Subscribe to our RSS Feed

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်း ပွဲတော် ကျင်းပ သွားမည်

From :mrtv4


လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဇန်န၀ါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့ အထိ ဦးဝိစာရ လမ်းရှိ မိုင်ဒါကွင်းမှာ ဈေးရောင်း ပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲ ပြုလုပ်
သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အခုလို ပြုလုပ်ရာမှာ Myanmar Online Co.Ltd(MOL) မှ ကြီးမှူးပြီး ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဈေးရောင်း ပွဲတော်မှာ ဆိုင်ခန်းပေါင်း ၁၁၄ ခန်း ပါဝင်မှာဖြစ်ပြီး စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများ အပြင် ကားရှိုး ပြသမှုတွေပါ ထည့်သွင်းပြီး ပြသရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြုလုပ်ရခြင်း ဟာလည်း လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲ အနေနဲ့ ပြုလုပ်တာ ဖြစ်တဲ့ အတွက် ဖျော်ဖြေရေး အစီအစဉ်တွေ အနေနဲ့ Channel-7 မှ လူကြိုက်များတဲ့ အစီအစဉ်တွေ ဖြစ်တဲ့ အိမ်မက်ဆုံရာ၊ ၅ တန်းနဲ့ပြိုင် ဘယ်သူနိုင်၊ Min to Win, Take a money and run, muscle and brain အစရှိတဲ့ အစီအစဉ်တွေ အပြင် Break in တေးဂီတ အစီအစဉ်တွေ ကိုလည်း ဈေးရောင်း ပွဲအတွင်း ထည့်သွင်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြား ဖျော်ဖြေရေး အစီအစဉ်တွေ အနေနဲ့ မျက်လှည့် စက္ကောမနဲ့ Product Show များစွာ ကိုလည်း ထည့်သွင်း ပြသဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်