Subscribe to our RSS Feed

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအား ပုဂ္ဂလိကနှင့် ပူးပေါင်း လွှဲပြောင်း လုပ်ကိုင်မှုများ တိုးမြှင့် ဆောင်ရွက် သွားရန်ရှိ

From : mrtv4


ဒီဇင်ဘာလ ၂၆ရက်နေ့က နိုင်ငံတော် သမ္မတကြီးမှ မှ အစိုးရဌာန ဆိုင်ရာ အဖွဲ့အစည်း များရဲ့ စီမံအုပ်ချုပ် လုပ်ကိုင်မှု စနစ် တိုးတက် ကောင်းမွန်အောင်
ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်း ပြောကြား ရာမှာ ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများ အနေနဲ့ ဥပဒေ လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ပြီး ရုံးလုပ်ငန်း စနစ် မြန်ဆန်အောင် ဆောင်ရွက်ခြင်း တို့အပြင် ဘတ်ဂျက် လိုငွေ လျှော့နည်း သက်သာ စေရန် ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဆောင်ရွက် ရာမှာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း များကို စီးပွားရေး ဆန်ဆန် ဆောင်ရွက် နိုင်ရန် ဦးစီးဌာန၊ ဘုတ်၊ ကော်ပိုရေးရှင်း ဖွဲ့စည်းမှု စတဲ့ ပြင်ဆင်မှုများကို ဥပဒေ၊ နည်းဥပဒများနှင့် အညီ ပြဌာန်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာ မှာတော့ နိုင်ငံတော်ရဲ့ ယခုလက်ရှိ စီးပွားရေး လုပ်ငန်း တွေကို ပုဂ္ဂလိကနဲ့ ပူးပေါင်း လွှဲပြောင်း လုပ်ကိုင်မှုများ တိုးမြှင့် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အဲ့ဒီလို ဆောင်ရွက်ရာ မှာတော့ နိုင်ငံပိုင် ဆိပ်ကမ်း လုပ်ငန်းများ၊ ပို့ဆောင်ရေး လုပ်ငန်းများနဲ့ စက်မှုလုပ်ငန်းများ အပါအ၀င် နိုင်ငံပိုင် လုပ်ငန်း တွေကို ပုဂ္ဂလိက လုပ်ငန်းရှင် များနဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်မှုများ၊ လွှဲပြောင်း လုပ်ကိုင်မှုများကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ လအတွင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ ထုတ်ပြန်ချက် အရ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများနဲ့ စက်ရုံ များကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးရန် အတွက် စက်ရုံပေါင်း ၁၇ ရုံ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို လွှဲပြောင်းမှု ကျန်ရှိနေတဲ့ စက်ရုံတွေ ကိုတော့ အိတ်ဖွင့် တင်ဒါ စနစ်နဲ့ ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်