Subscribe to our RSS Feed

KIA (ကချင်) အဖွဲ့ထောင်ထားသော မိုင်း တစ်လုံးနင်းမိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာ အနီးကျွန်း၊ သစ်မွှေးစိုက်ခင်းတွင် စိုက်ခင်းအလုပ်သမားအဖြစ် လုပ်ကိုင်သူ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျောက်ကလူးကျေးရွာနေ ဦးလှသွင် ၅၄ နှစ်သည် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီခွဲက နန်ကျင်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ စိုက်ခင်းအတွင်း ပေါင်းမြက်ရှင်းလင်းစဉ် KIA (ကချင်) အဖွဲ့ကထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ဦးခေါင်းယာဘက်၊ ယာလက်ဖျံနှင့် ယာဒူးတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် တာဝန်ရှိသူတို့က မြစ်ကြီးနား ဆေးရုံးသို့ ပို့ဆောင်ဆေးဝါးကုသလျက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်