Subscribe to our RSS Feed

“ ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ ကျွန်တော်မမြင်ဘူး ”



ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခြင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုနေချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများ ပြုလုပ်လာခဲ့သဖြင့် ယင်းဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခဲ့သည်များအနက် အချို့ကို ကော်နုတ်ဖော်ပြပါသည်။

မေး- ဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သက်ပြီး NLD ဦးဆောင်လှုပ်ရှားမှုများလာတယ်။ အဲဒီတော့ NLD ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လူထုကိုဆွဲခေါ်လာတဲ့အပေါ်မှာ သဘောထား အမြင်လေး သိချင်ပါတယ်။

ဖြေ- ကျွန်တော်ပြောချင်တာက NLD ကလေ မရောင်ရာဆီလူး၊ သူတို့လုပ်မှ ပြင်ရတဲ့ပုံစံ။ အဲဒီအကွက်ကိုဆင်တာ။ ဒါပေမဲ့ အဲဒီအကွက်က ရိုးနေပြီဗျ။ ဘာဖြစ်လို့လဲဆိုတော့ ၄၃၆ ကို ပြင်ပေးမယ်ဆိုတာ တိုက်ရိုက်ကြီးမပြောပေမယ့်လို့ ကာချုပ်ကရော၊ ဦးသိန်းစိန်ကရော၊ ဦးရွှေမန်းကရော၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်လို့ဆိုတာပြောတယ်။ ပြင်မယ်ဆိုတာ ဥပမာဗျာ ကာချုပ်က ဘယ်လို့ပြောလဲဆိုတော့ ဥပဒေဘောင်အတွင်းက ပြင်မယ်။ နောက်ဆုံး စကားလုံးက ပြင်မယ်ပြောတယ်။ ဒါနံပါတ်တစ်။ ဦးသိန်းစိန်ကလည်း ဖွဲ့စည်းပုံကို ပြင်မယ်။ သို့သော်လည်း မလောပါနဲ့ပြောတယ်။ ဦးသိန်းစိန်ကလည်း ပြင်မယ်လို့ပဲ ပြောတာပဲ။ ဦးရွှေမန်း ကလည်း ပြင်မယ်ဆိုလို့ပြောပြီးတော့ကော်မတီတောင်ဖွဲ့ပြီးတော့မှ လုပ်နေပြီဗျ။ ၄၃၆ နဲ့ ပတ်သက်ပြီးတော့ ပြင်မယ်လို့ပြောတာနဲ့ပဲ ၄၃၆ ဂိတ်ကြီးက ဖွင့်သွားပြီ။ ၄၃၆ ဂိတ်ကြီးက ပွင့်သွားပြီဆိုမှတော့ အထဲမှာရှိတဲ့ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ စတဲ့ဟာတွေပြင်ရမှာလေ။ ၄၃၆ ပြင်မယ် လို့ပြောပြီးကတည်းက တပ်မတော်သားတွေကလည်း အကုန်လုံးကာချုပ်ရဲ့ ဆန္ဒ အတိုင်း ပြင်မှာပဲ။ ပြင်ဖို့မဲထည့်မှာပဲ။ အဲဒီတော့ ၄၃၆ ကြီးကနေ ဝင်လာမယ်။ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ အဲဒါတွေပြင်ဖို့ကတော့ အသေးစိတ်ပြင်မယ်။ ဒါကတော့ လွယ်မှာမဟုတ်ဘူး။ နည်းနည်း ခက်မယ်။ အဲဒါပဲ အရေးကြီးတယ်။ အဲဒါ ကျွန်တော်ပြောတာက သူတို့ NLD ၄၃၆ ပြင်မယ်လို့ ပြောတာသည် မရောင်ရာဆီလူး ပြောတာလို့ ကျွန်တော်ထင်တယ်။ အဲဒီတော့ အခု NLD က လူထုကိုဆွဲခေါ်တယ်။ ဘာညာဆိုပေမယ့်လို့ သန်း ၆၀ မပါဘူး။ သူတို့ကွက်ကွက်ကလေးပဲ ပါတယ်။ ကျန်တဲ့လူတွေက ကိုယ့်အလုပ်နဲ့ကိုယ် စိတ်မဝင်စားဘူး။

မေး- ဒါတွေကတစ်ခုပေါ့။ ပြီးခဲ့တဲ့ မေ ၁၇၊ ၁၈ ရက်နေ့တွေမှာ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲမှာ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာ ရှိတယ်။ အဲဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ- အဲဒါနဲ့ပတ်သက်ပြီးတော့ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာတွေကို တပ်မတော်က သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို တုံ့ပြန်မှာလည်း မဟုတ်ဘူး။ တပ်မတော် ကလည်း အရေးတယူလုပ်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ သူပြော တာ ဆင်ပါးစပ်နှမ်းပက်တာဖြစ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်ဗျ။

မေး- ဘယ်လိုကြောင့်ပါလဲ။

ဖြေ- သိပ်ပြီးတော့ အရေးမပါဘူး။ သူတပ်မတော်ကို ပုတ်ခတ်နေတာက ပေါ်ပြူလာဖြစ်အောင် ဟောပြောရတာနဲ့တူတယ်။

မေး- အခု တပ်မတော်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်တာတွေက မတ်လမှာ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရကိုရော၊ တပ်မတော်ကိုရော ပြင်းပြင်းထန်ထန်ဝေဖန်လာတာတွေ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင် ပါသလဲ။

ဖြေ- ဒါဆိုရင် သမ္မတကြီးနဲ့ ညှိမရလို့နေမှာပေါ့။ သမ္မတကြီးကလည်း လူထုအမှန်တကယ် လိုချင်တဲ့ ဆန္ဒအတိုင်းလုပ်မှာဗျ။ သန်း ၆၀ လူအများစုက ဒီမိုကရေစီပုံစံအတိုင်း ဆောင်ရွက် မယ့် ဘက်မှာပါဗျ။ NLD က လိုချင်တာက လူအများစုလိုချင်တာ ဟုတ်ချင်မှ ဟုတ်မယ်။ NLDကို လူအများစု ကြိုက်တယ်လို့ မပြောနိုင်သေးဘူး။

မေး- အခု NLD က ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး လူထုဟောပြောပွဲတွေလုပ်တာရှိတယ်။ ပြည်ခိုင်ဖြိုး ပါတီကရော ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုဟောပြောပွဲတွေလုပ်ဖို့ ရှိသလား။

ဖြေ- ကျွန်တော်တစ်ယောက်တည်း ကျွန်တော်နယ်မြေဆင်းတယ်။ အခြေခံဥပဒေထဲက ဘယ်ဟာ ပြင်သင့်တယ် ဘယ်ဟာ မပြင်သင့်ဘူး။ ကျွန်တော့်မဲဆန္ဒနယ်တွေမှာ ပြောတယ်။ ကျွန်တော့်လိုပဲ လွှတ်တော်ကိုယ်စားလှယ်အများစုက ပြောကြတယ်လို့သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့က အုံနဲ့ကျင်းနဲ့ အဲဒီလိုမျိုးတော့ မလုပ်ဘူး။ ကိုယ့်မဲဆန္ဒနယ်အလိုက်လုပ်တာ။

မေး- အဲဒီလိုပြင်ဆင်ရေးပြောကြတယ်ဆိုတော့ ဘယ်အချက်ကို အဓိကထားပြင်ဖို့ ပြောကြလဲ။ ဘယ်အချက်ကိုတော့ ဆက်လက်တည်ရှိစေချင်တယ်လို့ ပြောတာရှိလဲ။

ဖြေ- အဲဒါကတော့ ပြောပြီးသားပဲလေ။ ဗဟိုကော်မတီအစည်းအဝေး ပြီးကတည်းက ပြောရမှာတွေ ပြင်ရမှာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ ပြင်ရမှာတွေက NLD ထက် တောင် များသေးတယ်။

မေး- အရပ်ဘက်အဖွဲ့အစည်းတွေကရော ပြင်ဖို့ပြောနေကြပြီ။ အဲဒီအပေါ်မှာရော ဘယ်လို သဘောထားမှတ်ချက် ပေးချင်သလဲ။

ဖြေ- အရပ်ဘက်အဖွဲ့အစည်းကရော၊ NLD ရောမှာ အရပ်ဘက်တချို့အဖွဲ့အစည်းက NLD ဘက်ကပါတယ်။ တချို့အဖွဲ့အစည်းဟာ ကြံ့ခိုင်ရေးဘက်ကပါတယ်။ တချို့အဖွဲ့အစည်းက ကြားနေ။ ကျွန်တော်မြင်တာက ကြားနေများတယ်။ ပြင်ဖို့၊ မပြင်ဖို့ မသိဘူးဆိုတဲ့ အဖွဲ့က များနေတယ်။

မေး- မပြင်ရေးနဲ့ပတ်သက်ပြီး မေ ၃ ရက်နဲ့ မေ ၁၅ ရက်နေ့မှာ ဧရာဝတီတိုင်းက လေးမျက်နှာနဲ့ ဇလွန်မှာ ပုဒ်မ ၅၉ (စ) ထောက်ခံပွဲတွေတွေ့ရတယ်။ ပြည်ခိုင်ဖြိးပါတီဝင်တွေ ဦးဆောင် လုပ်တာလို့ သတင်း ဖော်ပြတာတွေ တွေ့ရတယ် အဲဒီတော့ ၅၉ (စ) မပြင်ရေးက ပြည်ခိုင်ဖြိုးရဲ့သဘောထားလို့ ပြောနိုင်ပါသလား။

ဖြေ- ၅၉(စ) ကို လိုအပ်ရင်ပြင်မယ်။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီးတော့ လူထုဆန္ဒ သဘောထားလိုအပ်ရင် ချက်ချင်းပြင်မယ်ဆိုပြီး ပြည်ခိုင်ဖြိုး ဗဟိုကော်မတီက ဆုံးဖြတ်ချက် ချထားတယ်။ ကျွန်တော်ထင်ပါတယ်။ ၅၉(စ)က ဒီလောက်ဖြစ်နေတယ်လို့ မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က သမ္မတဖြစ်ချင်တဲ့ စိတ်ဆန္ဒရှိတယ်လို့ သူကိုယ်တိုင်လည်း ထုတ်ဖော်ပြောဆိုထားတဲ့အခါကျတော့ ကျွန်တော်ပြောချင်တာက အခုခါမှ သမ္မတဖြစ်ချင် တယ် ဆိုတာခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ဆိုတာ သူ့ဘဝသူလေ။ သမ္မတဖြစ်ဖို့ တစ်ချိန်မှာ နိုင်ငံခြားသားကို မယူတာကောင်းမယ်ဆိုပြီးတော့ ကျန်စစ်သားမင်း လိုပေါ့ဗျာ။ ငါတို့သမိုင်းမရိုင်းရအောင်ပဋိက္ခရားမင်းသားကို သူ့သမီးနဲ့ မပေးစားဘူး။ ဦးသိန်းစိန် သမ္မတဖြစ်တယ်ပေါ့ဗျာ။ သူကတြိဂံတိုင်းမှာ တိုင်းမှူးလုပ်ခဲ့ပေမယ့် လာဘ်မစားဘူး ပေါ့။ တြိဂံတိုင်းမှာ လာဘ်စားပြီး ပြုတ်သွားတဲ့လူနှစ်ယောက်ရှိတယ်။ ဒါမျိုးတွေ မလုပ်ဘူးဗျာ။ သူ့သားသမီးတွေက ဘတ်စ်ကားနဲ့ ကျောင်းတက်တယ်။ ဘတ်စ်ကားနဲ့ ရုံးတက်တယ်။ ကုမ္ပဏီ ထောင်တာတွေမလုပ်ဘူး။ သာမန်လိုနေတယ်။ အဲဒါကြောင့် သမ္မတကြီးဖြစ်လာတာလေ။ သူ့ကိုယ်သူ တည်ဆောက်လာတာပေါ့။ အဲဒါမျိုး ဒေါ်အောင်ဆန်းစုကြည်က တည်ဆောက် ရမယ်။ မိုးသီးဇွန် ပြောသလိုပေါ့။ အရေးအခင်း ကာလက ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် ကြိုးမဲ့လေတံခွန်၊ ကြိုးပြတ်ပြီးရောက်လာတဲ့ အနေအထားမှာ ဒိုင်းဆို သမ္မတ ဖြစ်ချင်တယ် ဆိုရင် သူအစကတည်းက ဗိုင်းကောင်း ကျောက်ဖိ နေခဲ့ဖို့ သင့်တယ်လို့ ကျွန်တော် မြင်တယ်။

မေး။ ဒါဆို လက်ရှိအနေအထားမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ လုံးဝ မရှိနိုင် တော့ဘူးပေါ့။

ဖြေ။ ဒီဘဝမှာတော့ မလွယ်ဘူး။ ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ကျွန်တော် မမြင်ဘူး။ သို့သော် ဆိုနီယာ ဂန္ဒီလို သူလုပ်လို့ရတယ်။ Speaker လုပ်လို့ ရတယ်။ ဟီလာရီကလင်တန်ဆို သမ္မတဝင်ပြီး ပြိုင်တာလည်း ရှုံးတဲ့အခါကျတော့ အိုဘားမားက ကမ်းလှမ်းတဲ့အခါမှာ တိုင်းပြည်ကောင်းအောင် ကြိုးစားတဲ့အခါမှာ နိုင်ငံခြားရေးဝန်ကြီး လုပ်တယ်။ သူတို့ NLD ပါတီထဲမှာလည်း သမ္မတလုပ်ဖို့ အရည်အချင်း ပြည့်မီတဲ့သူတွေ အများကြီး ရှိပါတယ်။ အခုကတည်းက ရွေးချယ်သင့်တယ်။ သူက Speaker တို့၊ နိုင်ငံခြားရေး ဝန်ကြီးတို့ စသည်ဖြင့်ပေါ့။ ဟီလာရီကလင်တန်တို့လို ဆိုနီရာဂန္ဒီ တို့လို ဖြစ်ဖို့ မြင်တယ်။ သူက လုပ်ချင်ပါတယ်ဆိုပြီး ဖြစ်တဲ့အခါကျတော့ နည်းနည်းတော့ ခက်တာပေါ့။ ကျွန်တော်က ပြောမယ်လေ။ သူ့သား နှစ်ယောက်ကို နိုင်ငံသား ခံယူလိုက်ပါ။ ဒါဆို အကျုံးဝင် သွားတာ ပဲလေ။ အဲဒါလေးတောင်မှ ကျွန်တော်ပြောတဲ့အခါမှ ဦးဝင်းတင်က အသက် ၁၈ နှစ် ပြည့်ပြီးတဲ့လူကို မြန်မာနိုင်ငံသား ခံယူဖို့ ပြောပိုင်ခွင့် မရှိဘူးလို့ ပြောတယ်။ ဒါဆို သန်း ၆၀ ကို ဘယ်လိုပြောမလဲဆိုတော့ ပြောမရဘူး။

မေး။ အခု မြန်မာနိုင်ငံမှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားမှုက များလာတယ်။ မေ ၁၅ ရက်နေ့ မန္တလေးမှာ သမ္မတကြီးက ပြင်ဆင်ရေးမဲဆွယ် စည်းရုံးလှုပ်ရှားမှုတွေ ဆူဆူပူပူ ဖြစ်နိုင်တယ်လို့ ပြောထားတယ်။

ဖြေ။ ကျွန်တော့်အမြင်တော့ သမ္မတကြီးက စိုးရိမ်တယ်။ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာ ပဲလေ။ ၈၈ နဲ့ NLD က လမ်းပေါ်ထွက်ရေးပဲ သိတာကိုးဗျ။ အဲဒါကို သမ္မတက ထိန်းတဲ့ သဘောလို့ ယူဆရတယ်။ တကယ်လို့များ တစ်တိုင်းပြည်လုံး ဆူပူမှု ဖြစ်လိမ့်မယ်လို့ ကျွန်တော် မမြင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူထုက ၈၈ ကလို မအတော့ဘူး။ မြှောက်ပေး ရင် မလုပ်တော့ဘူး။ မှန်ကန်တဲ့ လမ်းကြောင်းကိုပဲ သွားမှာ။ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ကိုပဲ သွားတော့မှာ။ အဲဒီလိုဖြစ်ရင် မြန်မာပြည်က ဘယ်တော့မှ နာလန်ထူမှာ မဟုတ်တော့ ဘူး။ လူထုကလည်း အဲဒီလို မြင်နေပြီ။ မြှောက်ပေးတိုင်း လုပ်တာက ခဏတဖြုတ်ပဲ ပါချင်ပါမယ်။ ရေရှည်မှာ မပါနိုင်ဘူး။

မေး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက လုပ်နေကြတာ အမျိုးမျိုးပဲ ဆိုတော့ ၂၀၁၅ မတိုင်ခင် ပြင်ဆင်ရေးက ဖြစ်လာနိုင်ပါ့မလား။

ဖြေ။ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အနိုင်ရပါတီဖြစ်တဲ့ ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီက ပြင်မယ် ဆိုတဲ့ ဟာကြီးက အောင်မြင်မယ်။ တိုင်းဒေသကြီးတို့ အာဏာခွဲပေးတာတို့ ပေါ့ဗျာ။

မေး။ ဒါဆိုရင်တော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျပ်အတည်း တစ်ခုပေါ့။ အဲဒီ အပေါ်မှာ သုံးသပ်ချက်လေး သိချင်ပါတယ်။

ဖြေ။ ကျွန်တော်အမြင်က အကျပ်အတည်း တစ်ခုတော့ မဟုတ်ဘူး။ ကျွန်တော်မြင်တယ်။ Political Crisis မဟုတ်ဘူး။

လူထုပုံရိပ်- Vol(2) No(33)

16 comments:

becouse of he don't think DASSK be prisident he already know about army dog. They never release their power whoever die. They will release their power when they die.They think they only very good.what the fuck guy

ကာ ယ ကံ ရှင် ကိုယ် တိုင် ပြော ထား တဲ့ အ သံ ဖိုင် နား ထောင် ရ ရင် မင်း တို့ တင် ထား တာ မျက် စိ မှိတ် ပြီး ယုံ လိုက် မယ် မင်း တို့ တွေ က အ မြဲ တမ်း တပ် မ တော် ကောင်း ကြောင်း ပဲ ပြော နေ တာ ဘာ လဲ တပ် မ တော် ထဲ မှာ မင်းတို့ ပ ထွေး တွေ ရှိ နေ လို့ လား အ ကောင်း နဲ့ အ ဆိုး အ မြဲ တမ်း ဒွန် တွဲ နေ တယ် ဆို တာ ကို တော့ မင်း တို့ တစ် ဖက် စောင်း နင်း နဲ့ ပြော နေ တဲ့ ကောင် တွေ မြဲ မြဲ မှတ် ထား မင်း တို့ မှန် ကန် တဲ့ သ တင်း တွေ ကို ပဲ ဖေါ် ပြ ချင် တယ် ဆို ရင် ဒု သ မ္မ တ စောက် ရူး ဦး ဥာဏ် ထွန်း ပြော တဲ့ " တစ် နေ့ နှစ် ထောင် လောက် တယ် " ဆို တဲ့ ဟာ ကို မင်း တို့ စောက် ရူး တွေ တင် ပါ လား ဘာ လို့ မ တင် တာ လဲ ဥာဏ် ထွန်း က မင်း တို့ အ ပေါက် တွေ ကို အ ပင်း နဲ့ ဆို့ ထား လို့ လား .... မင်း တို့ ထောက် ခံ နေ တဲ့ ကြံ့ ဖွတ် က ရော ပြည် သူ တွေ အ ပေါ် ဘာ ကောင်း လို့ လဲ.....ဘုန်း ကြီး ကို သတ် တဲ့ ခွေး သူ တောင်း စား တွေ သေ ရင် င ရဲ မှာ ကျိုး ကပ် မယ့် ကောင် တွေ .....

မင်းက ​ခွေးသား ဝက်​​မြေးဖြစ်​နိုင်​တယ်​ ​တော်​​တော်​ဉာဏ်​ရည်​နိမ့်​ ပြီးထင်​ရာ​တွေ​ရေးထားပါလား သူများကိုကျ​တော့ ဉာဏ်​ထွန်းကအပင်းဆို့တယ်​ဆိုရင်​ မင်းက​တော့ဖာစု​စောက်​ဖုတ်​လျက်​တဲ့​ကောင်​ပဲ ဟ ဟ

မင်းက ​ခွေးသား ဝက်​​မြေးဖြစ်​နိုင်​တယ်​ ​တော်​​တော်​ဉာဏ်​ရည်​နိမ့်​ ပြီးထင်​ရာ​တွေ​ရေးထားပါလား သူများကိုကျ​တော့ ဉာဏ်​ထွန်းကအပင်းဆို့တယ်​ဆိုရင်​ မင်းက​တော့ဖာစု​စောက်​ဖုတ်​လျက်​တဲ့​ကောင်​ပဲ ဟ ဟ

Aung San Su Kyi was fuck by both black and white kalar many times and bore two idiot sons. Also she has been kissed and fondled publicly (in front of all NLD and other TV audience) by Negro kalar Barack Obama. Also she knelt and kiss another Negro kalar Desmond Tu Tu. The above mentioned are Su Kyi credentials among others. How can she be the head of our entire country with such records.

ခုချိန် ဒေါ်စုမှမဟုတ်ဘူး နိုင်ငံခြားသားတယောက် ဝင်လာရင် ခင်ဗျားတို့ထက်စာရင် အဲ့ဒီလူကို မဲပေးရလိမ့်မယ်.. ခင်ဗျားတို့ ဥနှောက် ဥာဏ်ရည်အဆင့်က ပြည်ပက အထက်တန်းကျောင်းသားအဆင့်လောက်ကို မမှီဘူး.. တကယ်ပါ မယုံရင် ထိုင်း.. မလေး.. စင်ကာပူတို့က ကျောင်းသားတွေကို ထွက်လေ့လာကြည့်ပါ

ရေးထားတဲ့ ကွန်မင့်တွေကို ပြန်ချေပရင် ချက်နဲ့ လက်နဲ့ ပြန်ချေပ ပါ။ မနိုင် ထဆဲ မလုပ်ပါနဲ့။ တိုင်းပြည်အပေါ် ဂုတ်ခွစီးနေတဲ့ လူတွေက အနာပေါ် တုတ်ကျရင် ထထဆဲတတ်တာ သဘာဝလိုဖြစ်နေပြီ။ သတ္တိရှိတယ်ဆိုရင် လူမြင်ကွင်းမှာ ပြောင် စကားစစ်ထိုးမယ်လေ။ ဒီ ဆိုဒ်ကို အပျင်းပြေ အယားပြေ ရယ်စရာမောစရာအနေနဲ့ပဲ ၀င်ဖတ်တာ။ သိပ်လွန်လာတာတွေတော့ မကောင်းဘူး။ ဒိဆိုဒ်နဲ့ အလားတူဆိုဒ်တွေအားလုံး အစိုးရက နောက်ခံပေးထားတဲ့ အဖွဲ့အစည်းတခုမှန်း လူတိုင်းသိတယ်။ နောင်တ ရဖို့ပဲ ပြောချင်တယ်။ ဒါပါပဲ။ ဆဲချင်လည်း ဆဲပေါ့။ ဆဲတာပဲ တတ်နိုင်သရွေ့ မြန်မာပြည် မတိုးတက်ဘူး

မင်း ရဲ့သားသမီး တွေကို ကျောင်းမထားပဲနေကြည့်လိုက်လေ ငါ့သားရဲ့

ဗူး လက် လှ ဆွေ က ဒီ ဘ ၀ မှာ မ မြင် နိုင် တော့ ရ လောက် အောင် သ ကြောင်း ကြံ တော့ မ လို့ လား ။

၂၀၀၇ကခဲကိုင်ဒုတ်ကိုင်သောင်းကျမ်းတဲ့ဘုန်းကြီးတုပွဲအကြောင်းဖင်ပိတ် ပြောမနေနဲ့။သာသနာဖျက်တဲ့ သာသနာဖျက်အတုတွေကို စစ်တပ်ကထိန်းသိမ်းကာကွယ်ခဲ့လို့ သာသနာကိုကာကွယ်စောင့်ရှောက်ခဲ့ တာကျေးဇူးအထူးတင်ရမယ်။တနေ့နှစ်ထောင်ဆိုတာတနိုင်ငံလုံးကပြည်သူအားလုံးအတွက်အနယ်နယ်အရပ် ရပ်ကကုန်ဈ္တွေးနှုန်းတွေအပေါ်အခြေခံထားတာဖြစ်တယ်။မြို့ပြလူဦးရေဆယ်ရာခိုင်နှုန်းသာရှိတဲ့မြန်မာပြည်အတွက်အများကြီးသင့် တော်တယ်။ ကမ္ဘာထိပ်တန်းသြစတြေးလျား ။ ယူကေ။ ယူအက်စ်နဲ့ဥရောပနိုင်ငံတွေအားလုံးမှာလဲဒီလိုပဲရှိတယ်။ အရည်သွေးအပေါ်မှာမူတည်ပြီးယှဉ်ပြိုင်အရည်ချင်းရှိသူသူ့အရည်ချင်းအ လိုက်ခံစားခွင့်ရမယ်။ကိုယ့်ကိုကိုယ်တရက်၂ထောင်မတန်ဘူး။ ၂သောင်းတန်ရင်လဲပြလေကိုယ်ပိုင်အရည်အချင်း။မရှိရင်တော့တန်သလောက်ပေါ့။ညာလို့ဝါးလို့ရတဲ့ခေတ်တဖြေးဖြေးကုန်လာမယ်။အရည်ချင်းရှိတဲ့သူရှိတဲအလျောက်အကျိုးခံစားရမယ်။နိုင်ငံတကာမှာဒီလိုပဲရှိတာအနီးဆုံးထိုင်းကိုကြည့်ပါ။လူတဦးလုပ်ခအနဲဆုံးတနေ့ဘတ်၃၀၀ မြန်မာငွေနဲ့ဆို၉ထောင်လောက်သတ်မှတ်တယ်။ဗဟုသုတရအောင်မျက်လုံးလေးကျယ်ကျယ်ဖွင့်ပြီးလေ့လာပါ။

ဘယ်ကောင်တွေကအစိုးရဘာလုပ်လုပ်ဆဲပြီး ဆန့်ကျင်သမျှသူတွေ ချီးစားခိုင်းလည်းကောက်စားနေကြလဲ။ ကိုယ့်ကိုကိုယ်မေးလိုက်။

စိန္တေမြတ်ထံ ဆုပန်သ၊ ခုတဖန်ဘ၀၊ သမတ မဖြစ်ရသည်ရှိသော်၊ နောင်တမလွန် ဘ၀ဆက်တိုင်း၊ သမတ မကြီး ဖြစ်ရပါစေကွယ်၊.....ဒီဘ၀အတွက်တော့၊ နှမလက်လျှော့နေလေဦးတော့ကွယ်။

ဒီဘ၀အတွက်တော့၊ နှမလက်လျှော့နေလေဦးတော့ကွယ်....။

ဝေးခဲ့ကြရပြီ အချစ်ရေ။ တမြေခြားနေတဲ့ တို့ဘဝတွေ။ သတိရတိုင်းလဲ စာမှန်မှန်ရေးလေ။

နိုင်ငံခြားရေးဝန်ကြီးလုပ် ။ အင်္ဂလိပ်စာကျူရှင်ဖွင့်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်