Subscribe to our RSS Feed

နိုင်ငံပေါင်း ၁၇ နိုင်ငံမှ သံဃာနှင့် သီလရှင်များ ဆွမ်းအလှူခံ ကြွမည်

From : ခေတ်လူငယ်

နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ရဟန်းသံဃာနှင့် သီလရှင် စုစုပေါင်း ၁၁၁ ပါးတို့သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဦးဆောင်ပြီး ဆွမ်းဟင်းလျာနှင့်တကွ ဒါနဝတ္ထုအစုစုတို့ကို အလှူခံရန် ဇန်နဝါရီလ ၆ ရက်နေ့တွင် လှိုင်မြို့နယ်သို့ ကြွချီမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကို တက်ရောက်သင်ကြားနေသော ကမ္ဘောဒီးယား၊ အိန္ဒိယ၊ တရုတ်၊ သီရိလင်္ကာ၊ လာအို၊ ဗီယက်နမ်၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်၊ ထိုင်း၊ အမေရိက၊ ဘင်္ဂလားဒေ့ရှ်၊ ကိုရီးယား၊ နီပေါနှင့် စပိန်စသည့် နိုင်ငံများမှ ရဟန်းသံဃာနှင့် သီလရှင်များဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းအလှူခံ ကြွရောက်ခြင်းမှာ မြတ်စွာဘုရားကိုယ်တိုင် ကျင့်သုံးခဲ့သော ပိဏ္ဍာစာရ(ခေါ်) ဆွမ်းဝတ် ကျင့်သုံးခြင်းကို နိုင်ငံတကာမှ သံဃာတော်များ အနေဖြင့် ပြဋ္ဌာန်း သင်ခန်းစာများနှင့် အညီ လက်တွေ့ကျင့်သုံး တတ်စေရန် ရည်ရွယ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ ရဟန်းသံဃာများနှင့် သီလရှင်များသည် လှိုင်မြို့နယ်ရှိ ဓမ္မာရုံလမ်းနှင့် ရွှေဟင်္သာ လမ်းတစ်လျှောက်သို့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၇ နာရီတိတိတွင် ကြွရောက် အလှူခံမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   www.MyanmarExpress.net
 

1 comments:

Sardu..sardu..sardu. I always pray with my head to the sons( sangar) of buddha.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်