Subscribe to our RSS Feed

ပုဂ္ဂလိကသတင်းစာ မပေးသင့်သူများစာရင်း

From : ပလေတိုဒီမို


 ပြန်ကြားရေးက ပုဂ္ဂလိကနေ့ စဉ်ထုတ် သတင်းစာတွေ ခွင့်ပြုပေးမယ် ဆိုတာ သိရတဲ့အတွက် စဉ်းစားဆင်ခြင် သုံးသပ်တော်မူနိုင်ရန် တင်ပြရခြင်းပဲ ဖြစ်ပါ တယ်။ နေ့ စဉ်ထုတ်သတင်းစာတွေကို ဘက်လိုက်မှု ရှိတဲ့၊ အကျိုးစီးပွား မလွတ်ကင်းတဲ့၊ နိုင်ငံရေးအယူအဆတွေ ရိုက်သွင်းလိုတဲ့ အဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို လုံးဝ မပေးသင့်ပါဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ သူတို့ က မှန်ကန်ပြတ်သားတဲ့ စတုတ္ထမဏ္ဍိုင်နေရာကို ရယူနိုင်မှာ မဟုတ်တဲ့အတွက် ကြောင့်ပါပဲ။

စာရေးသူအနေနဲ့  ထင်မြင်ယူဆမိတာတွေကို နံပတ်စဉ်ထိုးပြီး ဖော်ပြပေး လိုက်ပါတယ်။

၁) နိုင်ငံရေးပါတီများ - နေ့ စဉ်ထုတ်သတင်းစာ လုံးဝ မပေးသင့်သူများ စာရင်းမှာ နံပတ်တစ် အဆင့် သတ်မှတ်သင့်ပါတယ်။ နိုင်ငံရေးပါတီ ဟူသည် ပါတီစည်းရုံးရေး၊ ရွေးကောက်ပွဲများမှာ လူထုထောက်ခံမှု ရရှိရေး၊ မိမိပါတီကို လူကြိုက်များလာရေး ဒါတွေကိုပဲ အလေးထားမှာ ဖြစ်တဲ့အတွက် လေးခုမြောက် ဒေါက်တိုင်ကြီး ဖြစ်လာမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေ သတင်းစာထုတ်မယ်ဆိုရင် ပါတီကြီး(၂)ခုလောက်ပဲ တတ်နိုင်၊ လုပ်နိုင်ပါလိမ့်မယ်။ အထောက်အပံ့တွေ ရရှိနိုင်တဲ့ ပါတီတွေ ထုတ်နိုင်ပါလိမ့်မယ်။ ပါတီငယ်တွေအတွက်ကတော့ မညီမျှတဲ့ အခြေအနေတွေ၊ တစ်ဖက်စောင်းနင်း အနေအထားတွေ သေချာပေါက် ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် ကိုယ့်ပါတီကို ထောက်ခံသူများအောင် တစ်ခြား ပါတီတွေရဲ့ အမှားကို တိုက်ခိုက်ကြမှာ ဖြစ်သလို ကိုယ့်ပါတီကိုပဲ ပရိုမိုးရှင်း လုပ်ကြမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့  နိုင်ငံရေးအကျိုးစီးပွားတွေ အပြည့်အ၀ ပါရှိနေတဲ့ သတင်းစာမျိုးကြောင့် မလိုလားအပ်တဲ့ ဆိုကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာမှာပါ။ ဒါ့ကြောင့် ဘယ်နိုင်ငံရေးပါတီကိုမှ နေ့ စဉ်ထုတ်သတင်းစာထုတ်ဝေခွင့် မပေးသင့်ပါဘူး။

၂) နိုင်ငံရေးသမားများ - မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေထဲမှာ ကျိကျိတက်အောင် ချမ်းသာတဲ့ ခရိုနီတွေ ရှိပါတယ်။ သူတို့ ကိုလည်း သတင်းစာထုတ်ဝေခွင့် မပေးသင့်ပါဘူး။ သူတို့ က ပါတီတွေထက် ပိုပြီးဆိုပါတယ်။ သူတို့  ပရိုမိုးရှင်းလုပ်ချင်တာကို PR နဲ့  လုပ်ကြမှာ ဖြစ်သလို သူတို့ ရဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက် သတင်းစာကို အသုံးချမှာ ဖြစ်ပါတယ်။ လေးခုမြောက် ဒေါက်တိုင် စစ်စစ်မှန်မှန် လုပ်မှာ မဟုတ်ပါဘူး။

၃) စီးပွားရေးလုပ်ငန်းရှင်ကြီးများ - ခရိုနီတွေ ဖြစ်ပါတယ်။ အခု ဂျာနယ်တွေ ထုတ်ဝေတာနဲ့ တင် ခရိုနီတွေ ကျေနပ်ဖို့  ကောင်းပါပြီ။ အမှန်တစ်ကယ် ပြည်သူ့ အကျိုးအတွက် လုပ်လိုတဲ့ ဂျာနယ်တွေ ဆိုရင် ထားပါတော့။ ဒါပေမယ့် မြန်မာနိုင်ငံက ဂျာနယ်တွေကို ပြန်ပြီးကြည့်ပါ။ ဘယ်ဘက်မှ ဘက်မလိုက်ဘဲ လေးခုမြောက်ဒေါက်တိုင်အဖြစ် ရပ်တည် နိုင်တဲ့ ဂျာနယ် လက်ချိုးရေလို့  ရပါတယ်။

၎)ပြည်ပအထောက်အပံ့ယူ အဖွဲ့ အစည်းများ- ပြည်ပက အဖွဲ့ အစည်းတွေရဲ့  ထောက်ပံ့မှုနဲ့ လုပ်ကိုင်နေကြတဲ့ သူတွေ သတင်းစာထုတ်မယ်ဆိုရင် ဘယ်လိုမှ ပြည်သူ့ အကျိုးကို ရှေ့ တန်း မတင်နိုင်ပါဘူး။ သူတို့ ကိုငွေကြေးထောက်ပံ့နေတဲ့ ဒိုနာတွေရဲ့  သြဇာသက်ရောက်မှုတွေ ရှိနေမှာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် NED အထောက်အပံ့နဲ့  ရပ်တည်နေတဲ့ ဧရာဝတီသတင်းဌာန၊ Open Society အထောက်အပံ့ ယူနေတဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း စတဲ့ ဟာတွေ ဖြစ်ပါတယ်။ ကျန်တာလည်း အများ ကြီး ရှိပါတယ်။ (OIC အထောက်အပံ့ယူပြီး ထုတ်မယ့် ဘ၈င်္လိမ်တွေ ပါပါတယ်)

၅) ကျင့်ဝတ် လိုက်နာခြင်း မရှိသော စာနယ်ဇင်းများ - စာနယ်ဇင်းကျင့်ဝတ် တောင် မလိုက်နာနိုင်ကြတဲ့ ဂျာနယ်တွေ ဘယ်လိုလုပ် သတင်းစာကျင့်ဝတ်ကို လိုက်နာနိုင်ကြမလဲ။ ရှင်းပါတယ်။ သူတို့  ဟာ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မပေးသင့်တဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ လက်ထဲ သတင်းစာပေးလိုက်ရင် ဒုက္ခအကြီးအကျယ် ရောက်သွားမှာ ဖြစ်ပါတယ်။

၆)အရောင်အသွေး ရှိသော စာနယ်ဇင်းများ - အရင်တုန်းကလို ကွန်မြူနစ်ဆိုပြီး မရှိတော့ပေမယ့် မြန်မာနိုင်ငံက စာနယ်ဇင်းတွေထဲမှာ နိုင်ငံရေးသူငယ်နာ မစင်သေးတဲ့ ဂျာနယ်တွေ အများကြီး ရှိနေပါတယ်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေလည်း တွေ့ နေရပါတယ်။ ကိုယ် မထောက်ခံတဲ့သူဆို အပြုတ်နှံပြီး ကိုယ် ထောက်ခံတဲ့ သူဆိုရင် ဘာဖြစ်ဖြစ် အကောင်းရေးတဲ့ ဂျာနယ် တွေ ဖြစ်ပါတယ်။ ဥပမာ ဖက်တီး(ခွန်ဒီးယမ်)ရဲ့  လေဒီးဂျာနယ်မျိုး ဖြစ်ပါတယ်။

၇) နိုင်ငံရေးအမြတ်ထုတ်လိုမှုနဲ့  ၀င်ရောက်လာမယ့် သတင်းစာများ- မြန်မာနိုင်ငံမှာ ဘယ်သူ သတင်းစာထုတ်နိုင်တယ်၊ ဘယ်သူ မထုတ်နိုင်ဘူးဆိုတဲ့ ငွေကြေးပိုင်း တတ်နိုင်သူ၊ အရည်အသွေးပိုင်း ပြည့်ဝသူ၊ ကျင့်ဝတ်အရ ကောင်းမွန်သူ၊ ဘက်လိုက်မှု ကင်းသူ စသည်အားဖြင့် သေသေချာချာ စစ်စစ်ပေါက်ပေါက် စာရင်းလုပ်ကြည့်ရင် သိနိုင်ပါတယ်။ အဲဒီ အထဲမှာ ဘယ်သူက မတတ်နိုင်ဘဲနဲ့  နောက်ကွယ်က မမြင်နိုင်တဲ့သူတွေကြောင့် တင်လာပြီ ဆိုရင်လည်း သိနိုင်ပါတယ်။

ဒါတွေအားလုံးဟာ စာရေးသူအနေဖြင့် တွေးကြည့်မိတာပါ။ ဒီထက်လည်း ပိုနိုင်ပါတယ်။ ဒီလူတွေကို သတင်းစာ ပေးထုတ်လိုက်ရင် သေချာပေါက် ပြည်သူတွေကို အဆိပ်အတောက်တွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ သတင်းစာထုတ်ဝေခွင့်ဟာ အင်မတန် အန္တရာယ်ကြီးတယ်လို့  မြင်ပါတယ်။ ဒါကိုလည်း အစိုးရ တာဝန်ရှိသူတွေ ပြန်ပြီး စဉ်းစားသင့်ပါတယ်။ အခုကြေညာထားတဲ့ ထုတ်ဝေခွင့်မှာ စံချိန်စံညွှန်းတွေ တိတိကျကျ မပါသေးတာလည်း တွေ့ ရပါတယ်။ တိကျခိုင်မာပြီး သက်ရောက်မှု ရှိတဲ့ ဥပဒေတွေ ဘာမှ မရှိသေးဘဲ သတင်းစာ ပေးထုတ်မယ် ဆိုရင် ပြည်သူတွ ဒုက္ခရောက်ပါလိမ့်မယ်။ အခုတောင် တာဝန်မခံ၊ တာဝန်မယူဘဲ ရေးချင်ရာရေး၊ လုပ်ချင်ရာလုပ်နေကြတဲ့ ဂျာနယ်တွေ၊ သတင်းမှန်လား မမှန်ဘူးလား တိတိကျကျ အတည်ပြုခြင်း မရှိဘဲ ထည့်ကြတဲ့ ဂျာနယ်တွေ၊ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုကို ဖော်ပြရာမှာ ကိုယ်ရေးချင်တဲ့ ရှုထောင့်တစ်ခုတည်းကပဲ ရေးတတ်တဲ့ ဂျာနယ်တွေ၊ ကျင့်ဝတ်ဆိုတာ ဘာမှန်းမသိ အခွင့်အရေးတော့ အပြည့်အ၀ လိုချင်တဲ့ ဂျာနယ်တွေ၊ အရည်အသွေး ပြည့်ဝခြင်း လုံးဝ မရှိတဲ့ ဂျာနယ်တွေ အများကြီးပါ။

ဒီတော့ ထိရောက်ပြီး မှန်ကန်တဲ့ အရေးယူမှု၊ ထိန်းကျောင်းမှု ပြုလုပ်နိုင်တဲ့ စာနယ်ဇင်းကောင်စီ မရှိသေးတဲ့ အချိန်၊ လိုက်နာရမယ့် ဥပဒေတွေ၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ မရှိသေးတဲ့အချိန်၊ သတင်းစာတွေအတွက် အာဏာသက်ရောက်မှုရှိပြီး နိုင်ငံတကာ အဆင့်မီတဲ့ စံနှုန်းတွေ မရှိသေးတဲ့အချိန်မှာ ပု၈္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို မပေးသင့်ပါဘူး။

ကျင့်ဝတ်နဲ့ ထိန်းမယ် ဆိုတဲ့ စကားတော့ လာမပြောပါနဲ့  ။ ဘယ်သူတွေ ကျင့်ဝတ်ကို ထိန်းပါသလဲ၊ ကျင့်ဝတ်ကို မလိုက်နာရင် ဘာလုပ်မှာလဲ၊ တရားစွဲတယ် ဆိုရင်လည်း အော်ကြဦးမှာလား ဒီမေးခွန်းတွေ အရင် ဖြေကြည့်ပါ။ အရေးကြီးတာကတော့ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင် မပီသရင် နိုင်ငံနဲ့  ပြည်သူတွေအတွက် သိပ်ကို အန္တရာယ်ကြီးပါတယ်။

အစိုးရအနေနဲ့  ပြန်စဉ်းစားဖို့  လိုပါတယ်။ ခိုင်မာပြီး မဖြစ်မနေ လိုက်နာရမယ့် ဥပဒေတစ်ရပ်ကို စာနယ်ဇင်းသမားတွေ၊ အစိုးရအုပ်ချုပ်သူတွေ၊ လွှတ်တော်အမတ်တွေ၊ ပြည်တွင်း-ပြည်ပ ပညာရှင်တွေ၊ ပြည်သူတွေ အကုန်ပါဝင် ရေးဆွဲပြီးမှ သတင်းစာ ထုတ်ခွင့် ပေးသင့်ပါတယ်။

အခုအချိန်မှာတော့ အချိန်မတန်သေးဘူး လို့ ပဲ ပြောချင်ပါတယ်။


 www.MyanmarExpress.net


7 comments:

တော်ပါကွာ..

ကောင်းပါတယ် .. အတင်းစာတွေ ...အဲ..မဟုတ်ပါဘူး သတင်းစာတွေ များများထုတ်တာ ဒါပေမဲ့ သတင်းဘဲရေးကြ
ပါ ပေါက်ပန်းလေးဆယ် အတင်းတွေ မရေးကြပါနဲ့

သေသေချာချာစဉ်းစားကြည့် ရင်သတင်းစာထုတ်ဝေခွင့်
ပေးဘို့ လူမရှိဘူးပေါ့။

လုက် မ နေ ပါ နဲ့ ကွာ
ထုတ် သ မျှ အ ပတ် စဉ် ဂျာ နယ် တောင်
သတင်း တစ် ခု ကို ပတ် လည် ရိုက် ပြီး
လုပ် စား နေ ကြ တာ
အ စိုး ရ ဆောက် ပြစ် တင် ပြီး သ တင်း
လုပ် ရေး နေ တာ
တစ် ပါတ် တစ် ခါ မျက် စိ နောက် တာ နဲ့
လုံ လောက် ပါ တယ် ကွာ
ပြည် တွင်း ကသ တင်း စာ ဂျာ နယ်
မ ဖတ် လဲ
online တက် တွေ့ က ရာ blogs ဖတ်
လည်း သ တင်း က အ တူတူ ပါ ဘဲ ကွာ
စက္ကူ ဈေး တက် အောင် လုပ် မ နေ ပါ နဲ့

ထုတ်လို့ရပါတယ် ထုတ်ကြည့်ပါ နိုင်ငံပိုင်သတင်းစာတောင်ထုတ်လာတာကြပြီ မြတ်ကြရဲ့လားလို့ ။ ဝါဒလည်းဖြန့်တာပဲ အောင်မြင်ရဲ့လားလို့။ ထုတ်ကြည့်လိုက်စမ်းပါ။သဘောထားမမှန် စေတနာမပါလို့ကတော့ ခဏလေးနဲ့ချီးကုံး စက္ကူဈေးနဲ့ချရောင်းရလိမ့်မယ်။ သတ္တိရှိ ရင် ထုတ်ကြည့်။ဘောပွဲ လောင်းရင်တောင်ရှုံးအုံးမယ်။ဒါသေချာပေါက်မှန်းလို့ရတယ်။

ထုတ်လို့ရပါတယ် ထုတ်ကြည့်ပါ။ နိုင်ငံပိုင်သတင်းစာတောင် ထုတ်လာတာကြာပြီ။မြတ်ရဲ့လားလို့။ဝါဒဖြန့်တာလည်းကြာပြီ။အောင်မြင်ရဲ့လားလို့။ထုတ်ကြည့်စမ်းပါ သဘောထားမမှန်စေတနာမပါလို့ကတော့ခဏလေးနဲ့ချီးကုံးစက္ကူဈေးနဲ့ချရောင်းရလိမ့်မယ်။သတ္တိရှိ ထုတ်ကြည့်စမ်းပါ ။ဘောပွဲလောင်းရင်ရှုံးအုံးမယ် ဒါကသေချာပေါက်။ ဦးနာအောက်လိုလည်း ဘယ်သူဌေးမှ မရှိပါဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်