Subscribe to our RSS Feed

စက်မှုလုပ်ငန်းများကို ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက် ခုနစ်နာရီမီးဖြတ်မည်


လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု လျော့ကျလာသည့်အတွက် လာမည့် ဇန်န၀ါရီ ၁ ရက်မှစ၍ စက်မှုလုပ်ငန်းများကို ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ခုနစ်နာရီကြာ လျှပ်စစ်မီးဖြတ်တောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုသို့ စက်မှုလုပ်ငန်းများကို ဖြတ်တောက်ရာတွင် ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းများ၊ အစိုးရစက်ရုံလုပ်ငန်း လည်ပတ်မှုများ ပုဂ္ဂလိက စက်မှုဇုန်လုပ်ငန်း လည်ပတ်မှုများ အားလုံးကို တစ်ပြိုင်နက်တည်း ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လာမည့် နွေရာသီတွင် အများပြည်သူကို လျှပ်စစ်မီး မဖြတ်တောက်ဘဲ အပြည့်အ၀ပေးရန် စီစဉ်ထားကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။ လာမည့် လများတွင် ဓာတ်အားလိုအပ်ချက် ထပ်မံမြင့်တက်လာပါက ယခုဖြတ်တောက်မည်ဖြစ်သော စက်မှုလုပ်ငန်းများကိုပင် အချိန်တိုး၍ ထပ်မံဖြတ်တောက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"စက်မှုဇုန်တွေကို မီးဖြတ်ချင်ဖြတ်ပါ။ ပေးမယ်ဆိုရင်တော့ အလုပ်လုပ်လို့ရအောင် ပေးစေချင်တယ်။ နေ့ဘက်မှာ ဆက်တိုက် ၁၀ နာရီလောက် ပေးမှဖြစ်မှာ။ စက်မှုလုပ်မှုကို တကယ်နားလည်မှ မီးပေးရေးကို ကိုင်ရင်ကောင်းမယ်။ အပေါ်ကလူက မီးပေးတယ်ပြောပြီး အောက်ကလူက ဖြတ်တယ်။ ပိုက်ဆံပေးမှ မီးပြန်တပ်ပေးမယ်ဆိုရင်လည်း မဟုတ်သေးဘူး။ နိုင်ငံတော်ပါ နစ်နာတာပေါ့။ မီးမလာလို့ ဒီဇယ်နဲ့မီးစက်ကို မောင်းရတာ တစ်ယူနစ်ကို လေးရာ့ငါးဆယ်ကျတော့ ဓာတ်အားခတိုးကောက်ပြီး မီးမှန်မှန်ပေးတာကမှ အဆင်ပြေဦးမယ်" ဟု ဧရာဝတီမြေပဲဆီစက်ရုံပိုင်ရှင် ဦးခင်စိုးက ပြောသည်။
  


www.MyanmarExpress.net
 

3 comments:

လျှပ်စစ်မီးဖြတ်တာအိမ်တွေပါပါသလားသိချင်ပါတယ်
မီး(၂၄)နာရီရချင်ရင်တစ်သိန်းခွဲပေးရမယ်တရားဝင်လုပ်ပေးမှာဆိုပြီး
ဗိုလ်တထောင်EPCကတောင်းပါတယ်
မီးပျက်ခဲ့ရင်ပိုက်ဆံပြန်ပေးမယ်လို့လဲပြောပါတယ်
တရားဝင်ဟုတ်မဟုတ်သိချင်ပါတယ်။

တစ်သိန်းခွဲကတစ်လတစ်ခါပေးရမှာလား?

လူနေရပ်ကွက်ထဲမှာရှိနေကြတဲ့စက်ရုံတွေအားလုံးကိုစက်မှုဇုံတွေကိုရွေှ့ပြောင်းပေးသင့်နေပါပြီ...ဒါမှရန်ကုန်မြို့ကြီး
မြို့တော်အင်္ဂါရပ်နဲ့ညီညွတ်တော့မှာပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်