၊ မြန်မာသံတော်ဆင့် နှင့် အခြား မီဒီယာများမှ လွှတ်တော်အမတ်များကို လှောင်ပြောင်မှု၊ ဓာတ်ပုံများကို အလွဲသုံးစားလုပ်မှုနဲ့ ဝေဖန်ပြောဆိုမှုများကိုတော့ လစ်လျူရှုထားရာ လွှတ်တော်အမတ်များရဲ့ ဥပဒေက နေရာကွက်ကျား စိုးမိုးနေသည်ဟု ဝေဖန်မှုများရှိနေသည်။ ယခုနောက်ဆုံး ဥပဒေပြုရေး မဏ္ဍိုင်မှ ဥပဒေပြုသူ လွှတ်တော် အမတ်များ ကိုယ်တိုင်မှ ဥပဒေပြဌာန်းချက်များကို ဆန့်ကျင်လုပ်ဆောင်လျှက်ရှိရာ မြန်မာလူထုမှလည်း ဥပဒေပြုရေးမဏ္ဍိုင်နှင့် လွှတ်တော်အမတ်များအပေါ် ယုံကြည်မှုနည်းပါးလာကြောင်း သတင်းရရှိပါသည်။


 .. www.MyanmarExpress.net
 

4 comments:

ခွေးမ ​ဒေါ်စု နွားမ သုံးစားလို့မရဘူး ​ဆောက်​ရူးမ

တမတ်သား စစ်သားကြီးတွေ မပြတ်သားရဲဘူးဆိုရင် ထမီဝတ်နေလိုက်တော့။ မင်းတို့ကောင်တွေ ခုထိလည်းပြည်သူရဲ့ တံတွေးခွက်ထဲမှာပဲ။ ကိုယ့်ကိုယ်ကိုကယ်ဖို့ ပြည်သူ့အသံကိုနားထောင်တော့။

မဆဲကြပါနဲ့ဗျာ သူ့ဟာသူသေ တော့မှာပါ ရူးပြီး

မင်းတို့ nld က တကယ်တော့ ပြည်သူကို ချနှင်း နေတာ ငါ့သားရဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်