Subscribe to our RSS Feed

 သိန်းနီမြို့၊ သစ်တောဘိနယ် စခန်းရုံး KIA သုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ


281

လားရှိုးမြို့နယ် သစ်တောဦးစီးဌာန၊ သိန်းနီသစ်တောဘိနယ် စခန်းရုံးတွင် ဒီဇင်ဘာလ (၂၇) ရက်နေ့နံနက် (၀၂း၀၀) နာရီ အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

သိန်းနီသစ်တောဘိနယ် စခန်းရုံးအတွင်းသို့ လက်ပစ်ဗုံး (၂) လုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဗုံးပစ်ခတ်မှုကြောင့် တောအုပ်ဦးလှမင်းဦး၏ ညာဘက်ခြေသလုံးဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး၊ ဘိနယ်စခန်းအတွင်း ရပ်ထားသော မော်တော်ဆိုင်ကယ်နှင့် အဆောက်အဦအတွင်းနှင့် ကြမ်းခင်းများ ဗုံးဆံထိမှန်မှုကြောင့် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်က အခင်းမဖြစ်ခင် အပေါ့အပါးသွားပြီး အဆောင်ထဲကို ပြန်ဝင်လာတဲ့ အချိန်မှာ လူရိပ်တွေ့လို့ ထွက်အမေး၊ လက်ပစ်ဗုံးတစ်လုံးကို ရုံးထဲကိုပစ်တယ်။ နောက်တစ်လုံးကိုတော့ ရုံးဘေးကိုပစ်တယ်။ ကျွန်တော်ကိုတော့ ဗုံးကွဲတဲ့အချိန်မှာ ဆိုင်ကယ်က ကျွန်တော့ရှေ့မှာဆိုတော့ ညာဘက်ခြေသလုံးပဲ ထိခဲ့တယ်” ဟု တောအုပ် ဦးလှမင်းဦးက ပြောပါသည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ တောအုပ် ဦးလှမင်းဦးအား လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိပြီး ဖြစ်စဉ်အား သိန်းနီရဲစခန်းမှ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်