Subscribe to our RSS Feed

ဘုန်းကြီးဆိုတာ ဘုန်းကြီးနဲ့တူမှကောင်းတယ်

ကျနော်တို့ မြို့ မှာ ဘုန်းကြီးကျောင်း လေးကျောင်းရှိတယ်။ ဓမ္မာရုံတစ်ခုလည်းရှိသေးတယ်။ အရင်တုန်းက ဘုန်းကြီးကျောင်း နှစ်ကျောင်းပဲရှိပါတယ်။ ဘုန်းကြီးကတစ်မျိုး၊ လူက တစ်မျိုးနဲ့ ဘုန်းကြီးကျောင်းတွေအများကြီးပေါ်လာပါတယ်။ မြို့ က သေးသေးလေးပါ။

နောက်ဆုံးပေါ်တဲ့ ဘုန်းကြီးကျောင်းတွေဟာ တစ်ကျောင်းနဲ့တစ်ကျောင်း ခဲ နဲ့ လှမ်းထုတောင် မှီနိုင်ပါတယ်။ အခုတော့ ဘုန်းကြီးကျောင်းတွေ ကွဲတာနဲ့လူတွေလည်းကွဲပါတော့တယ်။ အရင်တုန်းက မရှိအတူရှိအတူနေလာခဲ့တဲ့လူတွေ ဘုန်းကြီးကျောင်းကိစ္စနဲ့ စကားများရန်ဖြစ်ကြပြီး မတည့်ကြပြန်ဘူး။

မြန်မာကလွဲရင် အခြားကျောင်းတွေဟာ ခန်းနားကြီးမားသော အဆောက်အဦးကြီးတွေပါ။ မြန်မာကျောင်း ကတော့ ကဘောက်တိကဘောက်ခြာ ကျောင်းလို့ပြောလို့ရပါတယ်။ မြန်မာတွေဟာ ချမ်းသာတာမဟုတ်တဲ့အတွက် ကျောင်းသေးတာကိုတော့ လက်ခံပါတယ်။

ဖြစ်နိုင်ရင် ကျနော်က စုစည်းမှုနဲ့ ညီညွတ်မှုကို အရမ်းအလိုရှိပါတယ်။ သူငယ်ချင်းတွေကို ဘုန်းကြီးကျောင်းကိစ္စ ပြောဖြစ်တယ်။ ဘုန်းကြီးကျောင်းသုံးလေးကျောင်းဖြစ်နေတာ မကောင်းဘူးလို့လည်းမပြောချင်ပါ။ ဘုန်းကြီးလည်း အားလုံးပေါင်းမှာ လေးပါးလောက်ရှိပါတယ်။ သုံးကျောင်းပေါင်းရင်တောင် လေးပါးလောက်ပဲရှိတာကို ဒီလိုလုပ်ရင် မကောင်းဘူးလားလို့။

အခြားဘုန်းကြီးကျောင်းတွေကို ရောင်းပြီးတစ်ကျောင်းထဲမှာ ကျောင်းနှင့်တူသော ကျောင်းအကြီးတစ်ခုကို ဆောက်လုပ်ပြီး ဘုန်းကြီးတွေအချင်းချင်း သတင်းသုံးရင် မကောင်းဘူးလားလို့ အကြံပေးဘူးပါတယ်။ ဘယ်လူကြီး ဘယ်ဘုန်းကြီးကမှ စိတ်မ၀င်စားပါဘူး။ ဘာသာရေးလုပ်ပြီး အတ္တတွေကြီးကြတယ်။ သာသာနာတော်ပြန့်ပွားရေးလုပ်ဖို့အတွက် ဘုန်းကြီးကျောင်းထောင်ထားတာပါ။ ဘုန်းကြီးတွေ ငွေကို မက်ပြီးသြစတျေးလျမှာ သတင်းသုံးဖို့မဟုတ်ပါ။

ကျနော် မိရိုးဖလာ ဗုဒဘာသာဝင်တစ်ဦးပါ။ ဘုန်းကြီးကိုလည်း ရှိခိုးတက်ပါတယ်။ လေးစားတက်ပါတယ်။ သံဃာဆိုတာကိုလည်း ကြည်ညိုပါတယ်။ သို့သော် ချွင်းချက်တော့ရှိပါတယ်။ ဘုန်းကြီးဆိုရင် ၀ိနည်းနဲ့နေတဲ့ဘုန်းကြီး၊ တန်ခိုးမကြီးရင်တောင် ဘုန်းကြီးစာတက်တဲ့ ဘုန်းကြီးတွေကို ပိုပြီးကြည်ညိုပါတယ်။ ဘုန်းကြီးဝတ်ပြီး ငွေရဖို့၊ အစားချောင်ဖို့အတွက် သင်္ကန်းကိုခုတုံးလုပ်တာတော့ မကြိုက်ဘူး။ ဒါ့ကြောင့် ကျနော်သည် ကျနော်တို့မြို့ ကဘုန်းကြီးကျောင်းကိုသွားပြီး ဘုန်းကြီးကို ကန်တော့ဖို့ အင်မတန်ဝန်လေးပါသည်။

ခရာဇ်ယာန်ဘာသာဝင် မြန်မာလူကြီးတစ်ယောက်က ဘုန်းကြီးကျောင်းကို အပျင်းပြေသွားလည်တယ်။ ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့သူက ခရစ်ယာန်ကိုးကွယ်တဲ့လူကို ဒီလိုပြောတယ်။ မင်းငါ့ကျောင်းကိုလာပြီး ငါ့ကို ကန်တော့ပေါ့။ ဒီမှာတင် ဟိုလူက....မင်းလည်း လူ၊ ငါလည်း လူ ဘာလို့ မင်းကိုငါက ရှစ်ခိုးရမှာလဲလို့ပြောရော။ ဒါက ကျနော်တွေ့ဘူးကြားဘူးတဲ့ မြို့ က ဖြစ်ရပ်တစ်ခုပါ။

ကျနော်တို အလုပ်လုပ်တဲ့ ၀င်ငွေဟာ တစ်နှစ်ကိုမှ ဒေါ်လာ နှစ်သောင်းလောက် စုမိရင် အတော်ကံကောင်းပါ။ ဟိုပေး ဒီပေး၊ ဟိုဟာဝယ် ဒါဝယ်နဲ့ လစာထုတ်တာနဲ့ကုန်ပါတယ်။ ဒါက လူတိုင်းပါ။ နိုင်ငံခြားမှာနေတဲ့လူတိုင်း ငွေကိုအများကြီးမစုနိုင်ပါ။ နေဘူးတဲ့လူတိုင်းသိပါတယ်။ သူ့ ငွေနဲ့သူ့ ဟာက ကွက်တိပါ။

သို့သော် ဘုန်းကြီးတွေ ငွေအတော်စုမိတယ်။ သူတို့မှာ ဘာကုန်ကျစရိတ်မှမရှိဘူး။ ဆွမ်းလည်း အခမဲ့။ နေစရာကျောင်းလည်း အခမဲ့။ ရေဖိုးမီးဖိုး အခမဲ့။ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးလည်းရသေးတယ်။ တကယ်လို့ကျောင်းတက်နေရင်ပေါ့။ ဒါ့အပြင်၊ တရားပွဲသွားရင် အလှူငွေ၊ ကထိန်ဆိုရင်လည်း အလှူငွေရပါတယ်။ တစ်နှစ်ကို သုံးလေးသောင်းလောက် သူတို့မှာ ၀င်ငွေရှိပါတယ်။ တရားဟောကောင်းရင်ကောင်းသလို ထောပါတယ်။ မနာလိုလို့ပြောနေတာမဟုတ်ပါ။ ကျောင်းမှာက ဘုန်းကြီး တစ်ပါးနှစ်ပါးပဲရှိတော့ ထောပါတယ်။ ဒါတောင် ဘုန်းကြီးတွေဟာ ညီညီညွတ်ညွတ်နဲ့ မြန်မာ့ကွန်မြူနတီ အတွက် ရည်ဇူးပြီး တစ်ကျောင်းထဲဖြစ်ဖို့အတွက် မလုပ်ကြဘူး။ တခါတလေ စဉ်းစားမိတာက ဘုန်းကြီးလည်းလူပဲ။ အတ္တရှိတယ်။ နေရာလုကြတယ်လို့။

သူတို့အချင်းချင်းကွဲတော့ လူတွေပါလိုက်ကွဲကြတယ်။ ဘုန်းကြီးဝတ်တာက ငွေရဖို့မဟုတ်ပါ။ သာသနာအတွက်ဖြစ်ပါတယ်။ ကျနော်သည် ဒီလိုဘုန်းကြီးများကို ကန်တော့ဖို့အင်မတန်ဝန်လေးပါတယ်။ ကျနော် ဘုန်းကြီးကျောင်းသွားဖို့ အင်မတန်ကြောက်ပါတယ်။ သာမညဆရာတော်လိုမျိုးဘုန်းကြီးဆိုရင် ကျနော်အတော်ကြည်ညိုပါတယ်။ ကန်တော့ပါတယ်။ အခုတော့ တခါတလေ ဘုန်းကြီးတွေကိုကြည့်ပြီး အရမ်းစိတ်ပျက်တယ်။

သြစတျေးလျနိုင်ငံမှာ သတင်းသုံးတဲ့ဘုန်းကြီးဟာ အင်္ဂလိပ်လိုမှ အခြားသူတွေကို တရားမဟောတက်ရင် ဘယ်လိုလုပ်ပြီးသာသနာက ပြန့် ပွားအုံးမှာလဲ။ အခုတော့ ဘုန်းကြီးအတော်များများဟာ လုံးဝ တရားမဟောတက်ဘူး။ ဘိုလိုပြောတာပါ။ ဗမာလိုတော့ ဟောပါတယ်။ ဆိုတော့ သြစတျေးလျလာတာ ဘာလုပ်ဖို့လဲ။ ငွေ ရဖို့လား။ ဘုန်းကြီး ၀တ်တာဘာလုပ်ဖို့လဲ။ အစားချောင်လို့လား။ ဘုန်းကြီးအားလုံးကို မဆိုလိုပါဘူး။ လုပ်တဲ့ဘုန်းကြီးတွေကို ပြောနေတာပါ။ ဘာသာတရားကိုလည် မစော်ကားပါဘူး။ ကျနော် စိတ်ရှင်းရှင်းနဲ့ ကုသိုလ်လိုချင်ပါတယ်။

Phone Kyaw


ဒေါသများနှင့် ဘုန်းကြီးတစ်ပါး










ဘုန်းကြီးအလုပ်မလုပ်ကြသော ဘုန်းကြီးများ

ref : http://groups.google.com/group/myanmar-daily-info-n-general-knowledge/browse_thread/thread/ce64dc0804105805


ဖြည့်စွက်ချက်။ ။ Phone Kyaw ပြောသလိုပဲ ဘုန်းကြီးဆိုတာ ဘုန်းကြီးနဲ့ တူတာပဲ ကောင်းပါတယ်ဗျာ။ သင်္ဃန်းဝတ်ထားတိုင်း ဘုန်းကြီးပါလို့ ဘုရားကလည်း မဟောခဲ့ပါဘူး။ အပေါ်မှာ ဖော်ပြထားတဲ့ သင်္ဃန်းဝတ်နဲ့ မာတုကာမ ကို လိင်ဆက်ဆံနေတဲ့ ပုဂ္ဂိုလ်၊ သင်္ဃန်းဝတ်နဲ့ မာတုကာမပုံကို ရင်ဘက်ချိတ်ထားတဲ့ ပုဂ္ဂိုလ်၊ သင်္ဃန်းဝတ်နဲ့ မာတုကာမကို ထိုင်ရှိခိုးနေတဲ့ ပုဂ္ဂိုတွေ နဲ့ စိတ်ပုတီးမကိုင်ပဲ လက်ထိပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ ဗုဒ္ဓသာသနာကို ဖျက်ဆီးသူများသာ ဖြစ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်များကို လူဝတ်လဲပြီး ထောင်းသွင်းအကျဉ်းချ သင့်ပါတယ်။ ဘုန်းကြီးကျင့်ဝတ်နဲ့ မညီတဲ့ဘုန်းကြီးတွေကို ထောင်သွင်းအကျဉ်းချတာ မကျေနပ်သူများအားလုံး အပေါ်မှာ ဖော်ပြထားတဲ့ လိင်ဆက်ဆံနေတဲ့ ဘုန်းကြီးရဲ့ ပုံကို ဒေါင်းလော့ချပြီး နေ့တိုင်းရှိခိုး အိပ်နိုင်ပါကြောင်း........။

31 comments:

ဘုန်းကြီးကလည်း ၀ိနည်းမသိ.. ဒကာတွေကလည်း ဘုန်းကြီး ၀ိနည်းတွေကို မလေ့လာ..နိုင်ငံခြားမှာ ဘုန်းကြီးတွေကားမောင်းတယ်..ဆန္ဒပြတယ်.. မြန်မာ ပြည်မှာ ညစာစားတယ်..အပြာကားကြည့်တယ်..နှစ်လုံး သုံးလုံးထိုးတယ်..တီဗွီကြည့်တယ်..ဆန္ဒပြတယ်.. နိုင်ငံ ရေးလုပ်တယ်..၀ိနည်းနဲ့ မညီပါ..အဲဒါတွေ ဘုန်းကြီးအလုပ်မဟုတ်ပါ..ကိုးကွယ်တဲ့ လူတွေလည်း နည်းနည်းလေ့လာကြပါအုံး. တခြားဘာသာတွေ ဗုဒ္ဓဘာသာကို အထင်သေးတာမဆန်း တော့ဘူး..သာသနာ့အတွက် အရေးပါတဲ့ ဘုန်းကြီးတွေကအစ အဲဒီလိုဖြစ်နေတာ..

မင်းတို့က အရွယ်လည်း ကြည့်ပြောကြပါဦးကွာ- ကိုရင် အရွယ်လား-ဦးဇင်းအရွယ်လားဆိုတာ-စောက်ပြစ်ပြောချင်ဇောနဲ့ စောက်ရမ်းမတင်နဲ့လေ။
(ကိုရင်လေး)

ဒါဆို အရွယ်ကြီးကြီးနဲ့ဟာရော ပြရဦးမှာလား .. ဒီမိုသူတောင်းစားရဲ့

အတိုက်အခံဆိုတာ အဲဒီ့လိုမျိုးသာသနာဖျက်ဘုန်းကြီးမျိုးတွေနဲ့ မှ ပနာသင့်ပေါင်းဖက်ပြီး "ဘုန်းကြီးရူးနဲ့လှေလူးဇာတ်" ခင်းလို့ ကောင်းနေတာ

ဝိနည်းတော်နဲ့ညီတဲ့ ရဟန်းဆိုတာ ရုပ်ဆင်းအင်္ဂါမှာကိုယ်ကကွာတယ်ကွ ဒီမိုငတုံးတွေရဲ့။

ရုရှားက ကြာကူလီ စစ်ဗိုလ်အကြောင်းလဲ တင်ပါဦး

http://drchatgyi.blogspot.com/2011/07/blog-post_1787.html#comments

ဘုန်းကြီးတွေကိုလည်း သံဃာ့မဟာနယကအဖွဲ့ကြီးက အ၇ည်အချင်းစစ်ပြီး စစ်သားတွေလို ကပအမှတ်တွေပေးထားရင်ကောင်းမယ် ဒါမှသာသနဖျက်တွေအလွယ်တစ်ကူဝင်ေ၇ာလို့မရမှာ အခုတော့သင်္ကံန်းဝတ်ထားရင် ဘာပဲဖြစ်နေဖြစ်နေ ထိုင်ကတော့ရမယ့်ပုံဖြစ်နေတယ် အနာဂါတ်သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ရင်မောရတယ်ဗျို့ ၀ိုင်းဝန်းဆောင်ရွက်နိုင်ကြပါစေ....

လက်နက်ပညာရှင် ကြာကူလီစိုင်းသိန်းဝင်းက နော်ဝေက အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတွေမှာမသင်္ကာံမှုနဲ့ အဖမ်းခံထားရတယ်လို့ပြောပါတယ် ၊ ကြာကူလီကမြန်မာပြည်ကလာတာဆိုတော့ အခုလိုဒေသန္တရမိုင်းတွေအထူးကျွမ်းကျင်လို့ တရားခံနဲ့ဆက်နွယ်နေတယ်လို့ ပြောပါတယ်....... သတင်းမှန်လေးရှိရင် တင်ပေးပါဗျို့

ဂုဏ်ယူပါတယ် ပီအိုက်

Sai Thein Win is a specialist in IED Bomb Technology. Improvised Explosive Device(IED) is a kind of homemade bomb. So, Norway Police Department is watching him. More about this information, pls contact Police Department email, norwaypolice@yahoo.com.

အမှန်ဆို၇င် ဘုန်းကြီးပဲဖြစ်ဖြစ် ဦးဇင်းပဲဖြစ်ဖြစ်ကိုရင်ငယ်ပဲဖြစ်ဖြစ်သင်္ကန်းဝတ်ထားကြသူတွေပဲလေ ...သင်္ကန်းဝတ်တဲ့ သူက အဲလို လုပ်နေတယ်ဆိုတာတော့ လုံးဝ မဟုတ်တဲ့ ကိစ္စ ပါ...အဲဒီလို သင်္ကန်းဝတ်ထားသူတွေ သာသာနာတော်မှာဘယ်လောက်များများ၇ိုနေနိုင် အုံးမလဲ ၇င်လေးပါသေးတယ်....ဒီလို လုပ်နေတာကိုတောင် အမှားလို့ မမြင်ပဲ ကိုဒီမိုဒေါ်လာစား တွေက ကိုယ်ကျိုးအတွက် သာသာနာတော်ပျက်စီးမှာကိုတောင် အားပေးနေပါလား...ဒီမိုသူတောင်းစားတွေေ၇..........မင်းတို့ပြောနေတိုင်း တောင်းဆိုနေတိုင်း အတိုက်အခံလုပ်နေတိုင်း အစိုး၇က လိုက်ပြင်နေ၇မယ်ဆို၇င်တော့ မြန်မာပြည်လည်း ဖာနိုင်ငံဖြစ်သွားလိမ့်မယ်....

ခွေးသား ဘုန်းကျော်
ထင်ရာလျှောက်မရေးနဲ့
မင်းတို့လိုလူတွေ ကွဲကြလို့ ဘုန်းကြီးကျောင်းတွေ
အများကြီးဖြစ်နေတာ နိုင်ငံရေးသူတောင်းစားရဲ့

မင်းက ဘုန်းကြီးတွေကိုအပုတ်ချချင်လို့ဒီလိုတင်
တာလား။ သာသနာကိုတကယ်ကြည်ညိုတဲ့သူ
ဆိုရင်ဒီလိုမလုပ်ပါဘူ။ အဲဒီဘုန်းကြီးမဟုတ်တာက
ကို ခိုးချောင်ခိုးဝှက်လုပ်တယ်။ မင်းကတော့သာ
သနာကိုဗြောင်သိက္ခာချတယ်။ မင်းကြောင့် သာ
သနာကြည်ညိုတဲ့သူဘယ်နှစ်ယောက်လျှော့ပါး
သွားပြီလဲဆိုတာ မင်းသိနိုင်မလား။ တကယ်ဆို
အဲဒီဘုန်းကြီးရော မင်းကော ဘာမှမထူးပါဘူးလို့
ပြောချင်တယ်။ မင်းကိုယ်တိုင်ကရော ဘယ်လောက်ကောင်းနေလဲ။ ဘာတစ်ခုမှအပြစ်မကျူးလွန်းဖူးဘူးလား။အ နည်းဆုံးငါးပါးသီလကောလုံရဲ့လား။မင်းစဉ်း စားကြည့်ပါအုံး။ခုတော့မင်းသာသနာကိုဖျက် ဆီးတဲ့သူတောင်ဖြစ်သွားပြီ။အဲဒါမင်းသိလား။

တကယ်မင်း သာသနာကိုသန့်ရှင်းစေချင်တယ်
ဆိုရင်ဒီလိုတင်စရာမလိုပါဘူး သာသနာရေးဌာန
ကို အချက်အလက်အပြည့်အစုံတင်ပြပြီးအရေး
ယူခိုင်းလို့ရပါတယ်။သာသနာသန့်ရှင်းရေးကိုသူ
တို့လုပ်ပိုင်ခွင့်ရှိပါတယ်။
ခုဒီလိုလုပ်တော့မဆိုင်တဲ့သံဃာတောက်တွေကို
ထိခိုက်မကုန်ဘူးလား။ သိပ်တော့မပြောချင်ပါဘူး
မင်းစဉ်းစားပြီးမှလုပ်ပါ။ ငါကသာပြောနေတာမင်း
က ဗုဒ်ဓဘာသာမှဟုတ်ရဲ့လားမသိဘူး။ တို့ဘာ
သာဝင်မဟုတ်ဘူးဆိုရင်တော့ငါပြောလဲထူးမှာမ
ဟုတ်ပါဘူး။ ဒါပါပဲ

မင်းက ဘုန်းကြီးတွေကို တရားချနေရအောင်
မင်းက ဗုဒ္ဒလား
အ၀ီစိ ချိုးကပ်မယ့်ကောင်

သာသနာ တော်ကို ဖျက်မှာ သံဃာတွေဘဲ ဖြစ်တယ်လို့ မြတ်စွာဖုရားက ဟောခဲ့တာ မှန်နေပြီ ထင်တယ် ။ ဘုန်းတော်ကြီးတွေကို အကြည်ညိုပျက်ဆအာင် ဝိနည်းနဲ့ မညီညွတ်တဲ့ သင်္ကန်းဝတ်တွေက လုပ်နေတယ် ဒါ့ကြောင့် သာသနာ့ဘောင် အတွင်း သန့်ရှင်းအောင် ဆောင်ရွက်ဖို့ လိုအပ်လာပြီ လို့ ခံယူပါတယ် ။

ဘုန်းကြီးအပြစ် ပြောချင်တာထက် ဗုဒ္ဒဘာသာကို သိက္ခာချလိုစိတ်နဲ့ တင်တာဖြစ်ဖို့များတယ် ပြောင်းလဲ ဖန်တီး ရိုက်ကူးတာလဲ ဖြစ်နိုင်တယ်
ဘယ်ဘာသာဖြစ်ဖြစ်ယဉ်ကျေးမှုရှိရမယ်

အဲဒါအစစ်ပါ။အဲဒီမိန်းမနဲဘုန်းကြီးဗိဒီယိုဟန်းဆက်တွေကွန်ပျူတာတွေတော်တော်များမှာခဏခဏတွေ့ဘူတယ်

စစချင်းတော့တရုတ်ကိုမဲပြီးတိုက်ခိုက်နေတာ
နောက်ဆုံးတရုတ်ကမသကာမြန်မာပြည်မှာရင်းနှီးမှုတွေမလုပ်ရုံဘဲပေါ့

အခုတဖြည်းဖြည်းနဲ့ ဦးသိန်းစိန်အစိုးရဆီမျှားဦးလှည့်လာပြီ
ဒါဟာသူ့အလိုအလျှောက်ဖြစ်တာမဟုတ်ပါဘူး
အနောက်နိုင်ငံတွေနဲ့ အတိုက်အခံတွေရဲ့ နိုင်ငံရေးအစီစဉ်တခုပါ

အမေရိကန်တွေကမျက်နှာမိတ်ကပ်ရိုက်ပြီး၊မျက်နှာချိုသွေးပြီး၊
မြန်မာအတိုက်အခံတွေကိုတော့မျက်နှာအိုးမဲသုတ်ပြီး
ကခိုင်းတဲ့လုပ်ဇတ်ကြီးတခုပါ

ကိုင်း...အခုဘာလုပ်ကြမလဲ?

၂၀၁၅ မတိုင်မှီ တပ်မတော်မှအာဏာပြန်ယူပြီးအုပ်ချုပ်ဖို့သာရှိတော့ပါတယ်
ဒီလိုဒီမိုကရေစီဆိုတာဘာမှန်းမသိသေးတဲ့
ဒီမိုကရေစီနဲ့မထိုက်တန်တဲ့သူတွေကို
သေနတ်နဲ့အုပ်ချုပ်တာလက်တွေ့အကျဆုံးပါ

*မှတ်ချက်* ဒီမိုကရေစီဆိုတာ၊ဘာပြသနာကိုမဆို
တရားဥပဒေဘောင်ထဲကရှင်းလင်းဖို့ပါ၊
ဒီမိုကရေစီနိုင်ငံမှာလွတ်လပ်စွာဆန္ဒပြနိုင်ပေမဲ့
တရားဥပဒေအရခွင့်ပြုချက်ကိုရယူရမှာပါ။
ဒီလိုဆန္ဒပြတဲ့ခွင့်ပြုမိန့်ထဲမှာ နေရာ၊အချိန်အတိအကျပါတယ်

အခုလိုစည်းကမ်းမဲ့၊ဥပဒေကိုမလေးစားဘဲကိုယ်လုပ်ချင်တာ
လုပ်နေတာဒီမိုကရေစီရဲ့ လမ်းကြောင်းနဲ့ပြောင်းပြန်ဖြစ်နေပါတယ်

ဒါကြောင့်လဲသက်ဆိုင်ရာကတရားဥပဒေနဲ့အညီ
အရပ်သား၊ဘုန်းကြီးမခွဲခြားဘဲဖြိုခွဲရှင်းလင်းရတာဟာအမှန်တရားပါ

ပြည်သူ၊ ဘုန်းကြီး၊ ကျောင်းသား တွေရဲ့အထက်မှာ
နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေဟာအမြင့်ဆုံးပါ
ဘာမှဆင်ခြေဆင်လက်ပေးစရာမလိုပါဘူး
အစိုးရဟာအခြေခံဥပဒေနဲ့အညီလုပ်ဆောင်တာကြောင့်
ဘယ်သူ့ကိုမှကြောက်စရာမလိုပါဘူး။
တရားဥပဒေဆိုတာမှန်ကန်တဲ့သူတွေဖက်မှာအမြဲရပ်တည်နေပါတယ်
.

You saw this kind of monk because of your fortune. Why not visit to other meditation center, sar-thin-taght where so many monks are working their duties. Don't forget that there are very noble, gentle, learned monks in Myanmar.

How do you know about Buddha-sasana?
In Myanmar, all monks have their ID cards. Only temporary monks have no ID cars, but they have the certificate in which the date of ordination, name, etc, are mentioned. If you are a Buddhist, you must know it. Pleas study. Without exam thoroughly and deeply, you cannot find out the true.

ဘုန်းကြီး လီးသရမ်းတာခုမှတွေ့ဘူးတာမဟုတ်လား ငါလိုးမသား ဒီမိုအုပ်စုတွေ ဒီမိုကရေစီဆိုတာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆေးကု ကိုယ့်ပိုက်ဆံနဲ့ကိုယ်ကျောင်း နေ ကိုယ်ကြိုက်တဲ့ ဆေးရုံ ကိုယ့်ပိုက်ဆံကိုယ်ဘာသာရှာ ရ ပေးရတဲ့စနစ်ကွ အမေရိကန်သွားနေတဲ့ မြန်မာတွေအကုန်သိတယ် ဝိနည်းနဲ့မနေတဲ့ဘုန်းကြီး ပြောသာပြော ငရဲမကြီးဘူး သာသနာစောင့်နတ်တွေက သာဓုတောင် ခေါ်နေကြတယ် သက်ဆိုင်ရာလည်းတိုင်မနေနဲ့ အလကားအလုပ်မလုပ်ဘူး ပြည်သူတွေသိအောင်တင် အဲဒါမှ မင်းတို့ပြောတဲ့ထင်သာမြင်သာဆိုတာ ဒါဘဲ

လေးစားတယ်။စိတ်ချရှင်းရှင်းလင်းလင်းသက်သေအထောက်အထားနဲ့တင်မယ်။

တစ်ခုပြောချင်တယ် ကိုတွေနိုင်ငံရေးလုပ်တဲ့ ၀ိနည်းကိုမလိုက်နာတဲ့ဘုန်းကြီးတွေကြည့်မရဘူး လက်လဲမခံဘူး ဒါမျိုးတွေရှိတာလဲသိတယ် ဒီထက်ဆိုးတာလဲမြင်ဘူးတယ် ဒါပေမယ့်ဒါမျိုးတော့မတင်ပါနဲ့ကွာ သံဃာကောင်းတွေထိခိုက်ပါတယ် တလေးတစားတောင်းပန်တာပါ ရှိလဲထပ်မတင်ပါနဲ့တော့(စံ)

BEFORE YOU SAY OTHERS' FAULTS, PLEASE WATCH YOURSELVES FIRST. HOW PURIFY YOU? INSULTING TO BUDDHA-SASANA IS VERY DANGEROUS TO YOU.

[၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် နောက်ဆုံးထား တောင်းပန်ခြင်း မရှိပါက နိုင်ငံအဝှမ်း အထွေထွေသပိတ် ဆင်နွဲသွားမည်ဟု မန္တလေးမှ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးပဉ္စင်း ဦးဥတ္တမသာရ က မိန့်ကြားသည်။
“ပြင်ဆင်ထားတာက ဦးပဉ္စင်းတို့ နေ့လည် ၁ နာရီမှာ စမယ်။ တနိုင်ငံလုံး ၁ နာရီမှာ လုပ်မယ်။ လုပ်တဲ့အခါမှာ ဦးပဉ္စင်းတို့ သံဃာတွေ ရှေ့ကနေ သွားမယ်။ နောက်ကနေ ကျောင်းသားတွေ လိုက်မယ်။ ကျောင်းသားနောက်ကမှ
ပြည်သူတွေ လိုက်မယ်” ဟု စီစဉ်ထားရှိမှုကို မဇ္ဈိမအား မိန့်ဆိုသည်။]

လာပြန်ပြီ...ဘုန်းကြီးကရှေ့ဆုံးက
ပြီးတော့ကျောင်းသား
နောက်ကမှပြည်သူတွေ...တဲ့

သူတို့ထင်နေတာဘုန်းကြီး နဲ့ ကျောင်းသား ကို
ရှေ့ဆုံမှာထားရင် ၊ သက်ဆိုင်ရာက မဖြို ခွင်းရဲဘူးလို့ထင်နေသေးသလား? မသိဘူး

ဘုန်းကြီးတွေမီးလောင်ခံရတာတောင်မမှတ်သေးဘူး
စမ်းကြည့်လိုက်လေ..ကြာသလား လို့
2013 နှစ်သစ်နှစ်ဆန်းရဲ့နေ့ ကိုတောင်မကူးချင်ကြဘူးထင်တယ်
.

ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ

လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ

နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်

ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ

တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ

ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ

တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်

ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်

ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး

၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်

လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။

ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ

၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ

နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ

အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............

.

ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ

လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ

နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်

ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ

တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ

ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ

တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်

ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်

ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး

၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်

လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။

ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ

၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ

နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ

အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............

အာဏာရှိသူ ငွေကြေးချမ်းသာသူ လူသားအကျိုး ပိုပြီးလုပ်နိင်မှာပါ။
ဂျပန်သူဌေးဆီမှာ၂နှစ်အလုပ်မလုပ်ရဘဲလခယူနေရတာကြာတော့ရှက်လါတယ် တစ်နေ့မှာသူဌေးလါတဲ့အခါ ကျွန်တော်ကအလုပ်ထွက်တော့မယ်ပြောတော့ ဘာကြောင့်လဲမေးတယ် ကုမ္မဏီက၀င်ငွေမရှိလို့ ငါလခယူရတာ ရှက်လါလို့ပါပြောတော့ (ဘက)အရှုးသန့်ရှင်းရေးဘဲလုပ်ကွာဆိုပြီး ဆူသွားခဲ့ပါတယ် တစ်နေ့ကုမ္မဏီဘောနက်(စ်)ပေးတဲ့နေ့ ဘိုးလိန်းကစားရုံမှာရှယ်ယာသူဌေးတွေ စုထိုင်နေရာက ကျွန်တော့်ကိုလှမ်းခေါ်ပြီး မင်းတို့(ဘိရုမာ)ဗမာရဲ့စိက်ဓါတ်တွေ အရမ်းချစ်ဖို့ကောင်းသလို ငါတို့(နီဟွန်းဂျင်း)ဂျပန်လူမျိုးတွေ အကြောင်းလဲပြောပြမယ်နော်ဆိုပြီး ငါတို့ကုမ္မဏီလွန်ခဲ့တဲ့ ၁၀နှစ်ကြော် (ဥပမာ)တစ်နေ့ကို တစ်သန်းမြတ်ခဲ့တယ် ၁၀နှစ်- ယနေ့တစ်နေ့ကိုတစ်သိန်းရှုံးတာ၂နှစ် အဲဒီလိုရှုံးတာကိုကြည့်ပြီး ကုမ္မဏီကိုပိတ်လိုက်ရင် အလုပ်သမားထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်သွားမှာစိုးလို့တဲ့လေ။ ၂၀၀၄ခုနှစ် ကျွန်တော်ပြန်ရောက်လါပြီး လူသားအကျိုးပြုရန်မီးကုန်ရမ်းကုန် ကြိုးစားခဲ့ပါတယ်ဒါပေမဲ့……..
နိုင်ငံရေးငါမသိဘူးကွာ တိုင်းပြည်တိုးတက်ဖို့အတွက်အတ္တမရှိဘဲ တကယ့်လက်တွေ့လုပ်နေသူတွေ ပေါင်းပြီးတည်ဆောက်ကြပါ၊ (ဥပမာ)ယခင်က(ပင်လုံစာချုပ်မှလွတ်လပ်ရေး၊လွတ်လပ်ရေးမှပါတီစုံ)ယခု(လက်တွေ့လုပ်နေသူတွေပေါင်းမှဒီမိုကရေစီ၊ဒီမိုကရေစီမှပါတီစုံ) အားလုံးနည်းနည်းလေးမှားနေသလိုဘဲနော်။
ဘာသာတရားဆိုတာ ယုံကြည်ချက်နှင့်သက်ဆိုင်သည့်အတွက် မျက်လုံးမှိတ်ပြီးမကိုးကွယ်ပါနဲ့ ဘာသာပြောင်းတိုင်းလူမျိုးမပြောင်းနိုင်ပါ။
အရီးကြီးခေတ်ဆိုတာ ရှိခဲ့တဲ့အတွက် ငါကိုယ်တိုင်မျိုးမစစ်ပေမဲ့ လူစစ်ဖို့ လူပီသဖို့တော့လိုတယ် အမြဲဆန်းစစ်နေတယ်ကွာ၊တို့ကတာဝန်အရဆိုတဲ့စကား မင်းမိသားစုအတွက်ပါ တိုင်းပြည်အတွက် မဟုက်ပါဘူး ပြန်ဆန်းစစ်ပါအုံးကွာ။ မင်းကောလူသားတွေအတွက် သွားကြားထိုးတံ တန်ဘိုးလောက် လုပ်ပြီးပြီလါး၊ တိုင်းပြည်ဖျက်မဲ့ ငါကဘာကောင် ဘာရာထူးကွ ငါကခေါင်းဆောင်ကွ ဆိုတဲ့ဝေလေလေစုန်းပြူးတွေဖယ်ရှားပြီး လက်တွဲကြပါ၊ကောလဟာလနဲ့ အာချောင်မယ်ဆို ဝေးဝေးနေပေးပါ၊မင်းကတကယ်ဘဲ တာဝန်အရဘဲဖြစ်ဖြစ် မျိုးချစ်စိက်နဲ့ဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ လုပ်မယ်ဆိုရင်(ရှေ့ကသွားရင်အီးမပေါက်နဲ့ နောက်ကလိုက်ရင် ဖိနပ်မနင်းနဲ့ကွာ အရမ်းစိက်ဆိုးတယ်) ငါတို့နိင်ငံက ကမ္ဘာမှာအရမ်းနောက်ကြနေပြီ အချိန်မရှိပါ။
လူသားအကျိုးပြုဂီတဥယျာဉ် (၀၉၅၀ ၈၂၈၀၈) တာမွေလူမိုက်ကြီး ၀င်းကိုလှိုင် JJ (CLUB) နားမှာနေတယ်………
http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&

http://www.youtube.com/watch?v=z8_2qWv_vkk

အများတော့မပြောချင်ဘူး
သူများကိုပြောချင်ရင် ကိုယ်ကဘယ်လောက်ကောင်းအောင်နေခဲ့လဲ
ပြန်စဉ်းစားပါ သာသနာကိုတကယ်ကာကွယ်ချင်ရင် ကိုက ဘယ်လို
ကူညီရမလဲ စဉ်းစားပါ ဟိုလူမကောင်းဘူး ဒီလူမကောင်းဘူး ပြောနေမဲ့
အစား စဉ်းစားပါ

ဘာပြောပြောကိုယ်အလုပ်ကိုယ်လုပ်နေတာတွေဘဲမဟုတ်လား
ကိုယ်လုပ်သင့်တယ်ထင်ယင်လုပ်သာလုပ် နောက်မဆုပ်နဲ့
နောက်ဖြစ်လာတဲ့ ရလဒ်ပေါ်လည်း မငြီးနဲ့
ပြောချင်တာလေးတစ်ခုတော့ရှိတယ် လုပ်မယ်ဆိုလည်း ဦးဝိစာရတို့လိုမျိုးချစ်စိတ်ရှိရှိလုပ်။ ဘုန်းကြီးမှာ ဗုဒ္ဓထားခဲ့သောတရားတွေအများကြီးရှိတယ် ဒါတွေကိုဟောပါ ပုဂိုလ်ရေးရာတွေချီးကြူးပြီး တရားနာပုရိတ်သတ်ကို ၀ါဒလိုက်မဖြန်ပါနဲ့
ဘုရားရှင်ထားခဲ့သော ၀တ်ရုံကို ဦးညွတ်သောအားဖြင့်ဘွဲ့အမည်မတတ်လိုပါ ၀တ်နည်းကိုတော့ ထိမ်းသင့်ပါသည်။ ဘာသာရေးကိုဘာသာဝင်အားလုံးသိပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်