Subscribe to our RSS Feed

မိုးညှင်းဘူတာနားမှာ KIA ဗုံးခွဲ မြန်

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့အဝင် မိုးညှင်းဘူတာနားက တံတားအမှတ်(၅၈၇) မှာ မန္တလေးဘက်ကနေ ခုတ်မောင်းလာတဲ့ ရထား ဖြတ်သန်းနေချိန်အတွင်း ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ ည ၁၀ နာရီအချိန်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။



မြစ်ကြီးနားမြို့မှ မန္တးလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။

မိုးညှင်းမြို့အဝင် ၊ အုတ်ကျင်းရပ်ကွက်ထိပ်၊ တံတားအမှတ် ၅၈၇၊ ကြေး နန်းတိုင် ၆၃၂/၁၈ ကို ရှေ့ပြေးရထား ဖြတ်သန်းချိန်မှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အစိုးရတပ်သားတွေ လိုက်ပါတဲ့ ရှေ့ပြေးလုံခြုံရေး ရထား နဲ့ ခရီးသည်တင် ရထားတွဲကြားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ခရီးသည်တင် ရထားတွဲကတော့ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။
ဗုံးပေါက်ကွဲသံ ကြားပြီးနောက်မှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ ရထားသံလမ်းကို ညတွင်းချင်း ပြင်ဆင်တဲ့အသံတွေ ကြားရတယ်လို့ မိုးညှင်းဒေသခံ ဦးစိုင်းထွန်းက RFA ကို ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် မိုးညှင်းမြို့ဘက်မှာ ရထားလမ်း ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။
အခုလ (၂၁ ) ရက်နေ့ကလည်း မန္တလေး - မြစ်ကြီးနားသွား အမှတ် ၉၃၇ အဆန်ကုန်တင်ရထားဟာ မိုးညှင်းမြို့နယ်၊ နမ္မားဘူတာနဲ့ မြို့သစ်ကလေး ဘူတာအကြား မိုင်တိုင် အမှတ် ၆၄၃ အနီးမှာ မီးရထားသံလမ်း မိုင်းပေါက်ကွဲခဲ့မှုကြောင့် ကုန်တင်ရထားရဲ့ ကုန်တွဲ ၄ တွဲ လမ်းချော် တိမ်းမှောက်ပြီး ရထားစက်ခေါင်းမောင်းသူ အပါအဝင် မီးရထားဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ကချင်ပြည်နယ် မိုးညှင်းမြို့အဝင် တံတားအမှတ် ၅၈၇ ရထားလမ်းပေါ်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ပိုင်းက မန္တလေးဘက်ကနေ ဝင်လာတဲ့ရထားတန်း ဖြတ်သန်းချိန်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သတင်း
ရရှိ ပါတယ်။

မနေ့ည ၁၀ နာရီ ၅ မိနစ် အချိန်ခန့်မှာ မိုးညှင်းမြို့အဝင် ရိုးမမုန် (သရက်ရိုး)ကွင်း အရှေ့ဘက် ရေပေါက် တံတားအမှတ် ၅၈၇၊ ကြေး နန်းတိုင် ၆၃၂/၁၈ တည့်တည့် နေရာကို အစိုးရတပ်သားများ လိုက်ပါ လာတဲ့ ရှေ့ပြေး လုံခြုံရေး ရထားခုတ်မောင်းဖြတ်သန်းတဲ့ အချိန်မှာ ပေါက်ကွဲသွားတာ ဖြစ်ပါတယ်။

ရှေ့ပြေးရထားအကျော် နောက်ကရထားများ မရောက်ခင် ပေါက်ကွဲသွားတာဖြစ်လို့ ရထားလမ်းပျက်စီး သွားတာကလွဲလို့ အထိအခိုက် အပျက်အစီး မရှိခဲ့ဘူးလို့ သိရပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် ရှေ့ပြေးရထားပေါ်က စစ်သားများက မိုးညှင်းဘူတာအထိ သေနတ်များ မိုး ပေါ်ထောင် ပစ်ဖောက် ခြောက်လှန့်ခဲ့ သေးတယ်လို့ သိရပါတယ်။

ရှေ့ပြေး လုံခြုံရေးရထား နောက်က ပါလာတဲ့ ရထားနှစ်စီးက ရပ်စောင့်နေရပြီး ပျက်စီးသွားတဲ့ ရထား လမ်းကို ညတွင်းချင်းပြင်ဆင်ပြီးမှ ဆက် လက် ခုတ်မောင်းသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျနော်တို့မှာ ၁၉၈၀ ပတ်ဝန်းကျင် အချိန်ကို ပြန်ရောက်သွားသလိုပါပဲဗျာ။ အဲဒီတုန်းကလည်း သံလမ်း တစ်လျှောက် ဗုံးတွေခဏခဏကွဲတယ် – လို့ မိုးညှင်းဒေသခံ တစ်ဦးက ပြောပါတယ်။

ဘယ်အဖွဲ့အစည်းက ဖောက်ခွဲသွားတာဆိုတာကို မသိရသေးပေမယ့်ကေအိုင်အေဌာနချုပ်အနီးမှာ တိုက်ပွဲများ ပြင်းထန်လာချိန် အတွင်းမှာ ကချင်ပြည်နယ် အနောက်ဘက်ခြမ်းမှာ အခုလိုဗုံးခဏခဏ ကွဲနေပြီး ဒီဇင်ဘာလအတွင်းမှာပဲ မိုးညှင်းမြို့နယ် နမ္မားအနီးမှာ ဗုံးကွဲလို့ ကုန်တင်ရထားတစ်စီး တိမ်းမှောက်ခဲ့ပါသေးတယ်။

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်