Subscribe to our RSS Feed

ဂျပန်ဝန်ကြီးချုပ်သစ် အစိုးရဖွဲ့

From :voa

 
ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ် ရှင်ဇို အာဘေးက ရင်းနှီးတဲ့ မဟာမိတ်တွေ အများစုပါဝင်တဲ့ ၀န်ကြီးအဖွဲ့သစ်ကို ရွေးချယ် ခန့်အပ်လိုက်ပြီး တိုင်းပြည်စီးပွား ပြန်လည် ဦးမော့လာအောင်နဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေနဲ့ နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ လွှတ်တော် ၂ ရပ်စလုံးက အယုံအကြည်ရှိကြောင်း ထောက်ခံမဲပေးပြီး မကြာခင်မှာပဲ မစ္စတာ အာဘေးနဲ့ သူ့ရဲ့ အစိုးရအဖွဲ့သစ်ကို ဂျပန်ဘုရှင် Akihito က ဗုဒ္ဓဟူးနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပေးလိုက်ပါတယ်။ သူ့ရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ် ပါတီငယ်လေး New Komeito ပါတီတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရွေးကောက်ပွဲအတွင်း အမတ်နေရာ ၃ ပုံ ၂ ပုံနဲ့ ၃ နှစ်လောက် အာဏာရလာတဲ့ ဒီမိုကရက်တစ်ပါတီကို အနိုင်ရလိုက်တာပါ။

မစ္စတာ ဘာဘေးဟာ ၀န်ကြီးချုပ်အဖြစ်နဲ့ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ တကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး မကောင်းသတင်းတွေနဲ့ သူ့အစိုးရ နံမည်ပျက်ရပြီးတဲ့နောက် ကျန်းမာရေး အကြောင်းပြပြီး ရာထူးက အနားယူသွားခဲ့တာပါ။ သူ့အရင် အစိုးရလက်ထက်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Taro Aso ကို ဘဏ္ဍာေ၇းဝန်ကြီးအဖြစ် ပြန်လည် တာဝန်ပေးခဲ့တာအပါအ၀င် သူဝန်ကြီးချုပ်အဖြစ် ပထမအကြိမ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၀န်ကြီးတာဝန်ယူခဲ့သူ အများစုကို ပြန်လည် တာဝန်ပေးခဲ့ပါတယ်။
 
 
  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်