Subscribe to our RSS Feed

အာဖဂန်စစ်သားတစ်ဦး ပြင်သစ်တပ်ဖွဲ့ဝင်လေးဦးအား ပစ်သတ်

From : Myanmar Times

(အေအက်ဖ်ပီ)
သောင်းညွန့် ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

အာဖဂန်စစ်သည်များအား သင်တန်းပေးနေသော ပြင်သစ် စစ်သည်တစ်ဦး။
ဓာတ်ပုံ - အေအက်ဖ်ပီ

ကဘူးလ်- တာလီဘန် သူပုန် အလောင်းများအပေါ် ကျင်ငယ်စွန့် နေသည့် အမေရိကန်စစ်သားများ၏ ဗီဒီယိုကိုကြည့်ပြီး နောက် ပြင်သစ်စစ်သားလေးဦးတို့အား ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း တရားခံ အာဖဂန်စစ်သားက ပြောဆိုခဲ့သည်ဟု လုံခြုံရေးရပ်ကွက်များထံမှ သိရသည်။

လက်နက်ကိုင်ဆောင်ထားခြင်း မရှိသော ပြင်သစ်စစ်သားများအား ဇန်န၀ါရီလ ၂၀ ရက်က အာဖဂန်နိုင်ငံ အရှေ့ပိုင်း၌ တိုက်ခိုက်မှုသည် အခြား ပြင်သစ် စစ်သား ၁၅ ဦးကို ဒဏ်ရာရစေခဲ့သည့် အနက် ရှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်။

ဤဖြစ်ရပ်ကြောင့် ပြင်သစ်သမ္မတ ဆာကိုဇီသည် ဒေါသဖြစ်ခဲ့ပြီး အမေရိ ကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့မှ ၂၀၁၄ ခုနှစ် နောက်ဆုံးထား ထွက်ခွာမည့် သတ်မှတ်အချိန်ထက် စောပြီး ပြင်သစ်တပ်ဖွဲ့များ ရုပ်သိမ်း မည်ဟု ခြိမ်းခြောက်လိုက်ပြီး သူ၏ ကာကွယ်ရေး ၀န်ကြီး ဂျီရဒ်လောင်ဂူအေးအား ကဘူးလ်သို့ စေလွှတ်လိုက်သည်။

ဤတိုက်ခိုက်မှု မည်သူ့အပေါ်တာဝန်ရှိသည်ကို အပြန်အလှန်လက်ညှိုးထိုးနေကြရာတွင် အာဖဂန်စစ်တပ်အတွင်းသို့ လျှို့ဝှက် ၀င်ရောက် နေသည့် တာလီ ဘန်သူပုန်က ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးအား အသိပေးခဲ့သည်။

တာလီဘန် သူပုန်ဘက်ကပြောဆိုရာတွင် ဤကိစ္စကို စုံစမ်းလျက်ရှိကြောင်း၊ တိုက်ခိုက်မှုအများမှာ ကျူးကျော်သည့် ရန်သူအပေါ် ဒေါသထွက်ခြင်းကြောင့် ဖြစ်ပွားလေ့ရှိကြောင်း အကြံပြုပြောဆိုခဲ့သည်။

သို့သော်လည်း ပြင်သစ်ကာကွယ်ရေး ၀န်ကြီးနှင့် တွေ့ဆုံပြီးနောက် ထုတ်ပြန် ချက်တစ်ခု၌ သမ္မတကာဇိုင်းသည် တာလီဘန်အပေါ် စွပ်စွဲခြင်းမလုပ်ဘဲ နိုင်ငံခြားစစ်သားများအပေါ် အာဖဂန် စစ်သားတို့၏ ခါးသီးသောခံစားချက် များကို ပုံကြီးမချဲ့ခဲ့ပေ။

အမေရိကန် မရိန်းတပ်သားများ၏ လုပ်ရပ် ဗီဒီယိုထွက်ပေါ်ခဲ့ပြီး ရက်သတ္တပတ်မျှ မကြာသေးမီမှာပင် အသက် ၁၀ နှစ်အရွယ်ရှိ အာဖဂန် ယောက်ျား ကလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး တို့အား စော်ကားခဲ့သည်ဆိုသော စွပ်စွဲမှုများကြောင့် ဗြိတိသျှ စစ်ရဲက စစ်သား နှစ်ဦးအား ဖမ်းဆီးခဲ့သည်။

ထို အာဖဂန်စစ်သား၏ ၀န်ခံဖြောင့်ချက်များကို သတင်းများ၌ ဖော်ပြတော့ မည်ဖြစ်ရာ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးမှ ပြောဆိုခွင့် ရှိသူက ပြင်သစ် စစ်သားများနှင့် ၎င်းတို့၏မိသားစုများအား အထူးပင် ကရုဏာသက်မိကြောင်း ပြောဆိုခဲ့သည်။

ပြင်သစ်တပ်သား လေးဦးတို့၏ ရုပ်ကလာပ်များကို ပါရီမြို့သို့ ဇန်န၀ါရီလ ၂၂ ရက်က လေယာဉ်ဖြင့် သယ်ဆောင်သွားရာ ပြင်သစ် ကာကွယ်ရေးဝန်ကြီးလည်း အတူလိုက်ပါသွားသည်။

Myanmar Express

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ရန်ပုံငွေထားရှိရန် ပြည်သူ့လွှတ်တော် အတည်ပြု


From : ခေတ်လူငယ်

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ရန်ပုံငွေစာရင်း ခေါင်းစဉ်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ရန်ပုံငွေတစ်ရပ်ထားရှိရန် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။ ယင်းအဆိုက ကချင်ပြည်နယ်၊ မြစ်ကြီးနားမဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က ဇန်နဝါရီ ၂၆ ရက်တွင် ပြုလုပ်သော ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့သည်။ “လွတ်လပ်ရေးရပြီးစကစပြီး ယနေ့ထက်တိုင် အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်လျက်ရှိပါတယ်။ ယခုအခါမှာ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးယူပြီးတဲ့ ဒေသများဟာ ခေတ်အဆက်ဆက်က ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မှု အားနည်းတဲ့ ဒေသတွေဖြစ်တာကြောင့် အပစ်အခတ်ရပ်စဲပြီးတဲ့ ဒေသတွေမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ဖို့ လိုတာကြောင့် အဆိုတင်ရတာပါ” ဟု ဦးသိန်းဇော်က ပြောသည်။ ယင်းအဆိုကို ချီဗွေမဲ ဆန္ဒနယ်မှ ဦးဇုံးတိန့်နှင့် တနိုင်းမဲဆန္ဒနယ်မှ ဦးမျိုးဆွေတို့က ထောက်ခံဆွေးနွေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြာထားပါသည်။

Myanmar Express

ဘာလဲဟဲ့ NLD -LA (ပေးစာ - ၈၉)


မလေးရှားနိုင်ငံတွင် ရှိသော NLD ပါတီဝင်များ စားဝတ်နေရေးကြပ်တည်းနေသည့် အတွက် မဟုတ်မမှန်လုပ်ကြံဖန်တီးထားသော ဂျာနယ်များ လက်ကမ်းစာစောင်များကို ရောင်းချနေပါသည်.။ထိုကိစ္စနှင့် ပက်သက်ပြီး မလေးရှားရောက် ရွှေမြန်မာ များ ၏ သဘောဆန္ဒ ကိုမေး မြန်းခဲ့ ရာ......


ကိုရွှေတင် ( ကလန်း)
NLD (မလေးရှား) ကကောင်တွေ စောက်ရှက်မရှိဘူးဗျို့ .စားဖို့ မရှိလို့ ထင်တယ်.ပေါက်ကရ 80 ရေးထားတဲ့ သူတို့ ဂျာနယ်တွေ မဂ္ဂဇင်းတွေ ကို လိုက်ရောင်းနေတာ.ကျွန်တော် လဲသနားလို့ ဝယ်ထားလိုက်တယ်..ချီးကုန်းလို့ ရတာပေါ့.

ဒေါ်ကေခိုင် (အိပို့ )
စိတ်ညစ်ပါတယ်.စာစောင်တွေလျှောက်
ရောင်းနေတာ.မျက်နှာငယ်လေးတွေ နဲ့ ပေါ့.ကျွန်မကတော့ အကြည်တော် စာအုပ်ဖတ်နေရသလိုပါပဲ..သူတို့ ဂျာနယ်တွေက သတင်းတွေက ကျွန်မအတွက် တော့ ဟာသတွေပါ.

ဦးအီဗရာဟင်(ဆီလန်းဂေါ)
ဘာစောက်ပေါက်ကရတွေရေးထားလဲမသိဘူး..အလကားလူလိမ်တွေ NLD (မလေးရှား) ကကောင်တွေ အကုန်လုံး ဘိန်းရှုလိုက်/ဖန်စီရိုင်း သောက်လိုက်နဲ့  ရေးတယ်ထင်ပ..တစ်ခုမှမမှန်ဘူး.

ဦးဖေလှဝင်း(ပူချွန်း)
ဒီကောင်တွေသာအရှက်မရှိပေါက်ကရရေးထားတဲ့ ဂျာနယ်တွေရောင်းရဲတာ..အလကားပါကွာ.
NLD (မလေးရှား) ကကောင်တွေ အကုန်လုံးက ဖာချဖို့ နဲ့ အရက်သောက်ဖို့ လောက်ပဲသိတာ..ပြီးရင် ဒေါ်ညု ပုံနဲ့ စာစောင်တွေလိုက်ရောင်းတယ်.
အရက်ဖိုးနဲ့ ဖာချဖို့ အတွက်ပေါ့..

http://hanminhtun-hpaan.blogspot.com/2012/01/nld-la.html

စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ သဘောထားများ ခင်မောင်ညို(ဘောဂဗေဒ)



စီးပွားရေးပိတ်ဆို့မှုများ ရလာဒ်ကို ကြိုတင်ခန့် မှန်းရခက်သည်။ လုပ်ရပ်များ၏ရလာဒ်ကို ကြိုတင် မှန်းဆရန်ခက်သည်ဆိုရာ၌ စီးပွားရေးပိတ်ဆို့မှုတစ်ခုတည်းသာမဟုတ်ပါ။အခြားမူဝါဒများ၊ လုပ်ရပ်များ၏ ရလဒ်များသည်လည်း ကြိုတင်မှန်းဆရန် ခက်ခဲ တတ်ပါသည်။ မမျှော်မှန်းနိုင်သောဖြစ်ရပ်များ၊အကျိုး ဆက်များ၊ ဘေးထွက်အကျိုးသက်ရောက်မှုများ ဖြစ် ပေါ်တတ်ပါသည်။ စစ်အင်အား သုံး ခြင်းသည်လည်းဖြစ်ချင်သည့်အတိုင်းဖြစ်ချင်မှဖြစ်တတ်ပါသည်။ နိုင်ငံတကာနယ်ပယ်တွင် ဝါဒဖြန့်သည်များကို မိမိကအဓိပ္ပာယ် ကောက်စေချင်သလို မကောက်ဘဲ၊သူကောက်ချင် သလိုကောက်သွားနိုင်သည်။ သံခင်းတမန်ခင်းဆောင် ရွက်ခြင်းများကို ချော့မြှူခြင်းဟုထင်နိုင်သည်။ မည် သို့လုပ်လျှင် မည်သို့ဖြစ်သည်ကို၊မည်သည့်နေရာ၌ မဆို မှန်းဆရန်ခက်သည်။
စီးပွားရေးပိတ်ဆို့မှုများကို အကောင်အထည် ဖော်ရာ၌ အခက်အခဲများစွာကြုံတွေ့ရသည်။ နိုင်ငံ အတော်များများ၌ သံခင်းတမန်ခင်းကိစ္စများ၊စစ်ရေး ကိစ္စများ အတွက် ကျွမ်းကျင်သူ၊ စနစ်တကျလေ့ကျင့် ထားသူများများစွာရှိသော်လည်း စီးပွာရေးနည်းလမ်း များကို နိုင်ငံရေးရည်မှန်းချက်များအတွက်အသုံးပြုရန် ကျွမ်းကျင်သူရှားပါးသည်။ စီးပွားရေးပိတ်ဆို့မှုများ၏ သဘောသဘာဝကြောင့်ထက် စီးပွားရေးပိတ်ဆို့မှုကို အကောင်အထည်ဖော်ရန်ခက်ခဲခြင်းဖြစ်သည်။
စီးပွားရေးပိတ်ဆို့မှုများ၏ ထိရောက်မှုသည် ထို မူဝါဒကို တစ်နိုင်ငံလုံးက မည်မျှထောက်ခံသည် မထောက်ခံသည်ဆိုသည့် အပေါ် တွင်မူတည်သည်။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ ဒုတိယကမ္ဘာစစ်တို့ သည်လည်း အလားတူပင်ဖြစ်သည်။ စီးပွားရေးပိတ် ဆို့မှုကို ပြုလုပ်သောနိုင်ငံ၏ မည်သည့်အတိုင်းအတာ အထိ ထောက်ခံမှုရသည်၊ မရသည်ဆိုသည်မှာ အရေး ကြီးသည်။ သံတမန်တစ်ဦးက ''ကျွန်ုပ်တို့နိုင်ငံသား များက ထိုကိစ္စကိုလက်မခံနိုင်ပါ''ဟု ပြောပြီး၊ သူ့ပြောသည့်အတိုင်းလည်း တကယ်ကို နိုင်ငံသားများ ကလက်မခံလျှင်လုပ်ရပ်တစ်ခုအနေဖြင့် ပို၍ထိရောက် မှုရှိသည်။ ကြားလူဝင်လာလျှင် စီးပွားရေးပိတ်ဆို့မှု၏ ထိရောက်မှု လျော့နိုင်သည်။ မိမိတို့က ကုန်သွယ်မှုမပြုလျှင်သော်လည်းကောင်း၊ အခြားသူများက ဝင်ရောက်ကုန်သွယ် ခြင်း။ ရင်းနှီးမြှုပ်နှံခြင်းလုပ်တတ်သည်။ထိုသို့လုပ်တတ် သောသဘောကိုလည်း ကြိုတင်၍တွက်ဆနိုင်သည်။
စီးပွာရေးပိတ်ဆို့မှုသည် စီးပွားရေးပိတ်ဆို့သည့် နိုင်ငံတွင်ရော စီးပွားရေးပိတ်ဆို့မှုခံရသည့် နိုင်ငံတွင် ပါ စီးပွားရေးနယ်ပယ်တွင် အစိုးရ၏ပါဝင်မှုများစေ နိုင်သည်။ ဤအဆိုပြုချက်ကို တစ်ဖက်က သံခင်း တမန်ခင်းနှင့် ဝါဒဖြန့်ချိမှု၊ တစ်ဖက်ကစီးပွားရေးနှင့် စစ်ရေးတို့ကိုသီးခြားခွဲထားလိုပုံရသည်။ သို့သော် စစ်ဖြစ်လာသည့်အခါမျိုး၌ စီးပွားရေးနယ်ပယ်တစ်ခု လုံးသည်စစ်ရေးလက်အောက်ခံဖြစ်သွားသည်။ စစ်ရေးနှင့်စီးပွားရေးကို လုံးဝခွဲခြား၍ မရတော့ပေ။ စီးပွား ရေးတွင် နိုင်ငံရေးနယ်ပယ်(အစိုးရ)၏ ပါဝင်မှုမှာ အခြေအနေ၊ အချိန်အခါအလျောက် အနည်းအများ၊အလျော့အတင်းပြောင်းလဲမှုရှိပါသည်။
စီးပွားရေးပိတ်ဆို့မှုများသည် ချက်ချင်းအကျိုး သက်ရောက်မှုမရှိ၊ အကျိုးတရားကို ဖြည်းဖြည်းမှတွေ့ ရသည်။ ဤအချက်ကို ငြင်းပယ်စရာမရှိပေ၊သို့သော် သတိထားစရာတစ်ခုရှိသည်။ သံတမန်နယ်ပယ်တွင် စိတ်ရှည်ခြင်းသည် အရည်အချင်းတစ်ခုဖြစ်သည်။ သို့ဖြစ်၍ ခုရေတွင်းတူး၊ခုရေကြည်သောက်ရမည်ဟု မမျှော်လင့်နိုင်ပေ။ ဝါဒဖြန့်ချိရာ၌လည်း ချက်ချင်း အောင်မြင်မည်ဟု မဆိုနိုင်။ စစ်ရေးနည်းလမ်းများပင်လျှင် ချက်ချင်းအောင်မြင်သည့်အခါရှိသလို၊ ဖြည်း ဖြည်းမှ အောင်မြင်သည့်အခါများရှိသည်။ ထို့ကြောင့် မြန်မြန်အကျိုးသက်ရောက်စေရမည်ဟုမည်သည့်အခါမျှ မမျှော်လင့်နိုင်ပေ။
စီးပွားရေးပိတ်ဆို့မှုကြောင့် ထိခိုင်နစ်နာမှုများ ရှိနိုင်သည်။ ထိခိုက်နစ်နာမှု ဆိုသည်မှာလည်း မည် သည့် နေရာ၌မဆိုရှိသည်။ တစ်ဖန်ထိခိုက်သည်၊ ထိခိုက်နစ်နာမှုများသည်၊ နည်းသည်ဆိုသည်မှာလည်း သူ့ချည်းသက်သက်ပြော၍ မရပေ။ တစ်ခုခုနှင့် နှိုင်းယှဉ်ပြီးမှသာ ပြောနိုင်သည်။ အကြမ်းဖျဉ်း ပြောရလျှင်သံခင်းတမန်ခင်းကိစ္စများနှင့် ဝါဒဖြန့်ချိရေးကိစ္စများ သည် စီးပွားရေး ပိတ်ဆို့မှုနှင့်စာလျှင် အထိအခိုက် နည်းသည်။ စရိတ်အကုန်အကျမှု သက်သာသည်။ သို့သော် စစ်ရေးနှင့်ယှဉ်လျှင် စီးပွားရေးပိတ်ဆို့မှုများ သည် အထိအခိုက်၊ အကုန်အကျသက်သာသည်ဟု ဆိုနိုင်သည်။ တစ်ခါတရံ၌ စရိတ်သက်သာလျှင်ပိုပြီး ထိရောက်သည်ဟု ယူဆတတ်ကြသည်။
စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ညီညီမျှမျှမခံကြရ။ တစ်နိုင်ငံအတွင်း၌လည်းကောင်း၊ နိုင်ငံများ အကြား၌ လည်းကောင်း ကြုံတွေ့ရသည့်ဒုက္ခများ၊ စရိတ်စက များကို ညီတူညီမျှဝေငှကျခံရမည်ဆိုသည်မှာ မည် သည့်အခါမျှမဖြစ်နိုင်ပေ။ မည်သည့်နည်းလမ်းကို သုံး သည်ဖြစ်စေမျှမျှတတမဖြစ်နိုင်။ ကြုံတွေ့ရသည့်ဒုက္ခ များ၊ စရိတ်စကများကို မျှဝေရန် အသာထား၍ မည် သည့်ဒုက္ခများကြုံတွေ့ရမည်။ စရိတ်စက မည်မျှကုန် မည်၊ ထိခိုက်နစ်နာမည်ဟုပင်တိတိကျကျသတ်မှတ် ရန်ခက်သည်။ စီးပွားရေးဆိုင်ရာ စရိတ်စကများကို တွက်ဆ၍ရလျှင်ပင်၊ စီးပွားရေးနှင့်မဆိုင်သော စရိတ်စကများကိုတွက်ရန်ခက်သည်။ စီးပွားရေးဆိုင်ရာ စရိတ်စကများလျှင်တော်တော်တန်တန်တွက်ရနိုင်သော် လည်း အခြားစရိတ်စကများနေလျှင် တွက်ရန်လဲခက်၊
ခွဲဝေရန်လည်း ခက်သည်။ အရာရာကို ငွေကြေးသုံး ပြီးလိုက်လံတိုင်းထွာ၍မရပေ။ ငွေကြေးဆိုင်ရာ စရိတ် စကထက် အခြားစရိတ်စကများကပိုပြီးအရေးကြီးနေ နိုင်သည်။ တစ်ဖန်စရိတ်အားလုံးကို တွက်ဆ၍ရသည့် တိုင် အများကလက်ခံမှသာ စရိတ်စကကို မျှမျှတတ ခွဲဝေနိုင်မည်။ ယှဉ်ကြည့်လျှင် စီးပွားရေးနည်းလမ်း ထက် စစ်ရေးနည်းလမ်းကိုသုံးပါက ထိခိုက်နစ်နာမှု နှင့်စရိတ်စကများပိုပြီးမမျှမတဖြစ်သည်ကိုတွေ့ရမည်။ဥပမာ-အမေရိကန်ပြည်ထောင်စု၌ ဗီယက်နမ်စစ်ပွဲ အတွက် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူအများစု သည် လူငယ်လူရွယ်များ၊ ဆင်းရဲသားများ၊ လူဖြူ မဟုတ်သူများ၊ ပညာသိပ်မတတ်ကြသော အမျိုးသား များဖြစ်နေသည်ကိုတွေ့ရသည်။ ဗီယက်နမ်စစ်နှင့် စာလျှင် သမ္မတဂျင်မီကာတာ၏ ဂျုံပိတ်ဆို့မှုက ပိုပြီး မျှမျှတတဖြစ်သည်ဟု ဆိုနိုင်သည်။
စီးပွားရေးပိတ်ဆို့မှုများကြောင့် အိမ်နီးချင်းနိုင်ငံများ ထိခိုက်နိုင်သည်။ အချို့အခြေအနေတွင် မည်သည့် နည်းလမ်းကိုသုံးသည်ဖြစ်စေဘေးထွက်အကျိုးသက် ရောက်မှု (Side Effect)များ ဖြစ်ပေါ်နိုင်သည်။ ဗီယက် နမ်စစ်ပွဲ၏ဒဏ်ကို ဗီယက်နမ်တို့သာမက လာအို၊ ကမ္ဘောဒီးယား၊ထိုင်းတို့လည်းခံကြရသည်။ စစ်ဒဏ် ခံရသည်နှင့်စာလျှင် စီးပွားရေးပိတ်ဆို့မှုကြောင့် ပျံ့နှံ့ သည့်ဒဏ်ခံရသည်က သက်သာသေးသည်ဟု ဆိုလေ့ရှိကြသည်။
စီးပွားရေးပိတ်ဆို့မှုများကို ရပ်တန့်ရုပ်သိမ်းရန် ခက်သည်။ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်း များက ချမှတ်သည့်စီးပွားရေးပိတ်ဆို့မှုများကိုရပ်တန့် ရန်(သို့မဟုတ်)ရုပ်သိမ်းရန်ပို၍ ခက်သည်။ ပြဿနာ မှာ စီးပွားရေး ပိတ်ဆို့မှုသက်သက်နှင့်မဆိုင်ဘဲ ပိတ် ဆို့မှုကို ချမှတ်သောနိုင်ငံများ၊အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက် ချပုံ၊ ချမှတ်နည်းများ၊ ဖြစ်စဉ်များနှင့် ပိုပြီးပတ်သက်သည်။
စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်ချင်တာတွေ မဖြစ်ဘဲ၊ မဖြစ်ချင်တာတွေဖြစ်လာတတ်သည်။ ဤ နေရာတွင်လည်း ဖြစ်ချင်တာတွေ မဖြစ်ဘဲ၊မဖြစ်ချင် တာတွေဖြစ်လာ တတ်သည်မှာ ထုံးစံတစ်ခုပင် ဖြစ် သည်။ ပြေလည်ရန်ကြိုးစားရင်း မပြေမလည်ဖြစ်ရ သည်များ၊ စည်းရုံးသိမ်းသွင်းရင်းကိုယ့်ဘက်မပါဘဲ သူ့ဘက်ပါသွားသည်များမှာ ဖြစ်လေ့ဖြစ်ထ ရှိသည် များဖြစ်သည်။ စစ်ရေးတွင်မြို့တစ်မြို့ကို ကယ်တင်ရန် ကြိုးပမ်းရင်း ထိုမြို့ကိုဖျက်ဆီးပစ်လိုက်မိသည့် အဖြစ် မျိုးတွေ့ကြုံရတတ်သည်။ လုံခြုံရေးအတွက် လက်နက် များ အပြိုင်အဆိုင်ထုတ်လုပ်ကြရင်း ပိုပြီးမလုံခြုံသည့် အခြေအနေမျိုးဆိုက်ရောက်တတ်သည်။ (၂ဝ)ရာစုနှစ် တွင် ဂျပန်နိုင်ငံက ကာကွယ်ရေးအတွက် အသုံးပြု သော ရင်းနှီးမြှုပ်နှံမှုများသည် ခုတ်ရာတခြား ရှရာတလွဲဖြစ်နိုင်သည်။ ထိုသို့ ဖြစ်တတ်သော သဘော အတိုင်း စီးပွားရေးပိတ်ဆို့ခြင်းမပြုလုပ်မီကပင် ကြို တင်တွက်ဆနိုင်သည်။
စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံရသည့်နိုင်ငံက ပိတ်ဆို့သည့်နိုင် ငံနှင့် အဖွဲ့အစည်းများအပေါ် ဆန့် ကျင်လိုစိတ်များ တိုးပွားလာနိုင်သည်။ ကျယ်ကျယ်လောင်လောင် လူသိရှင်ကြားထိပ်တိုင်ရင်ဆိုင်မှု များ၌ စီးပွားရေးနည်းဖြစ်စေ၊ စစ်ရေးနည်းဖြစ်စေ ဆန့်ကျင်မှု များ တိုးပွားစေနိုင်သည်။ သို့ဖြစ်၍စည်းလုံးမှုပြိုကွဲ အောင် ဆောင်ရွက်ရာမှ ပိုမိုစည်းလုံးသွားသည့် အဖြစ် မျိုးဖြစ်နိုင်သည်။ သို့သော် တိတ်တိတ်ဆိတ်ဆိတ် အကောင်အထည်ပေါ်သောစီးပွားရေးပိတ်ဆို့မှုများသည် ဆန့်ကျင်လိုမှုကို လျော့ပါးကာစည်းလုံးမှုပျက် ပြား အောင် ဆောင်ရွက်နိုင်သည်။
စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံရေးအပြောင်းအလဲများ ရုတ်တရက်ဖြစ်ပေါ်မလာနိုင်ပေ။ စီးပွားရေး ပိတ်ဆို့သည့် လုပ်ရပ်များကြောင့် ချက်ချင်းလက်ငင်းဆိုသလို နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာမည် ဟု မျှော်လင့်ထားလျှင် မှားယွင်းပေမည်။ စီးပွားရေးပိတ်ဆို့မှုသည် အောင်မြင်မှုရရှိမည်ဟု အများပြည် သူတို့က ထင်မြင်ယူဆတတ်ကြ သည်။ ဒီမိုကရေစီနိုင်ငံများ၌ အများပြည်သူတို့၏ထောက်ခံ အားပေးမှုရရန် ကြိုးစားရင်း ခြေလွန်လက်လွန် နှုတ် လွန်သွားသည်များ ဖြစ်တတ်သည်။ နိုင်ငံရေးသမား များ ကြုံတွေ့ရလေ့ရှိသောပြဿနာတစ်ခုသာဖြစ် သည်။
စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံတကာ ဆက်ဆံရေးတွင် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်ပြီး စစ်ဖြစ်ရန်အလားအလာပိုများလာသည်။ ဝါဒဖြန့်ချိမှုများ၊ သံခင်းတမန်ခင်းများနှင့်ယှဉ်လျှင် စီးပွားရေး ပိတ်ဆို့မှုကြောင့် စစ်ဖြစ်ရန် ပိုပြီးနီးစပ်သည်။ နိုင်ငံ တကာ ဆက်ဆံရေးတင်းမာရန်အတွက်အကြောင်း တရားများစွာရှိသည်။
စီးပွားရေးပိတ်ဆို့သည့် နည်းကို အခြားနည်းဖြင့် ပူးတွဲကျင့်သုံးလျင် ပိုပြီးအောင်မြင်နိုင်သည်။ စီးပွား ရေးပိတ်ဆို့သည့် နည်းများသည်လည်းအခြားနည်း များကဲ့သို့ပင် အားနည်းချက်များရှိသည်။ သံခင်းတမန် ခင်းမပါသောစစ်ရေး၊ ကျောထောက်နောက်ခံ ခိုင်ခိုင်မာမာမရှိသောသံခင်းတမန်ခင်းများသည်လည်းထိရောက် မှုမရှိပေ။ တစ်နည်းကိုသုံး၍ အခြားနည်းများကို မသုံး ရဟု မဆိုလိုပေ။ ဦးစားပေးမှုအနိမ့်အမြင့်ကျင့်သုံး ပုံအနည်းအများသာ ကွာခြားနိုင်သည်။ မည်သည့် နည်းလမ်းမျှ တစ်ခုတည်းမရပ်တည်နိုင်၊ အောင်မြင် အောင် မဆောင်ရွက်နိုင်ပေ။
အထက်ဖော်ပြခဲ့သော စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်သည့် သဘောထားများသည် ယေဘုယျ အားဖြင့်မှန်သည်။ သို့သော် စီးပွား ရေးပိတ်ဆို့မှုနှင့်သာသက်ဆိုင်သော အယူအဆများမဟုတ်ပေ။ထို အချက်များနှင့် သုံးသပ်ချက်များကို ကြည့်ပြီး စီးပွား ရေး ပိတ်ဆို့မှုများ နောက်ခံသဘောထားကိုခြေရာ ခံနိုင်ဖွယ်ရာရှိပါသည်။ စီးပွားရေးပိတ်ဆို့သည့် နည်းလမ်းကို အခြားနည်းလမ်းများအစား အသုံးပြုသော နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နိုင်သည်။
Myanmar Express

ပြည်တွင်းကုမ္ပဏီနှစ်ခုကို အနောက်တိုင်းဆေးဝါး ထုတ်လုပ်ခွင့်ပြု



ပြည်တွင်းတွင် အနောက်တိုင်းဆေးဝါးများ ထုတ်လုပ်ရန်အတွက် စက်ရုံ ၇ ရုံအား ဆေးဝါးထုတ်လုပ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မည်သည့်ဆေးဝါးမဆို ထုတ်လုပ်ခွင့်ပြုထားပြီး ပြည်တွင်းတွင် လိုအပ်ချက်များပြား၍ ပြည်ပမှတင်သွင်းနေရသည့် ဆေးဝါးများအား ထုတ်လုပ်မည်ဖြစ်ကြောင်း ဆေးဝါးထုတ်လုပ်ခွင့်ရသည့် Fame ဆေးဝါးထုတ်လုပ်ရေးမှ ဒေါက်တာခင်မောင်လွင်က ပြောသည်။ “အရင်က ပြည်တွင်းမှာ ထုတ်လုပ်ခွင့်မရှိဘဲ ပြည်ပက တင်သွင်းတဲ့ လူသုံးများတဲ့ ပစ္စည်းတွေကိုလည်း ထုတ်လုပ်ခွင့်ရတယ်။ အခုပြည်တွင်းက လုပ်ငန်းရှင်တွေ ထုတ်လုပ်တဲ့ ဆေးဝါးတွေက နောက်တစ်နှစ်လောက်ဆိုရင် ဈေးကွက်ထဲရောက်ပြီး အခုသုံးနေတဲ့ ဆေးတွေရဲ့ တန်ဖိုးထက်ဝက်လောက် လျော့နည်းသွားမှာပါ” ဟု ဒေါက်တာခင်မောင်လွင်က ဆိုသည်။ ဆေးဝါးထုတ်လုပ်ရန်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လျှောက်ထားမှုများအား ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ခွင့်ပြုရန်အတွက် မြေနေရာ၊ ငွေကြေးအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားကြောင်း စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိန်းအောင်က UMFCCI ၌ ပြုလုပ်သည့် မြန်မာ့ဆေးဝါးထုတ်လုပ်မှုနှင့် ဒေသတွင်း ယှဉ်ပြိုင်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ပြည်တွင်းတွင် ထုတ်လုပ်မည့် ဆေးဝါးများ၏ အရည်အသွေးအား စက်ရုံအတွင်းရှိ အရည်အသွေး ထိန်းချုပ်မှုဌာန (Quality Control Department) နှင့် စက်ရုံများမှ ထွက်လာသည့် ဆေးဝါးများအား FDA မှ လိုက်လံစစ်ဆေးမှုများဖြင့် ထိန်းချုပ်ထားကြောင်း သိရသည်။ လက်ရှိတွင် အောင်မြင်မှုဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၊ မြန်မာ့ရွှေကမ္ဘာမြေ ကုမ္ပဏီလီမိတက်၊ သက်ရှည်ဆေးဝါး ကုမ္ပဏီလီမိတက်၊ မြန်မာ့ခွန်အား အရင်းအမြစ်ပေါင်းစည်းမှု စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်၊ Fortune International လီမိတက်၊ ASV ကော်ပိုရေးရှင်းနှင့် အခြားကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ရန် ခွင့်ပြုထားခြင်းဖြစ်သည်။ ခွင့်ပြုထားသည့် ဆေးဝါးများတွင် အိုမီဂါ-၃ ကဲ့သို့သော ဆေးဝါးများအပြင် ခုခံအားကျဆင်းမှုရောဂါအတွက် အသုံးပြုရသည့် ဆေးဝါးများ ပါဝင်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

အစ်မ အစ်မ အစ်မ

Myanmar Express

ကိုယ့်ကိုယ်ကို အထင်ကြီးနေသော NLD ပါတီလူကြီးများ အကြောင်း (ပေးစာ - ၉၀)


NLD ပါတီ လူကြီးတွေက သိပ်ပြီးကိုကိုယ်အထင်ကြီးတာ လူငယ်ဦးစားပေးဖို့မေ့နေပြီ။ မြို့နယ်ဥက္ကဌ ဆိုလည်းသူတို့သားသမီးတွေ အတွက်ပဲ ကြည့်တယ် လုပ်ဖေါ်ကိုင်ဖတ်လူငယ်တွေကို မသိမသာ ဘေးဖယ်ထား တ
ကယ်းတမ်းလုပ် ရတော့ ဒီက ငအ တွေ သူတို့မရှိတော့ သူသားသမီးတွေ နေရာ အတွက်ဒီငအ တွေကပဲ ရဲဘောရဲဘက်ဆိုတဲ့စိတ်ခလေး တောင်ရှိကြ ရဲ့လား။ ပြောတော့ ဒီမိုကရေစီတော်လှန်းရေးသမား တဲံ့ လှလိုက်တဲ့စ
ကားလုံး။ မကြာခင် လပိုင်းလောက်သိလာမှာပါ လိုအပ်ချက်တွေသိလာလိမ့်မယ်။ သဘာဝမကြရင် လက်ခံလိုရတော့မှာ မဟုတ်ပါ ။ အချိန်မှီ ပြင်ဆင်နိုင်သေးတယ် မပြင်ဆင်ရင်တော့ သိလာပါမယ်။ကိုကိုယ် အထင်းကြီးခြင်း ဟာကြဆုံးခြင်းဖြစ့်တပ်တယ်(ဒယ်အိုးဆရာတော်ဟော်ခဲ့တယ်) ပြည်သူကို တကယ်ချစ်ရင် အချိန်မှီပြင်ဆင်ပါ....



ဒုတ်ကောက်ကိုယ်စီ တက်ညီလက်ညီ၊

အသက်(၆၀) မပြည့်က မဝင်ရ၊

တောင်ဝှးကိုင်ပြီး နိုင်ငံကို ကာကွယ်မယ်၊

ကမ္ဘာ့အသက်အကြီးဆုံး ပါတီခေါင်းဆောင်များ၊

ပြည်သူအားလုံး ပါရမယ် (ဆံပင်ဖြူသူ၊ သွားမရှိသူ၊ ထိပ်ပြောင်သူ၊ မျက်စိမှုန်သူ၊ နားလေးသူ)၊

ဗာရာနသီပြည်ကို ဗြဟ္မဒတ်မင်းကြီးရဲ့ အုပ်ချုပ်ခဲ့တဲ့ အခြေခံဥပဒေ မူကြမ်းကိုပဲ ထောက်ခံရမယ်၊

ဘာမှမပူနဲ့ အဘိုးတို့ရှိတယ်၊

၁၂ ကို စိတ်ထဲမှာ မှတ် လက် ၁၀ ချောင်းထောင်၊

ဒါတော့ အဘယူလိုက်မယ် ကျန်တာတော့ ကိုယ့်ဘာကို ဝေစုခွဲကြ

ကျယ်ကျယ်ပြော မကြားရဘူး၊

မသေခင် ဝန်ကြီးတစ်နေရာလောက်ရရင် ကျေနပ်ပါပြီ၊

ရှေ့ကနေ ဦးဆောင်ပြီး တကမ္ဘာလုံးကို ကျော်တက်ပြမယ်၊





အဓိက ခန်းဝင်ပစ္စည်း - အိုးတွေ၊ ပန်းကန်တွေ

အဓိက ရည်ရွယ်ချက်က - စားဖို့၊ သောက်ဖို့

အဓိက အမာခံ အဖွဲ့ဝင်တွေက - ၇၀ ကျော် အဖိုးကြီးတွေနဲ့ ၇ နှစ်အောက် ကလေးတွေ

အဓိက အလုပ်က - အားတိုင်း အစည်းအဝေးလုပ်၊ များများအိပ်ငိုက်

အဓိက တာဝန်ယူနေတာက - ဝန်ကြီး (အိပ်မက်ထဲမှာ)


အဖွဲ့ခေါင်းဆောင် အဖွားကြီးကလည်း မနေသာ


Myanmar Express

ရန်ကုန်မြို့တွင် မြေအောက်မီးရထားလမ်းဖောက်လုပ်မည်


From : ခေတ်လူငယ်

ရန်ကုန်မြို့တော်အား စီးပွားရေးမြို့တော်အဖြစ် တည်ဆောက်ရန် မြေအောက်မီးရထားလမ်းများ ထည့်သွင်းဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်၌ ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ရထားပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်ကို ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။ “ရန်ကုန်မြို့ကို စီးပွားရေးမြို့တော်အဖြစ် ဖော်ဆောင်ဖို့အတွက် မြေပေါ်မြေအောက် မီးရထားလမ်းတွေထည့် သွင်းဖောက်လုပ်သွားမယ်။ ဒီစီမံကိန်းကို နိုင်ငံခြားပညာရှင်တွေ ရေးဆွဲနေပါတယ်” ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းက ပြောသည်။ ရန်ကုန်မြို့တော်အား အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီး ယာဉ်သွားယာဉ်လာ ရှုပ်ထွေးသည့် နေရာများအတွက် မိုးပျံတံတားများ ဖောက်လုပ်နိုင်ရန်လည်း ပြင်ဆင်နေပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်နယ် တိုးတက်ရေးပါတီ(SSPP)တို့ တွေ့ဆုံဆွေးနွေးပြီး သဘောတူ လက်မှတ်ရေးထိုး


From : မြဝတီသတင်းစာ

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တောင်သူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ/ ရှမ်းပြည်နယ် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ပါတီဗဟိုကော်မတီ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် စပ်ခေးတိုင်း၊ ပါတီဗဟိုကော်မတီဝင်များ၊ တာဝန်ရှိသူများသည် ဒေသတွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ဇန်န၀ါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြသည်။ အဆိုပါ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူညီချက် ငါးချက်ကို လက်မှတ်ရေးထိုးကြပြီး နှစ်ဖက်ခေါင်းဆောင်များ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတကြီးမှ ပေးအပ်လိုက်သော ဆန်အိန် (၅၀၀)၊ Solar Lamp (၅၀)၊ Sky Net ရုပ်သံဖမ်းစက်အစုံ (၂၀)တို့ကို အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များက ပေးအပ်ကြရာ ရှမ်းပြည်နယ် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် စ၀်ခေးတိုင်း၊ စပ်ခွန်ဆိုင်နှင့် အဖွဲ့ဝင်များက လက်ခံကြကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုအပ်ကြောင်းနှင့် တပ်မတော်ပါဝင်ရန် လိုလားကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထိုသို့ ပြောဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းစာစောင် အတွဲ(၁)၊ အမှတ်(၂) ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် စာစောင်တွင် ဖော်ပြခဲ့သည့် အင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့ အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လည့်လို့ မရတော့တဲ့အထိ စိတ်ချရဖို့ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး၌ ပြောကြားခဲ့ပါသည်။ “တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာ အောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး။ ကျွန်မအနေနဲ့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုရှိမှ ဒီမိုကရေစီရေးရာ အောင်မြင်နိုင်မယ်လို့ ပြောတာဟာ လိုအပ်ချက်အရရော၊ လိုလားချက်အရပါ ပြောတာပါ။ လိုအပ်ချက်ဆိုတာက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုအပ်တယ်။ ကျွန်မအနေနဲ့လည်း စစ်တပ်က ပူးပေါင်းပါဝင်လာတာကို လိုလားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးထဲ၌ ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

Myanmar Express

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြီးခဲ့သည့် တနင်္ဂနွေနေ့က နေပြည်တော်မှ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ သုံးရက်ကြာ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်း၊ ၀န်ကြီးဌာနအချို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ စင်ကာပူသမ္မတ တိုနီတန်ကန်ယမ်း၏ ဖိတ်ကြားချက်အရ ယင်းခရီးစဉ်ကို သွားရောက်ခဲ့သော သမ္မတဦးသိန်းစိန်မှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် နှစ်နိုင်ငံနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး အပြန်အလှန်နားလည်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးဖွယ်ရှိပြီး စင်ကာပူဝါရင့်ဝန်ကြီးဖြစ်သူ ဂိုချောက်တောင်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း စင်ကာပူသတင်းမီဒီယာများတွင် ဖော်ပြထားသည်။









Myanmar Express

အိန္ဒိယက ထူးခြားတဲ့ မဲဆွယ်ပွဲ

From : SMG

အိန္ဒိယဝန်ကြီး မာယာဝတီကို ကိုယ်စားပြုသော ဆင်ပုံများသည် မဲဆန္ဒရှင်များအား သွေးဆောင်နေသည် ဟုဆိုကာ ပြသခြင်းမလုပ်ရန် ရွေးကောက်ပွဲကော်မရှင်က သတိပေးလိုက်သည်။ ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင် နောက်လတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြည်သူ့ဘဏ္ဍာများ သုံးစွဲ၍ ယင်းအရုပ်များ ပြသထားခြင်းက ဥပဒေကို ချိုးဖောက်ရာ ရောက်သည်ဟု ရွေးကောက် ပွဲကော်မရှင်က ပြောကြားလိုက်သည်။

မာယာဝတီကို အိန္ဒိယဇာတ်နိမ့်များက သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ် ပြုထားကြသည်။ 'ရွေးကောက်ပွဲဟာ နိုင်ငံရေး ပါတီအားလုံးအတွက် အခွင့်အရေး တန်းတူပေးထားတာပါ'ဟု ရွေးကောက်ပွဲကို ကြီးကြပ်နေသော အရာရှိ မစ္စတာယူမက်ရှ် ဆင်ဟာက ရှင်းလင်းတင်ပြသည်။မာယာဝတီကလည်း စက်ဘီးစီးခြင်းနှင့် ရေကန်များတွင် ကြာပန်းများ ထားရှိခြင်းမှာ ပြိုင်ဘက်ပါတီ၏ သင်္ကေတဖြစ်သောကြောင့် ဖယ်ရှားပေးရန် တောင်းဆိုလိုက်သည်။

Myanmar Express

လူခဏလောက် စုပေးပါ၊ သတင်းမီဒီယာတွေ ခေါ်ထားပါတယ်


Myanmar Express

စွမ်းအင်၊ လေကြောင်းနှင့် ဆက်သွယ်ရေး၌ ရင်းနှီးမြှုပ်နှံရန် ထိုင်းကုမ္ပဏီတစ်ခုက စီစဉ်

From : SMG

မြန်မာနိုင်ငံမှ စွမ်းအင်ကဏ္ဍ၊ လေကြောင်းသယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ထိုင်းနိုင်ငံ Samart Corporation Pclက ပြောကြားလိုက်ပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ အစိုးရနှင့်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းကိစ္စများကို ပြောဆိုဆွေးနွေးကြမည် ဖြစ်ကြောင်း ယင်းကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌက ၁၈-၁-၂ဝ၁၂ရက်တွင် ပြောကြားသည်။ အဆိုပါ Samartကော်ပိုရေးရှင်းသည် ၂ဝ၁၁ နှစ်ကုန်အပြီး ၂ဝ၁၂ အတွက်အမြတ်ငွေစာရင်း တွက်ချက်ထားမှုတွင် ယခင်ထက် ၂၅ ရာခိုင်နှုန်းအထိ တက်လာမည်ဟု မျှော်မှန်းထားပြီး ၂ဝ၁၃ တွင် ထိုင်းဘတ်ငွေ သန်း၃ဝ အမြတ်ရရှိမည်ဟု တွက်ချက်ထားကြသည်။ ယင်းတို့သည် မြန်မာနိုင်ငံ၏ အလားအလာကို လေ့လာနေပြီး အိမ်နီးချင်း လာအိုနိုင်ငံကိုပါ မျက်စိကျနေသည် ဟုလည်းဆိုသည်။

''ကျွန်တော်တို့ ဒီနှစ်ထဲမှာ လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ဖို့ ကြည့်နေတာတွေ ရှိပါတယ်။ အခြေခံအားဖြင့် ရင်းနှီးမြှုပ်နှံချင်တဲ့ အပိုင်းတွေက စွမ်းအင်၊၊ လေကြောင်း သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍတွေမှာ လုပ်ချင်နေပါတယ်'' ဟု Samart၏ ဥက္ကဌ WatchaiVilailuckက ပြောကြားသည်။ Samart ကော်ပိုရေးရှင်းအနေဖြင့် ၎င်းတို့၏အဓိက လုပ်ငန်းစုအဖြစ် Samart I-Mobile Pcl နှင့် Telecom Pclကို အခြေခံလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။''တကယ်လို့သာ အခွင့်အရေးရခဲ့လို့ အဲဒီနိုင်ငံတွေ (မြန်မာ-လာအို) ရဲ့ အာဏာပိုင်တွေနဲ့ စကားပြောခွင့်ရမယ်ဆိုရင် အလုပ်လုပ်ဖို့ အခွင့်အလမ်းကောင်းတွေ ဒီထက်မကပိုပြီး ပြောဖြစ်ကြမှာပါ'' ဟု၎င်းက ဆက်လက်ပြောကြားပြီး ၎င်းတို့အနေဖြင့် လာအိုနိုင်ငံတွင် မိုဘိုင်းဖုန်းကဏ္ဍကို ဝင်ရောက်လုပ်ကိုင်နေပြီးသား ဖြစ်သည်ဟု ဆိုသည်။ ''အဲဒီနှစ်ခုကိုသာ ကောင်းကောင်း ရင်းနှီးမြှုပ်နှံသွားရမယ်ဆိုရင် ထိုင်းဘတ်ငွေ ဘီလျံချီပြီး ရင်းနှီးမြှုပ်နှံရမှာပါ'' ဟုWatchai က ဆက်လက်ပြောကြားသည်။

Myanmar Express

အာရှတိုက်သားများ နဂါးနှစ်ကြိုဆိုပွဲ ခြိမ့်ခြိမ့်သဲသဲကျင်းပ

From : Myanmar Times

(အေအက်ဖ်ပီ)
ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

နှစ်သစ်ကူးပွဲတော်အကြို ဂျကာတာမြို့တော်ကြီးတွင် တရုတ်နဂါး ကပြနေစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

အာရှတိုက်သားများသည် ဇန်န၀ါရီလ ၂၃ ရက်၌ မီးရှူးမီးပန်း၊ ဗြောက် အိုးများ၏ ကျွက်ကျွက်ညံသံဖြင့် နဂါးနှစ်ကို ကြိုဆိုကြသည်။

တရုတ် ၁၂ ရာသီခွင် မှ ခွန်အားအကြီးဆုံး နဂါးသည် ၎င်း ကိုယ်စားပြုသည့် ချမ်းသာကြွယ်ဝ ခြင်းနှင့် စွမ်းအားတွင် ကဏ္ဍသစ်တစ်ရပ် ကို ဖွင့်ပေးလိမ့်မည်ဟု ၎င်းတို့က မျှော်လင့် နေကြသည်။

အာရှရှိလူများအတွက် အရေးအကြီး ဆုံး အားလပ်ရက်ဖြစ်သော တရုတ် နှစ်သစ်ကူးနေ့တွင် စားသောက်ပွဲများ တည်ခင်း၍ နဂါးအကများ ကြည့်ရှုကာ မိသားစုများ ပြန်လည်တွေ့ဆုံရန် မလေး ရှားနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံအထိ သန်းပေါင်းများစွာသော လူများသည် ဝေးလံသော ခရီးများထွက်ကြသည်။

ညဥ့် ၁၂ နာရီထိုးသည်နှင့် တရုတ် နိုင်ငံအနှံ့တွင် မကောင်းဆိုးဝါးများကို နှစ်သစ်တွင် တားဆီးရန် မီးရှူးမီးပန်း၊ ဗြောက်အိုးများ ဖောက်ကြသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ် တရုတ် နှစ်သစ်ကူးနေ့ကို တရားဝင် အားလပ် ရက်အဖြစ် ပထမဦးဆုံးသတ်မှတ်ခဲ့သည်။

စီးပွားရေးအသိုင်းအ၀ိုင်းရှိ အချို့လူများက ထိုသတ်မှတ်ချက်ကို ကန့်ကွက်ကြသေးသည်။ တရုတ် ၁၂ ရာသီခွင် ၁၂ ခုတွင် နဂါးသည် ဂုဏ်သိက္ခာ၊ ကံကြမ္မာနှင့် စွမ်းအားကို ဖော်ကျူးသည်ဟု ဗီယက်နမ် နိုင်ငံက ယုံကြည်သည်။

တရုတ်နိုင်ငံ တစ်ဝန်းရှိ ဆေးရုံများက ယခုနဂါးနှစ်တွင် ကလေးမွေးလိုသည့် စုံတွဲများအတွက် မွေးပေးရန် အားတင်းနေကြသည်။

စင်ကာပူနိုင်ငံတွင် နိုင်ငံခြားမှ အလုပ် သမားများအား မှီခိုနေရမှုကိုလျှော့ ချရန် ၀န်ကြီးချုပ် လီရှန်လွန်းက နဂါးနှစ်ကို အခွင့်အရေး ယူ၍ ပေကတ်ကတ်နိုင်၍ နည်းနေသည့် ကလေးမီးဖွားနှုန်းကို မြှင့်တင်ရန် ဆော်ဩလိုက်သည်။

တရုတ်ပြည်မမှ သောင်းချီရှိသော ကိုယ်ဝန်သည်များသည် ၎င်းတို့၏ ကလေးများ ဟောင်ကောင်တွင် နေထိုင်ခွင့်ရရှိရန် နှစ်စဉ် ဟောင်ကောင်တွင် ကလေးလာမွေးကြရာ ယခုနှစ်၌ဆေးရုံရှိ ခုတင်များ အကန့်အသတ်ရှိပြီး မွေးဖွားခ မြင့်တက်နေမှုကြောင့် နဂါးနှစ်က ကောင်းကျိုးပြုနိုင်မည်မဟုတ်ချေ။

အချို့ နက္ခတ်ဗေဒင်ဆရာနှင့် ဂမ္ဘီရ ဆရာတို့၏ ဟောကိန်းအရ ယိမ်းယိုင် နေပြီဖြစ်သော ကမ္ဘာသို့ နဂါးနှစ်တွင် သဘာဝဘေး အန္တရာယ်များနှင့် ငွေကြေး မတည်ငြိမ်မှုကို သယ်ယူလာမည်ဖြစ်မည်ဟု သိရသည်။

ဟောင်ကောင် ဖယ်(န်) သျှူးပညာရှင် အန်တိုနီချန်းက ၂၀၁၂ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ကျော်မကောင်း ကြားမကောင်း အကျင့် ပျက်မှုတစ်ခု တရုတ်နိုင်ငံ၌ ရိုက်ခတ်လိမ့်မည်ဟု သတိပေးပြီး ရာထူးမြင့် တရုတ်အရာရှိ ကြီးများသည် ရာထူးချခံရပြီး အကျဉ်း ချခံရကာ သေဆုံးသည်အထိရှိနိုင်ကြောင်းကိုလည်း ပြောသည်။

အာရှတစ်လွှားရှိ လူများသည် ကမ္ဘာကြီးပျက်မည့်ကိန်းကို ဂရုမစိုက်ဘဲ မိသားစုများနှင့်အတူ သွားလာလည်ပတ်ခြင်း၊ စားပွဲ၊ ဧည့်ခံပွဲများ ကျင်းပခြင်းနှင့် ဘုရားဖူးခြင်းများ ပြုလုပ်နေကြသည်။

Myanmar Express

ထိုင်းဘုရင့်တော်ဝင်မိသားစု ရှယ်ယာပိုင်ဘိလပ်မြေ ကုမ္ပဏီမြန်မာတွင် စက်ရုံတည်ဆောက်ရန် စီစဉ်မည်

From : SMG

ထိုင်း ဘုရင့်တော်ဝင်မိသားစု ရှယ်ယာပိုင်ဆိုင်သော Siam ဘိလပ်မြေ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်သွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း ပြည်ပသတင်းဌာန၏ ဖော်ပြချက်အရ သိရပြီး ယင်းကဲ့သို့ လာရောက်ရင်းနှီးမြှုပ်နှံပါက ပြည်တွင်းရှိ စက်ရုံများ အနေဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုများ ပြင်းထန်လာမည်ဖြစ်ကြောင်း ပြည်တွင်း ဘိလပ်မြေစက်ရုံ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

Siam Cement ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လွန်ခဲ့သောနှစ်နှစ် ကတည်းက လေ့လာမှုများ ပြုလုပ်နေခဲ့သည်ဟု သိရပြီး ထိုင်းနိုင်ငံမှ ဘိလပ်မြေပစ္စည်းများ ပြည်တွင်းဈေးကွက် နေရာရယူနိုင်မှုရှိနေခြင်း ကို လေ့လာထားပြီး ဖြစ်သည်ဟု ဆိုသည်။ ''ကျွန်တော်တို့ လေ့လာနေခဲ့တာ ကြာပါပြီ။ မြန်မာမှာ လုပ်ကိုင်ခွင့်ရမယ့် အခွင့်အလမ်း အနေအထားတွေကို လေ့လာနေခဲ့တာ နှစ်နှစ်ရှိခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်က မြန်မာအစိုးရရဲ့ ပြည်ပကလာမယ့် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ချမှတ်မယ့် ပေါ်လစီအပေါ် တည်မှီနေပါတယ်'' ဟု ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ Kan Jrakulhoonက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ကြီးထွားလာနေမှုကိုလည်း သတိပြုမိနေသည်ဟု ဆိုပြီး မြန်မာနိုင်ငံဘက်မှ သတင်းအချို့အရ တစ်နှစ်လျှင် ဘိလပ်မြေသုံးစွဲမှုပမာဏ တန်ခြောက်သန်းရှိနေကြောင်း သိရသည်။ ''ထိုင်းက လာမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ အိမ်နီးချင်းလည်း ဖြစ်နေတယ်။ ဒီဘက်က ဖွံ့ဖြိုးလာမယ့် အရိပ်အယောင်တွေကိုလည်း သူတို့လေ့လာနေမှာ အမှန်ပဲ။ မြန်မာ့ဈေးကွက်ကို ထိုင်းဘိလပ်မြေတွေ လာရင်းနှီးပြီးသားဆိုတော့ သူတို့က အရင်အကောင်အထည် ပေါ်နိုင်တယ်'' ဟုကမ္ဘောဇကုမ္ပဏီမှ ဘိလပ်မြေဆိုင်ရာ အကြံပေးအရာရှိ ဦးစိုးနိုင်က ပြောကြားသည်။ SCGဘိလပ်မြေ လုပ်ငန်းကို ထိုင်းဘုရင့်တော်ဝင် မိသားစုက ရှယ်ယာ ၃ဝရာခိုင်နှုန်း ပိုင်ဆိုင်သည် ဟုလည်း သိရသည်။


Myanmar Express

မြန်မာ့ရေနံလုပ်ကွက် ထပ်မံကမ်းလှမ်းမှုများရှိလာ


ပြည်တွင်းက ရေနံနဲ့သဘာဝဓါတ်ငွေ့ လုပ်ကွက်တွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ နောက်ထပ်ကမ်းလှမ်းလာတဲ့ ပြည်ပကုမ္ပဏီအချို့ ရှိနေသလို ပူးတွဲလုပ်ကိုင်မည့် ပြည်တွင်းကုမ္ပဏီအချို့မှာလည်း တိုင်းရင်သားလုပ်ငန်းရှင်အသစ်တွေ ပါကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ သိရတယ်။ ပြီးခဲ့တဲ့နှစ် နှစ်လယ်ပိုင်းက ကုန်းတွင်းရေနံလုပ်ကွက် ၁၈ ခုကို ပြည်ပကုမ္ပဏီတွေ လုပ်ကိုင်စေဖို့ထပ်မံ ခွင့်ပြုချမှတ်ပေးတယ်။ အဲသည်နောက်ပိုင်း ပြည်ပကမ်းလှမ်းမှုတွေ ပိုလာတယ်။ လာရောက် ဆွေးနွေးတယ်။ အချက်အလက် ရှာဖွေကြည့်ရှု လေ့လာမှုတွေ ရှိခဲ့တယ်။ “တကယ်လုပ်ဖို့ ကြေညာပြီးသွားတာ သုံးလေးခုလောက် ရှိနေပြီ၊ တချို့ကလဲ ယာယီအချက်အလက် လေ့လာသုံးသပ် (data over view) လုပ်ထားတာ ရှိတယ်” လို့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ဘူမိဗေဒအရာထမ်းတစ်ဦးက ပြောသည်။ ရေနံလုပ်ကွက်တွေကို ပြည်ပကုမ္ပဏီတွေက လုပ်ကိုင်ဖို့ဆိုတာ “လေ့လာသုံးသပ် အချက်အလက်ယူပြီးတာတောင် အတည်မဖြစ်သေးဘူး။ အလားအလာကိုကြည့်ပြီး ဒီဘက်ဘူမိဗေဒပညာရှင်တွေကလည်း တွန်းအားပေးရတယ်။ သေချာနိုင်မှ စာချုပ်ချုပ်မှ အတည်ဖြစ်တာပါ” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ ပြည်တွင်းက ကုန်းတွင်းရေနံလုပ်ကွက်တွေမှာ အာရှကုမ္ပဏီတွေ များပါတယ်။ ထိုင်း၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ စတာတို့ဖြစ်တယ်။ ၂၀၁၀ ခုနှစ်အကုန်မှာ မြန်မာနိုင်ငံရဲ့ သဘာဝဓါတ်ငွေ့ပမာဏက ၁၁.၈ ထရီလျံကုဗပေ ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

တစ်ပတ်အတွင်း Facebook ပေါ်မှ သူတပါးမသိစေလိုသော အချက်အလက် အားလုံး ရှင်းပါ


Facebook ပေါ်မှ မိမိလှုပ်ရှားထားသမျှ ဟိုးတုန်းက ဒေတာများ အားလုံးကို ဖော်ပြတော့မှာ ဖြစ်တာကြောင့် မိမိမမြင်စေလို၊ မသိစေလိုသော အချက်အလက်များ၊ ပုံများ၊ စာများကို တစ်ပတ် အတွင်း ၀ှက်ရန်အတွက် facebook က ၇ ရက် အချိန်ပေးထားပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ Timeline ကို မနှစ်သက်၍သော်လည်းကောင်း၊ မသိ၍သော်လည်းကောင်း မသုံးပဲ ထားသူ အားလုံးလည်း မဖြစ်မနေ သုံးကြရမှာဖြစ်ပြီး facebook က အလိုအလျှောက် ပြောင်းလဲသွားမှာဖြစ်ပါတယ်။

Timeline ၏ သဘောအရ facebook စ တင် အသုံးပြုချိန်မှ စပြီး အချိန်ပိုင်းအလိုက် ခွဲခြား သိမ်းဆည်းထားမှာ ဖြစ်တာကြောင့် မိမိရဲ့ တစ်ချိန်က လှုပ်ရှားထားသမျှကို အခြားသူများက သိရှိနိုင်မှာဖြစ်ပါတယ်။ Facebook သုံးစွဲသူ ၃၀% ခန့်သာ Timeline ကို နှစ်သက်ကြပြီး အများစုက သဘောမကျကြဘူးလို့ သိရပေမယ့် Timeline ရဲ့ အားသာချက်ကတော့ ဒေတာများကို ကြိုက်တဲ့ ရက်စွဲနဲ့ ပြောင်းလဲတင်နိုင်ခြင်း ဖြစ်ပါတယ်။

Myanmar Express

ရင်သားအတွင်း ထည့်သွင်းသည့် ဆီလီကွန်ထုတ်လုပ်သူ ဖမ်းဆီးခံရ

From : 7 Day

ရင်သားအတွင်း ထည့်သွင်းသည့် ဆီလီကွန်ထုတ်လုပ်သူ ဖမ်းဆီးခံရ

ပြင်သစ်နိုင်ငံမှ ရင်သားအတွင်း ထည့်သွင်းသည့် ဆီလီကွန် ထုတ်လုပ်သူ ကုမ္ပဏီပိုင်ရှင် တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ပေါက်ကွဲမှုများ ဖြစ်နိုင်သည်ဆိုသော အခြေအနေကြောင့် အဆိုပါ ဆီလီကွန် ထည့်သွင်းထားသူ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများအတွက် သောကပွေစေခဲ့သည့် လုပ်ငန်းရှင်အား ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ကြာသပတေးနေ့က ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

jane-claude mas

(ဂျင်းကလော့စ်မက်စ်အား ဖမ်းဆီးသွားစဉ်)

ဂျင်းကလော့စ်မက်စ်သည် ထိုနေ့ နံနက် အစောပိုင်းက နေအိမ်တွင် ရှိနေစဉ် ရဲတပ်ဖွဲ့၏ စီးနင်း ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း TF 1ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။ မက်စ်၏ လက်ထောက်အရာရှိဟောင်း ကလောက်ဒ်ကူတီကိုလည်း ရဲများက ထိန်းသိမ်းထားလိုက်သည်။ မက်စ်သည် Poly Implants Prothesesကို ဖွင့်လှစ် ထူထောင်ခဲ့သော်လည်း (၂၀၁၀)ပြည့်နှစ်က စာရင်းဖျက်သိမ်းကာ ပိတ်ပစ်ခဲ့သည်။ နောက်ပိုင်း စစ်ဆေးမှုများအရ ၎င်းသည် ငွေကြေး သက်သာစေရန်အတွက် ထုတ်ကုန်များတွင် အရည်အသွေး မပြည့်မီသည့် ဆီလီကွန်များကို သုံးစွဲခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

jane-claude mas and breast implants

(ရင်သားအတွင်း ထည့်သွင်းသည့် PIP ဆီလီကွန်အား ပြသနေသည့် ဂျင်းကလော့စ်မက်စ်)

ထိုဆီလီကွန် ပစ္စည်းများမှ အဆီတစ်မျိုး ထွက်ပေါ်လာတတ်ကြောင်း သိရှိရပြီး ပြင်သစ် ကျန်းမာရေး အာဏာပိုင်များက ထိုအဆီသည် ကင်ဆာနှင့် ဆက်စပ်နေကြောင်း အထောက်အထား မတွေ့ရဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ဆီလီကွန်များ ပေါက်ကွဲမှုသည် အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်နိုင်သဖြင့် အဆိုပါ ကုမ္ပဏီမှ ထုတ်ကုန်များကို ထည့်သွင်းထားသည့် အမျိုးသမီးတိုင်း ပြန်လည် ခွဲထုတ်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။ ဗြိတိန်နှင့် အချို့သော နိုင်ငံများကမူ ထိုရင်သားတွင်း ထည့်သွင်းပစ္စည်း သိုမှီးထားသူ အမျိုးသမီးများကို စောင့်ကြည့်နေရုံသာ လိုအပ်ပြီး အရေးတကြီး ခွဲထုတ်ရန် စိုးရိမ်စရာ မရှိကြောင်း ယူဆထားသည်။breast implants

(ရင်သားအတွင်းထည့်သွင်းသည့် PIP ဆီလီကွန်)

Myanmar Express

မီဒီယာအလုပ်ရုံဆွေးနွေးပွဲ ပထမဦးဆုံးအကြိမ် ကျင်းပမည်


From : ခေတ်လူငယ်

ပြည်ပမီဒီယာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Asian Media Information and Communication (AMIC) နှင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ (MWJA) တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပထမဦးဆုံးအကြိမ် ကျင်းပမည့် Media Development in Democratic Society ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို လာမည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် ရန်ကုန်မြို့ အင်းလျားဟိုတယ်၌ နှစ်ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကျင်းပသည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် AMIC နှင့် MWJA တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းပုံနှိပ်မီဒီယာ သတင်းဂျာနယ်များမှ အယ်ဒီတာချုပ်များက မီဒီယာနှင့် ဆက်စပ်ဥပဒေများ၊ အစိုးရနှင့် သတင်းထုတ်ပြန်မှု၊ ဒီမိုကရေစီနိုင်ငံများ၏ မီဒီယာလွတ်လပ်ခွင့်၊ မီဒီယာကျင့်ဝတ်၊ AMIC နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၌ သတင်းစာ သင်တန်းတစ်ရပ် ဖွင့်လှစ်မည့် အစီအစဉ်တို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း MWJA အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ဆိုသည်။ “ဒီဆွေးနွေးပွဲက မြန်မာနိုင်ငံမှာ မီဒီယာနဲ့ ပတ်သက်လို့ ပြည်ပနဲ့ ပူးပေါင်းပြုလုပ်တဲ့ Workshop တွေထဲမှာ အကြီးဆုံး Workshop ပဲ” ဟု ၄င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းတာ စောလေကောင်းလေပဲ


From : ကျေးစေတမန်

ဒီနေ့ မြန်မာနိုင်ငံရဲ့ မြင်ကွင်းကို ကြည့်မယ်ဆိုရင် သမ္မတအိုဘားမား ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက သုံးခဲ့သလို Change ဆိုတဲ့ အပြောင်းအလဲ မြင်ကွင်းကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အပြောင်းအလွဲမှ သာမန်ရိုးကျ အပြောင်းအလဲ မဟုတ်ပါဘူး။ သမိုင်းဝင်မယ့်အပြောင်းအလဲ၊ သမိုင်းတွင်မယ့် အပြောင်းအလဲ Historic Change အပြောင်းအလဲ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲကို မြန်မာအစိုးရ (တစ်နည်းအားဖြင့်) တပ်မတော်အစိုးရ လက်ထက်က ခါးခါးသီးသီး ဝေဖန်ခဲ့ကြ၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ကြတဲ့ ဥရောပသမဂ္ဂတို့၊ အမေရိကန် ပြည်ထောင်စုတို့ကလည်း လက်ခံ လာခဲ့ကြပါပြီ။ အဲဒါကြောင့် အဖွဲ့ဝင်(၂၇)နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့ စဉ်းစားနေပါပြီ။ ပုံမှန်အားဖြင့်တော့ နှစ်စဉ်တိုင်းမှာ ဧပြီလကျမှ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေး၊ ဆက်လက် ထားရှိရေးကို ဆုံးဖြတ် နေကျဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ နယ်ပယ်အသီးသီးက ဖြစ်ထွန်းတိုးတက်မှု တွေကြောင့် ဖေဖော်ဝါရီလ ကစပြီး မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းရေး ဆွေးနွေးဖို့ ဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းနိုင်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်းချက်တွေ ထွက်ရှိနေပါတယ်။

ဒါနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂရဲ့ ပြောခွင့်ရ Maja Kocijanicic က "မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ခဲ့ တာတွေက ထင်မှတ်ထားတာထက် ပိုတာသွား နေတာကို တွေ့ခဲ့တဲ့အတွက် ပြန်လည် သုံးသပ်တာ တွေက အပြုသဘော ဆန်တဲ့ တိုးတက် ပြောင်းလဲတာတွေ ရှိလာမှာပါ၊ ဒါပေမယ့် ပိတ်ဆို့ အရေးယူတာ တွေအတွက် အပြောင်းအလဲနဲ့ ပတ်သက်တဲ့ အချိန် အတိအကျကိုတော့ ကျွန်မ မပြောနိုင်ပါဘူး" လို့ ပြောပါ တယ်။

မြန်မာနိုင်ငံ အစိုးရသစ်ဟာ အပြောင်းအလဲ လုပ်ဆောင်ရေးမှာ အမှန်တကယ် အလေးအနက်ရှိကြောင်း အမေရိကန် အထက်လွှတ်တော် ရစ်ပါဘလစ်ကန်ပါတီ အမတ် မစ္စတာ Mitch McConnell ကလည်း ပြောဆိုလိုက်ပါတယ်။ နေပြည်တော်မှာ သမ္မတကြီး ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်း စုကြည် တို့နဲ့ တွေ့ဆုံအပြီးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကောင်းမြင်မိတာ ခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်တဲ့ အကြောင်း၊ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းတာဟာ လမ်းကြောင်းမှန်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ရင် သမ္မတ အိုဘားမား အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ် လို့လည်း AFP သတင်းဌာနကို ပြောဆိုခဲ့ပါသေးတယ်။

ဧပြီလ(၁)ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိဆိုတာ ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ အတွက် စမ်းသပ်ချက်တစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ဟာ အစစ်အမှန် ပြောင်းလဲရေးသမား တစ်ဦးဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်၊ အလားတူ ဒေါ်အောင်ဆန်းစုကြည် ကလည်း ယုံကြည် ထားပါတယ်လို့လည်း ထိုင်းနိုင်ငံကို ရောက်နေတဲ့ မစ္စတာ Mitch McConnell က ပြောဆိုပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့၊ တိုင်းရင်းသားအရေး ဦးစားပေး ဆောင်ရွက်ဖို့၊ မြောက်ကိုရီးယား နဲ့ဆက်ဆံရေး လုပ်ဖို့လည်း တိုက်တွန်းသွားပါတယ်။

ဒီနေရာမှာ အချက် နှစ်ချက်လောက်ကို အနည်းငယ် ဆွေးနွေးလိုပါတယ်။ ပထမတစ်ချက်က ပြုပြင်ပြောင်းလဲမှုတွေ အစစ်အမှန် ဖြစ်ပါတယ်လို့ ယုံကြည်ပါလျက်နဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေး တောင်းဆိုရာမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောတူညီချက်ရမှ ဖြစ်နိုင်မယ့် လေသံမျိုး ပြောနေတာကတော့ မူကိုမကြည့်ဘဲ လူကိုကြည့်ရာ ရောက်လွန်းမယ် ထင်ပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံကို မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး မလုပ်ဖို့ ပြောတာ ကလည်း ပြည်တွင်းရေး အပေါ်မှာ သြဇာပေးရာ ရောက်လွန်းနေပါတယ်။ နျူးကလီးယား အရေးနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံဟာ မြောက်ကိုရီးယား နိုင်ငံနဲ့ ပတ်သက်မှု မရှိဘူး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် တွေကို အပြည့်အဝ လိုက်နာ နေတယ်ဆိုတာ အတိအလင်းပြောဆိုထားပြီး ဖြစ်သလို၊ ဒါကို အမေရိကန် ပြည်ထောင်စု ကလည်း အသိပဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံတာဟာ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရေး အရ ဆက်ဆံနေတာ ဖြစ်ပါတယ်။ ဒါကို အမေရိကန်ပြည်ထောင်အနေနဲ့ မြောက်ကိုရီးယားနဲ့ အဆက်အဆံ မလုပ်ဖို့၊ အီရန်နဲ့ အဆက်အဆံ မလုပ်ဖို့ ပြောဆိုဖို့တော့ မသင့်ဘူးလို့ ရှု့မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဒီနေ့ အပြောင်းအလဲတွေဟာ အစစ်အမှန် အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတာကို ယုံကြည်လက်ခံပြီး ဖြစ်တဲ့အတွက် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို စောနိုင်သမျှ အစောဆုံး ရုတ်သိမ်းပေးဖို့ တိုက်တွန်း သင့်ပြီလို့ ထင်ပါတယ်။ ဒါဟာ လက်ရှိ မြန်မာအစိုးရ အကျိုးအတွက်လည်း မဟုတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် အကျိုး အတွက်လည်း မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အကျိုးအတွက်သာ ဖြစ်ပါတယ်။ အစိုးရဆိုတဲ့ အမြင်မျိုး၊ အတိုက်အခံ ဆိုတဲ့ အမြင်မျိုး၊ သံသယတွေ ကင်းစင်ဖျောက်ဖျက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေး ဆောင်ရွက်ရာမှာ တစ်ရက်စောလေ ပြည်သူအတွက် တစ်ရက်အကျိုး ပိုပြီးခံစားရလေပဲ ယုံကြည်မိတာကြောင့် ဒီပို့စ်လေးရေး ဖြစ်သွားတာပါ။

ကိုပြည်ချစ်

Myanmar Express

ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံး အမျိုးသမီး မြို့တော်ဝန်

From : ကောင်းသစ်ရည် (မြန်မာသတင်းရပ်ဝန်း)

အသက် ၃၆ နှစ်ရှိ အမျိုးသမီး ရှေ့နေ နာအိုမီ ကိုရှိ (အလယ်) နှင့် သူမအားထောက်ခံသူများ အောင်ပွဲခံနေကြစဉ်၊

နိုင်ငံရေးသမား အများစုမှာ အသက်ကြီးသော အမျိုးသားများသာ ဖြစ်ကြသော ဂျပန်နိုင်ငံတွင် အိုးဆုမြို့ (大津市 Ōtsu-shi) မှ မဲဆန္ဒရှင်များက အသက် ၃၆ နှစ်ရှိ အမျိုးသမီးတစ်ဦးအား နိုင်ငံ၏ အသက်အငယ်ဆုံး မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ဂျပန်နိုင်ငံ အနောက်ဘက်ရှိ ရှိဂါး စီရင်စုနယ် အိုးဆုမြို့တွင် ဇန်နဝါရီလ ၂၂ ရက်တွင် မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ ဟားဗာ့ဒ် တက္ကသိုလ်မှ ဘွဲ့ရသော နာအိုမီ ကိုရှိ (Naomi Koshi) သည် သူမထက် အသက်နှစ်ဆကြီးသော လက်ရှိမြို့တော်ဝန်အား မဲနိုင်ပြီး ရှိဂါး စီရင်စုနယ် (滋賀県, Shiga-ken) ၏ မြို့တော် အိုးဆု (Otsu) တွင် မြို့တော်ဝန်ဖြစ်လာခဲ့သည်။

အိုးဆုမြို့ (大津市 Ōtsu-shi)

ရှိဂါး စီရင်စုနယ် (Shiga prefecture) ၏ အုပ်ချုပ်ရေးမှူး (governor) မှာလည်း အမျိုးသမီးဖြစ်နေရာ ဂျပန်နိုင်ငံတွင် ဒေသတစ်ခု၏ ထိပ်ဆုံးရာထူးနှစ်ခုတွင် အမျိုးသမီးများ နေရာရရှိနေသည်မှာ နိုင်ငံတွင် ပထမဆုံး ဖြစ်သည်။

ရှိဂါး စီရင်စုနယ် (滋賀県, Shiga-ken)

မစ္စ် ကိုရှိ (Ms Koshi) အား လက်ဝဲယိမ်း ဂျပန် ဒီမိုကရစ်တစ်ပါတီဝင် ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ က ကျောထောက်နောက်ခံပြုပေးသည်။ သူမသည် အသက် ၇၀ ရှိ မာကိုတို မေကာတာ (Makoto Mekata) အား မဲအရေအတွက် ငါးချိုး လေးချိုးဖြင့် အနိုင်ရခဲ့သည်။ ဂျပန်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးလောကတွင် အမျိုးသမီးခေါင်းဆောင် အရေအတွက် နဲသည်။ အောက်လွှတ်တော်အမတ် ၁၁% နှင့် စီးပွားရေးလုပ်ငန်းများတွင် ၁% သာရှိသည်။

Myanmar Express