Subscribe to our RSS Feed

သမ္မတဦးသိန်းစိန် လက်ထက်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ ဖြစ်လာ

သမ္မတဦးသိန်းစိန် လက်ထက်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ ဖြစ်လာ ကြောင်း သတင်းရရှိသည်။ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအား အောက်ဆုံး မှ မည်သို့ပင် ထားစေ မည်သူကမျှ ယုံကြည်တော့မည် မဟုတ်ကြတော့ပေ။ သမ္မတဦးသိန်းစိန်လက်ထက်တွင် ကမ္ဘာပေါ်တွင် မရှိသော သူဌေးများ ပေါ်ထွက်လာခဲ့သည်။ 

၁။ တီရှပ် တစ်ထည်အား ၁၂၅ သိန်းဖြင့် ဝယ်ယူနိုင်သော ထူးဆန်းသည့် မြန်မာ သူဌေးမကြီး ဒေါ်မာလာဝင်း။


 ၂။ ဆွယ်တာ တစ်ထည်အား ဒေါ်လာ ၅ သောင်း နီးပါးဖြင့် ဝယ်ယူနိုင်သော Shwe FM မိသားစု။



၃။ ဆွယ်တာတစ်ထည်အား သိန်း ၆၅၀ ဖြင့် ဝယ်ယူနိုင်သော အဆင်းရဲဆုံးဆိုသည့် မြန်မာနိုင်ငံတွင်းမှ သူဌေး
ဦးလှထွန်းကြည်




ယခုဖြစ်ပေါ်နေသော သတင်းများကြောင့် မြန်မာနိုင်ငံအား ဆင်းရဲသည် ဟု မည်သူမျှ မပြောရဲတော့ကြောင်း၊ အချမ်းသာဆုံးနိုင်ငံများမှ သူဌေးများပင်လျှင် တီရှပ် နှင့် ဆွယ်တာများအား ဒေါ်လာ သောင်းချီ မဝယ်နိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံအား အချမ်းသာဆုံး ဟု ကမ္ဘာက သိအောင်လုပ်ပေးခဲ့သော် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အား လူအများက ကျေးဇူးတင်လျှက်ရှိပြီး မြန်မာနိုင်ငံအား အဆင်းရဲဆုံး နိုင်ငံများစာရင်း ထည့်သွင်းနေသူများကိုလည်း NLD မှ ဦးဆောင် ကန့်ကွက်သင့်ကြောင်း ဝေဖန်မှုများ ရှိနေပါသည်။

  www.MyanmarExpress.net
 

10 comments:

ဒေါ်စုရဲ့အတွင်ခံဘောင်းဘီလေးသာ ရောင်းရင်တော့ ကမ္ဘာ့ ဂရင်းနစ် မှတ်တမ်းမှာ ဝင်အောင်မြန်မာပြည်က ဒေါ်စု ခရေစီ သူဌေးများက အသေအလဲ လေလံဆွဲမယ်လို့ ခိုင်လုံသောသတင်း ရပ်ကွက်မှ သတင်းရရှိပါတယ်.

မြန်မာနိုင်ငံ ဆင်းရဲ တယ်လို့ ပြောတဲ့ ကောင်တွေ က သူတို့ လုပ်ချင်တာ လုပ်လို့ မရလို့ ဖြစ်မှာပါ။ နောက်ဆုံး ဘုရား မှာ လှု ထားတဲ့ ရွှေ တွေကိုတောင် ခွာခြင်နေကြ တာလေ။

တီရှပ်နှင့်ဆွယ်တာကို သိန်းပေါင်းရာချီ လေလံဆွဲဝယ်ယူကြသော
သူဌေးကြီးများခင်ဗျာ အဲဒီပိုက်ဆံတွေကို ဆင်းရဲနွမ်းပါးပြီး မိဘမဲ့
ခလေးတွေကို စာသင်ပေးနေတဲ့ ဘုန်းတော်ကြီးစာသင်ကျောင်းတွေ
ကို လှူလိုက်ရင် အစားအသောက် အ၀တ်အထည်တွေ ချို့ တဲ့နေ
သော ခလေးတွေတော်တော် ၀မ်းသာကြမှာ...အဲဒီလိုလှူကြအောင်
လည်း ဘုန်းတော်ကြီးစာသင်ကျောင်းတွေက ဘုန်တော်ကြီးတွေက
လှူကြပါ လှူကြပါ လို့လျှာထွက်အောင်ပြောနေကြပေမဲ့ လှူမဲ့သူ
မရှိကြဘူး။ဘာမဟုတ်တဲ့ အ၀တ်စုတ်သာသာရှိတဲ့ ဟာကိုတော့
သိန်းရာချီပေးကြတာ ဘယ်လိုဒါနတွေလဲမသိတော့ပါဘူး။အဲဒီလိုမှ
ဟုတ်လဲ ရခိုင်နှင့်ကချင် ဒုက္ခသယ်တွေအတွက် လှူပါလားဗျာ။
ကုသိုလ်ရတာပေါ့။

အင်္ကျီတစ်ထည် အဲဒီလောက် ပေးဝယ်တာ ဟုတ်ကော ဟုတ်ရဲ့လား။ မြန်မာပြည် မှာလည်း ဒီလို အရူးတွေ ရှိနေပြီပဲ။ ရခိုင်နဲ့ ကချင်ကို လှူလိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။

အရမ်းကေင်းပါတယ်

စောက်ရူးတွေးကြမ်းတိုက်ဝတ်သာသာရှိတဲ့ဟာကိုဈေးကြီးပေးဝယ်နေကြတယ်

သေချာလေ့လာပါ ထားစရာမရှိသောသူနှင့် စားစရာမရှိ သောသူများအရင်ဗိုလ်ချုပ်တွေနှင့်ပူးပေါင်းခဲ့ကြသူများသည်ထားစရာမရှိအောင်ချမ်းသာကြ၍ သာမန်အရပ်သား ရွာသားများမှာစားစရာမရှိအောင်ဆင်းရဲနေကြပါတယ်

ဟုတ် တယ် အရင် က ဗိုလ်ချုပ်
တွေ နဲ့ ပေါင်း ခဲ့ တဲ့ ကောင် တွေ
အခု ဒေါ် စု လည်း သူ တို့ နဲ့ ပေါင်း
ရ တာ အ ရသာ တွေ့ နေ ပြီ
နောက် ဆုံး တော့  လည်း အရင် က ဗိုလ် ချုပ်
တွေ လို အလို လိုက် မြောက် ပေါင်း တော့ လည်း
ဒေါ်စု တို့ မင်း ကို နိုင် တို့ ခရို နီ ဆို ပြီး မဆက် ဆံ
ဘဲ မ နေ နိုင် ဘူး မ ဟုတ်လား?
အကျီင်္ ဂီတာ ပန်းချီ ကား ဘာ ကြောင့် သိန်း ချီ ပေး
နေ တာ လဲ? ဘယ် လောက် သမိုင်း ကြောင်း
နဲ့ ချီ ပြီး တန် ဖိုး ရှိ နေ လို လဲ?
နောက် ဆုံး တော့ လည်း .....

ဒါပေမဲ့............
မျှ တ စေ ချင် ပါ တယ် ..............
အဲ ဒီ လူ တွေ က ဘာ လုပ် ဖို့ အတွက် အကုန် အကျ ခံတာ လဲ
ဒိ ထက် မက ချမ်း သာတဲ့ ခ ရို နီ တွေ က စိန် တွေ အ လ ကား ပေး နိုင်တယ် ဆို တာ ခင် ဗျား သီ ပါ တယ်...........
မျှ တ စေ ချင် ပါ တယ် .............
တန် ပြန် ဖြန့် တာ လက် ခံ တယ် မျှ တ စေ ချင် ပါ တယ်

အဲဒီအင်္ကျီဘာလုပ်မှာလဲ ဈေးအများကြီးနဲ့ဝယ်ပြီးတော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်