Saturday, December 29, 2012
ME
From : planet
အစ္စရေး နိုင်ငံတွင် မနုဿဗေဒ ပညာရှင်များသည် သက်တမ်း နှစ်ပေါင်း
(၂၇၅၀)မျှ ရှိနေပြီဖြစ်သည့် ဘုရားကျောင်း နေရာဟောင်း တစ်ခုကို
ဖော်ထုတ်နိုင်ခဲ့သည်။ ဂျေရုဆလင် မြို့အနီးတွင် အဆိုပါ နေရာဟောင်းကို
တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စဉ့်နှင့် မြေထည် ပစ္စည်းဟောင်း အချို့ကိုလည်း
တွေ့ရှိခဲ့ရသည်။
အစ္စရေး နိုင်ငံတွင် မနုဿဗေဒ
ပညာရှင်များသည် သက်တမ်း နှစ်ပေါင်း (၂၇၅၀)မျှ ရှိနေပြီဖြစ်သည့်
ဘုရားကျောင်း နေရာဟောင်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ဂျေရုဆလင်
မြို့အနီးတွင် အဆိုပါ နေရာဟောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စဉ့်နှင့်
မြေထည် ပစ္စည်းဟောင်း အချို့ကိုလည်း တွေ့ရှိခဲ့ရသည်။ ယင်းနေရာသည်
အလွန်ရှေးကျသည့် လူမျိုးစု တစ်ခု၏ ရိုးရာအစဉ်အလာအရ ကိုးကွယ်ဝတ်ပြုသည့်
မြင့်မြတ်သော မြေတစ်ခု ဖြစ်နိုင်ကြောင်း အစ္စရေး ရှေးဟောင်းသုတေသန ဌာနမှ
တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့သည်။

တယ်လ်မော့ဇာ ရှေးဟောင်း သုတေသန တူးဖော်ရေး မြေနေရာအနီး ရှာဖွေမှုများ
ပြုလုပ်နေရင်း အဆိုပါ ဘုရားကျောင်းဟောင်းကို တွေ့ရှိခဲ့ခြင်းဟု သိရသည်။
ဘုရားကျောင်းဟောင်း နေရာသည် ဂျေရုဆလင် မြို့တော်မှ အနောက်ဘက် (၃)မိုင်မျှ
အကွာတွင် တည်ရှိသည်။ ထိုနေရာသည် မူလက အစ္စရေး အဝေးပြေးလမ်းမ အမှတ်(၁)၏
ချဲ့ထွင်မြေနေရာအဖြစ် သတ်မှတ်ရန် ရည်ရွယ်ထားခဲ့သည်။

"ကိုးကွယ်ယုံကြည်မှုနဲ့ ဆိုင်တဲ့ အဆောက်အအုံ တစ်ခုကို တိမ်မြုပ်နေရာက
ပြန်ဖော်ထုတ်နိုင်ခဲ့တာပါ။ ဂျူဒီအီရာ ခေတ်လောက်က တည်ဆောက်ခဲ့တာ
ဖြစ်နိုင်ပါတယ်။ ပြီးတော့ အဲဒီကာလမှာ အစောဆုံး ဘာသာရေး အဆောက်အအုံလည်း
ဖြစ်ကောင်း ဖြစ်နိုင်တယ်"ဟု အစ္စရေး ရှေးဟောင်း သုတေသီများက ပြောကြားခဲ့သည်။
သမ္မာကျမ်းစာ အဆိုအရ ဂျေရုဆလင်တွင် ပထမဆုံးသော ဘုရားကျောင်းကို
ဘုရင်မင်းမြတ် ဒေးဗစ်၏ သားဖြစ်သူ ဆော်လမွန်က တည်ဆောက်ခဲ့ပြီး ယင်းသည် ဘီစီ
(၁၀)ခုနှစ်၌ တိမ်မြုပ် ပျောက်ကွယ်သွားသည်ဟု သုတေသီများက ယူဆထားသည်။

www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်