Subscribe to our RSS Feed

အယ်လဂျာဇီးယား ရုပ်သံလွှင့်မှ လိမ်ညာပြီး သတင်းထုတ်လွှင့်မှူကို ဖေါ်ထုတ်လိုက်ခြင်း

From : ဇွဲသစ် (ရမ္မာမြေ)


အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာနမှ ‘ဖုံးကွယ်ထားသော
လူမျိုးတုံးသတ်ဖြတ်မှု (Hidden Genocide)’
သတင်းမှတ်တမ်းဗီဒီယိုတွင်ပါဝင်သည့် လိမ်ညာမှုများနှင့်
ကြိုးကိုင်လှုပ်ရှားမှုများကို ဖော်ထုတ်ဖွင့်ချခြင်း



အံ့ဩဖွယ်ရာ လိမ်လည်မှု၊ အဖြစ်မှန်ကို ပုံသဏ္ဌာန်ပျက်ယွင်းအောင်
လုပ်ဆောင်မှု၊ မရိုးဖြောင့်မှုတို့ကြောင့် (ဤမှတ်တမ်းဗီဒီယိုကို)
‘လူမျိုးတုံးသတ်ဖြတ်မှုဟု လွဲမှားစွာ စွပ်စွဲနိုင်စေရန်
ခိုးကြောင်ခိုးဝှက် ကြိုတင်ကြံစည်မှုအစီအစဉ် (The Hidden Agenda to
falsely charge Genocide)’ ဟု ခေါ်ဆိုသင့်သည်။



တကယ့်ပြဿနာကို မသိသူများက ဤသို့သော မှတ်တမ်းဗီဒီယိုကို အမှန်ဟု
ထင်ကောင်းထင်ကြပေလိမ့်မည်။ သို့သော် သမိုင်းကြောင်းကို ဂဃနဏ
သိရှိထားသူများက ဤမှတ်တမ်းဗီဒီယို၏ အစိတ်အပိုင်းတိုင်းသည်
ရခိုင်ဗုဒွဘာသာဝင်များ၊ (ဒေါ်)အောင်ဆန်းစုကြည်နှင့် ဗုဒ္ဒဘာသာ၊
ဗုဒ္ဒဘာသာဘုန်းတော်ကြီးများနှင့် ဗုဒ္ဒအတွေးအခေါ်အယူအဆကိုပါ ရှုံ့ချပြီး၊
အပုပ်ချဖို့ ကြိုးစားထားသည့် အကွက်ကျကျကြိုတင်ကြံစည်လုပ်ဆောင်မှုကြီးကို
ယုံကြည်လာအောင် လူအများကို လှည့်စားအယုံသွင်းရန် ရည်ရွယ်ထားကြောင်း
အလွယ်တကူ သိမြင်နားလည်နိုင်ပေသည်။



(‘ရခိုင်’ နှင့် ‘ဗုဒ္ဒဘာသာဝင်’ ဟူသော ဝေါဟာရများသည်
လက်ခုပ်နှင့်လက်ဝါးလို တသားတည်းဖြစ်ပါသည်။

‘ရိုဟင်ဂျာ’၊ ‘မူဆလင်’၊ ‘ဘင်္ဂါလီ’၊ ‘ဘင်္ဂါလီမူဆလင်’ ဟူသော စကားလုံးများသည်
ထည်လဲသုံးစွဲနိုင်သော ဝေါဟာရများဖြစ်သည်။

လက်ရှိပြည်နယ်ကို ရခိုင်ပြည်နယ် (သို့) အာရကန် (Arakan)ဟု ခေါ်ဆိုနိုင်ပါသည်။)

(အချိန်နှင့်တပြေးညီ ဖြစ်စေရန် နောက်ခံစကားပြောမှုကို (း၂၈) စက္ကန့်တွင် စတင်ပါသည်။)



(း၄၅) ဗီဒီယိုဖိုင်အရ ‘နောက်ဆက်ဖြစ်သော အရာများမှာ ဖုံးကွယ်ထားခဲ့သော
အရာများဖြစ်သည်။’ ဟုဆိုသည်။ နောက်ဆက်ဖြစ်သော အရာများမှာ
ဖုံးကွယ်ထားခဲ့သော အရာများ (လုံးဝ) မဟုတ်ပါ။ ဆူပူမှုများနှင့်
ဆိုးဝါးပြီး၊ ဖြတ်တောက်ထားသည့် ဆက်သွယ်ရေးစနစ်များကြောင့် ရခိုင်အကြောင်း
သော်လည်းကောင်း၊ ရိုဟင်ဂျာအကြောင်းသော်လည်းကောင်း သတင်းအချက်အလက်များ
ရရှိနိုင်ရန်မှာ ခက်ခဲလှပါသည်။ သို့သော် အမှန်တကယ် ဖုံးကွယ်ထားသည်မှာ
ရိုဟင်ဂျာများက သူတို့ကို ဒုက္ခသည်များအဖြစ်မြင်သွားစေရန်
ကြံစည်စီမံထားမှုပင် ဖြစ်ပေသည်။ လက်တွေ့တွင် မူဆလင်များက
သူတို့ဘာသာဝင်သက်သက်အတွက် လိုချင်ခဲ့သော နိုင်ငံထဲမှ
ဗုဒ္ဒဘာသာဝင်ရခိုင်လူမျိုးများကို နှင်ထုတ်ခြင်း၊ သတ်ဖြတ်ခြင်းများကို
ပြုလုပ်နေကြခြင်းသာ ဖြစ်သည်။



(၁း၀၅) ဗီဒီယိုဖိုင်တွင် လမ်းပေါ်မှ လူအုပ်စုတစ်စုက
အိမ်ပြတင်းပေါက်များကို ခဲနှင့် ပေါက်နေကြပုံကို ပြထားသည်။
(ဗွီဒီယိုဖိုင်ကို ထည့်သွင်းထားပုံအရ ဗုဒ္ဒဘာသာဝင်များက မူဆလင်များကို
တိုက်ခိုက်နေသယောင် လူအများကို ထင်မြင်သွားစေရန် ဖန်တီးထားသည်။) သို့သော်
အမှန်မှာ ထိုဗွီဒီယိုဖိုင်သည် ၂၀၁၂ - ခုနှစ်၊ ဇွန်လ (၈) ရက်နေ့က
မောင်တောမြို့တွင် ဗုဒ္ဒဘာသာဝင်များကို မူဆလင်များက
တိုက်ခိုက်နေခြင်းသာဖြစ်သည်။



(၁း၃၅) ဗီဒီယိုဖိုင်အရ ‘ရိုဟင်ဂျာမူဆလင်များကို သူတို့၏
ဇာတိချက်မြှုပ်နိုင်ငံမှ မောင်းထုတ်ခံနေရသည်။’ ဟု ပြောထားသည်။ သို့သော်
အမှန်က ရိုဟင်ဂျာအများအပြားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားခဲ့ကြသည်။
သို့တည်းမဟုတ် သူတို့၏မိဘများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ
မွေးဖွားခဲ့ကြသည်။ မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်တို့မှ
လူဦးရေသည် နှစ်ခြောက်ဆယ်အတွင်းတွင် ဗုဒ္ဒဘာသာဝင်အများစုအခြေအနေမှ
မူဆလင်အားလုံးနီးပါးအခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းမူဆလင်များသည်
ရခိုင်ပြည်နယ်အတွင်းသို့ အလုံးအရင်းနှင့် ၀င်လာမစဲတသဲသဲ ဖြစ်နေသော
မူဆလင်များ၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။



(၂း၀၀) ဗီဒီယိုဖိုင်အရ ‘ဒီဖြစ်ရပ်ဟာ ရိုဟင်ဂျာတွေကို
လူမျိုးတစ်မျိုးအဖြစ်မှ ကွယ်ပျောက်သွားအောင်လုပ်ဖို့
ကြိုးစားမှုတစ်ခုဖြစ်တယ်လို့ တစ်ချို့တွေက ယုံကြည်ကြပါတယ်။’ ဟူ၍ ပြောသည်။
(၎င်းမှာ) မဖွယ်မရာလှုံ့ဆော်သော မဟုတ်တမ်းတရားသာ ဖြစ်သည်။
ရိုဟင်ဂျာထက်ဝက်ကျော်သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊
ဆော်ဒီအာရေဘီးယား၊ ပါကစ္စတန်နှင့် အခြားနိုင်ငံများစသည့်ဖြင့်
မြန်မာနိုင်ငံ၏ပြင်ပတွင် နေထိုင်ကြသည်။ ထိုကဲ့သို့သော ထုတ်ပြန်ချက်သည်
ဗုဒ္ဒဘာသာဝင်များ၏ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းမှ ရိုဟင်ဂျာများကို
သုတ်သင်ရှင်းလင်းရန်ဖြစ်သည်ဟူ၍ ညွှန်းဆိုနေသလို ဖြစ်နေသည်။



 (၂း၁၀) ဗီဒီယိုဖိုင်တွင် (သူတို့ပြောလိုသော) အယူအဆကို မီးလောင်ရာလေပင့်
ပေးနိုင်ရန် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ဟူသော စကားလုံးကို
သုံးစွဲလိုက်ပြန်ပါသည်။ ကောင်းပြီ။ လူမျိုးတုံးသတ်ဖြတ်မှု (Genocide)
အကြောင်းကို ပြောကြပါစို့ရဲ့။ ဗီဒီယိုတွင် သမိုင်းတွင်တင်ကျန်ပြီး၊
မှတ်တမ်းမှတ်ရာအပြည့်အစုံနှင့် စာတင်ပြီးဖြစ်သည့် လူမျိုးတုံးသတ်ဖြတ်မှု
အစစ်အမှန်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြမထားပေ။ ၁၉၄၂ - ခုနှစ်က
ဒုတိယကမ္ဘာစစ်အတွင်း (မြန်မာနိုင်ငံအတွင်းသို့) ထိုးဖောက်ဝင်ရောက်လာသော
ဂျပန်များကို တိုက်ခိုက်ရန် အင်္ဂလိပ်များက ဘင်္ဂါလီမူဆလင်လူနည်းစု
(ရိုဟင်ဂျာဟူသော ဝေါဟာရကို ထိုအချိန်က အသုံးမပြုခဲ့သေးပါ။) ကို
လက်နက်များကိုင်ဆောင်စေခဲ့သည်။ သို့သော် အင်္ဂလိပ်များ ဆုတ်ခွာသွားကြသောအခါ
ဘင်္ဂါလီများက ထိုလက်နက်များကို အသုံးပြု၍ ဂျပန်များကို မတိုက်ခိုက်ခဲ့။
ဗုဒ္ဒဘာသာဝင်ရွာပေါင်း (၄၀၀) ကျော်ကို မီးရှို့ခြင်း၊ ရခိုင် (၃၀၀၀၀) ကို
သတ်ဖြတ်ခြင်းတို့ဖြင့် ဗုဒ္ဒဘာသာဝင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု
(Genocide) ကို စတင်ဖို့အတွက်သာ ထိုလက်နက်များကို အသုံးပြုခဲ့ကြသည်။
ထိုအချိန်ကတည်းက ရိုဟင်ဂျာများက
ဂျီဟတ်(မြင့်မြတ်သောအစ္စလာမ်ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန်
မူဂျာဟစ်(အစ္စလာမ်ဘာသာအတွက် တိုက်ခိုက်သော မြင့်မြတ်သည့်စစ်သည်တော်)
အဖွဲ့အစည်းများကို ဖွဲ့စည်းလျှက် မူဆလင်ဘာသာဝင်များချည်းရှိမည့်
သီးခြားနိုင်ငံ၏ ပန်းတိုင်များကို ကြိမ်ဖန်များစွာ ကြေညာခဲ့ကြသည်။
ရိုဟင်ဂျာခေါင်းဆောင်များနှင့် ဗလီဆရာများ၏ ပြောဆိုမှုများမှာလည်း
ဗုဒ္ဒဘာသာဝင်များကို သုတ်သင်ရှင်းလင်းပစ်ဖို့သာ ဖြစ်သည်။
ထိုသို့ပြောဆိုမှုသည် လူမျိုးတုံးသတ်ဖြတ်မှု(Genocide)ပြုလုပ်ရန်
ရိုဟင်ဂျာများအား အားပေးအားမြှောက်ပြုရာ ရောက်သွားပေသည်။ သာဓကအနေဖြင့်
(၁၉၈၅) ခုနှစ်တွင် ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ (RLO = Rohingya
Liberation Organization) ၏ဥက္ကဋ္ဌဖြစ်သူ အာမက်ရှာ (Ahmed Shah) က
မူဆလင်မဟုတ်သူများကို မောင်တောခရိုင်မှ မောင်းထုတ်ရန်
မောင်တောခရိုင်အတွင်းမှ ဘင်္ဂါလီများကို သူ၏အသံသွင်းထားသော
ကက်ဆက်တိတ်ခွေများကို လွတ်လွတ်လပ်လပ် ဖြန့်ဝေခဲ့သည်။ အခြေခံအားဖြင့်
မောင်တောမြို့မှ ရခိုင်ဗုဒ္ဒဘာသာဝင်များနှင့် မူဆလင်မဟုတ်သူများကို
လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) ပြုလုပ်ရန် ဆော်ဩနေခဲ့ခြင်း ဖြစ်သည်။



(၃း၁၀) ဗီဒီယိုဖိုင်အရ ရခိုင်ပြည်နယ်၏လူဦးရေမှာ ဗုဒ္ဒဘာသာဝင် (၁,၀၀၀,၀၀၀)
နှင့် မူဆလင် (၈၀၀,၀၀၀) ခန့် ရှိကြောင်း ပြောသည်။ အမှန်တရားနှင့်
အလှမ်းဝေးလွန်းလှပါသည်။ (အမှန်မှာ) ဗုဒ္ဒဘာသာဝင် သုံးသန်းခန့် နှင့်
မူဆလင် (၈၀၀,၀၀၀) ခန့် ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်၍
အလုံးအရင်းဖြင့် ၀င်ရောက်နေထိုင်လာသူများကြောင့် မူဆလင်လူဦးရေသည်
အလွန်လျှင်မြန်စွာ ကြီးထွားလာပါသည်။ ဗီဒီယိုဖိုင်အရ ရခိုင်ပြည်နယ်တွင်
မူဆလင်နှင့်ဗုဒ္ဒဘာသာဝင်တို့မှာ အရေအတွက်အတူတူနီးပါးရှိပြီး၊
ရခိုင်ပြည်သည် ရခိုင်ဗုဒ္ဒဘာသာဝင်တို့၏ ဇာတိချက်မြှုပ်ဒေသ ဖြစ်သကဲ့သို့
ရိုဟင်ဂျာများ၏ ဇာတိဒေသ၊အမိမြေဖြစ်ကြောင်း လူအများကို တွေးထင်သွားစေအောင်
ကြိုးစားခြင်းပင် ဖြစ်သည်။

ဗီဒီယိုဖိုင်တွင် လူဦးရေအကြောင်းကို ဖော်ပြသည့်အခါတိုင်း သောက်သောက်လဲ
မှားနေသည်ကို တွေ့ရသည်။ ရခိုင်ပြည်ကို ရိုဟင်ဂျာများ၏ အမိမြေ၊
မွေးရာဇာတိနိုင်ငံဟူ၍ အကြိမ်ကြိမ်အဖန်ဖန် ခေါ်ဆိုထားခြင်းမှာလည်း
မမှန်ကန်ပါ။ ဤအချက်မှာ ကာလကြာမြင့်လာသည်နှင့်အမျှ အမှားကို
အမှန်ထင်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကွက်ကျကျ
လုပ်ဆောင်သွားကြခြင်းသာ ဖြစ်သည်။ (ဤကိစ္စနှင့်ပတ်သက်၍)
မေးခွန်းရိုးရိုးလေးတစ်ခုသာမေးပါမည်။ ‘ရိုဟင်ဂျာများ မည်သည့်ဘာသာစကားကို
ပြောဆိုကြသနည်း။ ဘင်္ဂလားဒေ့ရှ်လူမျိုးများ မည်သည့်ဘာသာစကားကို
ပြောဆိုကြသနည်း။’ ဟူ၍ပင်။ အဖြေမှာ ‘(သူတို့အားလုံးသည်) ဘင်္ဂါလီစကားကို
ပြောဆိုကြသည်’ ဟူ၍ ဖြစ်သည်။ ‘ဘင်္ဂါလီစကား’ ဟုခေါ်ဆိုရခြင်းမှာ ၎င်းဘာသာစကားသည်
အိန္ဒိယနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်ဖက်အပိုင်း နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ
လာသောကြောင့် ဖြစ်သည်။ အလားတူ သူတို့ (ရိုဟင်ဂျာများ) သည်လည်း
အိန္ဒိယနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်ဖက်အပိုင်း နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ
ရောက်လာခြင်းဖြစ်သည်။



(၃း၄၅) ဗီဒိယိုဖိုင်အရ ‘ရခိုင်ဗုဒ္ဒဘာသာဝင်တွေက ရိုဟင်ဂျာတွေကို
‘ဘင်္ဂါလီများ (သို့) ဘင်္ဂါလီမူဆလင်များ’ လို့ ခေါ်ဝေါ်သုံးစွဲတာကို
ပိုပြီးလိုလားကြပါတယ်။’ ဟူ၍ ပြောထားသည်။ ဆိုလိုချင်သည်မှာ သူတို့ကို
‘ဘင်္ဂါလီမူဆလင်များ’ ဟုခေါ်ဆိုခြင်းမှာ မှားယွင်းနေကြောင်း ပြောလိုရင်း
ဖြစ်သည်။ သို့သော် ဤအချက်မှာ အမှန်ပင်ဖြစ်သည်။ အင်္ဂလိပ်တို့က သူတို့ကို
ထိုအမည်ဖြင့်ပင် သိရှိထားခဲ့ကြသည်။ သူတို့ကိုယ်တိုင်ပင် မိမိကိုယ်ကို
ထိုအမည်နာမဖြင့်သာ သိရှိထားခဲ့ကြသည်။ (ထိုအချိန်က) သူတို့တွင် ရိုဟင်ဂျာ
ဟူသော ဝေါဟာရ မရှိသေးပေ။ သူတို့၏ဇာစ်မြစ်မှာလည်း ဘင်္ဂလားဒေသ ဖြစ်ပါသည်။
သူတို့ပြောဆိုသော ဘာသာစကားမှာ ဘင်္ဂါလီစကားဖြစ်ပြီး၊ သူတို့စားသော
အစားအစာမှာလည်း ဘင်္ဂါလီအစားအစာသာ ဖြစ်ပါသည်။ ထို့ကြောင့်
ဘင်္ဂါလီမူဆလင်များက သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်ဘာသာစကားကို
ပြောဆိုကြောင်း၊ မည်သည့်ဘာသာတရားကို ယုံကြည်သက်ဝင်ကြောင်း
လယ်ပြင်မှာဆင်သွားသလို ရှင်းလင်းသိသာနေခဲ့ပါပြီ။ နောက်ပိုင်းတွင်
သူတို့ထဲမှ အချို့က ‘ဘင်္ဂါလီမူဆလင်’ ဟူသော ဝေါဟာရသည် သူတို့၏
ဇာစ်မြစ်နေရာဌာနကို ပြညွှန်းနေကြောင်း နားလည်သဘောပေါက်လာကြသဖြင့်
‘ရိုဟင်ဂျာ’ ဟူသည့်ဝေါဟာရကို ဖန်တီးပြီး၊ လိမ်ညာဖန်တီးထားသော
သမိုင်းသစ်တစ်ခုကိုပါ ပေါ်ထွက်လာစေခဲ့ပါသည်။



(၅း၀၀) ဗီဒီယိုဖိုင်အရ (၎င်းဗီဒီယိုဖိုင်တွင်ပါသော) အမျိုးသမီးက
ရခိုင်လူမျိုးများဆိုလျှင် ကလေးငယ်များကပင် မူဆလင်များကို တွေ့တိုင်း
ခဲနှင့် ပစ်ပေါက်သည်ဟု သွယ်ဝိုက်ပြောဆိုထားသည်။ (၎င်းမှာ)လုံးဝ
မှားယွင်းကြောင်း ပြောလိုပါသည်။ ထိုကဲ့သို့သော မှတ်ချက်သည်
ရခိုင်ဗုဒ္ဒဘာသာဝင်များကို သူရဲသဘက်အလား ထင်မှတ်မှားသွားလောက်အောင်
ရည်ရွယ်ပြောဆိုထားခြင်းသာ ဖြစ်ပါသည်။ စာရေးသူကိုယ်တိုင်
ကျေးလက်ဒေသများတွင် စာတမ်းပြုစုရန် သုတေသနပြုလုပ်ရင်း ရခိုင်ပြည်နယ်နှင့်
မြန်မာနိုင်ငံ၏ အခြားသောဒေသများတွင် (၂)နှစ်ခန့်ကြာကြာ
ဥဒဟိုသွားလာနေထိုင်ခဲ့သော ကာလတလျှောက် ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို
မတွေ့ခဲ့ရပါ။ ထိုသို့ဖြစ်ခဲ့သည်ဟုလည်း ဘယ်သောအခါမှ မကြားဖူးခဲ့ပါ။
(ထို့ကြောင့်) သူမပြောသောစကားကို သက်သေအထောက်အထားတစ်စုံတစ်ရာ မပြဘဲ
မယုံကြည်နိုင်ပါ။



(၅း၄၅) ဗီဒီယိုဖိုင်တွင် ‘ရခိုင်အမျိုးသားပါတီတစ်ခု’ ကို
အကြိမ်ပေါင်းများစွာ ဖော်ပြသည်။ ထို့ပြင် ရခိုင်လူမျိုးများက မိမိတို့၏
ကိုယ်ပိုင်လက္ခဏာ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို အသိအမှတ်ပြုရဲ၊
ဂုဏ်ယူရဲလောက်အောင်အထိ ရဲတင်းမှုအတွက် ရခိုင်လူမျိုးများကို သူရဲသဘက်အလား
အထင်မှားသွားစေရန် ‘အမျိုးသားရေး(Nationalist)’ ဟူသောစကားလုံးကို
နောက်ခံစကားပြောသူက အရုပ်ဆိုးအကျည်းတန် အမြင်ကတ်သည့် လေသံဖြင့်
ပြောသွားသည်။ ဗီဒီယိုဖိုင်တွင် ရိုဟင်ဂျာစည်းရုံးညီညွတ်ရေးအဖွဲ့(RSO)
နှင့် အာရကန်ရိုဟင်ဂျာမူဆလင်တပ်ဦး (ARIF) ကဲ့သို့သော
ရိုဟင်ဂျာမဟာ့မဟာအမျိုးသားပါတီများ (the Rohingya Super Nationalist
Parties) ကို ဖော်ပြသင့်သည်။ ဤအဖွဲ့များသည် ၎င်းတို့၏အဖွဲ့ဝင်များကို
ပါကစ္စတန်နှင့်အာဖကန်နစ္စတန်နိုင်ငံများသို့ ပို့လွှတ်ပြီး
အယ်လ်ကိုင်ဒါဟစ်ဇ်အီးအစ်စလာမီမူဂျာဟစ်ဒီးအကြမ်းဖက်အဖွဲ့(Al-Qeada
Hizb-e-Islami Mujahideen)နှင့် တာလီဘန်အကြမ်းဖက်အဖွဲ့(the
Taliban)တို့နှင့်တွဲ၍ လက်နက်ကြီးများနှင့် ဖောက်ခွဲပစ္စည်းများသင်တန်း
ကိုတက်ရောက်စေသည်။ (၂၀၁၁) ခုနှစ်၊ မတ်လက မောင်တောမြို့နယ်မြောက်ပိုင်းရှ
တောနက်အတွင်းတွင် တိုက်ခိုက်မှုနှင့်ဗုံးလုပ်နည်းသင်တန်းအပြီး အရေအတွက်
(၈၀) နှင့် (၁၀၀) အကြားရှိသော ရိုဟင်ဂျာများကို ဖမ်းမိခဲ့သည်။



(၁၁း၂၅) ဗီဒီယိုဖိုင်တွင် မူဆလင်လူအုပ်စုကြီးတစ်စုက
မောင်တောမြို့လယ်၏လမ်းများ ပေါ်သို့ ဒလဟောထွက်လာကြပြီး
ရန်ပြုတိုက်ခိုက်ခြင်း၊ ပြတင်းပေါက်များကို ရိုက်ခွဲခြင်းတို့ကို
ပြထားသည်။ ရဲတပ်ဖွဲ့ဝင်များ အချက်ပေးသေနတ်ကို မိုးပေါ်ထောင်ပစ်ပြီးမှ
ဤသို့သောမြင်ကွင်းမျိုး ဖြစ်သွားခဲ့ခြင်းလား၊ သို့တည်းမဟုတ် ထိုသို့
သေနတ်ကို မိုးပေါ်ထောင်မပစ်ခင် ဖြစ်သွားခဲ့ခြင်းလား ဆိုသည်မှာ
မသေချာကြောင်း နောက်ခံစကားပြောသူက ပြောသည်။
အယ်လ်ဂျာဇီးရားသတင်းဌာနအနေဖြင့် ဤအချက်အပေါ်တွင် တမင်တကာ ဝေ့လည်ကြောင်ပတ်
လုပ်သွားခဲ့သည်။ ထို့ကြောင့် လူအများက ဤဖြစ်ရပ်တစ်ခုလုံးကို
ရခိုင်များကသာ စတင်ခဲ့သည်ဟု တွေးထင်သွားပေလိမ့်မည်။ မူဆလင်များက
လမ်းပေါ်မှ ဗုဒ္ဒဘာသာဝင်များကို သတ်ဖြတ်ခြင်း၊
အိမ်နှင့်ဆိုင်များကိုမီးရှို့ခြင်း၊ ဆူပူသောင်းကျန်ခြင်းတို့
စတင်လုပ်ဆောင်ကြပြီးနောက်မှ ရဲများက အချက်ပေးသေနတ်
ပစ်ဖောက်ကြခြင်းဖြစ်သည်။ ထိုသို့ အချက်ပေးသေနတ် မပစ်ဖောက်မီအချိန်တွင်
အမျိုးသားများက သူတို့၏ ‘မြင့်မြတ်လှပါသည်ဆိုသော’ ဗလီများအတွင်းမှ
သစ်သားတုတ်ရှည်ကြီးများကို ကိုင်ဆောင်လျှက် ကန်ပေါင်ကျိုးသွားသောရေကန်မှ
ရေများ ဒလဟော စီးထွက်လာကြသကဲ့သို့ ထွက်လာကြပြီး၊ သူတို့၏
‘မြင့်မြတ်ပါသည်ဆိုသော’ ဗလီဆရာများက ဗုဒ္ဒဘာသာဝင်များအားလုံးကို
သတ်ဖြတ်ရန် ညွှန်ကြားချက်ဖြင့် ဗုဒ္ဒဘာသာဝင်များ၏အိမ်များ၊
ဈေးဆိုင်များကို မီးရှို့ကြသည်။ အလ္လာဟ်အရှင်မြတ်အတွက် ဤသို့
လုပ်ဆောင်ပြီး၊ သူတို့၏ သန့်စင်သော မူဆလင်နိုင်ငံတစ်ခုကို ဤနေရာတွင်
ပိုင်ဆိုင်ရရှိနိုင်စေရန် လုပ်ဆောင်ကြခြင်းပင် ဖြစ်သည်။



(၁၄း၄၀) ဗီဒီယိုဖိုင်အရ အမျိုးသမီးတစ်ယောက်က သူမကို အမျိုးသားအယောက် (၂၀)
က ၀ိုင်း၍ မုဒိန်းကျင့်ခဲ့ကြောင်း ပြောသည်။ သို့သော် သူမနှင့်ပတ်သက်၍
အတုအယောင်တစ်ခုခု ရှိနေပုံရပါသည်။ မိမိအနေဖြင့် ဤသို့သော
အမျိုးသမီးတစ်ဦးကို သာမန်ဆိုလျှင် ယုံကြည်မိပေမည်။ သို့သော်
ဤအမျိုးသမီးသည် မိမိအတွက် လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပါသည်။
(အကြောင်းမှာ) သူမသည် ကျန်းကျန်းမာမာဖြစ်လွန်းနေပြီး၊ စိတ်လှုပ်ရှားမှုလည်း
မရှိသောကြောင့် လူလိမ်လူကောက်ဇာတ်ကားတစ်ကားထဲမှ ဇာတ်ကွက်တစ်ကွက်တွင်
ပါဝင်သရုပ်ဆောင်နေသော မင်းသမီးတစ်ယောက်နှင့်သာ တူနေတော့သည်။ ထို့နောက်
သူတို့က သူမသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သေဆုံးသွားပြီဖြစ်ကြောင်း
ပြောသည်။ ထို့ကြောင့် ယခုအချိန်တွင် မည်သူမျှ သူမကို
တွေ့ဆုံမေးမြန်းခြင်းမပြုနိုင်တော့ပေ။



(၂၀း၁၀) ဗီဒီယိုဖိုင်တွင် ‘မောင်လေးတစ်ယောက်က အပြင်ဘက်ကို ထွက်သွားတယ်။
ချက်ချင်းဆိုသလို ဘုန်းကြီးကျောင်းတစ်ကျောင်းက ဘုန်းကြီးတစ်ပါးက သူ့ကို
ရန်ပြုတိုက်ခိုက်ပြီး အပိုင်းပိုင်းအစစ ခုတ်ထစ်အသတ်ခံရပါတယ်။’ ဟူ၍
အမျိုးသမီးတစ်ယောက်က ပြောသည်။ ထိုအချက်မှာ သက်သေအထောက်အထား
တစ်စုံတစ်ရာမရှိဘဲ ယုံကြည်ဖို့ အလွန်အမင်း ခက်ခဲလှပါသည်။
မြန်မာနိုင်ငံနှင့်ရခိုင်ပြည်နယ်တွင် မိမိကိုယ်တိုင်၏ အတွေ့အကြုံအရ
ဤအခြေအနေမျိုး ဖြစ်ပျက်တတ်သည် ဆိုသောအချက်ကို ယုံကြည်ကိုးစားနိုင်ဖို့
အထောက်အထား သက်သေတစ်စုံတစ်ရာမှ မတွေ့မြင်ဖူးခဲ့ပါ။

-------------------------------------------------

ရိုဟင်ဂျာများသည် ရခိုင်ဗုဒ္ဒဘာသာဝင်များကို သတ်ဖြတ်သည့်အကြောင်းကိုသာ
ပြောကြသည်။ ပြန်လည်ပေါင်းစည်းရေး၊ ငြိမ်းချမ်းရေးနှင့် လေးစားသမှုဖြင့်
သဟဇာတကျကျ အတူတကွ နေထိုင်တတ်အောင်ကား မကြိုးစားကြပေ။



(၁၈း၅၀) ဗီဒီယိုဖိုင်တွင် မိန်းကလေးတစ်ယောက်က ‘သမီးသာ
ဒီထက်အသက်ကြီးခဲ့မယ် ဆိုရင် အဲဒီရခိုင်သားတွေကို သတ်ပစ်ခဲ့မှာပဲ။’ ဟူ၍
ပြောသည်။



(၂၀း၃၅) ဗီဒီယိုဖိုင်တွင် အမျိုးသားတစ်ဦးက သူနှင့်သူ၏ညီအစ်ကိုများက
ဗမာလူမျိုး လုံခြုံရေးဝန်ထမ်း(၄)ယောက်၊ (၅)ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း
ပြောသည်။



(၂၀း၄၀) ဗီဒီယိုဖိုင်တွင် မိခင်တစ်ဦးက သူမ၏သားငယ်အကြာင်းကို
ဂုဏ်ယူဝင့်ကြွားစွာ ပြောသွားသည်။ သူမ၏သားမှာ (ဇွန်လ (၈)
ရက်နေ့ညနေပိုင်းတွင် မောင်တောမြို့၌) ရခိုင်များကို တိုက်ခိုက်ရန်
တားမနိုင်ဆီးမရ ထွက်သွားပြီး၊ (ဂုဏ်ယူဝင့်ကြွားသော ဟန်ပန်ဖြင့်) ရခိုင်
(၂) ယောက်ကို သတ်ခဲ့ကြောင်း၊ ထို့နောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း
ပြောသည်။



ဤသို့ပြောဆိုပေးရန် ရခိုင်ဗုဒ္ဒဘာသာဝင်တစ်ယောက်ယောက်ကို သူတို့ရှာဖွေရန်
ကြိုးစားခဲ့သော်လည်း ရှာမတွေ့ဖြစ်သွားခဲ့သည်ဟု စာရေးသူထင်ပါသည်။

-----------------------------------------------

စာရေးသူအနေဖြင့် ဆက်လက်ရှင်းပြနိုင်ပါသေးသည်။ ရှင်းစရာလည်း
ကျန်နေပါသေးသည်။ သို့သော် ဤမှတ်တမ်းဗီဒီယို၏ဘက်လိုက်မှုကို ပြသရန်
ဤမျှဖြင့် လုံလောက်ပြီဟု ထင်မြင်ပါသည်။

 www.MyanmarExpress.net

10 comments:

The author 's analysis of Aljazeera Rohingya movie is very good. Aljazeera , Saudi Arabia and other OIC member governments made fake story like Serbia genocide on Muslims in Bosnia ( World think Serbia did genocide on Muslims and USA attacked on Serbia and International court arrest Serbia leaders ).
So Myanmar government must do press conference and explain UN representatives , all Embasadders of Embassies in Myanmar, all foreign journalists and Myanmar journalists.

မင်းတို့ရခိုင်တွေကို ဘယ်သူယုံနိုင်မှာလဲ။ မင်းတို့အမှန်ပြောခဲ့တခုမှမရှိခဲ့ဘူး။

Myanmar government must support 10 million Rakhine and Myanmar people from mainland Myanmar move to and live in Muslim majority town ( Maungdaw , Buthidaung ) in Rakhine state.
So there are 14 million Rakhine and Myanmar people and 1 million Bangali muslims and ratio will be 14: 1 in future and Bangali will be minority in Rakhine state and Bangali don't dare to attack on Rakhine people.

ဟေ့ကောင်ရခိုင်တွေ.....မင်းတို့ကအမှန်တရားကိုလိုလားတယ်ဆိုရင် ဘာကြောင်းနိုင်ငံတကာ ပညာရှင်များရှေးမှောက်တွင် ထိုင်ပြီးမရှင်းနိုင်တာလဲ။

စာရေးသူရေ့ ငါတို့သိပြီးသားဟ ကမ္ဘာသိအောင်ပြော

ကမ္ဘာကြီးကိုဖျက်ဆီးနေတဲ့ ဘာသာကကောင်တွေက စော်စော်ကား
ကား comments တွေလာပေးသွားတယ်။ Anonymous နှင့်။ အမည်
တောင်မရှိပုံထောက်ရင် မင်းတို့ငါးကောင်လုံးမှာ အဖေလည်းမရှိပုံပဲ။
မဟုတ်မှလွဲ အိန္ဒယကကားပေါ်မှာ ဆေးကျောင်းသူုကိုမုဒိမ်းကျင့်သွား
တာလည်း မင်းတို့မူဆလင်အမျိုးတွေပဲနေမှာ။

so called rohingar are bangali ,they are terrorist who are attacking the local people who are very innocence Rakhine ethnics ,,as you know as well as we aware that are so different from reality what's happening in western myanmar.Bangali are trying and taking the land from local innocence people as way of human avalanche

ဘယ် နိုင်ငံ တကာ က မင်း အမေလင် တွေ ကို တမ်းတနေ တာလဲ?ဒါငါတို့ နိုင်ငံ မှာ ဖြစ်တဲ့ ငါတို့ ရဲ့ အိမ်တွင်းရေး ကွ။မင်းပထွေး တွေ လာပြီး စွတ်ဖက်လို့ ဘယ်တော့ မှ မရဘူး ဆိုတာ သေတဲ့ ထိ မှတ်သွားလိုက်။ဒီလောက်ထိ ဖြစ်လာ ခဲ့ တာ ငါတို့ ရဲ့ သီးခံ မှု ကြောင့် ဆိုတာ ငါတို့ အခု သိပြီ။ နောက်နောင် ဘယါ တော့မှ ဒါမျိုး ဖြစ်မလာ စေရဘူး။

တောသားကြီး

စစ်တပ် နဲ့  ပဲတန်တယ်။


This is just my translation of the original article in English by American Writer and historian Rick Heizman. You can follow the following links to see the original Engish version along with this translation: Thanks. What I wanna inform you all is that the world really knows about this.
Source: http://issuu.com/rickheizman
https://www.facebook.com/rick.heizman?fref=ts
Hidden Genocide ဗီဒီယိုကို ကြည့်ရှုရန် Linkး
https://www.youtube.com/watch?v=CqCcoXVb-fI

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်